Unicode
~~~~~~~
'သိင်္ခ'ရဲ့စကားသံကြောင့် 'ဦးရွှေမောင်'
ရဲ့မျက်နှာကြီးခမျာ ရှုံ့တွနေတဲ့သံပုရာ
သီးခြောက်တစ်လုံးကဲ့သို့ပြောင်းလဲသွားရတယ်။
"အဲ့ဒါ မင်းနဲ့ဆိုင်သလား။"
"ဆိုင်လို့ပေါ့ ခုနကကျောက်ခဲကလဲ
အဲ့အမျိုးသမီးကြီးကို သေချာကြည့်နေလို့လေ
သူကဘယ်သူလဲ။"
'သိင်္ခ'ကသူသိချင်တာကို ရှင်းရှင်းပဲမေးလိုက်တယ်။
ပြန်ရောက်တာဖြင့်တစ်နာရီမပြည့်သေးဘူး
စိတ်ထဲအလိုမကျရတာ နှစ်ခါရှိနေပြီ။
"သိချင်ရင် အပေါ်ကလူကိုသွားမေး
ဖယ်..မင်းနဲ့လဲစကားဆက်မပြောချင်ဘူး။"
'ဦးရွှေမောင်'လဲတူဖြစ်သူကိုပုခုံးနဲ့တွန်းတိုက်ပြီး
ထွက်လာခဲ့လိုက်တယ်။ဘယ့်နှယ်....ဦးလေးဘာဖြစ်နေသလဲကျမမေးဘူးသူ့လူ တခြားမိန်းကလေးကိုကြည့်တာကျသဲသဲလှုပ်နေတယ်
လူကြားလို့မှမကောင်းဘူး။
"ကျောက်ခဲ ထိုင်အုံးလေ
အမောပြေ အကြမ်းရည်လေးသောက်သွားအုံး။"
သူကြီးကတော်က ရေနွေးကြမ်းဗန်းလေးကို
ချရင်းအထုတ်တွေသယ်လို့နေတဲ့'ကျောက်ခဲ'
ကိုလှမ်းပြောလိုက်တယ်။
"ဟုတ်ကဲ့ အရီး။"
အထုတ်တွေကို အိမ်အပေါ်ထပ်
တင်ပေးပြီးတဲ့နောက်မှာတော့ ကျုပ်လဲ
ကွက်ပျစ်မှာဝင်ထိုင်ပြီး အရီးကမ်းလာတဲ့ ရေနွေးကြမ်းပူပူလေးကိုမှုတ်သောက်နေလိုက်တယ်။
"မောနေပြီလား ကျောက်ခဲလေး။"
အစ်ကိုက ကျုပ်ဘေးနားမှာရုတ်တရက်ကြီး
ဝင်ထိုင်ပြီးမေးလာတာမို့ ကျုပ်လဲအစ်ကို့ပြုံးပြရင်း
ဖြေလိုက်တယ် ။
"အာ..မမောတော့ပါဘူးဗျာ
အခုပဲ ရေနွေးကြမ်းသောက်ထားတာ။"
"ကျောက်ခဲလေးက တစ်နေကုန်လှည်းမောင်း
လာရတာဆိုတော့ပင်ပန်းနေမှာပဲ
လာ..ကိုယ်နှိပ်ပေးမယ်။"
'သိင်္ခ'က စကားဆုံးတာနဲ့ 'ကျောက်ခဲ'ရဲ့ပုခုံးတွေကို
စတင်နှိပ်နှယ်ပေးလာတာကြောင့်တစ်ဖက်လူရဲ့မျက်နှာလေးခမျာရဲခနဲ။
"ဟာ...မလုပ်ပါနဲ့ အစ်ကိုရာ
အားနာစရာကြီး။"
"မလိုပါဘူးကွယ်
ကိုယ်လုပ်ပေးချင်လို့ပါ။"
အစ်ကိုက ကျုပ်ကိုအဲ့လိုပြောပြီးဆက်နှိပ်ပေးတယ်
ဗျ ။ကိုယ်ကပဲ စိတ်မလုံလို့လားမသိ အစ်ကိုရဲ့
တဖြည်းဖြည်းထူးဆန်းလာတဲ့အပြုအမူတွေကြောင့်
ကျုပ်မှာလဲနေရခက်လာရတယ်။
အထူးသဖြင့် အရီးရဲ့ အံသြနေတဲ့အကြည့်
တွေကြောင့်ပေါ့။
"ရ...ရပြီ အစ်ကို
ကျုပ်သက်သာပါပြီ။"
"အင်းပါ။"
ကောင်ငယ်လေးကနေရခက်သလို
ပြောလာတာမို့'သိင်္ခ'လဲမလွှတ်ချင်လွှတ်ချင်နဲ့
လက်လွှတ်ပေးလိုက်ရတယ်။
"ဒါဆို အရီး၊ အစ်ကို
ကျုပ်ကိုပြန်ခွင့်ပြုပါအုံး။"
"သြော်...အေး အေး။"
ထိုအခါမှ သူကြီးကတော်တစ်ယောက်လဲ
မိမိကိုဆွံ့အစေခဲ့တဲ့ မြင်ကွင်းကနေ
အသိပြန်ဝင်လာခဲ့တော့တယ်။
"နေ့လည်ကျရင် လာခဲ့မယ်နော်။"
အစ်ကိုက ကျုပ်ရဲ့အင်္ကျီစကိုကိုင်ပြီး
ဘုန်းကြီးကျောင်းက ကြောင်ပေါက်လေးတွေလို
ပြုမူလာတာမို့ ကျုပ်ခမျာပါးပြင်တွေပူလောင်လာရပြန်တယ်။အစ်ကို ဟာတစ်ဖက်လူဘယ်လိုခံစားသွားရမယ်မသိပါဘဲ သတိလက်လွတ်ကိုပြုမူနေတော့တာပါပဲ။
"အင်း...လာခဲ့လေ
ဒါဖြင့် ကျုပ်ပြန်တော့မယ်။"
"ကိုယ်ခြံဝအထိလိုက်ပို့မယ်။"
သူကြီးကတော်တစ်ယောက်လဲ ခြံဝကိုထွက်သွား
ကြရှာတဲ့ 'သိင်္ခ' နဲ့ 'ကျောက်ခဲ'ကိုကြည့်ရင်းနဲ့
'ကိုရွှေမောင်'နဲ့ 'ကိုဘိုးစည်'
တို့ရဲ့ငယ်စဉ်ဘဝကိုပြန်မြင်နေရသလိုခံစားလိုက်ရတာကြောင့်ကြည်နူးစွာပြုံးမိပါတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျုပ်အိမ်ကိုပြန်ရောက်လာတော့ လှည်းဖြုတ်၊ နွား
တွေကိုအစာကျွေး၊ ရေမိုးချိုးထမင်းစားပြီး
တစ်ရေးလောက်အိပ်လိုက်တာပေါ့ဗျာ။ညနေလောက်
ရောက်တော့ အစ်ကိုနဲ့ ရွာဦးကျောင်း
သွားပြီး လုပ်ပေးကိုင်ပေးနဲ့ နောက်တစ်ရက်ကျတော့
(မောင်ရှင်လောင်း)တွေကိုနတ်ပြတာပေါ့။
ဒီလိုနဲ့အလှူ ကြီးရက်ကိုရောက်လာခဲ့တယ်ဗျ ။
ကျုပ်လဲနာရီပြန်သုံးချက် ထိုးလောက်ထပြီး
ရွာဦးကျောင်းကိုသွားဖို့ မီးအိမ်လေးတစ်လုံးဆွဲ
ပြီးအိမ်ထဲကနေထွက်လာလိုက်တယ်။
အရုဏ်တက်ခါနီးဆိုပေမဲ့ ကောင်းကင်ပေါ်မှာ
ကြယ်တွေကလဲစုံတုန်း၊ ခုနှစ်စင်ကြယ်တောင်
အမြီးကလေးထောင်လို့ပေါ့။ပတ်ဝန်းကျင်ကလဲ
ခပ်စိမ့်စိမ့်နဲ့နေရကောင်းသဗျ။အဲ့တာတင်မကသေးဘဲညမွှေးပန်းနံ့လေးကလမ်းတစ်လျှောက်လုံးထုံသင်း
နေတာမို့ကျုပ်ခမျာအိမ်မက်မက်နေသလိုတောင်ခံစားလိုက်ရတယ်။
ကျုပ် ရွာဦးကျောင်းကိုရောက်တာနဲ့ အနောက်ဘက်မြေလွတ်ဝန်းကြီးဆီလျှောက်လာခဲ့လိုက်တယ်။အရင်ကဘာမှမရှိဘဲ မြက်ရိုင်းတွေသာရှိနေခဲ့တဲ့ဝန်းကြီးကအခုတော့ မဏ္ဍပ်ရော၊ ထမင်းစားရုံနဲ့ပါ
စည်ကားလို့နေတယ်ဗျ ။ အခုလဲကြည့် ရွာသား
ဆယ်ယောက်လောက်က ဆွမ်းကပ်ဖို့အတွက်
မီးခိုးတလူလူနဲ့ချက်ကြပြုတ်ကြတုန်းမို့
ကျုပ်လဲ လူအုပ်ထဲသွားပြီး ဟင်းအိုးဝိုင်းမွှေလိုက်၊ထင်းစိုက်ပေးလိုက်၊ ရေသယ်ပေးလိုက်နဲ့ ချွေးတွေစို့လာတဲ့အထိ အဆက်မပြတ်လုပ်ပေးနေလိုက်တော့တယ်။
"ကျောက်ခဲလေး
မင်းအခုထိဘာမှမပြင်ဆင်ရသေးဘူးလား။"
'သိင်္ခ' တစ်ယောက်တဖျစ်ဖျစ်တောက်လောင်နေတဲ့အုတ်မီးဖိုကြီးထဲကို ထင်းတွေစိုက်လို့နေတဲ့
ကောင်ငယ်လေးရဲ့ ပုခုံးလှမ်းကိုင်ပြီးမေးလိုက်တယ်။
"သြော် ...အစ်ကိုပဲ။"
ကျုပ်ပုခုံးပေါ်ကိုကျရောက်လာတဲ့ နွေးထွေးလက်တစ်စုံကြောင့်ကျုပ်အစ်ကို့ကိုလှည့်ကြည့်လိုက်မိတယ်။အစ်ကိုက ဘန်ကောက်လုံချည်အစိမ်းရင့်ရောင်ကိုဝတ်ဆင်ထားပြီး၊ ကျောက်စိမ်းရောက် တိုက်ပုံကိုလဲသပ်သပ်ရပ်ရပ်ဝတ်လို့ဗျ။ ဆံပင်တွေကိုလဲဆီလိမ်း၊ အပေါ်ကိုလှန်တင်ထားပြီး
ရွှေကိုင်းမျက်မှန်အဝိုင်းလေးနဲ့ဖြူကြည်
ရှင်းသန့်နေတဲ့အစ်ကို့ကိုကြည့်ရင်း
ကျုပ်ရင်ခုန်သံတွေမြန်လာရတယ်။
အစ်ကိုကလေ သိပ်ကိုကျက်သရေရှိပြီး လှပတဲ့လူတစ်ယောက်။ မျက်တောင်ကော့ကော့လေးတွေခြံရံထားတဲ့သပြေသီးမှည့်သဏ္ဍာန် မျက်ဝန်းလေးတွေကိုကြည့်မိတိုင်း ကျုပ်မှာပြန်လမ်းမရှိတဲ့ဝင်္ကပါ
ထဲရောက်သွားသလိုခံစားရတယ်။ကျုပ်ဘဝမှာ
အစ်ကို့လောက်သဘောကျမိတဲ့သူ နောက်တစ်ယောက်ထပ်ရှိလာမယ်လို့တောင်မထင်တော့ဘူး။
"ကိုယ့်ကို ဘာကြောင့်ဒီလောက်တောင်
ငေးကြည့်နေတာတုံး။ကြည့်ပါအုံးကွယ်...မျက်နှာမှာလဲအိုးမဲတွေနဲ့ပေတူးလို့ပါလားကိုယ်သုတ်ပေးမယ်နော်။"
သူ့ကို မှင်သက်စွာကြည့်လို့နေတဲ့ကောင်လေးရဲ့
မျက်ဝန်းတွေကိုသူမသိတာမဟုတ်၊ သို့ပေမဲ့
နည်းနည်းလောက် မသိချင်ယောင်ဆောင်ထားဖို့
လိုသေးတယ်လေ ခပ်ရှင်းရှင်းပြောရရင်
မီးစာလေးထပ်ထည့်ဖို့လိုသေးတယ်ပေါ့။ ဒါကြောင့်
သူ(သိင်္ခ)လဲအိုးမဲတွေနဲ့ပေတလူးဖြစ်လို့နေတဲ့
ကောင်လေးရဲ့ မျက်နှာကိုသုတ်ပေးဖို့ လက်တွေကို
ရှေ့ဆန့်ထုတ်လိုက်တယ်။ ဘယ်သူကထင်မှာလဲ
သူလက်တွေက တစ်ဖက်ကောင်လေးရဲ့လက်တွေနဲ့
ညင်သာစွာဆုပ်ကိုင်ခံလိုက်ရမယ်လို့။
"အစ်ကို မသုတ်ပေးပါနဲ့
အစ်ကို့လက်ဖြူဖြူလေးတွေ
မည်းညစ်ကုန်ပါ့မယ်။"
သွေးကြောစိမ်းတွေယှက်ဖြာလို့နေပြီး
ကြည်သန့်ကာ၊ ပန်းရောင်သန်းနေတဲ့
လက်သည်းခွံတွေကို ပိုင်ဆိုင်ထားတဲ့
အစ်ကို့ရဲ့လက်တွေကိုကျုပ်သတိကြီး
စွာကိုင်တွယ်ရင်းပြောလိုက်မိတယ်။ ကျုပ်ဘာကြောင့်ဒီလိုရုတ်တရက်ပြုမူမိသလဲမသိဘူး၊ ကျုပ်အတွေးတွေထဲမှာ အစ်ကို့လက်လေးညစ်ပတ်သွားမှာကိုမလိုလားတာဘဲရှိတယ်။
"အဟား ဟုတ်ပါပြီကွယ်။
ဒါဆိုလဲ အိမ်ပြန်ပြီးသေချာပြင်ဆင်တော့လေ
မောင်ရှင်လောင်း လှည့်ဖို့အချိန်မှသိပ်မလိုတော့တာ။"
'သိင်္ခ'က သူ့ရဲ့လက်ကောက်ဝတ်ပေါ်က
ရွှေရောင်လက်ပတ်နာရီလေးကိုတစ်ချက်ကြည့်ရင်းပြောလိုက်တော့ 'ကျောက်ခဲ'ကလဲချက်ချင်းဆိုသလိုခေါင်းညိတ်ပြရင်းပြောလာတယ်။
"ဒါဆိုလဲ ကျုပ်အခုပဲသွားလိုက်ပါ့မယ်။"
"ခဏ..."
'ကျောက်ခဲ'ရဲ့လက်ကောက်ဝတ်ဟာ
'သိင်္ခ'ရဲ့လက်သွယ်သွယ်တွေနဲ့ဆုပ်ကိုင်ခြင်း
ခံလိုက်ရတယ်။
"ကိုယ်ပေးတဲ့ လုံချည်ကိုဝတ်ခဲ့နော်
ကျောက်ခဲလေး။"
"စိတ်ချပါ အစ်ကိုရာကျုပ်က
အစ်ကို့စကားတွေဆိုအမြဲတမ်းမှတ်ထားပါတယ်"
"အင်း....ဒါဆိုကိုယ်စောင့်နေမယ်။"
ထို့နောက်သူလဲ'ဟုတ်'ဟုဆိုကာခပ်သွက်သွက်
ထွက်သွားကို ကောင်ငယ်လေးကို
ကြည်နူးစွာနဲ့သာရပ်ကြည့်နေမိတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ကိုရွှေ...ကြယ်သီးတပ်တာမှားနေတယ်
ကျုပ်တပ်ပေးရမလား။"
ကြယ်သီးကို ကပျက်ကချော်တပ်ထားပြီး
အပေါ်ကနေတိုက်ပုံထပ်ဝတ်ဖို့ကြံစည်နေတဲ့
တစ်ဖက်လူကို သူ(ဦးဘိုးစည်)မေးလိုက်မိတယ်။
ဒီအရွယ်ကြီးနဲ့ ကြယ်သီးကိုမှန်အောင်မတပ်
တတ်တာကယုံနိုင်စရာမရှိပေမဲ့၊ နှစ်ယောက်သားပြန်အဆင်ပြေဖို့လမ်းစပေမဲ့မို့ သူမသိချင်ယောင်ဆောင်ကာမေးလိုက်ခြင်းသာဖြစ်တယ်။
"စေတနာရှိရင် လာတပ်ပေးလို့ရတယ်
ဟူးးထားပါလေ ကျုပ်ဘာသာပဲတပ်ပါတော့မယ်။"
"မတပ်ပါနဲ့ ကျုပ်တပ်ပေးပါ့မယ်
စေတနာလဲ ပါပါတယ်။"
'ဦးဘိုးစည်'လဲ ရယ်ချင်စိတ်ကိုမျို ချရင်း
တစ်ဖက်လူရှေ့ကိုတိုးကာလည်ကတုံး
အင်္ကျီကကြယ်သီးလေးတွေကို
တပ်ပေးနေလိုက်တယ်။
"မနေ့ကကိစ္စအတွက်
တောင်းပန်ပါတယ် ကိုရွှေ။
တကယ်ပါ ကျုပ်နဲ့မပန်းထွေးက
ဘာမှမပတ်သက်ပါဘူး လူမှုရေးအရ
ခင်မင်တာပဲရှိတာပါ။"
"အဲ့တော့..။"
'ဦးရွှေမောင်'က မိမိမေးစိအောက်က
မျက်နှာပိုင်ရှင်ကိုတစ်ချက်မျှစိုက်ကြည့်ရင်း
အေးစက်စွာမေးလိုက်တယ်။
"ကျုပ်...ကျုပ်ရင်ထဲကို ခင်ဗျားကလွဲပြီး
ဘယ်သူ့ကိုမှမထည့်ခဲ့တာ ကြာပါပြီ။
ခင်ဗျားစိတ်ပြေအောင် ကျုပ်ဘာလုပ်ပေးရမလဲ။"
'ဦးရွှေမောင်'တစ်ယောက် မထင်မှတ်ထားတဲ့
'ဦးဘိုးစည်'ရဲ့အပြုအမူတွေကြောင့် နှလုံးသားထဲကနေ ပျားသကာရည်တို့စိမ့်ထွက်လာသလို
တောင်ခံစားလိုက်ရတယ်။
ထို့နောက် ယောက်ျားဆန်စွာ
ကျစ်လျစ်တဲ့ခါးသိမ်သိမ်တို့ကို အားကုန်ဆွဲဖက်လိုက်ပြီး'ဦးဘိုးစည်'ကိုရင်ခွင်ထဲရောက်လာစေလိုက်တယ်။
"ခင်ဗျားကြောင့် ကျုပ်ဘယ်လောက်တောင်စိတ်မကောင်းဖြစ်ခဲ့ရတာမို့လို့လဲ။အဲ့တော့
ခင်ဗျားက ကျုပ်ကိုဘယ်လိုနည်းနဲ့စိတ်ပြေစေ
မှာလဲ ဘိုးစည်။"
'ဦးရွှေမောင်'က ကြားရခဲလှတဲ့အသံခပ်သြသြဖြင့်
ပြောလိုက်လျှင် 'ဦးဘိုးစည်'ခမျာ တစ်ကိုယ်လုံးကို
လျှပ်စစ်နဲ့အတို့ခံလိုက်ရသလို ကျဉ်တက်သွားရပြီး
ကြက်သီးဖုလေးများပါထွက်လာရတယ်။
"ဘိုးစည်~~ကျုပ်စောင့်နေတယ်နော်။"
'ဦးရွှေမောင်'ကရင်ခွင်ထဲမှာအရှက်သည်းနေသူရဲ့
ခပ်ရဲရဲပါးပြင်လေးကိုလက်ဖဝါးတို့ဖြင့်အသာထိတွေ့ရင်း ၊ ခါးထက်မှလက်အစုံကိုပို၍အားထည့်ကာ တင်းကျပ်ပစ်လိုက်တယ်။
"ကျုပ်အခုလို တောင်းပန်ရင်ရော
ခင်ဗျားစိတ်ပြေမှာလား။"
'ဦးဘိုးစည်'ဟာ ထိုသို့ပြောလိုက်ပြီးနောက်
သူရဲ့မျက်ဝန်းတွေကို ကလန့်ကာချလိုက်ကာ၊
ခြေဖျားလေးအသာထောက်လို့တစ်ဖက်လူရဲ့
နှုတ်ခမ်းတွေကို သူရဲ့နှုတ်ခမ်းတို့ဖြင့်
ဖိကပ်ပေးလိုက်တော့တယ်။
'ဦးရွှေမောင်'မှာတော့ အံသြတကြီးဖြင့်
မျက်လုံးတို့ပြူးကျယ်သွားရပြီးနောက်
ချို မြိန်လှတဲ့ တစ်ဖက်လူရဲ့အနမ်းတို့အား
မျက်လုံးမှိတ်ပြီးခံယူနေလိုက်တယ်။ယစ်မူးဖွယ်ကောင်းလှတဲ့ 'ဘိုးစည်'ရဲ့အနမ်းတွေက
ဝိုင်နီတစ်ခွက်လိုပဲ သူ့ကိုမှောက်မှားစေတယ်။
သူလဲအနမ်းတို့ကြားပျော်ဝင်နေပြီဖြစ်တာကြောင့်တစ်ဖက်လူရဲ့အောက်နှုတ်ခမ်းလေးကို အားမရစွာဆွဲစုပ်ပစ်လိုက်တယ်။ အဲ့ဒီနောက်မှာတော့
အလိုက်တသိခွင့်ပြုလာတဲ့ ခံတွင်းလေးထဲကို
အရသာခံဖို့သူ့ရဲ့လျှာလေးကို ဖြည်းညှင်းစွာအလည်
သွားစေခဲ့ပြီးအနမ်းတို့ကြားပိုမိုနစ်မြှုပ်စေလိုက်တော့တယ်။
သူနဲ့'ဘိုးစည်' ယခုလိုနီးနီးကပ်ကပ်အကြင်နာမပေးဖြစ်တာနှစ်အတော်ကြာခဲ့ပြီ။အခုကျတော့လဲ အရှက်သည်းလှတဲ့'ဘိုးစည်'ဆီကစတင်လက်ခံရတာကြောင့်
ပျော်ရွှင်မှုကဘာနဲ့မှမလဲနိုင်။
ငယ်ရွယ်စဥ်ဘဝကို ပြန်ရောက်သွားသလိုမျိုး
ခံစားချက်တို့က နုငယ်ကာဆန်းသစ်နေလေတယ်။
နွေဦးရဲ့လေပြည်တွေကြားမှာစီးမျောပြီး၊
တိမ်တွေကြားပြေးဆော့ခွင့်ရလိုက်တဲ့ကလေးငယ်တစ်ယောက်လို လွတ်လပ်ခြင်းနဲ့အဆုံးမရှိတဲ့ပျော်ရွှင်
ခြင်းတွေက ရင်ဘတ်တစ်ခုလုံးမှာပြည့်နှက်သွားရတယ်။
ဒီလူသားကို အကောင်အထည်မဖော်ပြနိုင်တဲ့
မေတ္တာတွေနဲ့အသည်းနင့်အောင်မြတ်နိုးရပါတယ်။
လိင်တူနှစ်သက်တဲ့ဘဝကို ခံယူခဲ့တဲ့
တစ်လျှောက် ထိုတစ်ယောက်သာလျှင် သူ့ကို
ဖြူစင်တဲ့ မေတ္တာ၊ နွေးထွေးတဲ့ချစ်ခြင်းတွေနဲ့
နူးညံ့စေခဲ့တာကြောင့် ထိုလူသားအတွက် သူဟာဖြစ်တည်လာခဲ့သလို၊ ထိုလူသားရှိမှသာ သူ့ဘဝဟာလဲအဓိပ္ပါယ်ရှိနေလိမ့်မယ်။ လောကရဲ့ဓမ္မတာကိုအရေးမထားပါ အချစ်ရှိရာကိုသာမျက်နှာမူပါမယ်၊
ဘယ်သူက တားဆီးနိုင်မှာလဲ။
"သိပ်မြတ်နိုးပါရဲ့ ဘိုးစည်
ကျုပ်နဲ့အရိုးမြေကျတဲ့အထိ အတူရှိနေပေးပါ။ "
'ဦးရွှေမောင်'ဟာ'ဦးဘိုးစည်'နဲ့နှဖူးချင်းထိကပ်ရင်း
တိုးညှင်းစွာတောင်းဆိုလိုက်တယ်။ သံယောဇဥ်နဲ့ချစ်ခြင်းတရားတွေကြောင့်နူးညံလို့နေတဲ့မျက်ဝန်းတွေ
ကတော့အရည်လဲ့လျက်။
"ကျုပ်ရဲ့ ချစ်ဒုက္ခအိုးလေးကို ကျုပ်မစွန့်ပယ်နိုင်ဘူး၊
လှပတဲ့ အဆုံးသတ်လေးရှိမှတော့ ဘယ်လိုအခက်အခဲတွေဘဲကြုံရပါစေ ခင်ဗျားဆီကျုပ်လျှောက်လှမ်းခဲ့မှာပါသံသရာအဆက်ဆက်ပေါ့။"
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်မေတ္တာစကားတွေပြောပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်လဲအပြန်အလှန်ပွေ့ဖက်ထားလိုက်ကြပါတယ်။
ဘယ်သူကမှမခွဲခြားနိုင်တဲ့တင်းကျပ်ခြင်းတွေနဲ့အတူပေါ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[AK/အမယ်လေး ချိုလွန်းလို့သွားပါကိုက် ಥ‿ಥ
ဦးရွှေမောင်က စကားတတ်လားမှတ်တယ်
ဦးဘိုးစည်က ပိုဆိုး༎ຶ‿༎ຶ ]
အပ်ပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~~~~
ထိုအချိန်မှာပဲ လှောင်ရယ်ဟန်အပြည့်နှင့်
'သိင်္ခ'ရဲ့အသံခပ်သြသြက ငှက်ပျောပင်တွေနောက်ကနေထွက်ပေါ်လာလေရဲ့။
"အိုးးးးလေးလေးက သဝန်တွေတိုပြီး
ကလေးလေးလိုဖြစ်နေတာပဲ။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဆိုင်လို့ပေါ့ ခုနက'ကျောက်ခဲ'ကလည်း
'သိင်္ခ'ကသူလိုချင်တာကို ရှင်းရှင်းပဲမေးလိုက်တယ်၊
'ဦးရွှေမောင်'လဲတူဖြစ်သူနဲ့စကားဆက်မပြော
ချင်တော့တာကြောင့်ထွက်လာခဲ့လိုက်တယ်။
.
.
.
.
.
.
.
.
"ကျောက်ခဲ ထိုင်ဦးလေ
ကိုပြောလိုက်တယ်။
"ဟုတ်ကဲ့ ဒေါ်လေး။"
ကွက်ပြစ်မှာဝင်ထိုင်ပြီး ဒေါ်လေးကမ်းလာတဲ့ ရေနွေးကြမ်းပူပူလေးကိုမှုတ်သောက်နေလိုက်တယ်။
ဝင်ထိုင်ပြီးမေးလာတာမို့ ကျုပ်မှာထိတ်ခနဲ
ဖြစ်သွားရတယ်ဗျ ။
"အာ..မမောတော့ပါဘူးဗျာ
ကိုယ်နှိပ်ပေးမယ်။"
'သိင်္ခ'ကထိုသို့ပြောလိုက်ပြီး 'ကျောက်ခဲ'ရဲ့ပုခုံးတွေကိုစတင်နှိပ်နှယ်ပေးတော့တယ်။
အားနာစရာကြီး။"
"မလိုပါဘူးကွယ်
တဖြည်းဖြည်းထူးဆန်းလာတဲ့အပြုအမူတွေကြောင့်ကျုပ်မှာလည်းနေရခက်လာရတယ်။
အထူးသဖြင့် ဒေါ်လေးရဲ့ အံသြနေတဲ့အကြည့်တွေကြောင့်ပေါ့။
"ရ...ရပြီ အစ်ကို
ကျုပ်သက်သာပါပြီ။"
"အင်းပါ။"
"ဒါဆို အရီး၊ အစ်ကို
ကျုပ်ကိုပြန်ခွင့်ပြုပါဦး။"
"သြော်...အေး အေး။"
ဘုန်းကြီးကျောင်းက ကြောင်ပေါက်လေးတွေလိုပြုမူလာတာမို့ ကျုပ်ခမျာပါးပြင်တွေပူလောင်လာရတယ်။အစ်ကို ဟာတစ်ဖက်လူဘယ်လိုခံစားသွားရမယ်မသိပါပဲ သတိလက်လွတ်ကိုပြုမူနေတော့တာပါပဲ။
"အင်း...လာခဲ့လေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အာရုဏ်တက်ခါနီးဆိုပေမဲ့ ကောင်းကင်ပေါ်မှာ
ကြယ်တွေကလည်းစုံတုန်း၊ ခုနှစ်စင်ကြယ်တောင်အမြီးကလေးထောင်လို့ပေါ့ဗျာ။ပတ်ဝန်းကျင်ကလည်းခပ်စိမ့်စိမ့်နဲ့နေရလည်းကောင်းသဗျ။ ညမွှေးပန်းနံ့လေးကလဲ တသင်းသင်းနဲ့မို့ ကျုပ်ခမျာအိမ်မက်မက်နေသလိုတောင်ခံစားလိုက်ရတယ်။
"ကျောက်ခဲလေး
"အော်...အစ်ကိုပဲ။"
သပြေသီးမှည့်သဏ္ဍာန် အစ်ကို့ရဲ့မျက်ဝန်းလေးတွေကိုကြည့်မိတိုင်း ကျုပ်မှာပြန်လမ်းမရှိတဲ့ဝက်ာပါထဲရောက်သွားသလိုခံစားရတယ်။ကျုပ်ဘဝမှာ
ငေးကြည့်နေတာတုန်း။
ကြည့်ပါဦးကွယ်...မျက်နှာမှာလဲအိုးမဲတွေနဲ့ပေတူးလို့ပါလားကိုယ်သုတ်ပေးမယ်နော်။"
"အစ်ကို မသုတ်ပေးပါနဲ့
ကြည်သန့်ကာ၊ ပန်းရောင်သန်းလို့နေတဲ့
"အဟား ဟုတ်ပါပြီကွယ်။
"ခဏ..."
ခံလိုက်ရတယ်။
'ကျောက်ခဲလေး'။"
"စိတ်ချပါ အစ်ကိုရာ
ထို့နောက်သူလည်း'ဟုတ်'ဟုဆိုကာခပ်သွက်သွက်
ထွက်သွားသော ကောင်ငယ်လေးအား
ကြည်နူးစွာဖြင့်ရပ်ကြည့်နေမိတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျုပ်တပ်ပေးရမလား။"
စေတနာလည်း ပါပါတယ်။"
တစ်ဖက်လူရှေ့ကိုတိုးကာမဲနယ်ရောင်လည်ကတုံး
အင်္ကျီလေးမှကြယ်သီးလေးတွေကို
တပ်ပေးနေလိုက်တယ်။
"မနေ့ကကိစ္စအတွက်
ကျုပ်တောင်းပန်ပါတယ် ကိုရွှေ။
ခင်မင်တာပဲရှိတာပါ။"
"အဲ့တော့..။"
'ဦးဘိုးစည်'ရဲ့အပြုအမူတို့ကြောင့် နှလုံးသားထဲကနေ ပျားသကာရည်တို့စိမ့်ထွက်လာသလို
တောင်ခံစားလိုက်ရတယ်။
ကျစ်လျစ်သောခါးသိမ်သိမ်တို့ကို အားကုန်ဆွဲဖက်ရင်း'ဦးဘိုးစည်'ကိုရင်ခွင်ထဲရောက်လာစေလိုက်တယ်။
မှာလဲ ဘိုးစည်။"
"ဘိုးစည်~~
'ဦးရွှေမောင်'ဟာ ရင်ခွင်ထဲမှအရှက်သည်းနေသူရဲ့ ခပ်ရဲရဲပါးပြင်လေးကိုလက်ဖဝါးတို့ဖြင့်အသာထိတွေ့ရင်း ၊ ခါးထက်မှလက်အစုံကိုပို၍အားထည့်ကာ တင်းကျပ်ပစ်လိုက်တယ်။
နှုတ်ခမ်းတို့ကို သူရဲ့နှုတ်ခမ်းတို့ဖြင့်
'ဦးရွှေမောင်'မှာ အံသြတကြီးဖြင့်
မျက်လုံးမှိတ်ပြီးခံယူနေလိုက်တော့တယ်။ချို မြိန်ကာယစ်မူးဖွယ်ကောင်းလှသော 'ဘိုးစည်'ရဲ့အနမ်းတွေကဝိုင်နီတစ်ခွက်ကဲ့သို့ပင်သူ့ကိုယစ်မူးပျော်ဝင်စေတယ်။သူလဲအနမ်းတို့ကြားပျော်ဝင်နေပြီဖြစ်တာကြောင့်တစ်ဖက်လူရဲ့အောက်နှုတ်ခမ်းလေးကို အားမရစွာဆွဲစုပ်ပြစ်လိုက်တယ်။ အလိုက်တသိခွင့်ပြုလာသော နှုတ်ခမ်းလေးရဲ့အတွင်းထဲသို့အရသာခံရန် သူ၏လျှာလေးအား ဖြည်းညှင်းစွာအလည်သွားစေခဲ့ပြီးအနမ်းတို့ကြားပိုမိုနစ်မြှုပ်စေလိုက်တော့တယ်။
သူနှင့် 'ဘိုးစည်'ဟာ ထိုကဲ့သို့ နီးကပ်စွာအကြင်နာ
မပေးခဲ့ကြသည်မှာ နှစ်အတော်ကြာပြီဖြစ်ကာ၊ ယခုအခါအတွင်တော့ဘအရှက်သည်းလှတဲ့ 'ဘိုးစည်'
ထံမှစတင်ရရှိတာကြောင့်
ငယ်ရွယ်စဉ်ဘဝကိုပင်ပြန်ရောက်သွားသကဲ့သို့
နွဦေး၏လေပြည်တို့တွင် စီးမျောနေရင်း တိမ်တွေကြားပြေးလွှားဆော့ကစားနေရသော ကလေးငယ်တစ်ယောက်ကဲ့သို့ပင် အဆုံးမရှိသောပျော်ရွှင်ခြင်းနှင့် ပီတိတို့ကရင်ဘက်တစ်ခုလုံးပြည့်နင့်နေတော့တယ်။
ဒီလူသားကို အကောင်အထည်မဖော်ပြနိုင်သော
မေတ္တာတို့ဖြင့် အသည်းနင့်အောင်မြတ်နိုးရပါတယ်။လိင်တူနှစ်သက်သည့်ဘဝကို ခံယူခဲ့သည့်
တစ်လျှောက် ထိုတစ်ယောက်သာလျှင် သူ့အား
ဖြူစင်သော မေတ္တာ၊ နွေးထွေးသောချစ်ခြင်းတို့ဖြင့်နူးညံ့စေခဲ့တာကြောင့် ထိုလူသားအတွက် သူဟာဖြစ်တည်လာခဲ့သလို၊ ထိုလူသားရှိမှသာ သူ့ဘဝဟာလည်းအဓိပ္ပါယ်ရှိနေလိမ့်မယ်။ လောကရဲ့ဓမ္မတာကိုအရေးမထား အချစ်ရှိရာကိုသာမျက်နှာမူပါမယ်၊ဘယ်သူက တားဆီးနိုင်မှာလဲ။
ထို့နောက်မှာ တော့သူတို့နှစ်ယောက်လဲ
တစ်ယောက်ကိုတစ်ယောက်
တင်းကျပ်စွာပွေ့ဖက်ထားလိုက်တော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဦးဘိုးစည်က ပိုဆိုး ]
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀