"Dear Kyauk Khal"(Complete)
Galing kay Aakhara1993
653K 59.2K 6.1K
၁၉၃၀ ခုနှစ်ကျော်ဝန်းကျင်အားပြန်လည်ပုံဖော်ထားသော အချစ်ဇတ်လမ်းတစ်ပုဒ်ဖြစ်၏။ မှတ်ချက် =[Role Sensitive သမားတွေအန... Higit pa
(အမှာစာ)(ဖတ်ပေးကြပါရန်)
အပိုင်း(၁) "မောင်ကျောက်ခဲ"
အပိုင်း(၂)"ဗညားသိင်္ခ"
အပိုင်း(၃)"ဧည့်သည်သွားကြိုလေပြီ"
အပိုင်း(၄)"ရင်းနှီးလာကြခြင်း"
အပိုင်း(၅)"ချောကလိတ်"
အပိုင်း(၆)"ထမင်းလက်ဆုံစားခြင်း"
အပိုင်း(၇)"မာယာများခြင်းအနုပညာ"
အပိုင်း(၈)"မောင်ကျောက်ခဲလေး စကားထစ်သွားခြင်း"
အပိုင်း(၉)"မန်ကျည်းပင်ကြီးအောက်ဝယ်"
အပိုင်း(၁၀)"မောင်ကျောက်ခဲလေးစကားထစ်သွားခြင်း (၂)"
အပိုင်း(၁၁)"ဇီးကွက်ရဲ့ထူးဆန်းသောစကား"
အပိုင်း(၁၂)"အုတ်ခဲတိုက်၊ ဆီမီးတိုက်၊နတ်တိုက်"
အပိုင်း(၁၃)"လက်ထပ်ရန်တိုက်တွန်းခြင်း"
အပိုင်း(၁၄)"ထန်းရည်ဆိုင်တွင်ဒိတ်ကြခြင်း"
အပိုင်း(၁၅)"ထန်းရည်သုံးခွက်သောက်ပြီးမှောက်သွားခြင်း"**
အပိုင်း(၁၆)"မျက်စိယားသွားတဲ့ ဇီးကွက်"
အပိုင်း(၁၇)"ဘိုလိုသီချင်းဆိုတတ်သောမိန်းကလေး"
အပိုင်း(၁၈)"အတင်းစေ့စပ်ခံရသောလူငယ်လေး"
အပိုင်း(၁၉)"အိမ်တိုင်ရာရောက်ခိုးနမ်းခြင်း"
အပိုင်း(၂၀)"ဇီးကွက်၏ဒေါသများပေါက်ကွဲထွက်လာခြင်း"
အပိုင်း(၂၁)"​ပြဿနာတက်လေပြီ"
အပိုင်း(၂၂)"တူဝရီးနှစ်ယောက်ပြဿနာတက်ကြခြင်း"
အပိုင်း(၂၃)"အက်ဆစ်လူသားအဖြစ်ပြောင်းလဲသွားသော 'သိင်္ခ'"
အပိုင်း(၂၄)" 'သိင်္ခ'နှာခေါင်းသွေးသျှံပြီ "
အပိုင်း(၂၅)"မြို့တက်ကြလေပြီ"
အပိုင်း(၂၆)"မပန်းထွေး"
အပိုင်း(၂၇)"ဖွင့်ဟဝန်ခံခြင်း"
အပိုင်း(၂၉)"ဖာလူဒါ ရိုးရာ"
အပိုင်း(၃၀)"အလှူဝင်ရက်-၁"
အပိုင်း(၃၁)"အလှူဝင်ရက် -၂"
အပိုင်း(၃၂)''အလှူဝင်ရက်-၃''
အပိုင်း(၃၃)"အလှူဝင်ရက်-၄"
အပိုင်း(၃၄)"ရန်ကုန်လိုက်ရန်ခွင့်ပြုပြီ"
အပိုင်း(၃၅)"စကားထာဝှက်ခြင်း"
အပိုင်း(၃၆)''ကိုရင်လေးအားသွားရောက်နှုတ်ဆက်ခြင်း''
အပိုင်း(၃၇)''ရွှေမြို့တော်သို့သွားရောက်ခြင်း''
အပိုင်း(၃၈)'မြွေမြွေချင်းခြေမြင်'
🗺️🚋Rangoon Arc🚋🗺
အပိုင်း(၃၉)"ရန်ကုန်မြို့သို့သွားရောက်ခြင်း"
အပိုင်း(၄၀)"အမာရွတ်လေးရဲ့ရာဇဝင်"
အပိုင်း(၄၁)"ခြောက်ခြောက်ခြားခြား"
အပိုင်း(၄၂)"ဒါလင်လို့ခေါ်ပါ"
အပိုင်း(၄၃)'ရန်ကုန်မြို့တခွင်လည်ပတ်ခြင်း'
အပိုင်း(၄၄)"ချစ်တီးထမင်းအတူတူစားခြင်း"
အပိုင်း(၄၅)"ဝီလီယမ်သောမက်စ်"
အပိုင်း(၄၆)"ဧည့်သည်တော်အားသွားကြိုခြင်း"
အပိုင်း(၄၇)"ပြန်လက်ခံရန်တောင်းဆိုခြင်း"
အပိုင်း(၄၈)"သံကြိုးစာရေးခြင်း"
အပိုင်း(၄၉)'အမာကြည်ရဲ့ရင်ခုန်သံတို့အစပြုရာ'
အပိုင်း(၅၀)'ရွှေရင်အေးဆိုင်ကရန်ပွဲ'
အပိုင်း(၅၁)'လက်ထပ်ခွင့်တောင်းလေပြီ'
အပိုင်း(၅၂)'အထင်လွဲခံနေရသောအမာကြည်'
အပိုင်(၅၃)'အိမ်ပြန်နောက်ကျတဲ့ သိင်္ခ'
အပိုင်း(၅၄)'ကျောကုန်းပေါ်ကခြစ်ရာတွေ'
အပိုင်း(၅၅)'အတို့အထောင်လုပ်တဲ့ငြိမ်းငြိမ်း'
အပိုင်း(၅၆)'ဒေါ်ရွှေဇင်ညိမ်းရဲ့ဒေါသ'
အပိုင်း(၅၇)'မောင်ကျောက်ခဲလေးရဲ့မျှော်လင့်ချက်'
အပိုင်း(၅၈)'ပွဲကြမ်းတဲ့သိင်္ခ'
အပိုင်း(၅၉)'ရူးသွားတဲ့သိင်္ခ'
အပိုင်း(၆၀)'မောင်ကျော်ဆွေလိုက်သွားခြင်း'
အပိုင်း(၆၁)'မောင်ကျောက်ခဲလေးသိသွားခြင်း'
အပိုင်း(၆၂)'ဦးရွှေမောင်ရဲ့အာဏာ'
အပိုင်း(၆၃)'ချွဲလွန်းသူကြီး'
အပိုင်း(၆၄)'ရွာပြန်လာကြခြင်း'
အပိုင်း(၆၅)'လယ်စောင့်တဲလေးတွင်အဆုံးသတ်သည်'
အချပ်ပို(၁)[ ပိတောက်လက်ဆောင်]
အချပ်ပို(၂)[ အိုးမဲသုတ်ခံလိုက်ရတဲ့ 'သိင်္ခ' ]
အချ​ပ်ပို(၃)[နှစ်သစ်ကူးည]
[Book Announcement ]
[Book Info]
[Question] [ဖတ်ဖြစ်အောင်ဖတ်ပေးကြပါရန်]
အချပ်ပို(၄) [ရွှေညာမြေမှဆွေမျိုးများ]
(ဖန်တီးမှုအသစ်- နတ်မင်း၏အစေခံ)
အပိုင်း(၂၈)"အဝယ်တော်ထွက်လေပြီ"
6.4K 686 101
Galing kay Aakhara1993
Unicode
~~~~~~~
ကျုပ်လဲ မိုးအတော်ချုပ်မှ အခန်းထဲကိုပြန်ဝင်လာခဲ့တယ်။ အစ်ကိုကတော့ ကုတင်ရဲ့ညာဘက်ထောင့်မှာကွေးကွေးလေးအိပ်ပျော်လို့နေရဲ့။ ကြည့်လိုက်တာနဲ့ကျုပ်အိပ်ဖို့အတွက် နေရာဖယ်ထားပေးမှန်းသိပေမဲ့လဲ ကျုပ်ကုတင်ပေါ်တက်မအိပ်ရဲဘူး။ကိုယ့်ကိုယ်ကိုယ်လိပ်ပြာမလုံဘူးလေ။ ဒါကြောင့် ကျုပ်လဲကြမ်းပြင်မှာပုဆိုးလေးခင်းပြီး၊ကိုယ့်လက်မောင်းကိုယ်ခေါင်းအုံးလို့ အိပ်ပျော်အောင်ကြိုးစားလိုက်ရပါတော့တယ်။
အရာအားလုံးငြိမ်သက်သွားပြီးတဲ့နောက် ကုတင်ပေါ်မှ'သိင်္ခ'ဟာနိုးထလာခဲ့ပြီး သူ့ကိုကျောပေးလို့အိပ်နေ
တဲ့ကောင်လေးကိုနက်မှောင်နေတဲ့မျက်ဝန်းတွေနဲ့
စိုက်ကြည့်လို့နေခဲ့တယ်။ အဲ့ဒီနောက်မှာတော့ သူဟာကုတင်ပေါ်ကဆင်းလိုက်ကာ တစ်ဖက်လူကိုစောင်ခြုံပေးလိုက်ပြီးနောက် ညာဘက်မျက်ခုံးပေါ်ကအမာရွတ်လေးကို နှုးညံ့စွာနဲ့နမ်းရှိုက်လိုက်
လေတယ်။
ဒီအမာရွတ်လေး ဘယ်လိုရလာသလဲ သူသိချင်ခဲ့သေးတာ။'ကျောက်ခဲလေး'ကသူ့ကို
အခုလိုတုန့်ပြန်လာလိမ့်မယ်လို့မတွေးမိခဲ့တာ
ကြောင့်ထင်တယ် ပိုလို့လဲနာကျင်နေရတယ်။
ဒီလိုအခြေအနေကြားမှာတောင်နှစ်ချိုက်စွာအိပ်ပျော်လို့နေတဲ့ကောင်ငယ်လေးက သူ့ကိုရွံကြောက်သွားတာကလွဲဘာခံစားချက်မှာရှိမနေခဲ့ဘူးထင်ပါရဲ့လေ။
'ကျောက်ခဲ'ရဲ့အမြင်မှာသူဟာညစ်ညမ်းတဲ့သူတစ်ယောက်ဖြစ်နေခဲ့ပြီ။ဒီတစ်ခါတော့ သူ့ရဲ့ဖြစ်တည်မှုနဲ့ ပတ်သက်လို့ စိတ်အပျက်မိဆုံးပဲ။သူသာမိန်းကလေးတစ်ယောက်ဆို...'ကျောက်ခဲ'လေးကသေချာပေါက်သဘောကျမှာမဟုတ်လား။
"ကိုယ်တို့က မှားယွင်းတဲ့ဆုံစည်းမှုတွေဖြစ်ခဲ့ကြပေမဲ့
မင်းကိုချစ်မိတာကတော့ မှန်ကန်တဲ့ကိုယ့်ခံစားချက်ပဲ။အဲ့ဒါက ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး ကျောက်ခဲ။"
'သိင်္ခ'ဟာ ကောင်ငယ်​လေးကိုကြည့်ကာ
​တီးတိုးရေရွတ်လိုက်ပြီးနောက် ကုတင်ပေါ်ပြန်တက်လာခဲ့တယ်။ထိုညမှာ သူဟာလမ်းပျောက်နေဆဲပါပဲ။
အစ်ကိုက ကျုပ်ကိုနမ်းလိုက်တယ်။
​ပြီး​တော့ ချစ်တယ်တဲ့ ။
အစ်ကိုက ကျုပ်ကိုအိပ်ပျော်နေတယ်ထင်ပြီး သူ့ခံစားချက်တွေကိုဖွင့်ဟသွားခဲ့တာ။ပျော်သလိုဖြစ်နေတဲ့ခံစားချက်ကြီးနဲ့၊ တဒုတ်ဒုတ်ခုန်နေတဲ့နှလုံးသားကလဲကျုပ်ရဲ့ခံစားချက်တွေကိုဖော်ပြလို့နေတယ်။ ကျုပ်တစ်ယောက်ပဲအဲ့လိုဖြစ်နေခဲ့တယ်ထင်တာ
အစ်ကိုကပါ ကျုပ်ကိုချစ်နေခဲ့တာပဲ။ အစ်ကိုက
ကျုပ်ကိုချစ်နေတာတဲ့ဗျ။
ကျုပ်..တကယ်ပဲဘာဆက်လုပ်ရမလဲ။
အစ်ကို့ကိုအခုချက်ချင်းပဲဖွင့်ပြောလိုက်ရမလား။ ဒါပေမဲ့ ကျုပ်က အစ်ကို့ကိုဖွင့်ပြောဖို့အတွက် ထိုက်တန်ပါ့မလား။ကျုပ်ခေါင်းတွေထူပူသွားတဲ့အထိ တွေးနေမိတယ်။ လူတစ်ယောက်ကိုချစ်မိသွားတဲ့ခံစားချက်က တကယ့်ကိုအရူးလိုပါပဲလားဗျာ။ကျုပ်ဖြင့် ဒီတစ်ညလုံးအိပ်ပျော်တော့မယ်လို့ကိုမထင်တော့ပါဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနက်မိုးလင်းတော့ အခန်းထဲကထွက်လာတဲ့
အထိ အစ်ကိုကကျုပ်ကိုဘာစကား
တစ်ခွန်းမှမပြောသလို၊ ကျုပ်လဲဘာမှမပြောရဲတာမို့
ဒီအတိုင်းစျေးကိုပဲထွက်လာလိုက်ရတယ်။
အစ်ကိုက ဘာမပြောညာမပြောနဲ့ကျုပ်အနောက်က
နေပဲ တကောက်ကောက်လိုက်လာတာမို့ ကျုပ်
မနေ့ညနေက လန်ချားကုလားလေးကို လှမ်းခေါ်လိုက်တယ်။ပုံမှန်ဆို ကျုပ်ကအသွားဆိုဘာမှမစီးဘူး၊ အပြန်ကျမှပစ္စည်းတွေတင်ဖို့ ရထားလုံးငှားတာ။
အခုက အစ်ကိုပါပါလာတာမို့ လန်ချားငှားမှသင့်တော်မှာမဟုတ်လား။
လန်ချားငှားတော့လဲ ရုပ်တည်ကြီးနဲ့ တက်ထိုင်လာတဲ့အစ်ကို့ကြောင့် ကျုပ်မှာရယ်ချင်စိတ်ကိုမနည်းအောင့်အီးထားလိုက်ရသေးတယ်။လိုချင်တာမရလို့ စိတ်ကောက်နေတဲ့ကလေးလေးလိုပဲ။အစ်ကိုကကျုပ်ကိုစကားပြောဖို့စိတ်ကူးမရှိဘူးထင်ရဲ့၊ လမ်းမှာတွေ့တဲ့မြင်ကွင်းတွေကိုပဲအထူးအဆန်းလုပ်ပြီးသေချာလိုက်ကြည့်လို့နေတယ်။
လန်ချားကုလားလေးက အားသန်ပြီး၊ အပြေးလဲမြန်တာမို့ သိပ်မကြာလိုက်ဘူး မြို့မဈေးရှေ့ကိုရောက်လာတယ်ဗျ ။မနက်ပိုင်း ဈေးသွားချိန်ပဲမို့ မြင်ကွင်းကတော့အားတက်စရာပါဗျာ။ လန်ချားကုလားတွေကလဲဟိုပြေးဒီပြေးနဲ့ဖောက်သည်ပို့နေသလို ၊ ကူလီထမ်းတဲ့လူငယ်လေးတွေကလဲအတော်အလုပ်ဖြစ်နေပုံရတယ်။
မြို့မဈေးက ဒီမြို့ရဲ့အကြီးဆုံးဈေးလေ။ ဒီဈေးမှာပစ္စည်းလည်းစုံပြီး လက်လီ၊ လက္ကားပါဝယ်လို့ရတာမို့ကျုပ်တို့လို ရွာကနေတစ်လတစ်ခါ အဝယ်ထွက်တဲ့
လူတွေကလဲအများအပြားပဲဗျ။
"အစ်ကို ..သွားရအောင်။"
ကျုပ် လန်ချားကုလားလေးကို
ငွေပေးလိုက်ပြီးနောက် အစ်ကို့ကိုသွားဖို့အချက်ပြလိုက်တယ်။ဈေးကလူအတော်စည်တာမို့ အစ်ကိုပျောက်သွားမှာကိုတောင် ကျုပ်စိုးရိမ်မိတယ်။အစ်ကိုကတော့ကျုပ်ကိုငွေထည့်ထားတဲ့အိတ်ပေးပြီး၊ ခေါင်းညိတ်ပြရုံကလွဲလို့ ဘာဆိုဘာမှမပြောလေဘူး။ ကျုပ်နည်းနည်းတော့စိတ်မကောင်းဖြစ်သွားရတယ်။ အစ်ကိုကကျုပ်ကိုချစ်တယ်ဆိုပြီး ဘာလို့ဒီလိုကြီးဆက်ဆံနေတာလဲ။
"အစ်ကိုကျုပ်နောက်ကနေ မျက်စိရှင်ရှင်ထားပြီး
လိုက်ခဲ့နော်။"
သိင်္ခ -' ခေါင်းညိတ်လျက်။ '
ကျုပ် စာရင်းစာရွက်ကိုထုတ်လိုက်ပြီး
ပထမဆုံးဝယ်စရာပစ္စည်းဖြစ်တဲ့ သင်္ကန်းဆိုင်ကို
သွားလိုက်တယ်။ ရွာကမောင်ရင်လောင်း ခုနစ်ပါးအတွက်သင်္ကန်းဝယ်ရမယ်လေ။ဒီလိုနဲ့ သင်္ကန်းကို
အမပြောထားသလို သေချာရွေးဝယ်ပြီးဆိုင်မှာခဏထားခဲ့ပြီးနောက်၊ အထည်တန်းဘက်ကို လာခဲ့လိုက်တယ်။အစ်ကို့ကိုတစ်ချက်ကြည့်တော့ အစ်ကိုကလဲအနောက်ကနေပါလာသားဗျ ။
အထည်တန်းဘက်ကိုရောက်လာတော့
ထုံးစံအတိုင်း မိန်းကလေးတွေနဲ့၊ အထည်ဆိုင်ပိုင်ရှင်
အဒေါ်ကြီးတစ်သိုက်က အစ်ကို့ကိုရှက်ပြုံးကိုယ်စီ
နဲ့ဝိုင်းကြည့်ကြရောပဲ။အစ်ကိုက အသားညိုညို ကျုပ်နဲ့ယှဉ်ရင်လုံးဝကိုဖြူဥနေတာ။အရပ်ကလဲ
မြင့်ပြီး၊ တောင့်တင်းတာမို့အားလုံးရဲ့
ကြားကနေခွဲထွက်လို့နေတယ်။
အဲ့ဒီ​နောက်မှာတော့ အစ်ကိုကို့ ကျုပ်ဝယ်နေကျ
အပျိုကြီးမခင်နှင်းဆီတို့ အထည်ဆိုင်ကိုခေါ်လာခဲ့လိုက်တယ်။
"ဒီဘက်ကိုဘန်ကောက်လုံချည်
လေးတွေပြပေးပါအုံး။"
"ဟံသာအေးနဲ့ စူရတီတစ်စည်းစီ မငွေကို
ချပေးလိုက်။"
"ဒါက ဟင်္သာလုံချည် မနေ့ကမှအသစ်ရောက်တာပါ
မမကြည်။ ကြည့်သွားအုံးလေ အဆင်လေးတွေအရမ်းလှတာနော်။"
အပျိုကြီးရဲ့ဆိုင်ကတော့ အမြဲတမ်းလူရှင်းတယ်
လို့ကိုမရှိတာဗျို့။ ဆိုင်က အကူမိန်းကလေး
တွေကလဲ ဝယ်သူတွေကို အထည်ဖြန့်ပြလိုက်၊
ဈေးစကားပြောလိုက်နဲ့ အတော်လေးကိုအလုပ်
များလို့နေကြတယ်။ လူစည်တာလဲမပြောနဲ့လေ
မခင်နှင်းဆီတို့ဆိုင်ကပိတ်စစုံပြီး၊
ဈေးကလဲသင့်၊ကလေးဝတ်ပါရတာမို့
ဖောက်သည်များတာပေါ့ ။
အပျိုကြီးကတော့ အရင်တိုင်းပဲ
ရွှေဘိုသနပ်ခါးဝါဝါကိုခြေဆုံးကောင်းဆုံး
လိမ်းပြီး နှုတ်ခမ်းနီရဲရဲနဲ့ ကုလားထိုင်မှာထိုင်ပြီး
ကောင်မလေးတွေကို ညွှန်ုကြားနေတာဗျို့။
ဒါကြောင့်ကျုပ်လဲအစ်ကို့အင်္ကျီလက်စလေးကိုဆွဲလို့
ဆိုင်ထဲကိုဝင်လာခဲ့လိုက်တယ်။
"အပျိုကြီး မတွေ့တာကြာပြီနော်။"
"အလို ကျောက်ခဲပါလား
ဧည့်သည်လဲ ပါတယ်တော့်။"
အပျိုကြီးမခင်နှင်းဆီ က ကုလားထိုင်ကိုမှီနေရာကနေထထိုင်ပြီးပြောလာတယ်။ကျုပ်ကအထည်စ
ဝယ်ရင်ဒီမှာပဲဝယ်နေကြမို့ အပျိုကြီးနဲ့
အတော်ခင်တာဗျ။
"ဟုတ်တယ် ဗျို့။
ကျုပ်တို့ရွာကို လာတဲ့ဧည့်သည်လေ။"
"အော်....လူချော၊လူလှပဲဟဲ့။
အေးကြည်မရေ ဒီကိုခုံနှစ်ခုံယူလာပေးပါအုံးကွယ်။"
အပျိုကြီးက သူ့ရဲ့ဆိုင်ကအကူမိန်းကလေးကို
ခုံယူလာပေးဖို့ပြောလိုက်တယ်ဗျ။ သိပ်မကြာပါဘူး
ကောင်မလေးက ခွေးခြေခုံပုလေးနှစ်လုံးကိုင်ပြီးရောက်ချလာတယ်။
"အစ်ကို ထိုင်လေ။"
ကျုပ်လဲ အစ်ကို့ကိုခွေးခြေခုံပုလေးပေးရင်း
နေရာချပေးလိုက်တယ်။
"ဟဲ့ ကျောက်ခဲ နင်ဒီကိုလာတာတောင်သိပ်မကြာသေးဘူးမို့လား ဘယ်ကနေဘယ်လိုထပ်ရောက်လာတာလဲ။"
"သြော်..ကျုပ်တို့ရွာမှာ သီတင်းကျွတ်လပြည့်ကျ
အလှူ ရှိလို့​လေ။အဲ့တာ လိုတာတွေထပ်ဝယ်ဖို့ရောက်လာတာ။ ကျုပ်ကိုဈေးသင့်တဲ့၊ ပုဆိုးလေးနဲ့ ရှပ်အင်္ကျီတွေပြပါအုံး ဆယ်စုံလောက်ယူမလို့။"
"အေး အေးဒါဆိုခဏစောင့်
ငါသွားယူချည်အုံးမယ်။"
အပျိုကြီးကပြောပြောဆိုဆိုနဲ့ ခုံကနေထပြီး
အထည်ယူဖို့ထသွားတော့တယ်။ ဆိုင်ထဲမှာကလဲ
ဈေးရောင်း၊ ဈေးဝယ်သူတွေရဲ့အသံနဲ့ ကျွတ်စီ
ကျွတ်စီဖြစ်လို့နေပြီး၊ အစ်ကို့ရဲ့မျက်နှာကလဲ
မနက်ကလောက်တင်းမာမနေတာမို့ ကျုပ်အကို့နားကိုကပ်ပြီးစကားပြောကြည့်လိုက်တယ်။
"ဒါပြီးရင် ကျုပ်တို့လက်ဖက်ရည်ဆိုင်သွားပြီး
တစ်ခုခုစားကြတာပေါ့။"
"အင်း။"
အစ်ကိုက ကစကားများများစားစားမပြောပေမဲ့
'အင်း'လို့တော့ တုန့်ပြန်လာတယ်ဗျ။ ဘာမှမပြောတာ
ထက်စာရင်တော်သေးတာမို့ ကျုပ်အစ်ကို့ကို
ပြုံးပြလိုက်တယ်။မဟုတ်ရင် ကျုပ်လဲစိတ်ထဲ
ကောင်းမှာမဟုတ်ဘူး ။
သိပ်မကြာဘူးဗျ။ အပျိုကြီးကကြိမ်ခြင်းကြီးတစ်ခု
ကိုမလာပြီး ကျုပ်တို့ရှေ့ကိုပြန်ရောက်လာတယ်။
"ရော့....ကြိုက်တာသာကြည့် ကျောက်ခဲရေ။
ဒါမနေ့ကမှ အသစ်ရောက်တဲ့ 'အင်းမပုဆိုး'တွေ
အရောင်လေးတွေကနုနုလေးတွေမို့ ဘိုဆန်ပြီး
လှတယ်ဟဲ့။နင်ယူမယ်ဆို တစ်ထည်ရှစ်ဆယ့်ငါးနဲ့
ပေးလိုက်မယ်ရောင်းဈေးကကိုးဆယ့်ငါးရှိတယ်။"
ကျုပ်လဲ ခြင်းထဲမှာအစီအရီထည့်ထားတဲ့လုံချည်တွေကိုကိုင်ကြည့်လိုက်တယ်။အသားကအိပြီး အရောင်လေးတွေကလဲ လှလို့ဗျို့။ ဒါပေမဲ့
ဈေးကတော့များတယ် ငွေကပါတယ်ဆိုပေမဲ့
သိပ်မသုံးရဲဘူးဗျ။ ဒီငွေတွေအကုန်လုံးက အစ်ကိုတို့ရဲ့ငွေတွေလေ ။ မောင်ရင်လောင်းတွေကို အဝတ်အစားကအစ အကုန်ဆင်ပေးတာဆိုတော့ကုန်ကျစရိတ်က အင်မတန်များသွားမှာစိုးလို့ပါ။
"ရှစ်ဆယ့်ငါး ကတော့များတယ် အပျိုကြီးရ။
ဆယ်ထည်ဆို ရှစ်ရာ့ငါးဆယ်တောင်ဖြစ်နေပြီ။
ကျုပ်က အင်္ကျီတွေလဲဝယ်ရအုံးမှာ၊ တခြားဝယ်စရာတွေလဲရှိသေးတယ် ငါးဆယ်၊ ခြောက်ဆယ်
တန်းကဟာတွေသာပြပါဗျာ။"
"ငွေကမလောက်လို့လား။"
အစ်ကိုက ကျုပ်ကိုစပြီးမေးလာတာကြောင့်
အမြန်ပြန်ဖြေလိုက်ရတယ်။
"ဟို....မလောက်တာတော့မဟုတ်ပါဘူး
စရိတ်စက အရမ်းများသွားမှာစိုးလို့။"
"ငွေကိစ္စကို ပူမနေနဲ့ ယူလိုက်
ကြိုက်တယ်မလား။"
"ဟုတ်။"
အစ်ကိုက ကျုပ်ကိုမေးဆတ်ပြပြီးပြောလာတာမို့
ကျုပ်လဲ အပျော်တွေတပွေ့တပိုက်နဲ့
ခေါင်းညိတ်ပြလိုက်တော့တယ်။အစ်ကိုဘာကြောင့်
ဒီလိုချောမောနေလဲဆိုတာ ကျုပ်နောက်ဆုံးတော့
သိပြီလေ အစ်ကိုက စိတ်ထားကောင်းပြီး၊
သူတစ်ပါးအပေါ်ရက်ရောတတ်လို့ပေါ့ဗျ ။
"ဒါဖြင့် အပျို ကြီးဆယ်ထည်ကို အရောင်စုံ
ထည့်ဗျာ။ ကျုပ်အတွက်က ပလေကပ်လေး
တွေပြပေးပါအုံး။"
'ကျောက်ခဲ' ရဲ့စကားကြောင့်'သိင်္ခ'ရဲ့မျက်ခုံးတွေ
အလိုမကျစွာနဲ့တွန့်ချိုးသွားရတယ်။။ ဘာလဲ ဟိုဆယ်ထည်ထဲမှာသူ့(ကျောက်ခဲ)အတွက်ပါပါတာမဟုတ်ဘူးလား။ဘာကိစ္စ ပလေကပ်ကို
မေးနေရတာလဲ။
"ဟဲ့ နင်ကသပ်သပ်ဝယ်တာလား။"
ဆိုင်ရှင်အပျိုကြီးက သူ့အစားမေးလာတာမို့
တစ်ဖက်လူရဲ့အဖြေကို 'သိင်္ခ 'လဲမသိမသာနဲ့
နားထောင်နေလိုက်တယ်။
"ဟုတ်တယ်လေ။ဒီဆယ်ထည်က မောင်ရင်လောင်းခုနှစ်ပါးရယ်၊သူကြီးရယ်၊ လေးလေးဘိုးစည်နဲ့
သူ့မိတ်ဆွေအတွက်ဗျ။"
"ဒါဆို နင့်အတွက်ပါတစ်ထည် လက်ဆောင်ထည့်ပေးလိုက်မယ် ဟုတ်ပြီလား၊ လူကဖြင့် လူပျိုဖြစ်နေပြီပွဲသွား၊ပွဲလာတော့ ကောင်းကောင်းမွန်မွန်ဝတ်စားပါဟဲ့။ကပ်စေးနည်းမနေနဲ့ နင့်ကိုဘယ်သူမှမကြိုက်ဘဲနေလိမ့်မယ်။"
အပျိုကြီးကအထည်တွေကိုစီထည့်ရင်းပြောလာ
တော့ကျုပ်လဲသဘောတကျနဲ့ရယ်ရင်း
ပြန်ပြောလိုက်တယ်။
"ဟားဟား ကပ်စေးနဲ့တာမဟုတ်ရပေါင်ဗျာ
ကျုပ်ကဘာမှ သိပ်ဝတ်စရာမလိုဘူး လုပ်အားပေး
အဖွဲ့ထဲမှာ ချွေးတရွှဲရွှဲနဲ့ လုပ်အားပေးရမှာ
အဲ့လုံချည်မဝတ်လဲ ဖြစ်ပါတယ်ဗျာ။ အလကားလဲ
မလိုချင်ပါဘူး၊စျေးတွေလျှော့ပေးထားတဲ့ဥစ္စာ
အပျိုကြီးအရင်းပြုတ်သွားရင်ဘယ်လိုလုပ်မလဲ။"
နှုတ်ခမ်းနီရဲရဲနဲ့အပျိုကြီးဖြစ်သူကို အပြုံးတဝင့်နဲ့
စနောက်ပြီးပြောနေတဲ့ 'ကျောက်ခဲ'ကိုကြည့်ပြီး
'သိင်္ခ'သဝန်တိုလာရတယ်။ဒါကြောင့်ပဲ..
"သူ့ကို အလကား ပေးစရာမလိုပါဘူး
ဘန်ကောက်လုံချည် နှစ်ထည်ပါပေါင်းထည့်လိုက်ပါ။"
'သိင်္ခ'ရဲ့တဲ့တိုးဆန်တဲ့ စကားကြောင့်
အထည်တွေစီနေတဲ့အပျိုကြီးရဲ့ မျက်ခုံးတွေကမြင့်
တက်သွားရတယ်။
"ဟုတ်ပါပြီ ထည့်လိုက်ပါ့မယ်တော်
ရုပ်လေးကလည်းချောသလောက် စေတနာကလဲ
ကောင်းပါ့တော်ရေ့။"
"အစ်ကိုရာ နှစ်ထည်တောင်အားနာစရာကြီး
ကျုပ်က ရိုးရိုးလုံချည်ဝတ်လဲပဲ
ဖြစ်ပါတယ်ဗျ။"
ကျုပ် အစ်ကို့ဘက်ကိုလှည့်ရင်းပြောလိုက်တယ်။မောင်ရင်လောင်းတွေအတွက် ဝယ်ပေးတာက
ကောင်းပေမဲ့ ကျုပ်အတွက်ကျမလိုဘူးလေဗျာ အားနာစရာ။
"မင်းကိုဘယ်သူက နှစ်ထည်လုံးပေးမယ်
ပြောလဲ တစ်ထည်က ငါဝတ်မှာ။"
"....."
အစ်ကိုကကျုပ်ကို လေသံမာမာနဲ့တစ်ခါမှမပြောဖူးဘူးဗျ။ခုလိုကြီးခပ်မာမာပြောလာတော့လဲ စိတ်ထဲမကောင်းပြန်ဘူး၊ ကျုပ်ကိုစိတ်ဆိုးမပြေသေးဘူးနဲ့တူပါတယ်။
"ဟုတ်ကဲ့အစ်ကို..ကျုပ်မသိလိုက်လို့ပါ။"
"ပြီးတော့အဲ့လုံချည်ဝတ်မလာရင် အလှူကိုမလာခဲ့နဲ့"
"အာ..ဟုတ်ကဲ့ပါ။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'မြို့မဈေးရဲ့ မနက်ခင်းဈေးတန်းကစည်ကားလွန်းလှတယ်။ဈေးထဲရှိ သားငါး နဲ့ ဟင်းသီးဟင်းရွက်
တွေကအနီးအနားနယ်တစ်ဝိုက်က​ခြံထွက်၊လယ်ထွက်ပစ္စည်းတွေမို့ လတ်လတ်ဆတ်ဆတ်ရှိလှပြီး၊
ပွဲလမ်းသဘင်ကာလလဲ နီးလာတာမို့ ငွေပေါ်အောင်
လာရောက်ရောင်းချကြတဲ့ လယ်သမားတွေ ၊ အလှူ အတွက်၊ရွာအတွက် အဝယ်တော်လာကြတဲ့ အနီးအနားကရွာငယ်လေးကလူတွေနဲ့ ​ပြည့်နှက်လို့
နေတယ်။
"ဧရာဝတီမြစ်ကြီးထဲ ကျုပ်ယောက်ျားကိုယ်တိုင်
စွမ်းစွမ်းတမံ ဆင်းဖမ်းထားတဲ့ ငါးဒန်ကြီးတွေ။ အရေးပိုင်မင်းဆိုကျုပ်ယောက်ျားရဲ့ငါးဒန်ကိုပဲ
ချက်စားတာနော် မယုံမရှိနဲ့။တစ်ဆယ်သားမှ
ငွေနှစ်ဆယ်တည်း။"
ငါးရောင်းတဲ့အမျိုးသမီးကြီးရဲ့ ဆန်းသစ်တဲ့ဈေးရောင်းပုံနဲ့ ကျယ်လောင်တဲ့အသံဝါဝါကြီးကြောင့်
ဈေးလာသူတွေခမျာ ခွက်ခွက်လန်အောင်ရယ်မော
ကြတော့တယ်။ သူတို့အရေးပိုင်မင်းက ငါးလဲ
လုံးဝမစားသလို ၊ သူတို့မြို့ကဧရာဝတီမြစ်ရဲ့အနောက်ဘက်ဒေသမှာတည်ရှိပြီး မြို့အနီးပတ်ဝန်းကျင်မှာလဲမုန်းချောင်း၊ မန်းချောင်းတို့သာစီးဆင်းလျက်ရှိတာမို့ သူ(မ)ယောက်ျားကိုယ်တိုင်ဖမ်းတယ်ဆိုတာက လုံးဝမဖြစ်နိုင်ဘူးလေ။
"ရွှေဘို သနပ်ခါးတုံးစစ်စစ်တွေ၊
မယုံရင်သွေးကြည့် ကြိုက်မှာယူ ။"
"တောင်ငူ ကွမ်းသီးအစစ်တွေနော်
တစ်ဖူးကိုမှ ငွေတစ်ဆယ်တည်းရယ် အားပေးကြပါအုံး။"
"အသီးအရွက်တွေက လတ်လတ်ဆတ်ဆတ်နော်
မနက်ကမှကိုင်း ထဲကခူးလာတာတော်ရေ့။ ခရမ်းချဉ်သီးတွေများဝင်းလို့အိလို့၊ ဆေးလွတ်ဝါးလွတ် တစ်ဆယ်သားကိုငါးရူပီးတည်း။
ထိုကဲ့သို့ ဝယ်သူဖောက်သည်တို့ကို အားတက်သရောဆွဲဆောင်နေတဲ့ နွေးထွေးသည့်နေရောင်
ခြည်အောက်ကမနက်ခင်းဈေးမြင်ကွင်းက အခြေခံလူတန်းစားတွေရဲ့ ဘဝနေထိုင်မှုကို ချယ်မှုန်းပြသလျက်ရှိတယ်။ ပကာသနကင်းမဲ့တဲ့ ဈေးသူဈေးသားတို့ရဲ့သနပ်ခါးပါးကွက်ကြားနဲ့ အပြုံးချိုချိုတို့ကလဲမြင်ရသူကို ကြည်နူးအေးချမ်းစေတာအမှန်။
ကျုပ်လဲအထည်ဆိုင်မှာအထည်တွေ
ရွေးပြီးတာနဲ့ အစ်ကို့ကိုဈေးထိပ်က ကာကာဆိုင်ကိုခေါ်လာခဲ့လိုက်တယ်ဗျ ။ ကာကာဆိုင်ကလဲ
ဒီအချိန်ဆိုလူကစည်ပါ့ဗျာ။ဒါကြောင့်ပဲ
အစ်ကိုစိတ်ရှုပ်မှာစိုးလို့ ကျုပ်သူ့ကို
ဆိုင်ထဲက ထောင့်ကျတဲ့တစ်နေရာကိုခေါ်သွား
လိုက်တယ်။
"နောင်ကြီးတို့ ဘာသောက်မလဲဗျ။
နှပ်ကာဖီရော၊နို့လက်ဖက်ရည်ပါ ရတယ်နော်။"
စားပွဲထိုး ကာကာကုလားလေးက သူ့ရဲ့လက်ထဲကအဝတ်စုတ်လေးနဲ့ ပေါ်လစ်တိုက်ထားတဲ့စားပွဲခုံကို သေချာတိုက်ရင်းပြောလာတယ်။
"ကျဆိမ့်တစ်ခွက်။"
'သိင်္ခ'စားပွဲပေါ်မှာ အဆင်သင့်တင်ထားတဲ့
'သူရိယ'မနက်ခင်းသတင်းစာကိုဆွဲယူကာ
ဖတ်ကြည့်ရင်းပြောလိုက်တယ်။
"ကျုပ်ကပေါ့ဆိမ့်တစ်ခွက်နဲ့မုန့်ဟင်းခါး
တစ်ပွဲ။အစ်ကို မုန့်တစ်ခုခုစားအုံးလေ။"
"ဆိတ်သားခပတ် တစ်ပွဲချပေး။"
"ဟုတ်ကဲ့ပါဗျ။ကျဆိမ့်တစ်ခွက်၊ ပေါ့ဆိမ့်တစ်ခွက်
ဆိတ်သားခပတ်နဲ့ မုန့်ဟင်းခါးတစ်ပွဲ
ထောင့်ဝိုင်းကိုချမယ်။"
စားပွဲထိုးလေးက သူ့ရဲ့အောင်မြင်စူးရှတဲ့အသံနဲ့
ဆိုင်ကောင်တာဘက်ကို လှမ်းအော်လိုက်တယ်။
အစ်ကိုက ကျုပ်ကိုအရေးတောင်မစိုက်ဘဲ
သတင်းစာကိုပဲ သဲကြီးမဲကြီးဖတ်လို့ဗျ။
ဒါပေမဲ့သတင်းစာကြီးကိုဇောက်ထိုးကိုင်ထားပြီး
ဘာတွေဖတ်နေလဲ ကျုပ်ဖြင့်နားမလည်တော့ပါဘူး။
"အစ်ကို။"
ကျုပ်ခပ်တိုးတိုးလေးခေါ်လိုက်တော့ အစ်ကိုက
ကျုပ်ကို မျက်လုံးတစ်ချက်လှန်ကြည့်လာတယ်။
"သတင်းစာကြီးက ဇောက်ထိုးဖြစ်နေတယ်။"
"အာ..။"
ကျုပ်ပြောလိုက်တော့ အစ်ကိုက
ရှက်ကိုးရှက်ကန်းနဲ့သတင်းစာကြီးကိုငုံ့ကြည့်ပြီး
အတည့်ပြန်ပြောင်းလိုက်တယ်။
"မနေ့က ကျုပ်ရဲ့ရိုင်းပြတဲ့အပြုအမူတွေအတွက်
အစ်ကို့ကို ကျုပ်တောင်းပန်ပါတယ်။"
သူ့ကို တောင်းပန်စကားခပ်တိုးတိုးပြောလာတဲ့
ကောင်လေးဆီကို သူအကြည့်ပို့လိုက်မိတယ်။
ထင်သားပဲ 'ကျောက်ခဲ'က သူဒီလိုဖြစ်ရင်မနေနိုင်ပါဘူးဆိုတာကို။
"မလိုပါဘူး၊ ဒီကိစ္စကလူတိုင်းလက်ခံနိုင်တဲ့ကိစ္စမှမဟုတ်တာကိုယ်နားလည်ပါတယ်။"
'သိင်္ခ' က မျက်မှန်ကိုချွတ်ပြီးလက်ကိုင်ပုဝါစလေးနဲ့သုတ်ရင်းပြောလိုက်တော့ 'သိင်္ခ'ရဲ့မျက်ဝန်းထဲမှာရှိတဲ့
ဝမ်းနည်းရိပ်တွေကို 'ကျောက်ခဲ'ကအတိုင်းသား
မြင်လိုက်ရတယ်။
"မှာထားတာတွေ ရပါပြီ
ကျဆိမ့်၊ ပေါ့ဆိမ့် ၊ ဆိတ်ခါးပတ်နဲ့ မုန့်ဟင်းခါး။"
စားပွဲထိုးကာကာကုလားလေးက မုန့်တွေလာချပေးတာမို့ကျုပ်တို့နှစ်ယောက်လဲစကားစပြတ်သွားရတယ်။ပြီးတော့မှ ကျုပ်လဲအစ်ကို့ဆီကလက်ဖက်ရည်ခွက်လေးကိုယူပြီး အအေးခံပေးရင်းနဲ့ဆက်ပြောလိုက်တယ်။
"အဲ့လိုမဟုတ်ပါဘူးဗျာကျုပ်လဲ အဲ့ဒီကိစ္စအကြောင်းနည်းနည်းပါးပါးတော့ကြားဖူးပါတယ်။အစက မဖြစ်နိုင်ဘူးထင်ခဲ့ပေမဲ့အစ်ကိုနဲ့ကျမှ
ကျုပ်လဲယုံကြည်သွားရတာပါ။''
"တကယ်လား။ကိုယ်ကအဲ့လိုဆိုရင်တောင်
မင်းကကိုယ်နဲ့ပတ်သက်ချင်တုန်းပဲပေါ့။"
"ကျုပ်ကအစ်ကို့ကို
ဘာကြောင့်များလိမ်ညာရမှာလဲ။"
ကျုပ်အဲ့လိုပြောလိုက်တော့မှပဲ အစ်ကိုကကျုပ်ကို
ပြုံးပြလာတော့တာဗျို့။
"မင်းဆီက ဒီလိုစကားမျိုးကြားရတာဝမ်းသာပါတယ်။ဒါဆို.....ကိုယ်တို့အရင်လိုပဲ
ရင်းရင်းနှီးနှီးပြန်နေကြမယ်လေ။"
ဒီစကားကြားမှ ကျုပ်လဲအသက်ရှုချောင်သွား
ရပြီး အစ်ကို့မျက်နှာကိုရဲရဲကြည့်နိုင်တော့တယ်။
"ဒါပေါ့ အစ်ကိုရာ။"
အစ်ကိုကကျုပ်ကို တောက်တောက်ပပလေးနဲ့ထပ်ပြုံးပြလာတယ်ဗျ ။အစ်ကို ပြုံးလိုက်ရင်လေသိပ်လှတာပဲ။ကျုပ်က အစ်ကိုအဲ့လိုလေးပြုံးနေတာကိုပဲ
မြင်ချင်တာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်းမလုံချည် = အင်းမ ပုဆိုးဆိုတာ
လေးထောင့်ကွက်လေးတွေကိုပန်းဝတ်ဆံထည့်သလို အကွက်ဖော်ပြီးယက်လုပ်ထားတာပါ။ မူရင်းဒေသက အင်းမ မြို့ပါ။ပြည်၊ ပေါင်းတည်တို့နားမှာရှိပြီး ပဲခူးတိုင်းထဲမှာရှိပါတယ်တဲ့။ အင်မတန်ကျက်သရေရှိရှိတဲ့ဗမာ့ရိုးရာအဆင်တစ်ခုပါ။ရှေးဆန်သလို ဗမာဆန်တဲ့အဆင်ဖြစ်တာကြောင့်အရောင်ယဉ်ကာ ၊ နုဖျော့ပြီးဘိုဆန်ကာကိုလိုနီခေတ်က အမျိုးသားတွေကအတော်လေးနှစ်ချိုက်ကာဝတ်ဆင်ကြပါတယ်တဲ့ ။အင်းမ လုံချည်စစ်စစ်ကလက်ယက်ကန်းဖြစ်တာမို့ အသားကနုအိပြီး ၊ ပေါ့ပါးကာ
အေးမြပါတယ်
စူရတီလုံချည်=စူရတီ လုံချည်သည် အိန္ဒိယပြည်
'စူရတ်'ဟုအမည်ရသော မြို့မှလာသည့် လုံချည်တစ်မျိုးဖြစ်ပြီး၊ထိုခေတ်အခါကအလွန်ကိုနာမည်ကြီးခဲ့၏။ ထိုလုံချည်မှာ အပွင့်အခက်
များပါသော ဖဲလုံချည်အပြောက်ဖြစ်ပြီး၊ တစ်ခေတ်ကယောက်ျားမိန်းမနှစ်မျိုးစလုံးဝတ်ဆင်ခဲ့ကြ၏
-Source in internet-
စကားမစပ်ဘဲရှိလား?
အပ်ပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~~~~
'ကျောက်ခဲ'တစ်ယောက်
လျှင်မြန်စွာနဲ့ဧည့်ရိပ်သာအပြင်ကိုပြေးထွက်လာ
ပြီးတဲ့နောက် မှောင်ရိပ်ကျတဲ့အပင်တစ်ပင်ရဲ့အောက်မှာနွမ်းလျစွာ ထိုင်ချလိုက်ရတယ်။
ကျုပ် အတွေးတွေကိုမရပ်တန့်နိုင်တော့ဘူး။
ဘာကြောင့်မှန်းမသိ အစ်ကို့ရဲ့ ရှင်းပြချက်ကို
ကြားလိုက်ရတဲ့အချိန်မှာ ကျုပ်ထူးဆန်းစွာတုန်လှုပ်
သွားရတယ်။ကိုယ့်ရဲ့လျှို့ ဝှက်ချက်တွေ အခြားသူ
ရှေ့မှာ ဖွင့်ချခံလိုက်ရသလိုမျိုးပေါ့။ ကျုပ်အစ်ကို့
အပေါ်ထားခဲ့တဲ့ ခင်မင်မှုတွေက သန့်စင်ခဲ့ရဲ့လား
ဆိုတာကျုပ်စလို့ သံသယဝင်လာခဲ့ရပြီးအစ်ကို့ရှေ့မှာ
ဆက်နေဖို့တောင်မဝံ့ရဲတော့အထိဖြစ်လာရတယ်။
🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
.
.
.
.
အချိန်အတော်အကြာတဲ့အခါမှာတော့ ကုတင်ပေါ်မှ
'သိင်္ခ'ဟာနိုးထလာခဲ့ပြီး သူ့ကိုကျောပေးလို့အိပ်နေသူအားနက်မှောင်သောမျက်ဝန်းတို့နဲ့ စိုက်ကြည့်နေခဲ့တယ်။ထို့နောက် ကုတင်ပေါ်မှဆင်းလိုက်ပြီး စောင်ကိုယူကာ တစ်ဖက်လူကိုလွှမ်းခြုံပေးလိုက်ပြီးနောက် ညာဘက်မျက်ခုံးပေါ်ကအမာရွတ်လေးကို နှုးညံ့စွာနမ်းရှိုက်လိုက်လေတယ်။
အခုလိုတုန့်ပြန်လာလိမ့်မယ်လို့မတွေးမိခဲ့တာကြောင့်ထင် ပိုလို့လည်းနာကျင်နေရတယ်။
ဒီလိုအခြေအနေကြားမှာတောင်နှစ်ချိုက်စွာအိပ်ပျော်လို့နေတဲ့ကောင်ငယ်လေးက သူ့ကိုရွံ့ကြောက်သွားတာကလွဲဘာခံစားချက်မှာရှိမနေခဲ့ဘူးထင်ပါရဲ့လေ။
ထိုကဲ့သို့တီးတိုးရေရွတ်ရင်း ကုတင်ပေါ်ပြန်တက်လာခဲ့တယ်။ထိုညမှာလည်း သူဟာလမ်းပျောက်နေဆဲပါပဲ။
အစ်ကိုက ကျုပ်ကိုချစ်တယ်တဲ့ ။
ကျုပ်တကယ်ပဲ ကယောင်ခြောက်ခြား
ဘာဆက်လုပ်ရမလဲ။ အစ်ကို့ကိုအခုချက်ခြင်းပဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနက်မိုးလင်းတော့ ကျုပ်တို့ဈေးထဲကိုသွားဖို့ အခန်းထဲကထွက်လာတဲ့အထိ အစ်ကိုကကျုပ်ကိုဘာစကား
တစ်ခွန်းမှမပြောသလို၊ ကျုပ်လည်းဘာမှမပြောရဲတာမို့ဒီအတိုင်းပဲ နေနေလိုက်ရတယ်။
နေပဲ တကောက်ကောက်လိုက်လာတာမို့ ကျုပ်လည်း
အားတက်စရာပါဗျာ။ လန်ချားကုလားတွေကလည်း
ဟိုပြေးဒီပြေးနဲ့ဖောက်သည်ပို့နေသလို ၊ ကူလီထမ်းတဲ့လူငယ်လေးတွေကလည်း အတော်အလုပ်ဖြစ်နေပုံပဲ။
"အစ်ကို ..သွားရအောင်။"
ကျုပ်လည်း လန်ချားကုလားလေးကို ငွေပေးလိုက်ပြီးနောက် အစ်ကို့ကိုသွားဖို့အချက်ပြလိုက်တယ်။
လိုက်ခဲ့နော်။"
ကျုပ်လည်း စာရင်းစာရွက်ကိုထုတ်လိုက်ပြီး
ကျုပ်လည်း အစ်ကိုကို ကျုပ်အထည်ဝယ်နေကျ
အပျို ကြီးမခင်နှင်းဆီတို့ ဆိုင်ကိုခေါ်လာခဲ့လိုက်တယ်။
" 'ဘန်ကောက်လုံချည်' လေးတွေပြပေးဦးဒီကို။"
ချပေးလိုက်။"
"ဒါက 'ဟင်္သာလုံချည်' မနေ့ကမှအသစ်ရောက်တာပါမမကြည် ကြည့်သွားဦးလေ အဆင်လေးတွေအရမ်းလှတာနော်။"
လို့ကိုမရှိတာဗျို့။ ဆိုင်က အကူမိန်းကလေး
တွေကလည်း ဝယ်သူတွေကို အထည်ဖြန့်ပြလိုက်၊ဈေးစကားပြောလိုက်နဲ့ အတော်လေးကိုအလုပ်များလို့နေကြတယ်။လူစည်တာလဲမပြောနဲ့လေ ပိတ်စကလည်း စုံပြီး၊ ဈေးကလည်းသင့်ကလေးဝတ်ပါရတာမို့ ဖောက်သည်များ
တာပေါ့ဗျ ။အပျို ကြီးကတော့ အရင်
"အလို ကျောက်ခဲပါလား
ဧည့်သည်လဲ ပါတယ်တော့်။"
"ဟုတ်တယ် ဗျို့။
"အော်....လူချော၊လူလှပဲဟဲ့။
အေးကြည်မရေဒီကိုခုံနှစ်ခုံ ယူလာပေးပါဦးကွယ်။"
"အစ်ကို ထိုင်လေ။"
ကျုပ်လည်း အစ်ကို့ကိုခွေးခြေခုံပုလေးပေးလိုက်ရင်းပြောလိုက်တယ်။
"အေး အေးဒါဆိုခဏစောင့်
ငါသွားယူချည်ဦးမယ်။"
ဈေးရောင်း၊ ဈေးဝယ်သူတွေရဲ့အသံနဲ့ ကျွတ်စီကျွတ်စီဖြစ်လို့နေပြီး၊ အစ်ကို့ရဲ့မျက်နှာကလည်းမနက်ကလောက်တင်းမာမနေတာမို့ ကျုပ်အကို့နားကိုကပ်ပြီးစကားပြောကြည့်လိုက်တယ်။
တစ်ခုခုစားကြတာပေါ့။"
"အင်း။"
အစ်ကိုက ကျုပ်ကိုစကားများများစားစားမပြောပေမဲ့
သိပ်မကြာဘူးဗျ အပျိုကြီး ကြိမ်ခြင်းကြီးတစ်ခုကိုမလာပြီး ကျုပ်တို့ရှေ့ကိုပြန်ရောက်လာတယ်။
ကျုပ်က အင်္ကျီတွေလည်းဝယ်ရဦးမှာ၊ တခြားဝယ်စရာတွေလည်းရှိသေးတယ် ငါးဆယ်၊ ခြောက်ဆယ်တန်းကဟာတွေသာပြပါဗျာ""
"ငွေကမလောက်လို့လား။"
ကျုပ်အမြန်ပြန်ဖြေလိုက်ရတယ်။
စရိတ်စက အရမ်းများသွားမှာဆိုးလို့။"
ကြိုက်တယ်မလား။"
"ကြိုက်တယ်။"
ကျုပ်လည်း အပျော်တွေတပွေ့တပိုက်နဲ့
တွေပြပေးပါဦး။"
'ကျောက်ခဲ' ရဲ့စကားကြောင့်'သိင်္ခ'မျက်ခုံးတွေ
တွန့်ချိုးသွားရတယ်။ ဘာလဲ ဟိုဆယ်ထည်ထဲမှာ
တစ်ဖက်လူရဲ့အဖြေကို 'သိင်္ခ 'လည်းမသိမသာနဲ
နားထောင်နေလိုက်တယ်။
"ဟုတ်တယ်လေ။
အတွက်ဗျ။"
အပျို ကြီးကအထည်တွေကိုစီထည့်ရင်းပြောလိုက်တယ်။
အထည်တွေစီနေတဲ့အပျို ကြီးရဲ့ မျက်ခုံးတွေကမြင့်တက်သွားရပြီး..၊
ရုပ်လေးကလည်းချောသလောက် စေတနာကလည်းကောင်းပါ့တော်ရေ့။"
ကျုပ်က ရိုးရိုးလုံချည်ဝတ်လည်းပဲ
ဖြစ်ပါတယ်ဗျ။"
"အာ..ဟုတ်ကဲ့ပါ။"
ထိုကဲ့သို့အပြောခံလိုက်ရတာကြောင့်
'ကျောက်ခဲ'ရဲ့အသံလေးတွေ တိုးဝင်သွားရပြီး၊
မျက်နှာလေးလည်းညှိုးငယ်သွားရရှာတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပွဲလမ်းသဘင်ကာလလဲ နီးလာတာမို့ ငွေပေါ်အောင်လယ်ထွက်ပစ္စည်းတွေ ၊ ခြံထွက်ပစ္စည်းတွေ လာရောက်ရောင်းချကြတဲ့ လယ်သမားတွေ ၊ အလှူ အတွက်၊ရွာအတွက် ရည်စူးကာ အဝယ်တော်လာကြတဲ့ အနီးအနားကရွာငယ်လေးကလူတွေနဲ့ ပြည့်နှက်လို့နေတယ်။
ငွေနှစ်ဆယ်တည်း။"
ကြတော့တယ်။ သူတို့အရေးပိုင်မင်းက ငါးလည်း
လုံးဝမစားသလို ၊ သူတို့မြို့ကဧရာဝတီမြစ်ရဲ့အနောက်ဘက်ဒေသမှာတည်ရှိပြီး မြို့အနီးပတ်ဝန်းကျင်တွင်မုန်းချောင်း၊ မန်းချောင်းတို့သာစီးဆင်းလျက်ရှိတာမို့ သူ(မ)ယောက်ျားကိုယ်တိုင်ဖမ်းသည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်သောကြောင့်ပင်။
တစ်ဖူးကိုမှ ငွေတစ်ဆယ်တည်းရယ် အားပေးကြပါဦး။"
မနက်ကမှကိုင်း ထဲကခူးလာတာတော်ရေ့ ခရမ်းချဉ်သီးတွေများဝင်းလို့အိလို့၊ ဆေးလွတ်ဝါးလွတ် တစ်ဆယ်သားကိုငါးရူပီးတည်း။
ဈေးတစ်လျှောက်မှာ သားငါးဈေးသည်တို့နှင့်၊
ခြံထွက်ပစ္စည်းရောင်းချသူတို့၏ ဈေးရောင်းတို့နဲ့စည်းကားလျက်ရှိပြီးနွေးထွေးသည့်နေရောင်ခြည်အောက်ကမနက်ခင်းဈေးမြင်ကွင်းက အခြေခံလူတန်းစားတို့၏ ဘဝနေထိုင်မှုကို ချယ်မှုန်းပြသလျက်ရှိသလို၊ ပကာသနကင်းမဲ့သည့် ဈေးသူဈေးသားတို့ရဲ့သနပ်ခါးပါးကွက်ကြားနဲ့ အပြုံးချိုချိုတို့ကမြင်ရသူကို ကြည်နူးအေးချမ်းစေတယ်။
ကျုပ်လည်းအထည်ဆိုင်မှာအထည်တွေ
ရွေးပြီးတာနဲ့ အစ်ကို့ကိုဈေးထိပ်က ကာကာဆိုင်ကိုခေါ်သွားလိုက်တယ်။ ကာကာဆိုင်ကလည်းဒီအချိန်ဆို လူကစည်ပါ့ဗျာ။ ကျုပ်အစ်ကို့ကို
ဆိုင်ထဲက ထောင့်ကျတဲ့နေရာကိုခေါ်သွားလိုက်တယ်။
"ကျဆိမ့်တစ်ခွက်။"
"ကျုပ်ကပေါ့ဆိမ့်တစ်ခွက်နဲ့လမ်းသရဲမုန့်
တစ်ပွဲ။အစ်ကို မုန့်တစ်ခုခုစားဦးလေ။"
ဆိတ်သားခပတ်နဲ့ လမ်းသရဲမုန့်တစ်ပွဲ
စားပွဲထိုးလေးက သူ့ရဲ့အောင်မြင်စူးရှတဲ့အသံနဲ့ဆိုင်ကောင်တာဘက်ကို လှမ်းအော်လိုက်တော့တယ်။
အစ်ကိုက ကျုပ်ကိုအရေးတောင်မစိုက်ပဲ
သတင်းစာကိုပဲ သဲကြီးမဲကြီးဖတ်လို့နေတယ်။
"အစ်ကို။"
ကျုပ်ကို မျက်လုံးတစ်ချက်လှန်ကာ
ကြည့်လာတယ်ဗျ။
"မနေ့က ကျုပ်ရဲ့ရိုင်းပြတဲ့အပြုအမူတွေအတွက်အဈကျု့ကို ကျုပ်တောင်းပန်ပါတယ်။"
ထင်သားဘဲ၊ 'ကျောက်ခဲ'က သူဒီလိုဖြစ်ရင်မနေနိုင်ပါဘူးဆိုတာကို။
'သိင်္ခ' က မျက်မှန်ကိုချွတ်ကာ တစ်သျှူးစလေးနဲ့သုတ်ရင်းပြောလိုက်တော့ 'သိင်္ခ'ရဲ့မျက်ဝန်းထဲမှာရှိတဲ့ဝမ်းနည်းရိပ်တွေကို 'ကျောက်ခဲ'ကအတိုင်းသားမြင်လိုက်ရတယ်။
"မှာထားတာတွေ ရပါပြီ
ကျဆိမ့်၊ ပေါ့ဆိမ့်၊ ဆိတ်ခါးပတ်နဲ့ လမ်းသရဲမုန့်။"
စားပွဲထိုးကာကာကုလားလေးက မုန့်တွေလာချပေးတာမို့ကျုပ်တို့နှစ်ယောက်လည်းစကားစပြတ်သွားရတယ်။ထို့နောက်မှသာ..
"အဲ့လိုမဟုတ်ပါဘူးဗျာ
ကျုပ်လည်း အဲ့ဒီကိစ္စအကြောင်းနည်းနည်းပါးပါး
တော့ကြားဖူးပါတယ်။အစက မဖြစ်နိုင်ဘူးထင်ခဲ့ပေမဲ့အစ်ကိုနဲ့ကျမှ ကျုပ်လည်းယုံကြည်သွားရတာပါ။''
မင်းကကိုယ်နဲ့ပတ်သတ်ချင်တုန်းပဲဆိုတာ
တကယ်ပေါ့။"
ဒီစကားကြားမှပဲ ကျုပ်လည်းအသက်ရှုချောင်သွား
"ဒါပေါ့ အစ်ကိုရာ!"
ကျုပ်ဒီလိုပြောလိုက်တော့ အစ်ကိုက ကျုပ်ကို
တောက်တောက်ပပပြုံးပြလာတယ်ဗျ ။
အစ်ကို ပြုံးလိုက်တိုင်းအရမ်းလှတာပဲ။
မြင်ချင်တာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လေးထောင့်ကွက်လေး
အေးမြပါတယ်
များပါသော ဖဲလုံချည်အပြောက်ဖြစ်ပြီး၊ တခေတ်ကယောက်ျားမိန်းမနှစ်မျိုးစလုံးဝတ်ဆင်ခဲ့ကြ၏။
-Source in internet-
စကားမစပ်ဘဲရှိလား?
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Ipagpatuloy ang Pagbabasa
Magugustuhan mo rin
315K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
82.1K 9.4K 69
Title- Mahar Morria Start date - 12.12.2020 Genre - BL, Romance, Fantasy, Historical, Own Creation.
262K 41.6K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
46.3K 1.9K 38
သန့်စင်မောင်+ဥက္ကာသောင်းဦး အက္ခရာဦး သရ၀ဏ်