Unicode
~~~~~~~
ကျုပ်နဲ့အစ်ကိုလဲ နှစ်ယောက်သားလိုအပ်တဲ့ပစ္စည်းတွေလိုက်ဝယ်နေလိုက်တာ နေ့လယ်လောက်မှပဲပစ္စည်းအားလုံးစုံသွားတယ်ဗျ ။ပြီးစီးတာနဲ့
ပစ္စည်းတွေကို ကူလီထမ်းတဲ့ကလေးတွေနဲ့
မြင်းလှည်းပေါ်ထားခိုင်းလိုက်ပြီး၊တရုတ်စားသောက်ဆိုင်တစ်ဆိုင်ဆီကို နှစ်ယောက်အတူတူ
လျှောက်လာခဲ့လိုက်ကြတယ်။
အစားအသောက်တွေထဲမှာ တရုတ်အစားအသောက်တွေကလဲ လူကြိုက်များတဲ့အထဲမှာပါတယ်။
ကျုပ်ဆိုလဲခေါက်ဆွဲကို ဝက်သားနဲ့ကြော်ထားတာလေးများမြင်ရင် ထမင်းဘယ်လောက်ပဲစားထားထား ဗိုက်ကအလိုလိုဆာလာတာ။အခုလိုအစ်ကိုကကျုပ်ကိုတရုတ်စားသောက်ဆိုင်ခေါ်လာတော့
ကျုပ်လဲကံကောင်းသွားတာပေါ့ဗျာ။
အစ်ကိုက ခေါက်ဆွဲကြော်ရယ်၊ အခေါက်ကင်၊
ငါးခေါင်းဟင်းချို ၊ဝက်သားချိုချဉ်ကြော်နဲ့ ထမင်းဖြူကိုမှာပေးတယ်ဗျ။ကျုပ်လဲဆာဆာနဲ့ ခေါင်းတောင်မဖော်နိုင်ပါဘူးဗျာ။
အားရပါးရလွေးလိုက်တော့တယ်။
"ကျောက်ခဲလေးက တရုတ်စာ
အတော်ကြိုက်တဲ့ပုံပဲ။"
'သိင်္ခ' သူ့ရှေ့မှာခေါင်းတော်မဖော်နိုင်ရှာဘဲ
အပီအပြင်လွေးလို့နေတဲ့ ကောင်ငယ်လေးရဲ့ပန်းကန်
ထဲကို ခေါက်ဆွဲကြော်တွေထည့်ပေးရင်းမေးလိုက်
တယ်။ဒါပေမဲ့တစ်ဖက်လူကတော့ ပြန်ဖြေဖော်တောင်မရ ခေါင်းလေးသာညိတ်ပြလာတာမို့ သူမှာပြုံးရုံလေးသာတတ်နိုင်တော့တယ်။အစားကောင်းလေးများစားနေရရင် တကယ်ကလေးလေးလိုပဲ
ပလုတ်ပလောင်းကိုစားတော့တာ။
" ဝိတ်တာတစ်ယောက်လောက် ဒီကိုလာပါအုံး။"
'သိင်္ခ' က စားပွဲထိုးလူငယ်လေးကိုတစ်ချက်လှမ်း
ခေါ်ကာ'ဖာလူဒါ' နှစ်ခွက်ကိုမှာလိုက်တယ်။
'ကျောက်ခဲ'စားပြီးတာနဲ့တပြိုင်နက် ဖာလူဒါ
ခွက်တို့ပါရောက်လာပြီး 'သိင်္ခ'က ဖာလူဒါခွက်ကို
'ကျောက်ခဲ'ရှေ့မှာချပေးလိုက်တယ်။
"အစ်ကို ဒါကဘာဖျော်ရည်လဲ။"
ကျုပ် ပန်းရောင်ဖျော်ရည်ကိုမွှေရင်းမေးလိုက်တယ်၊၊အစေ့အဆံတွေရော၊ အရောင်စုံပျော့စိစိ
အချောင်းတွေရော၊ကြက်ဥနှစ်အရောင်အဝါတုံးလေးရော၊ ရွာမှာအလှူလုပ်ရင်ကပ်တဲ့ ကိတ်မုန့်တွေရောဗျ အတော်စုံတယ်။
ဖာလူဒါ ထည့်ထားတဲ့ဖန်ခွက်ရဲ့
အပြင်ကိုသေချာကြည့်လိုက်
အထဲကိုမွှေကြည့်လိုက်နဲ့ စပ်စုလို့နေတဲ့ 'ကျောက်ခဲ'
ကို 'သိင်္ခ'မှာပြုံးပြီးကြည့်နေရုံအပြင်
ဘာမှမတတ်နိုင်ပေ။'ကျောက်ခဲလေး'တစ်ယောက်
တစ်စုံတစ်ခုကိုစိတ်ဝင်တစားကြည့်နေပြီဆို အလိုအလျောက် တွန့်ချိုးသွားတဲ့
မျက်ခုံးတွေနဲ့၊ စူးစမ်းလိုစိတ်ကြောင့် လင်းလက်နေတဲ့မျက်ဝန်းတွေက သူ့ကိုအတော်လေးစိတ်ကျေနပ်စေတယ်။
"အဲ့ဒါဖာလူဒါလို့ခေါ်တယ်လေ။"
"ဖာလူဒါ။"
"အင်း..အဲ့ထဲမှာ ပူတင်းတို့ ကိတ်မုန့်တို့လဲပါတယ်။ကြည့်ပဲကြည့်မနေနဲ့ အရသာကိုမြည်းကြည့်ပါအုံး။"
'သိင်္ခ'ပြောလိုက်တော့ 'ကျောက်ခဲ'က
ပိုက်လေးကနေတစ်ဆင့် ခွက်ထဲက ဖာလူဒါကိုအရသာခံလေတယ်။အနံ့မွှေးမွှေးလေးနဲ့ ချိုအေးနေ
တဲ့အရသာကလေးက သူ့လျှာဖျားထဲမှာပျော်ဝင်သွားပြီးအရောင်စုံအသီးလေးတွေကိုဝါးရတဲ့
အိကျိအိကျိ ခံစားချက်က ပျော်ရွှင်စရာကောင်းလှကာ၊သူ့ရဲ့ငယ်ဘဝကိုတောင်ပြန်အမှတ်ရမိတယ်။
"ပူတင်း လေးပါစားကြည့်အုံး"
'သိင်္ခ'ကတော့ မိမိအရှေ့ကဖာလူဒါကိုထိတောင်မထိပါ၊ ထိုင်ခုံကိုမှီပြီး အရှေ့ကလူကိုသာ
တစိုက်မတ်မတ်အညွှန်းပေးလို့နေတယ်။
"အင်း ကောင်းတယ်အစ်ကို။"
"ကျောက်ခဲလေး။"
"ခင်ဗျာ..။"
" ဖာလူဒါ သောက်တဲ့အခါ ရိုးရာတစ်ခုရှိတယ်
အဲ့တာကိုသိလား။"
သူ တစ်ဖက်လူကို
သေချာစိုက်ကြည့်ရင်းမေးလိုက်တယ်။
"အမ်....မသိဘူး
ဘာလဲဟင်။"
'သိင်္ခ'ဟာ သူ့ရဲ့အကွက်ထဲကို ထပ်မံကျရောက်
လာတဲ့ ကောင်လေးကြည့်ပြီး ရယ်ချင်လာရတယ်။
တကယ်ပါပဲ တုံးအလိုက်တာများ၊ ပြောသမျှကို
အကုန်ယုံနေတော့တာ။
"အဲ့တာက တစ်ဖက်လူက ကိုယ့်ကိုဝယ်တိုက်ရင်
ကျေးဇူးတင်ကြောင်းပြရတဲ့သဘော။"
'ကျောက်ခဲ'ကစိတ်ဝင်စားမှုမြင့်တက်နေတဲ့
မျက်လုံးဝိုင်းလေးတွေနဲ့ပြန်မေးလာတယ်။
"ဘယ်လိုနည်းနဲ့ ကျေးဇူးတင်ကြောင်းပြောတာလဲ။"
'သိင်္ခ'ကလဲ သူ့ရဲ့နှုတ်ခမ်းကို'ကျောက်ခဲ'ရဲ့နားရွက်လေး ထံတိုးကပ်သွားလိုက်ရင်းဖြေးညှင်းစွာပြောလိုက်တယ်။
"အင်း ဘယ်လိုလဲဆိုတော့
ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ တစ်ဖက်လူရဲ့
ချစ်သူလုပ်ပေးရတာလေ...ကိုယ့်ကိုကျေးဇူးဆပ်မယ်မလား။"
"အဟွတ်..ဟွတ်!
အဟွတ်! အဟွတ်!။"
'ကျောက်ခဲ'မှာ'သိင်္ခ'ရဲ့စကားကြောင့်
သောက်ထားတဲ့ ဖာလူဒါတွေ နှာခေါင်းအပြင်ကို
ပြန်ကန်ထွက်လာပြီး သီးတော့တယ်။
"ဟတ်ချိုး အဟွတ်ဟွတ်!။"
"ရရဲ့လား ဖြေးဖြေး!"
'သိင်္ခ'ခမျာတစ်ဖက်လူရဲ့ကျောကုန်းလေးကိုကမန်းကတန်းနဲ့ပွတ်ပေးရင်းနှုတ်ခမ်းလေးကို
လက်ကိုင်ပုဝါနဲ့အသာသုတ်ပေးလိုက်ရတယ်။
"အဟွတ် ဟွတ် ...ရ...ရပါတယ် အစ်ကို။"
"အဟွတ်...ဟွတ်...အဟွတ်
အု....အဟွတ်။"
"ကျောက်ခဲလေး မင်းတကယ်အဆင်ပြေရဲ့လား!။"
မျက်ရည်တွေဝေ့တဲ့အထိ မရပ်မနားချောင်းဆိုးလို့
နေတဲ့ 'ကျောက်ခဲ'ကိုကြည့်ပြီး'သိင်္ခ'စိတ်ပူစပြုလာရပြီဖြစ်တယ်။
"လည်.....အဟွတ်....လည်ချောင်းမှာ
အဟွတ် အဟွတ်။"
"လည်ချောင်းက ဘာဖြစ်လို့လဲ!။"
"အဟွတ်...ဟွတ်
အဟွတ်...အဟွတ်!။"
'ကျောက်ခဲ'က ရှက်ရွံ့စွာနဲ့ 'သိင်္ခ'ဆီက
လက်ကိုင်ပုဝါ ကို ယူပြီး အာခေါင်မှာကပ်နေတဲ့
အိကျိအိကျိနဲ့အသီးကို မနည်းပြန်ထွက်အောင်
ချောင်းဆိုးပစ်လိုက်ရတယ်။
"ကျောက်ခဲလေး
ရရဲ့လား။"
"ရ...ရပြီ။"
'ကျောက်ခဲ'ကလက်ကိုင်ပုဝါ မှာ
ကပ်ပြီးပါလာတဲ့ အသီးကို ပြရင်းပြောလိုက်တယ်။
"တော်သေးတာပေါ့ ကိုယ့်အမှားပါ
ကိုယ်မပြောလိုက်သင့်ဘူး။"
အစ်ကိုက အဲ့လိုပြောလာမှပဲကျုပ်လဲခုနက
အစ်ကိုပြောတာကို ကြားယောင်ပြီးမျက်နှာတွေ
ပူလာရရော။
"ကိုယ်က ဒီအတိုင်းပြောပြတာပါ
မင်းနဲ့ကိုယ်က ယောက်ျားလေးတွေလေ
ဘယ်လိုဖြစ်နိုင်မှာလဲ ကိုယ်ကစလိုက်တာပါ။"
အစ်ကိုကမျက်နှာငယ်လေးနဲ့ ဒီလိုပြောလာတော့
ကျုပ်ရင်ထဲမှာလဲ ဆစ်ခနဲပဲ ။ ကျုပ်မှာ
ချစ်မိတော့မှပဲ အစ်ကို့မျက်နှာပျက်တာကို
လုံးဝမမြင်ရက်တော့တာဗျ။
"ကိစ္စမရှိပါဘူးဗျာ ရပါတယ်။"
'ကျောက်ခဲ' ကနေရခက်စွာနဲ့သူ့ရဲ့
လည်ပင်းလေးကိုပွတ်သပ်ရင်းပြောလိုက်တယ်။
"ရေနည်းနည်းသောက်လိုက်နော်
ပြီးရင် ပြန်ဖို့အတွက်စီစဉ်ကြတာပေါ့။"
ကိစ္စတွေအားလုံးပြီးသွားတဲ့နောက်မှာတော့
သူတို့နှစ်ယောက်လဲ ပစ္စည်းတွေကိုမြင်းလှည်းပေါ်တင်ပြီး ဧည့်ရိပ်သာဆီကိုပြန်လာခဲ့ကြတော့တယ်။ နေ့လည်ရောက်နေပြီမို့ရွာကို ပြန်ဖို့ကမမှီတော့တာကြောင့်ဧည့်ရိပ်သာမှာတစ်ညတည်းပြီးမှပဲ နောက်နေ့မနက်စောစောမှသာရွာကိုပြန်လာခဲ့လိုက်ကြတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယောက်ျားသုံးဖက်စာလောက်ရှိတဲ့
နှစ်ချို့တမာပင်ကြီးတွေအစီအရီပေါက်လို့နေတဲ့
ရွာအဝင်လမ်းမကြီးထဲကိုမောင်းဝင်လာတဲ့နွားလှည်းတစ်စီးအား မောင်ရင်သျှောင်ထုံးတစ်သိုက်ဟာမြင်ကြလေတော့ သူတို့ရဲ့သံဝါဝါကြီးတွေနဲ့ လှမ်းအော်ပြီးတစ်ဖက်ကိုနှုတ်ဆက်ကြလေတယ်။
"ဝေ့းးးးအဲ့ဒါကျောက်ခဲတို့မလား
ပြန်လာကြပလားဟ။"
ကျုပ်ကိုတောင်ပိုင်းက 'ကိုသိန်းမောင်'တို့အုပ်စုက
လှမ်းနှုတ်ဆက်ကြတာဗျ ။
"ဟုတ်တယ်ဗျို့...ကိုကြီးစန်းမောင်တို့က
အုပ်စုလိုက်ကြီးဘယ်သွားမလို့တုံး။"
"အလှူမဏ္ဍပ်ဆောက်ဖို့ ရွာဦးကျောင်းကိုသွားမလို့ဟ
နောက်မှတွေ့မယ်ကွာ။"
"ဟုတ်ကဲ့ကိုကြီး။"
'ဆွမ်းခံပြန်ချိန်'လောက်ရောက်တော့
ကျုပ်နဲ့အစ်ကိုလဲ ရွာထဲကိုရောက်လာခဲ့တယ်။အလှူ ဝင်ရက်ရောက်ဖို့ ခုနှစ်ရက်လောက်ပဲ လိုတော့တာဆိုတော့ မဏ္ဍပ်ဆောက်ဖို့တောင်ပြင်ဆင်နေကြပြီ။
ပြောရမယ်ဆို'ကိုကြီးစန်းမောင်'က လက်သမားပညာအတော်ကောင်းတာဗျ၊ ဒါကြောင့်မို့ ရွာမှာအလှူ လုပ်တိုင်း သူကမဏ္ဍပ်ဆောက်မဲ့ ကာလသားတွေကိုကြီးကြပ်ပေးလေ့ရှိတယ်။
ဒီလိုနဲကျုပ်လဲ နွားလှည်းကို ထုံးစံအတိုင်း
သူကြီးအိမ်ဆီမောင်းလာလိုက်တော့တာပေါ့ဗျ ။
ဝိုင်းထဲက မန်ကျည်းပင်အောက်မှာအရင်လိုပဲ
'လေးလေးဘိုးစည်'နဲ့'ဦးရွှေမောင်'ကထိုင်ပြီးစကားပြောလို့ဗျ...ဟော...မြောက်ပိုင်းက 'ဒေါ်လေးပန်းထွေး'လဲပါတယ်။ကျုပ်တို့ကသာ အသက်အရွယ်ကြောင့် 'ဒေါ်လေး'လို့ခေါ်နေရပေမဲ့အမှန်တော့'ဒေါ်လေးပန်းထွေး'ကနုတုန်းလှတုန်းဗျ။
"ဟော....ပြန်ရောက်လာကြပြီလား
စောသားပဲ။"
"ကိုကြီးကျောက်ခဲ!။"
'လေးလေးရွှေမောင်'က ကျုပ်တို့ကိုနှုတ်ဆက်လာတယ်ဗျ ။ကျုပ်လဲလှည်းကိုရပ်လိုက်တော့ အိမ်ထဲကနေ'ဇီးကွက်'ကအမြန်ပြေးထွက်လာတာကို
တွေ့လိုက်ရတယ်။
"ကျုပ်ကူသယ်ပေးမယ်။"
'ဇီးကွက်'ကပြောပြောဆိုဆိုနဲ့ အထုတ်တွေကို
ဆွဲမရှာတယ်။
"ဟားဟား အသာလုပ်ပါ ဇီးကွက်ရာ
မင်းအတွက် လက်ဆောင်ပါပါတယ်ဟ။"
'ကျောက်ခဲ'ရဲ့စကားကြောင့် 'ဇီးကွက်'ဟာအထုတ်
ကိုအောက်ပြန်ချလိုက်ရင်း ရုတ်တရက်ဆန်စွာနဲ့'ကျောက်ခဲ'ရဲ့ခါးကိုဆွဲဖက်ပြီးပြောလာတယ်ါ
"ကျွန်..ကျွန်တော်တောင်းပန်ပါတယ်။
အဲ့နေ့က ကျုပ်ပြောခဲ့မိတာတွေ အတွက်
ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုမျက်ကွယ်
မပြုလိုက်ပါနဲ့။"
သူ(ဇီးကွက်)တစ်ဖက်လူရဲ့ရင်ခွင်ထဲကိုခေါင်းတိုးရင်း
မျက်ရည်တွေကို စီးကျစေလိုက်တယ်။သူမှားမှန်း
သိပြီမို့ 'ကိုကြီးကျောက်ခဲ' ကသူ့ကိုမျက်ကွယ်မပြု ထားဖို့မျှော်လင့်တယ်။
'ကျောက်ခဲ'တစ်ယောက်လဲ ကောင်ငယ်လေးရဲ့
မမျှော်လင့်တဲ့အပြုအမူကြောင့် အနည်းအငယ်မျှ
တောင့်တင်းသွားရပေမဲ့၊ရင်ဘတ်ကစိုစွတ်လာတဲ့
အထိအတွေ့ကိုခံစားမိချိန်မှာတော့ သူရဲ့လက်တွေက
လေပေါ်မြောက်တက်သွားကာ 'ဇီးကွက်လေး'ရဲ့
ကျောကုန်းလေးကို ပွတ်သတ်ရင်းချော့မြူ
ပေးလိုက်တော့တယ်။
"ကိုကြီးက မင်းကိုမျက်ကွယ်မပြုပါဘူးကွာ။
စိတ်ဆိုးပြေတာဖြင့်ကြာလှပြီ။မင်းကစကားမပြောချင်သေးဘူးထင်တာရယ်၊ အလှူကိစ္စနဲ့ရောအိမ်ကိစ္စနဲ့ပါ လုံးလည်ချာလည်လိုက်နေလို့ မင်းကိုလာမတွေ့ဖြစ်တာပါကွ....မငိုနဲ့တိတ်တိတ်။"
"ကိုယ်ပစ္စည်းတွေ အရင်သယ်နှင့်မယ်။"
'သိင်္ခ'လဲ သိပ်မျက်နှာမကောင်းလှပေမဲ့
ထိုနေရာမှာရပ်မနေချင်တော့တာမို့
အထုတ်တွေအရင်သယ်ပြီး အိမ်ပေါ်ကိုတက်နှင့်
လာလိုက်တယ်။
"ကျွန်တော်ကိုရင် ထပ်ဝတ်ရအုံးမယ်။"
'ဇီးကွက်'က'ကျောက်ခဲ'ရဲ့ရင်ဘက်နဲ့သူ့ရဲ့မျက်နှာ
ကိုပွတ်သပ်လိုက်ရင်းပြောလိုက်တယ်။
"ကိုကြီး သိပါတယ်ကွာ။"
"ရှင်လောင်းလှည့်တဲ့အခါ ကိုကြီးက
ကျုပ်ကိုထမ်းရမယ်နော်။"
"မင်းသာ အိမ်မှာငြိမ်ငြိမ်လေးနေ
ကိုကြီးက ထမ်းပါ့မယ် ဟုတ်ပြီလား။"
"အင်း။"
အဲ့တော့မှပဲ'ဇီးကွက်'ဟာ လိုချင်တာရသွားတဲ့ကလေး
တစ်ယောက်လို ရွှင်ပျသွားရပြီး
အထုတ်တွေကိုသယ်ကာ အိမ်ထဲကိုဝင်သွားတော့တယ်။
"မောင်ကျောက်ခဲတောင်လူပျို ကြီးဖြစ်နေပြီပဲ။"
'မပန်းထွေး'က မျက်စိအောက်မှာတင် အရွယ်ရောက်လို့လာတဲ့ ညို ညိုဖြောင့်ဖြောင့် ကောင်လေးကိုကြည့်ပြီးပြောလာခြင်းဖြစ်တယ်။
"ဒေါ်လေး ကလဲနုတုန်းပါဗျာ။"
"နင့်မလဲ ငါ့မြင်တိုင်းဒါပဲပြောနေတော့ပဲ
ကဲ...အစ်ကို ပန်းထွေးပြန်ဦးမယ်။"
"ကြွပါဗျာ....ကြွပါ။"
'ဦးရွှေမောင်'က နှုတ်ခမ်းမွှေးစစလေးတွေအပေါ်ကိုကော့တက်သွားသည်အထိ 'မပန်းထွေး'ကိုပြုံးပြရင်းပြောလိုက်လေတယ်။
'မပန်းထွေး'မှာ ထိုကဲ့သို့အပြုအမူတို့ကြောင့်
အနည်းငယ်မျှ စိတ်မသက်မသာဖြစ်သွားပေမဲ့
ဆက်နေ၍မသင့်တော့တာမို့ အမြန်ထွက်သွားရတော့တယ်။
"ကျုပ်လဲပစ္စည်းတွေ
အိမ်ထဲသွားထည့်လိုက်အုံးမယ်နော်။"
'ကျောက်ခဲ'ကအပူချိန်ကျဆင်းနေတဲ့ပတ်ဝန်းကျင်အခြေအနေကို ကောင်းကောင်းရိပ်မိလေတာမို့ပစ္စည်းတွေကိုအကြောင်းပြပြီး လွတ်ရာကျွတ်ရာကိုပြေးတော့တယ်။
" ကျုပ်တို့နှစ်ယောက် စကားပြောသင့်နေပြီ
ထင်တယ် ကိုရွှေ။"
"ဟမ့်...ကောင်းပါ့
ကျုပ်လဲပြောချင်နေတာကြာပေါ့။"
'ဦးရွှေမောင်'ကထိုကဲ့သို့ ခပ်မာမာသာပြောပြီး
အိမ်အနောက်ဘက်မှာရှိတဲ့ ငှက်ပျောတောထဲကို
ဦးတည်ကာဝင်ရောက်သွားတော့တယ်။
ထိုကိစ္စကသူ(ဦးရွှေမောင်)မမှားတာကြောင့်
လုံးဝအလျှော့မပေးနိုင်။ မုန့်လဲဝေမစား
နိုင်သလို၊ အချစ်ကိုလဲဝေမပေးနိုင်ဘူးလေ။
'ဘိုးစည်'ကတစ်ဖက်မိန်းကလေး ရေလာမြောင်းပေး
နေတာကို သိလျက်နဲ့ဘာကြောင့်များ
ငြင်းမလွှတ်ရသလဲ။သူ့မှာအဲ့ဒီကိစ္စကိုတွေးရင်း
ဒေါသထွက်ရသလို ထိုအမျိုးသမီးမှာ'ဘိုးစည်'
ရဲ့ရည်းစားဦးဖြစ်ခဲ့ဖူးတယ် ဆိုတဲ့အသိကြောင့်
ပို၍ပင် မကျေမနပ်ဖြစ်လာရပြီး၊အမြန်ပြန်စေဖို့
ပြောမိလိုက်တာသူမမှားပါ။ အားနာတတ်လွန်းပြီး
သူ့ကိုအရေးမစိုက်တဲ့'ဘိုးစည်'သာမှားတယ်။
"ကဲ...ပြောပါအုံး
ခင်ဗျားက အခုဘာဖြစ်နေတာလဲ။"
သူ့ကိုကျောပေးကာရပ်လျက်ရှိတဲ့
တစ်ဖက်လူကို 'ဦးဘိုးစည်'ကမေးငေါ့ရင်းမေးလိုက်တယ်။
" ရည်းစားဟောင်းက ပြန်ရောက်လာပြီဆိုတော့
ဟမ့်..ခင်ဗျားတွေ ဘာတွေတောင်သုံးနေပြီပေါ့။"
'ဦးရွှေမောင်'ရဲ့ထေ့ငေါ့တဲ့ စကားလုံးတွေကြောင့်
'ဦးဖိုးစည်'ရဲ့မျက်လုံးတွေက ပိုမိုစူးရှသွားရတယ်။
"ပြီးတော့ ဘာဖြစ်နေတာလဲဆိုတာကျုပ်ကိုမမေးဘဲ
ကိုယ့်ဘာကိုယ် ပြန်မေးကြည့် ဟုတ်ပြီလား။
ကိုယ်ဘာဖြစ်ချင်တာလဲ၊ရည်းစားဟောင်းနဲ့ပြန်ပေါင်းထုတ်ချင်နေတာလားဆိုတာ"
"တော်တော့..!
ခင်ဗျား ဆက်မပြောတော့ရင်ကောင်းမယ် 'ကိုရွှေ'
ခင်ဗျား အခုပြောနေတဲ့စကားတွေက
ဆယ်ကျော်သက်အရွယ် ကလေးတွေလိုမျိုးဖြစ်နေပြီ
ကိုယ့်အသက်၊ ကိုယ့်ဂုဏ်ကိုလဲထောက်အုံး။"
ထိုစကားကိုကြားလေတော့ 'ဦးရွှေမောင်'
ဟာအရေးမစိုက်သလိုခပ်မဲ့မဲ့ပြုံးလေတယ်၊၊
"ကျုပ်တို့က တစ်ရွာတည်းသာချင်းတွေ
သူနဲ့ကျုပ်က ပြတ်စဲခဲ့တာကလဲ အမုန်းတရား
တွေ၊ ပြသနာတွေကြောင့်မဟုတ်ဘူး
တစ်ယောက်နဲ့တစ်ယောက် ဘာခံစားချက်မှမရှိလို့
လမ်းခွဲခဲ့ကြတာ။ ဘာကြောင့်များ ခင်ဗျားပြောသလို
မပတ်သက်ဘဲနေရမှာလဲ ကျုပ်တို့ကမောင်နှမတွေ
လိုပဲ ခင်မင်ကြတာလေ။"
"ဒါဆို အခုကတော့ ခံစားချက်လေးတွေ
ပြန်ရှိလာကြလို့ပေါ့လေ။"
'ဦးရွှေမောင်'က တိုက်ပုံအင်္ကျီထဲမှာလက်သီးကို
တင်းတင်းစုပ်ထားရင်းမေးလိုက်ခြင်း။
"တော်ပါပြီ ခုနေပြောလဲ
ခင်ဗျားက ထင်ချင်ရာပဲစွတ်ထင်နေတော့မှာ
ကျုပ်သွားတော့မယ်။"
'ဦးဘိုးစည်'ဟာ စိတ်ညစ်စွာနဲ့ခေါင်းကိုအသာ
လွှဲယမ်းလိုက်ရင်း ငှက်ပျောတောထဲကနေထွက်သွား
ခဲ့လေကာ၊'ဦးရွှေမောင်' တစ်ယောက်ကတော့
ရှည်လျားလှတဲ့သက်ပြင်းတစ်ခုကိုချပြီး
ထိုနေရာမှာပဲ မလှုပ်မယှက်ကျန်နေခဲ့တော့တယ်။
အဲ့အချိန်မှာပဲ လှောင်ရယ်ဟန်အပြည့်နှင့်
'သိင်္ခ'ရဲ့အသံခပ်သြသြက ငှက်ပျောပင်တွေနောက်ကနေထွက်ပေါ်လာလေရဲ့။
"အိုး လေးလေးကသဝန်တွေတိုပြီး
ကလေးလေးလိုဖြစ်နေတာပဲ။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပ်ပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်ပါ။
Cmtလေးတွေ၊ Voteလေးတွေမစကြပါ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~~~~
"ဒါပေါ့ အစ်ကိုရာ။"
ကျုပ်ဒီလိုပြောလိုက်တော့ အစ်ကိုက ကျုပ်ကို
တောက်တောက်ပပပြုံးပြလာတယ်ဗျ ။
အစ်ကို ပြုံးလိုက်တိုင်းအရမ်းလှတာပဲ။
ကျုပ်က အစ်ကိုအဲ့လိုလေးပြုံးနေတာကိုပဲ
မြင်ချင်တာ။
🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
ကျုပ်တို့နှစ်ယောက်လည်း လိုအပ်တဲ့ပစ္စည်းတွေလိုက်ဝယ်နေလိုက်တာ နေ့လည်လောက်မှပဲပစ္စည်း
အားလုံးစုံသွားတယ်ဗျ ။ ကျုပ်တို့လည်း ပစ္စည်းတွေကို ကူလီထမ်းတဲ့ကလေးတွေကိုသယ်ခိုင်းလိုက်ပြီးမြင်းလှည်းပေါ်ထားခိုင်းလိုက်တာ်။
အဲ့ဒီနောက်မှာတော့တရုတ်စားသောက်
ဆိုင်တစ်ဆိုင်ဆီကို လျှောက်လာခဲ့လိုက်ကြတယ်။
အစားအသောက်တွေထဲမှာ တရုတ်အစားအသောက်တွေကလည်း လူကြိုက်များတဲ့အထဲမှာပါတယ်ဗျ။
ကျုပ်လည်းကံကောင်းသွားတာပေါ့ဗျာ။
အစ်ကိုက ခေါက်ဆွဲကြော်ရယ်၊ ကြာဇံကြော်ရယ်၊ အခေါက်ကင်၊ငါးခေါင်းဟင်းချို ၊ဝက်သားချိုချဉ်ကြော်နဲ့ ထမင်းဖြူကိုမှာပေးတယ်ဗျ။ကျုပ်လည်းဆာဆာနဲ့ ခေါင်းတောင်မဖော်နိုင်ပါဘူးဗျာ။
"ကျောက်ခဲလေးက တရုတ်စာ
အတော်ကြိုက်တဲ့ပုံပဲ။"
'သိင်္ခ' သူ့ရှေ့မှာခေါင်းတော်မဖော်နိုင်ရှာပဲ
" ဝိတ်တာ တစ်ယောက်လောက် ဒီကိုလာပါဦး။"
'ကျောက်ခဲ'စားပြီးတာနှင့်တပြိုင်နက် ဖာလူဒါ
ခွက်တို့က ရောက်လာပြီး 'သိင်္ခ'က ဖာလူဒါခွက်ကို
အချောင်းတွေရော၊ကြက်ဥအနှစ်ရောင် အဝါတုန်းလေးရော၊ ရွာမှာအလှူလုပ်ရင်ကပ်တဲ့ ကိတ်မုန့်တွေရောဗျ အတော်စုံတယ်။
ဖာလူဒါ ထည့်ထားတဲ့ဖန်ခွက်ကို
မျက်ခုံးတွေနဲ့၊ စူးစမ်းလိုစိတ်ကြောင့် လင်းလက်နေတဲ့မျက်ဝန်းတွေက သူ့ကိုအတော်လေးစိတ်ကျေနပ်စေတယ်မဟုတ်လား။
"ဖာလူဒါ။"
"အင်း..အဲ့ထဲမှာ ပူတင်းတို့ ကိတ်မုန့်တို့လည်းပါတယ်။ကြည့်ပဲကြည့်မနေနဲ့ အရသာကိုမြည်းကြည့်ပါဦး။"
'သိင်္ခ'ကပြောလိုက်တော့ 'ကျောက်ခဲ'က
"ပူတင်း လေးပါစားကြည့်ဦး။"
'သိင်္ခ'ကတော့ မိမိအရှေ့ကဖာလူဒါကိုထိတောင်မထိပါပဒထိုင်ခုံအားမှီ၍ အရှေ့ကလူကိုသာ တစိုက်မတ်မတ်ကြည့်ကာအညွှန်း ပေးလို့နေတယ်။
"အင်း ကောင်းတယ် အစ်ကို။"
"ကျောက်ခဲ။"
"ဗျာ။"
အဲ့တာကိုသိလား။"
သူ တစ်ဖက်လူကို
"အမ်....မသိဘူး
ဘာလဲဟင်။"
အကုန်ယုံနေတော့တာ။
'ကျောက်ခဲ'ကမျက်လုံးဝိုင်းလေးတွေနဲ့
စိတ်ဝင်စားဟန်အပြည့်ဖြင့်ကြည့်ကာပြန်ပြောလာတယ်။
'သိင်္ခ'က သူ့ရဲ့မျက်နှာကို'ကျောက်ခဲ'ရဲ့နားရွက်လေး ထံသို့တိုးကပ်သွားရင်း ဖြေးညှင်းစွာပြောလိုက်တယ်။
"အင်း ဘယ်လိုလဲဆိုတော့
ချစ်သူလုပ်ပေးရတာ...ကိုယ့်ကို ကျေးဇူးဆပ်မယ်မလား။"
"အဟွတ်..ဟွတ်!
အဟွတ်! အဟွတ်!။"
"ဟတ်ချိုးးးးးအဟွတ်ဟွတ်။"
"ရရဲ့လား ဖြေးဖြေး!"
'သိင်္ခ' က တစ်ဖက်လူရဲ့ကျောကုန်းလေးကို
အသာပွတ်ပေးရင်း လက်ကိုင်ပုဝါလေးနဲ့
နှုတ်ခမ်းလေးကို အသာသုတ်ပေးမိတယ်။
"အဟွတ်...ဟွတ်...အဟွတ်
အု....အဟွတ်။"
"ကျောက်ခဲလေး တကယ်အဆင်ပြေရဲ့လား!။"
နေတဲ့ 'ကျောက်ခဲ'ကိုကြည့်ကာ'သိင်္ခ'စိတ်ပူစပြုလာရတယ်။
အဟွတ် အဟွတ်။"
"အဟွတ်...ဟွတ်
အဟွတ်...အဟွတ်!။"
ချောင်းဆိုးပြစ်လိုက်ရတယ်။
"ကျောက်ခဲလေး
ရရဲ့လား။"
"ရ...ရပြီ။"
အစ်ကိုက အဲ့လိုပြောလာမှပဲကျုပ်လည်းခုနက
အစ်ကိုပြောတာကို ကြားယောင်ပြီးမျက်နှာတွေပူလာရတော့တယ်။
အစ်ကိုကမျက်နှာငယ်လေးနဲ့ ဒီလိုပြောလာတော့ကျုပ်ရင်ထဲမှာလည်း ဆစ်ခနဲပဲ ။ ကျုပ်လည်း
ချစ်မိတော့မှပဲ အစ်ကို့မျက်နှာပျက်တာကိုမမြင်ရက်တာ၊နာကျင်ရတယ်ဗျ ။
'ကျောက်ခဲ' ကနေရခက်စွာနဲ့သူ၏လက်တို့ဖြင့်
လည်ပင်းလေးအားပွတ်သပ်ရင်းပြောလေတယ်။
'သိင်္ခ'ကရေတစ်ခွက်ကိုငှဲ့ကာ ခွက်ထဲထည့်လိုက်ပြီး
'ကျောက်ခဲ'ကိုလှမ်းပေးလိုက်တယ်။
ထို့နောက်တွင်တော့သူတို့နှစ်ယောက်လည်း ပစ္စည်းတွေမြင်းလှည်းပေါ်တင်ကာ ဧည့်ရိပ်သာ
နေပြီမို့ရွာကို ပြန်ဖို့ကမမှီတော့ချေ။ထို့ကြောင့်ဧည့်ရိပ်သာတွင် တစ်ညတည်းပြီးမှသာ နောက်နေ့မနက်စောစောမှသာရွာကိုပြန်လာခဲ့လိုက်ကြတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရွာအဝင်လမ်းမကြီးထဲသို့နွားလှည်းတစ်စီးက
မောင်းဝင်လာတာကို မောင်ရင်သျှောင်ထုံး တစ်သိုက်ဟာမြင်ကြလေတော့ သူတို့ရဲ့သံဝါဝါကြီးတွေနဲ့ လှမ်းအော်ပြီးတစ်ဖက်ကိုနှုတ်ဆက်ကြလေတယ်။
ပြန်လာကြပလားဟ။"
လှမ်းနှုတ်ဆက်ကြတာဗျ ။
အုပ်စုလိုက်ကြီးဘယ်သွားမလို့တုန်း။"
"ဟုတ်ကဲ့ကိုကြီး။"
ကျုပ်လည်း နွားလှည်းကို ထုံးစံအတိုင်း
ဝိုင်းထဲက မန်ကျည်းပင်အောက်မှာအရင်လိုဘဲ
'လေးလေးဘိုးစည်'နဲ့'ဦးရွှေမောင်'ကထိုင်ပြီးစကားပြောလို့ဗျ...ဟော...မြောက်ပိုင်းက 'ဒေါ်လေးပန်းထွေး'လည်းပါတယ်။ကျုပ်တို့ကသာ အသက်အရွယ်ကြောင့် 'ဒေါ်လေး'လို့ခေါ်နေရတာ
ပေမဲ့းအမှန်တော့'ဒေါ်လေးပန်းထွေး'ကနုတုန်းလှတုန်း။
စောသားပဲ။"
"ကိုကြီးကျောက်ခဲ။"
"ကျုပ်ကူသယ်ပေးမယ်။"
'ဇီးကွက်'ကပြောပြောဆိုဆိုနဲ့ အထုတ်တွေကိုဆွဲမလေတော့...,
'ကျောက်ခဲ'က 'ဇီးကွက်'ရဲ့ပုခုံးလေးကို တစ်ချက်ပုတ်ပြီးပြောလေတော့ 'သိင်္ခ'ဟာမကြည်သလို
မျက်မှောင်ကြုံ့လေတယ်။
ကိုအောက်သို့ပြန်ချလိုက်ရင်း ရုတ်တရက်ဆန်စွာဖြင့်
'ကျောက်ခဲ'ရဲ့ခါးကိုဆွဲဖက်ပြီးဆိုလေတယ်။
'ကျောက်ခဲ'တစ်ယောက်လည်း ကောင်ငယ်လေးရဲ့
တောင့်တင်းသွားရပေမဲ့၊ရင်ဘတ်မှစိုစွတ်လာတဲ့
အထိအတွေ့ကိုခံစားမိချိန်မှာတော့ သူရဲ့လက်တွေကလေပေါ်မြောက်တက်သွားကာ ကောင်ငယ်လေးရဲ့ကျောကုန်းလေးကို ပွတ်သတ်ရင်းချော့မြူ ပေးလိုက်တော့တယ်။
'သိင်္ခ'ကလည်း သိပ်မျက်နှာမကောင်းလှပေမဲ့
ထိုနေရာတွင်ရပ်မနေချင်တော့တာမို့
အထုတ်တွေအရင်သယ်ပြီး အိမ်ပေါ်ကိုတက်နှင့်လိုက်တယ်။
"ကျွန်တော်ကိုရင် ထပ်ဝတ်ရဦးမယ်။"
'ဇီးကွက်'ဟာ 'ကျောက်ခဲ'ရဲ့ရင်ဘက်နဲ့သူ့ရဲ့မျက်နှာကိုပွတ်သပ်လိုက်ရင်းပြောလိုက်တယ်။
"ကိုကြီး သိပါတယ်ကွာ။"
"အင်း။"
တစ်ယောက်လို 'ကျောက်ခဲ'ကိုခေါင်းညိတ်ပြလိုက်ပြီးအထုတ်တွေကိုသယ်ကာ အိမ်ထဲကိုဝင်သွားတော့တယ်။
'မပန်းထွေး'က မျက်စိအောက်မှာတင် အရွယ်ရောက်လို့လာတဲ့ ညို ညိုဖြောင့်ဖြောင့် ကောင်လေးကိုကြည့်ပြီးပြောလိုက်တယ်။
"ဒေါ်လေး ကလည်းနုတုန်းပါဗျာ။"
"ကြွပါဗျာ....ကြွပါ။"
'ဦးရွှေမောင်'က နှုတ်ခမ်းမွှေးစစလေးတွေအပေါ်ကိုကော့တက်သွားသည်အထိ 'မပန်းထွေး'အားပြုံးပြရင်းပြောလိုက်လေတယ်။
'မပန်းထွေး'မှာ ထိုကဲ့သို့အပြုအမူတို့ကြောင့် အနည်းငယ်မျှ စိတ်မသက်မသာခံစားလိုက်ရသော်လည်းဆက်နေ၍မသင့်တော့တာမို့ အမြန်ထွက်သွားရတော့တယ်။
"ကျုပ်လည်းပစ္စည်းတွေ
အိမ်ထဲသွားထည့်လိုက်ဦးမယ်နော်။"
'ကျောက်ခဲ'ကလည်း အပူချိန်ကျဆင်းနေတဲ့ပတ်ဝန်းကျင်အခြေအနေကို ကောင်းကောင်းရိပ်မိလေတာမို့ပစ္စည်းတွေကိုအကြောင်းပြပြီး လွတ်ရာကျွတ်ရာကိုပြေးတော့တယ်။
ထင်တယ် ကိုရွှေ။"
"ဟမ့်...ကောင်းပါ့
ကျုပ်လည်းပြောချင်နေတာကြာပေါ့။"
ထိုကိစ္စတွင်သူ(ဦးရွှေမောင်)မမှားတာကြောင့် လုံးဝအလျှော့မပေးနိုင်ပေ။ မုန့်လည်းဝေမစား
နိုင်သလို၊ အချစ်ကိုလည်းဝေမပေးနိုင်။
"ကဲ...ပြောပါဦး
သူ့ကိုကျောပေးကာရပ်လျှက်ရှိတဲ့
'ဦးရွှေမောင်'၏ထေ့ငေါ့သည့်စကားလုံးတို့ကြောင့်
'ဦးဖိုးစည်'ရဲ့မျက်လုံးတွေက ပိုမိုစူးရှလာရတယ်။
"ပြီးတော့ ဘာဖြစ်နေတာလဲဆိုတာကျုပ်ကိုမမေးပဲ
"တော်တော့..!
ဆယ်ကျော်သက်အရွယ် ကလေးတွေလိုမျိုးဖြစ်နေပြီကိုယ့်အသက်၊ ကိုယ့်ဂုဏ်ကိုလည်းထောက်ဦး။"
သူနဲ့ကျုပ်က ပြတ်စဲခဲ့တာကလည်း အမုန်းတရား
လမ်းခွဲခဲ့ကြတာ။ ဘာကြောင့်များ ခင်ဗျားပြောသလိုမပတ်သတ်ပဲနေရမှာလဲ ကျုပ်တို့ကမောင်နှမတွေလိုဘဲ ခင်မင်ကြတာလေ။"
တင်းတင်းစုပ်ထားရင်းမေးလိုက်တယ်။
"တော်ပါပြီ ခုနေပြောလည်း
ခင်ဗျားက ထင်ချင်ရာဘဲ စွတ်ထင်နေတော့မှာ
ကျုပ်သွားတော့မယ်။"
လွှဲယမ်းလိုက်ရင်း ငှက်ပျောတောထဲကနေထွက်လာခဲ့လိုက်ပြီး ၊ 'ဦးရွှေမောင်' တစ်ယောက်ကတော့
ရှည်လျားလှသည့်သက်ပြင်းတစ်ခုကိုချကာ
ထိုနေရာမှာဘဲ မလှုပ်မယှက်ကျန်နေခဲ့တော့တယ်။
ထိုအချိန်မှာပဲ လှောင်ရယ်ဟန်အပြည့်နှင့်
"အိုးးးးလေးလေးက သဝန်တွေတိုပြီး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀