Omega အဖြစ်ကူးပြောင်းပြီးနောက...

By karryphyo

355K 39K 933

Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kin... More

Description
Ch. 1
Ch. 2
Ch. 3
Ch 4.
Ch5 .
Ch6 .
Ch7.
Ch8.
Ch9.
Ch10.
Ch11.
Ch12.
Ch13.
Ch14.
Ch15.
Ch 16.
Ch17.
Ch18.
Ch. 19
Ch 20.1
Surprise 🤍🤍🤍
Ch 20.2
Ch 20.3
Ch 21
Ch 22
paid gp😍😘🤍🤍
Ch 24
Ch 25
Ch 26
Ch.27
Ch 28
Ch 29
Ch 30
Suprise🥳🥳
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Ch 46
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54
Ch 55
Ch 56
Ch 57
Ch 58
Ch 59
Ch 60
Ch 61
Ch 62
Ch 63
Ch 64
Ch 65
Ch 66
Ch 67
Ch 68
Ch 69
Ch 70
Ch 71
Ch 72
Ch 73
Ch 74
Ch 75
Ch 76
Ch 77
Ch 78
Ch 79
Ch 80
Ch 81
သီတင်းကျွတ် ပရိုမိုးရှင်း
Ch 82
Ch 83
Ch 84
Ch 85
Ch 86
Ch 87
ပရိုမိုးရှင်း
Ch 88
Ch 89,90
Ch 91
Ch 92, 93
Ch 94
Ch 95
Ch 96
Ch 97
Ch 98
Ch 99
Ch 100
Ch 101
Ch 102
Ch 103
Ch 104
Ch 105
Ch 106
Ch 107
Ch 108
Ch. 109
Ch 110
Ch 111
Ch 112
Ch 113
Ch 114
Ch 115
Ch 116
Ch 117
Ch 118
Ch 119
Ch 120
Ch 121
Ch 122
Ch 123
Ch 124
Ch 125
Ch 126(end)

Ch 23

3.9K 463 1
By karryphyo

ငါ့ကိုနမ်း ပြီးရင် အဲဒါကိုငါမင်းကိုမွေးခွင့်ပြုပေးမယ်




နံနက်စာစားကြစဉ် ယန်ချုံးက ကျိရှင်းလန် ကိုဖြတ်၍ထိုင်ပြီး ခြေထောက်များကိုလွှဲလိုက်သည်။ သူသည်အနည်းငယ် စိတ်မပါတဲ့ပုံစံဖြင့် ဆန်ပြုတ်ကိုသောက်ခဲ့သည်။

ဘေးနားမှာရပ်နေတဲ့ အိမ်အကူက သူ့နှုတ်ခမ်းလေးတွေ အနည်းငယ်နီရဲပြီးပြုစားနေတာကို တွေ့လိုက်ရတယ်။  သူတို့ကလည်းနည်းနည်းဖူရောင်နေသည်။ကြည့်ဖို့အရမ်းရှက်လွန်းတာကြောင့် သူမက သူမရဲ့မျက်နှာကိုအုပ်လိုက်တယ်။

ယခုကနံနက်စောစောဖြစ်သော်လည်း သခင်လေးက တကယ်ကိုတက်ကြွနေသည်။

သူအစာစားပြီးသောအခါ ယန်ချုံးက ကျိရှင်းလန် နှင့်တိုက်ခန်းကိုသွားကြည့်ဖို့  ထုပ်ပိုးရန်အပေါ်ထပ်သို့တက်သွားခဲ့သည်။

မူလက ယန်ချုံးဟာ သူတို့ကအထုပ်အပိုးတွေအများကြီးနဲ့ ရွှေ့လိမ့်မယ်လို့ထင်ထားခဲ့ပေမယ့် ကျိရှင်းလန်က သူတို့ကိုကူညီပြီးရွှေ့ဖို့ ထရပ်ကားကိုမရှာခဲ့ဘူး။  သူက ယန်ချုံး ကို သူ(ယန်ချုံး)လိုအပ်တဲ့ အဝတ်အစားတွေကိုပဲ ထုပ်ပိုးလာဖို့ပြောခဲ့တယ်။ထို့နောက် သူကကားကိုမောင်းလာခဲ့သည်။

“ တိုက်ခန်းကပြုပြင်ပြီးသွားပြီ။  မင်းအ၀တ်တွေယူလာဖို့ပဲလိုတယ် "

ယန်ချုံးက သူ၏ပစ္စည်းများကိုထုပ်ပိုးနေစဉ် ကျိရှင်းလန်က သူ့ဘေးတွင်ရပ်ကာ စိတ်အနှောင့်အယှက်ဖြစ်အောင် သူ့ရဲ့နားထဲသို့မှုတ်လိုက်သည်။  “ ဘယ်ဟာကိုမှမယူလာဖို့လည်း မင်းရွေးချယ်နိုင်တယ်နော် ”


သူကစိတ်အနှောင့်အယှက်ဖြစ်နေတာကိုတွေးပြီး ယန်ချုံး ကခေါင်းအုံးကိုယူလိုက်ပြီး သူ့ကိုအခန်းထဲကနေနှင်ထုတ်လိုက်တယ်။

သူက ကျိရှင်းကို သင်ခန်းစာတစ်ခုသင်ပေးပြီးတာနဲ့ သူကသူ့ဗီဒိုကိုစတင်ကြည့်ရှုလိုက်ပြီး ယူလာရကျိုးနပ်တာ ဘာမှမရှိတာကို တွေ့လိုက်ရတယ်။  ထို့ကြောင့်သူကအဝတ်အနည်းငယ်ကို သူ့အိတ်ထဲသို့ပစ်ထည့်လိုက်သည်။


သို့သော် ဒီနေ့သူ၏ဗီရိုအောက်ခြေအံဆွဲထဲသို့ ချောင်းကြည့်သောအခါ တောက်ပပြီးဆွဲဆောင်မှုရှိသော အတွင်းခံဘောင်းဘီဆယ်စုံကျော်ကို အဲ့မှာတွေ့ခဲ့သည်။

ယန်ချုံးက သူ့ကိုယ်သူပြောစရာစကားမဲ့သွားတာကို တွေ့လိုက်ရသည်။

ကျိရှင်းလန် ကိုသွေးဆောင်ရန် ဤကဲ့သို့သောမူလခန္ဓာကိုယ်ပိုင်ရှင်က ဒီဟာမျိုးကိုဘယ်လိုများ ဝတ်စားထားလဲဆိုတာကို သူစဉ်းစားလိုက်တဲ့အခါ ယန်ချုံးက သူ၏ဖြူစင်သောနှလုံးသားနှင့် မျက်လုံးများက ဆိုးရွားစွာပျက်စီးသွားသည်ဟု ခံစားလိုက်ရသည်။  သူက သူတို့ကိုစွန့်ပစ်လိုက်သောအခါ သူ၏အထင်အမြင်သေးမှုနှင့် ထိတ်လန့်မှုကိုခံနိုင်ရည်ရှိလာသည်။


ဒါပေမယ့်သူတို့ကိုပစ်လိုက်တာနဲ့ သူအဲ့ဒါကိုနောင်တရသွားတယ်။  သူ့မှာသာမန်အတွင်းခံသုံးစုံသာရှိပြီး ၎င်းတို့အားလုံးက ပန်းရောင်နှင့်အဖြူရောင်များသာဖြစ်သည်။


ယန်ချုံးက အမှိုက်ပုံးကိုတစ်ချက်ကြည့်လိုက်သောအခါ သူ့ရင်ဘတ်တွင် နာကျင်မှုကိုမနေနိုင်တော့ဘဲ ခံစားရသွားသည်။  သူ့တွင်အကောင်းဆုံးသော အတွင်းခံတစ်စုံက အဖြူရောင်အတွင်းခံဘောင်းဘီဖြစ်ပြီး အဲ့တာကအလဟသဖြစ်သွားခဲ့ပါပြီ။

ကျိရှင်းလန် ဖော်ပြခဲ့သောနေရာက အဆင့်မြင့်တိုက်ခန်းဖြစ်သည်။  စုစုပေါင်းblockနှစ်ခုရှိပြီး ၎င်းတို့သည် Block A နှင့် Block Bဖြစ်သည်။ နှစ်ခုစလုံးတွင်အထပ် သုံးဆယ်ကျော်ရှိသည်။  တိုက်ခန်းက ကျောင်းနှင့် လမ်းနှစ်လမ်းသာဝေးသည်။  သူတို့လမ်းလျှောက်သွားရင် ကျောင်းကိုရောက်ဖို့ဆယ်မိနစ်တောင်မလိုပါဘူး။

သူတို့ကမြေအောက်ကားပါကင်မှာ ကားကိုရပ်ပြီး အပေါ်ထပ်ဓာတ်လှေကားကိုတက်လိုက်တယ်။အိမ်တော်ထိန်းက  သူတို့၏အထုပ်အပိုးများကို ယူ၍ သူတို့နှင့်အတူတက်သွားသည်။  သူတို့က သူတို့ရဲ့ခရီးဆောင်အိတ်တွေကို ချပြီးတဲ့အခါ ကျိရှင်းလန်က သူ့ကိုထွက်သွားခိုင်းလိုက်တယ်။


ယန်ချုံးက တိုက်ခန်းကိုလှည့်လည်သွားခဲ့သည်။  တိုက်ခန်း၏အပြင်အဆင်က အတော်လေးရိုးရှင်းပါသည်၊ဒါပေမယ့် ယောက်ျားလေးအုပ်စုကြီးများနှင့်နေထိုင်ရတာကိုယှဉ်လိုက်လျှင် ၎င်းသည်တိုက်ခန်းတွင်နေရတာထက် ပိုသေချာသည်။


ဤနေရာတွင်နေထိုင်ရခြင်း၏ တစ်ခုတည်းသောအားနည်းချက်မှာ ဧည့်ခန်းကိုgymအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။  ထို့အတွက်ကြောင့် တိုက်ခန်းတွင် အိပ်ခန်းတစ်ခန်းသာရှိပြီး ယန်ချုံးက တိုက်ခန်းတွင်ညဘက်၌ ကျိရှင်းလန်နဲ့သာ အိပ်ဖို့အတွက်ဖိအားပေးခြင်းခံနေရသည်။

ကျိရှင်းလန်က သူ၏စိတ်ပျက်အားငယ်သောအမူအရာကို မျက်မြင်တွေ့ပြီး သူ့ခေါင်းကို ချစ်ခင်သည့်ပုံစံဖြင့် ပုတ်လိုက်သည်။  “ အဲဒါကိုတွေးမနေနဲ့တော့။  အခန်းနှစ်ခန်းရှိရင်တောင် မင်းကငါနဲ့အတူအိပ်ရမှာပဲ "


ယန်ချုံးက သူ့ခရီးဆောင်အိတ်ကို အခန်းထဲဆွဲထည့်လိုက်သည်။  ထို့နောက်သူက အဝတ်အစားများကို ခရီးဆောင်အိတ်ထဲမှထုတ်ကာ ဗီရိုထဲသို့ထည့်လိုက်သည်။

ယခုသူက ကျိရှင်းလန်နှင့်အတူစားရန်၊ နေထိုင်ရန် အိပ်ရန်သာမက ဗီဒိုတစ်လုံးကိုပါမျှသုံးနေရသည်။


ယန်ချုံးက သူတို့၏အ၀တ်များနှင့်ပြည့်နေသော သူတို့၏ဗီရိုကိုငေးကြည့်ရင်း အဲ့အရာများကပို၍ ထူးဆန်းလာသည်ကို သူခံစားလိုက်ရသည်။

***** 

အိမ်ထဲကကြမ်းပြင်ပေါ်မှာ ဖုန်မှုန့်တစ်စက်မှမရှိဘူး။  နေ့တိုင်းသန့်ရှင်းရေးလုပ်ရန် အချိန်ပိုင်း၀န်ထမ်းတွေရောက်လာကြသည်၊ ဒါပေမယ့် ယန်ချုံး အိမ်ထဲကိုပထမဆုံးအကြိမ်ခြေချမိကတည်းက သူကကြမ်းပြင်ကိုသင်္ကေတပုံစံဖြင့် လှည်းကျင်းနေဆဲဖြစ်သည်။


ကြမ်းပြင်ကိုလှည်းကျင်းခြင်းက သူ၏ထူးခြားချက်ဖြစ်သည်။  မစ္စတာရန်က သူ့ကိုဖမ်းပြီး သူ့ကိုယ်သူပြန်လည်သုံးသပ်တဲ့ စာစီစာကုံးရေးခိုင်းတဲ့အခါတိုင်း သူကတံမြက်စည်းကို သူ့လက်ထဲတွန်းထည့်လိုက်ပြီး သူ့ကိုကြမ်းပြင်ကိုလှည်းကျင်းစေတယ်။ယန်ချုံးက ယခင်ကကျောင်း၏ထောင့်တိုင်းကို စေ့စေ့စပ်စပ်လှည်းကျင်းခဲ့သည်။


အချိန်အနည်းငယ်ကြာပြီးနောက် ကျိရှင်းလန်က ယန်ချုံး  ပျောက်သွားသည်ကိုတွေ့ရှိခဲ့သည်။  သူအိမ်ထဲသို့ဝင်၍ အိမ်အပြင်ဘက်ရှိ ကြမ်းပြင်မှဖုန်မှုန့်အနည်းငယ်ကို လှည်းကျင်းရန်မစွမ်းနိုင်သော အချိန်ပိုင်းဝန်ထမ်းအား ထုတ်ပစ်လိုက်သည်။


မကြာသေးမီက ယန်ချုံးအလွန်ဆာလောင်တတ်လာသည်။သူကိုယ်ဝန်ရှိနေတာကြောင့် သူကနှစ်ယောက်စာအတွက် အာဟာရလိုအပ်တာဖြစ်နိုင်သည်။

သူကချက်ပြုတ်ရေး အသုံးအဆောင်များကို ဆေးကြောသောအခါ အလွန်ပြင်းထန်ပြီး သူကိုယ်တိုင်ချက်ပြုတ်ရန် ပြင်ဆင်နေပုံရသည်။

ယန်ချုံးက မီးဖိုချောင်အသစ်ထဲသို့ ၀င်လာသောအခါ သူအဲ့တာကိုသတိပြုမိသည်။  မီးဖိုချောင်တွင် လိုအပ်သောအသုံးအဆောင်များ အားလုံးရှိနေပြီး မီးဖိုချောင်တွင်မုန့်တွေလုပ်ဖို့ မီးဖိုတစ်ခုတောင်ရှိသည်။ ဒါပေမယ့်သူတို့ကအလှဆင်ထားသလိုပဲ၊ လက်ရာမြောက်ပြီး ရှုပ်ထွေးတယ်။

ကျိရှင်းလန်က ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို တကယ်သိမယ်လို့ သူ မထင်ခဲ့သဖြင့် သူနှုတ်ခမ်းစူလိုက်သည်။  “ ငါဒီမှာကြေငြာချက်တစ်ခုထုတ်ပြန်မယ်။  ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို ငါမသိဘူး။ ငါတို့အော်ဒါမှာစားမယ်ဆိုရင် မင်းငွေရှင်းပေးရမယ် ”

ကျိရှင်းလန်က အသုံးအဆောင်တွေကို သန့်ရှင်းရေးလုပ်ပြီးသွားပြီ။  သူကသန့်ရှင်းသောအ၀တ်တစ်ထည်ကိုသုံး၍ ပန်းကန်လုံးကို ဘေးနားကပန်းကန်စင်ထဲမထည့်ခင် အဲ့တာကိုသူ့လက်တွေနဲ့ စင်အောင်သုတ်လိုက်သည်။  သူက“ ငါချက်မယ်” လို့ရိုးရှင်းစွာပြောခဲ့သည်။


ယန်ချုံးက ဘာမှမလုပ်ဘဲ ဘေးမှာရပ်နေခဲ့သည်။  သူမျက်လုံးပြူးသွားသည်။  သူကမီးဖိုချောင်၌ မည်သည့်အရာကိုမှထိဖူးတဲ့ လူတစ်ယောက်ရဲ့ပုံစံလိုမျိုးမထင်ရတဲ့ ကျိရှင်းလန်က ချက်ပြုတ်ပုံကို အမှန်တကယ်သိနေမည်ဆိုတာကို သူမယုံနိုင်ပေ။


သူအေပရွန်ကို ၀တ်ထားသည့်အခါ သူကအမှန်တကယ်ကို အိမ်ရှင်မငယ်တစ်ဦးနှင့်တူသည်။

ယန်ချုံးက သူ(ကျိရှင်းလန်)၏ရှပ်အင်္ကျီကြောင့် ချောမွေ့လှပသောကောက်ကြောင်းကြောင့် ကွေးညွှတ်နေသောသူ့ခါးလိုင်းကိုမကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ကျိရှင်းလန်က သူ့အကြည့်ကိုသတိထားမိသည်။  သူကသူ့လက်တွေကိုသုတ်လိုက်ပြီး ခလုတ်အနည်းငယ်ကိုနှိပ်ဖို့သူ့ terminal ကို ကောက်ကိုင်လိုက်တယ်။


 ထို့နောက်ယန်ချုံး၏ terminal က beep သံထွက်လာသည်။အမျိုးသမီး၏အသံက ရှင်းလင်းပြတ်သားစွာ ထွက်လာသည်။ “ တစ်သိန်းကိုလူကြီးမင်း၏ terminal ပိုက်ဆံအိတ်ထဲကို တရားဝင်ထည့်ပေးလိုက်ပါပြီ ”


ယန်ချုံးက ဒါကိုကြားသောအခါ ချက်ချင်းပင် ၀မ်းမြောက်သွားသည်။  သူချမ်းသာပြီ !


မည်သို့ပင်ဆိုစေကာမူ သူက ကျိရှင်းလန်အား ထိုပိုက်ဆံကို မတောင်းခဲ့ပေ။သူ့(ယန်ချုံး)အားငွေများဖြည့်ပေးရန် အခိုင်အမာတောင်းဆိုခဲ့တဲ့တစ်ယောက်တည်းသောသူက ကျိရျိင်းလန် ဖြစ်သည်။  သူကအဲ့ဒါကိုငြင်းချင်ရင်တောင် မငြင်းနိုင်ဘူး။


သို့သော် ကျိရှင်းလန်က သူ့အားမုန့်ဖိုးများပေးရုံသက်သက်မဟုတ်ချေ။  သူက ယန်ချုံးအား အောက်ထပ်က စူပါမားကတ်ကိုသွားပြီး သူတို့အစားအစာတွေအတွက် ပါဝင်ပစ္စည်းများ၀ယ်ဖို့ သူ့ကိုအလိုရှိနေတာဖြစ်သည်။


သူကအဲ့တာအတွက်ပိုက်ဆံပေးလိုက်ပြီဖြစ်သောကြောင့် ယန်ချုံးကဒီနေ့သူပြောတာကို နာခံစွာနားထောင်မည်ဟု ဆုံးဖြတ်လိုက်သည်။


ကျိရှင်းလန် စိတ်ပူနေပုံရသည်။  သူဟာမူလက သူ(ယန်ချုံး)နှင့်အတူလိုက်ပါလိုသော်လည်း ယန်ချုံးကသူ့ကိုပြန်တွန်းခဲ့သည်။  ထို့ကြောင့်သူက ယန်ချုံးအား ညွှန်ကြားချက်အချို့သာပေးနိုင်ခဲ့သည်။  “ စူပါမားကတ်က တောင်ဘက်လမ်းဆုံမှာရှိတယ်။မီတာငါးဆယ်လောက် လမ်းလျှောက်လိုက်ရင် မင်းရောက်နိုင်ပြီ။  ငါတို့အိမ်ပြန်တဲ့လမ်းမှာ အဲဒါကိုအရင်ကမြင်ဖူးပြီးသား။မင်းလမ်းမပျောက်သွားဘူးမဟုတ်လား။ ”


ယန်ချုံးက သူ့ကိုစိုက်ကြည့်လိုက်သည်။  သူစူပါမားကတ်ဆီ ခြေလှမ်းအနည်းငယ်လှမ်းရုံနဲ့ သူဘယ်လိုလုပ်လမ်းပျောက်သွားနိုင်မှာလဲ?  ကျိရှင်းလန်က သူ့ရဲ့​အသိဥာဏ်ကိုလျှော့တွက်ခဲ့သည်။


ယန်ချုံးက ပင့်ကူမျှင်များဖြင့် ဖုံးလွှမ်းနေသောလမ်းကြား၌ ပြေးလွှားနေစဉ် ကျိရှင်းလန်က သူ့မိခင်ရဲ့ နို့ကိုသောက်နေဆဲဖြစ်သည်။

 ကျိရှင်းလန်က ယန်ချုံး၏ စကားများကိုကြားရသောအခါ ကျိရှင်းလန်က စျေးဝယ်စာရင်းအား ယန်ချုံး ၏ terminalသို့ပို့လိုက်သည်။  သူက ဝင်ခွင့်ကတ်ကို ယန်ချုံး ရဲ့အိတ်ထဲမှာထည့်ဖို့ အခွင့်အရေးယူခဲ့တယ်။


သူကတိုက်ခန်းရဲ့တောင်ဘက် မီတာငါးဆယ်ကို လမ်းလျှောက်လိုက်ရင် လမ်းဆုံမှာ မြေအောက်စူပါမားကတ်ကြီးတစ်ခုကို ရောက်လိမ့်မယ်။


ယန်ချုံးက ကျိရှင်းလန်  ၏တောင်းဆိုချက်ပေါ် မူတည်၍ ပါဝင်ပစ္စည်းများကို၀ ယ်ခဲ့သည်။သူလက်ထတှောကပါဝင်ပစ္စည်းတွေထည့်ထားတဲ့ အိတ်တွေနဲ့ စူပါမားကတ်မှထွက်ဖို့  တံခါးကိုဖွင့်လိုက်သောအခါ အရိုးတောင်ခိုက်ခိုက်တုန်သွားစေတဲ့ အအေးဓာတ်က ချက်ချင်းသူ့မျက်နှာပေါ်သို့ကျလာသည်။

 

သူစူပါမားကတ်သို့ ၀င်ရောက်လာသောအခါ ကောင်းကင်ကကြည်လင်နေဆဲဖြစ်သော်လည်း ယခုအခါမိုးဖွဲဖွဲလေးကျနေလေသည်။


မိုးကမသည်းထန်နိုင်သော်လည်း ဆောင်းဦးမိုးက လေထု၌စိုထိုင်းဆကိုမြင့်တက်စေကာ အပူချိန်ကိုသိသိသာသာကျဆင်းစေသည်။

ယန်ချုံးက သူဒီထက်ကြာကြာနေရင် မိုးကပိုသည်းလာမှာကို စိုးရိမ်တဲ့အတွက် သူကသူ့ကုတ်အင်္ကျီကို ပိုတင်းကျပ်အောင်ဆွဲလိုက်ပြီး ပြန်လာခဲ့တယ်။

သူတိုက်ခန်း၏အောက်ခြေသို့ရောက်ခါနီးတွင် သူအလွန်လျင်မြန်စွာပြေးနေသောကြောင့် လမ်းဘေးရှိအမှိုက်ပုံးကို မတော်တဆဝင်တိုက်မိလိုက်ပြီး အမှိုက်ပုံးကို မှောက်ကျနီးပါးဖြစ်သွားစေခဲ့သည်။

 ယန်ချုံး ခလုတ်တိုက်လုမတတ်ဖြစ်သွားသည်။  သူအသက်ပြင်းပြင်းရှူလိုက်ပြီး ဒူးခေါင်းကို နာကျင်သွားစေတာကြောင့် အမှိုက်ပုံးကိုတည့်အောင်ထားဖို့ကို ရပ်တန့်ခဲ့သည်။


အမှိုက်ပုံးကို အလယ်ဗဟိုတွင် အနည်းငယ်တွင်နေရာယူထားသည်။  သန့်ရှင်းရေးလုပ်သားတစ်ဦးက လူသွားလူလာစင်္ကြံပေါ်ရှိ သစ်ရွက်ခြောက်များကိုလှည်းကျင်းပြီး အမှိုက်ပုံးကိုလမ်းပေါ်သို့ဆွဲချခဲ့တာဖြစ်မည်။


ယန်ချုံး မျက်နှာရှုံ့မဲ့သွားပြီး ထွက်သွားခါနီးမှာ အမှိုက်ပုံးနားကမြက်ခင်းပြင်မှာ တစ်ခုခုလျိုပ်ရှားနေတာကို ရုတ်တရက်သတိပြုမိသွားခဲ့သည်။ ချုံပုတ်ထဲ၌ရှိသော အမွေးဖြူဘောလုံးက မယုံနိုင်လောက်အောင်စွဲမက်ဖွယ်ကောင်းသည်။

သူကမျက်လုံးလေးမှေးပြီး အဲဒါကိုစူးစူးစိုက်စိုက်ကြည့်လိုက်တယ်။  ချုံထဲမှာမွေးကင်းစကြောင်သေးသေးလေးတစ်ကောင်ရှိတယ်။  ၎င်းတွင်ဖြူဖွေးသောအမွေးရှိပြီး တောက်ပသောမျက်လုံးများဖြင့် သူ့ကိုသတိနဲ့ကြည့်နေလေသည်။

ယန်ချုံးက ထိုအရာကိုမြင်သောအခါ အလိုအလျောက် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။

အခြားသူတွေက ရယ်စရာလို့ထင်ချင်ထင်လိမ့်မယ် ဒါပေမယ့်  သူငယ်စဉ်က အစာကျွေးချိန်မှာ ကြောင်ရိုင်းလေးတစ်ကောင်ကြောင့်နဲ့ စိတ်ထိခိုက်ခဲ့ရတာကြောင့် သူအနည်းငယ်ကြောက်သည်။  သူ့လက်မောင်းပေါ်ရှိ သွေးထွက်ဒဏ်ရာများက သူ့စိတ်တွင်လတ်ဆတ်နေဆဲဖြစ်ပြီး အမာရွတ်ထင်လုနီးပါးဖြစ်ခဲ့သည်။  ဒါကြောင့်ကြောင်လေးတွေကိုမြင်တိုင်း သူကြောက်ရွံ့တုန်လှုပ်မိသည်။

သို့သော်လည်း သူ့ရှေ့ကကြောင်ပေါက်လေးက ငယ်ရွယ်လွန်းသဖြင့် အဲ့တာကိုအလွန်မကြောက်ပါ။  သူဘယ်လောက်တုန်လှုပ်နေသလဲဆိုတာကို သူမြင်တဲ့အခါမှာ ၎င်းသည်အမှန်တကယ် သနားစရာကောင်းသည်ကိုတွေ့ရသည်။

အပြင်မှာပိုအေးလာတယ်။  အကယ်၍ ငယ်ရွယ်သောကြောင်လေး တစ်ကောင်တည်းသာလှည့်ပတ်သွားလာနေပါက ၎င်းကရေရှည်မရှင်သန်နိုင်ပေ ။

၎င်းကသေဖို့မအေးခဲလျှင်ပင် အစာငတ်ခြင်း သို့မဟုတ်ကားများဖြတ်သွားခြင်းဖြင့် သေသွားနိုင်သည်။  အမှန်တော့ ၎င်းကအခြားလေလွင့်တိရစ္ဆာန်များ၏ အစာကိုစားနိုင်သည်။

ယန်ချုံးက အမှိုက်ပုံးထဲမှတုန်နေသောကြောင်ပေါက်လေးတစ်ကောင်၏ပုံက တကယ်သနားစရာကောင်းသည်ကို တွေ့လိုက်ရသဖြင့် သူ့စာနာမှုက အခြားအရာအားလုံးကိုကျော်ဖြတ်သွားခဲ့သည်။  ကြောင်ပေါက်လေးက သူ့အလိုလိုမရှင်သန်နိုင်သေးပေ။  ရာသီဥတုကပိုအေးလာပြီး ဆောင်းရာသီရောက်တော့မယ်။  ဒီလိုအခြေအနေမျိုးမှာ ဆောင်းရာသီကို ကျော်ဖြတ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

ယန်ချုံးက လူသွားစင်္ကြံအနီးမှာထိုင်လိုက်ပြီး သူ့စျေးဝယ်အိတ်ထဲမှ ဝက်အူချောင်းကိုထုတ်ယူလိုက်သည်။  သူကကြောင်ပေါက်လေးကိုအစာကျွေးဖို့ ကြိုးစားလိုက်တယ်။

ကြောင်ပေါက်လေးကဗိုက်ဆာနေသည်မှာ ကြာပြီဖြစ်တာကြောင့်ဝက်အူချောင်းကို ချက်ခြင်းဝံပုလွေလိုချလိုက်သည်။

ဒါပေမယ့် ကြောင်ပေါက်လေးက သေးငယ်လွန်းပါတယ်။  ဒီလောက်ကြီးမားတဲ့ဝက်အူချောင်းကို မစားနိုင်ခဲ့ဘူး။ ၎င်းကိုအကြိမ်အနည်းငယ်ကိုက်ပြီးနောက် ဝက်အူချောင်းပေါ်တွင် ကိုက်ရာအနည်းငယ်သာကျန်ခဲ့သည်။

ယန်ချုံးက အဆုံးထိကြင်နာရန်ဆုံးဖြတ်လိုက်သည်။  သူကဝက်အူချောင်းကိုအပိုင်းပိုင်းဖြတ်ပြီး ကြောင်ပေါက်လေးကိုကျွေးလိုက်တယ်။

ယန်ချုံးက လမ်းမပေါ်တွင်ထိုင်ပြီး ခေါင်းကိုငုံ့လိုက်သည်။  သူကကြောင်ပေါက်လေး အစားစားနေတာကိုကြည့်ခဲ့ပေမယ့် ကြောင်ပေါက်လေးကိုထိန်းဖို့ရည်ရွယ်ချက်မရှိခဲ့ပါဘူး။  မည်သို့ပင်ဖြစ်စေသူကကြောင်ကိုမွေးဖို့သတ္တိမရှိပေ။

သူကအစာမစားတော့မချင်း ကြောင်ပေါက်လေးကို ဝက်အူချောင်းတွေ ဆက်ကျွေးတယ်။  ထို့နောက်သူက၎င်း၏ခေါင်းကိုပွတ်လိုက်ပြီး မတ်တပ်ရပ်ကာ စတင်ပြီးလမ်းပြန်လျှောက်လိုက်သည်။

ကျိရှင်းလန်က သူဝယ်ခဲ့သောပါဝင်ပစ္စည်းများကိုစောင့်ဆိုင်းနေဆဲဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ယန်ချုံး ခေါင်းကိုလှည့်လိုက်ချိန်မှာ ကြောင်ပေါက်လေးက သူ့နောက်မှလိုက်လာနေတာကို သတိပြုမိလိုက်သည်။

ကြောင်ပေါက်လေးကသူ့ရဲ့ သေးသွယ်တဲ့ခြေထောက်လေးတွေကို ရွှေ့နေခဲ့တာက ပတ်ပတ်လည်ကို ဒယိမ်းဒယိုင်နဲ့သွားနေသော ကလေးငယ်တစ်ဦးနှင့်တူသည်။ ကြောင်ပေါက်လေးက မည်သည့်ခွန်အားကိုမျှလက်တွေ့မခေါ်နိုင်တော့ဘဲ ရှေ့သို့တက်ခဲ့သည်။ ယန်ချုံး ထက်ပိုမြန်အောင်လုပ်ဖို့မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ယန်ချုံးကိုအစွမ်းရှိသမျှ ဖမ်းဖို့ကြိုးစားခဲ့သေးသည်။

မိုးကရွာနေတုန်း၊ လေကလည်းအေးတုန်းဘဲ။  ကြောင်ပေါက်လေး၏ အမွေးများက မိုးရေကြောင့်ရွှဲစိုနေပြီ။  အမှန်တော့ဒီမိုးကနေ ရှင်သန်နိုင်ရင်တောင် အေးခဲပြီးသေဆုံးသွားနိုင်တယ်။

ယန်ချုံးက သူ့ဘေးနားသို့ရောက်သည်အထိ ကြောက်ပေါက်လေးကို စောင့်ကြည့်လိုက်ပြီးသူ့နှလုံးသားက ရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့ ပြည့်နှက်နေတယ်။  သူရွေ့လျားနေတာကို ရပ်တန့်လိုက်ပြီး မနေနိုင်တော့ဘဲကွေးချလိုက်ကာ ကြောင်ပေါက်လေးကို ကောက်ချီလိုက်သည်။  သူလုပ်လိုက်တဲ့အခါမှာတော့ ကြောင်ပေါက်လေး ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်လေးက တုန်သွားတာကိုသူအာရုံခံစားနိုင်သည်။

ကြောင်ပေါင်လေးက သူ့ရဲ့နွေးထွေးတဲ့ ပန်းရောင်လျှာလေးကိုသုံးပြီး ယန်ချုံးရဲ့လက်ညှိုးကိုလျက်ကာ သူ့ရဲ့ကောင်းမွန်တဲ့စေတနာကောင်းလေးကို ညင်ညင်သာသာပြသနေသည်။  ယန်ချုံးကကောက်ချီလိုက်ပြီးချိန်မှာ သူ့၌ပြန်ချဖို့စိတ်နှလုံးမရှိတော့ချေ။

ယန်ချုံးကကြောင်လေးကို ဒီတိုက်ခန်းကို ပြန်ယူခဲ့ပေမယ့် သူကြောင်ပေါက်လေးကို အထဲမှာခေါ်ထားလို့မရနိုင်ဘူးဆိုတာကို သူသိတယ်။

ကျိရှင်းလန်က တိရစ္ဆာန်တွေကိုလုံးဝမကြိုက်ဘူး။  သူက ယန်ချုံး တောကြောင်တစ်ကောင်ကို ယူပြီးပြန်လာတာတွေ့သွားခဲ့ရင် သူကကြောင်ပေါက်လေးကို ထုတ်ပစ်နိုင်ခြေအရမ်းများပါတယ်။

ထို့ကြောင့် ယန်ချုံးက ထိုအကြောင်းကိုစဉ်းစားလိုက်သည်။  သူကကြောင်ပေါက်လေးကို သူ့ဂျာကင်ထဲကိုအရင်ထည့်ပြီး ဇစ်ကိုဆွဲလိုက်တယ်။

ကျိရှင်းလန်ကို အဲ့အကြောင်း မပြောပြခင် သူကအရင်ဆုံးလုပ်လိမ့်မယ် ပြီးရင် အဲဒါကိုအရင်ပြန်ယူလိမ့်မယ်။

ကြောင်ပေါက်လေးက  သေးသေးလေးပဲရှိသေးတယ်။ သူ့အင်္ကျီထဲမှာသာ ပုန်းနေလျှင် ကျိရှင်းလန်က ဘာကိုမှမြင်နိုင်မည်မဟုတ်ပေ။  သူကခဏလောက်သာဝှက်ထားရင် အသက်ရှူကျပ်မှာမဟုတ်ဘူး၊ ပြီးတော့သူ့ကိုနွေးအောင်လည်းထားနိုင်တယ်။

ယန်ချုံးက ဓာတ်လှေကားကိုတက်စီးသွားခဲ့ပြီး ကြောင်ပေါက်လေးက သူ၏ဂျာကင်အောက်တွင် တိတ်ဆိတ်စွာနေဖို့ငြင်းဆန်ခဲ့သည်။ကြောင်ပေါက်လေးက လျှောက် ပတ်သွားနေပြီး သူ့ကော်လာရဲ့ အပေါ်ကိုတက်ရန်အဆက်မပြတ်ကြိုးစားခဲ့သည်။ ယန်ချုံးက စျေး၀ယ်အိတ်များကိုလက်တစ်ဖက်၌ ဆုပ်ကိုင်ထားပြီး ကြောင်ပေါက်လေးကို ကောင်းစွာဖုံးကွယ်နိုင်ဖို့အတွက် သူ့အဝတ်အစားများကိုပြန်ပြင်လိုက်သည်။  ထို့နောက်သူကသူ့ရဲ့သော့ကိုထုတ်ပြီး တံခါးကိုဖွင့်လိုက်တယ်။

သူကတံခါးကိုတွန်းဖွင့်လိုက်သည်။ ကျိရှင်းလန်က လက်ရှိတွင် အိမ်ထဲ၌ရေနွေးတည်နေသည်။ အေပရွန်ကို ၀တ်ထားသည့်အခါ သူကအံ့သြဖွယ်ကောင်းလှသည်။  သူကလွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ဘောင်းဘီ ကို၀တ်ထားရင်တောင် ယန်ချုံးက သူ့မှာသေးသွယ်တဲ့ခါးနဲ့ ခြေတံရှည်ရှည်တွေ ရှိတယ်ဆိုတာကိုပြောပြနိုင်တယ်။

ယန်ချုံးက အိတ်များကိုစားပွဲပေါ်တင်လိုက်သည်။ ကျိရှင်းလန်က သူ့အသံကိုကြားလိုက်ရတော့ သူနဲ့စကားပြောဖို့မီးဖိုချောင်ကနေထွက်လာတယ်။  "မင်းပစ္စည်းတွေဝယ်ပြီးပြီလား ?  ငါတို့နေ့လည်စာအတွက် ဟော့ပေါ့စားမယ်။  မင်းလက်ကိုသွားဆေးလိုက်ဦး ။  ပြီးရင် ငါ့အတွက်ဟင်းသီးဟင်းရွက်လှီးဖို့လာ ကူပေးပါဦး "

“အိုကေ ”  ယန်ချုံးက သူ၏ဂျာကင်အင်္ကျီအောက်မှကြောင်ပေါက်လေးက မယုံနိုင်လောက်အောင် တက်ကြွနေသည်ကိုခံစားမိပြီး ၎င်းကထွက်ခါနီးနေပုံရသည်။  ထို့ကြောင့်သူကရှောင်တခင်ပြန်ဖြေလိုက်သည်။

သူ့အခန်းထဲ၌ ခိုးကြောင်ခိုးဝှက်လုပ်နေချိန်မှာ
  သူ့နောက်မှ ကျိရှင်းလန်ခေါ်တဲ့အသံကိုကြားလိုက်ရသည်။  "မင်းဝက်အူချောင်းစားထားတာလား? "

ယန်ချုံးက ကျိရှင်းလန် လက်ထဲက ဝက်အူချောင်းကိုကြည့်လိုက်သည်။အဲ့တာက  တစ်ဝက်သာကျန်တော့သည်။  သူ့အမူအရာကနည်းနည်းတော့အဆင်မပြေဘူး။  "ဟုတ်တယ်၊ ငါလမ်းမှာဗိုက်ဆာလာလို့ "

သူ ၀ယ်လာတဲ့ဝက်အူချောင်းများက အမှန်တကယ်ကတော့ အခြားပါဝင်ပစ္စည်းများနှင့်အတူ ချက်ပြုတ်ရန်အများအားဖြင့်အပိုင်းပိုင်းဖြတ်ထားသော ထိုထူထပ်ပြီး လေးထောင့်ပုံစံဝက်အူချောင်းများဖြစ်သည်။သူတို့ကိုတစ်ခုတည်း စားတာကရှားပါတယ်။  ကြောင်ပေါက်လေးက အဲ့တာရဲ့တစ်ဝက်ကိုစားပြီးနောက် ထပ်မစားတော့တာကြောင့် ယန်ချုံးက ကျန်တာတွေကိုပလတ်စတစ်အိတ်ထဲပြန်ထည့်ထားခဲ့တယ်။

ကျိရှင်းလန်က ရှုပ်ထွေးတဲ့ အကြည့်ဖြင့် သူ့ကိုကြည့်လိုက်သော်လည်း သူကဘာမှမပြောလာပေ ။

ယန်ချုံးက ဝက်အူချောင်းကို ပုံမှန်လိုကောက်ယူလိုက်ချိန် ကျိရှင်းလန်က တစ်စုံတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ဟန်တူသည်။  သူကရုတ်တရက်လက်ကိုဆွဲပြီးသူ့ကိုဖမ်းလိုက်တယ်။

ပ​ဟေဠိဆန်စွာနဲ့ဘဲ သူက ယန်ချုံးရဲ့ ဗိုက်ပေါ်မှ သေးငယ်ပြီး ပုံမှန်မဟုတ်သောအဖုအထစ်လေးကိုကြည့်လိုက်သည်။  " ဘေဘီ ၊ ဒီနေ့မင်းတစ်ခုခုတော့လွဲနေပြီ"

ယန်ချုံးက ကိုးရိုးကားရား နဲ့ တစ်ခစ်ခစ်ရယ်လိုက်ပြီး သူ့အင်္ကျီလက်ကိုမသိမသာသုံးလိုက်ပြီး သူ့အရေပြားပေါ်ပြန့်ကျဲနေသော ချွေးအေးများကိုသုတ်လိုက်သည်။  "ဟားဟား၊ ငါ့မှာဘာမှမမှားနေပါဘူး"

ဒါပေမယ့် ကျိရှင်းလန်က သူ့လုပ်ရပ်တွေကို လွဲချော်ဖို့နည်းလမ်းမရှိခဲ့ပါဘူး။  “ မင်းအရမ်းလျှို့ဝှက်နေတယ်။ မင်းတစ်ခုခုကိုဖုံးကွယ်နေတာလား ?"

ယန်ချုံး အံ့သြသွားသည်။  သူကချက်ချင်းငြင်းပယ်လိုက်သည်။  “ မဟုတ်ဘူး၊ ဘာမှမရှိဘူး။  ငါဘာမှမဖုံးကွယ်ထားပါဘူး။ "


ကျိရှင်းလန်က ပုန်းအောင်းနေသောအရာကို မှန်းဆလို့မရနိုင်သော်လည်း သူ၏ "ချစ်ရသူ" (Xie Yu) ကိုပြန်ခေါ်နိုင်မည့်နည်းလမ်းမရှိပေ။  သူပြန်လာပြီးပြီးချင်း ယန်ချုံးက သူ့အခန်းထဲအမြန်ပြေးနေတာကို သူ(ကျိရှင်းလန်)တွေ့လိုက်တဲ့အခါ သူကမကူညီနိုင်ဘဲအခန်းရဲ့ ဦးတည်ရာကိုကြည့်လိုက်တယ်။  "မင်းအခန်းထဲမှာ ဝှက်ထားဖို့ ဘာမှယူမလာခဲ့ဘူးဆိုတာသေချာလား?  "

"ငါတကယ်မယူလာဘူး! တကယ်က ငါအိမ်သာသုံးချင်လို့! " ယန်ချုံးကသူ့ကြောင်ပေါက်လေးကို သူ့အကျီအောက်မှာဖုံးကွယ်လို့မရတော့ဘူးလို့ ခံစားခဲ့ရတဲ့အတွက်သူကအမှတ်တမဲ့နဲ့ ဆင်ခြေတစ်ခုကိုရှာပြီး ချက်ချင်းထွက်ပြေးသွားခဲ့တယ်။  ဒါပေမယ့် ကျိရှင်းလန်က သူ့လက်မောင်းကိုဆုပ်ကိုင်ထားပြီး သူ့ကိုပြေးမသွားစေခဲ့ပေ။

ကျိရှင်းလန်က  သူ့လက်မောင်းကိုဆုပ်ကိုင်လိုက်သောအခါ ယန်ချုံးရဲ့ကိုယ်က ဟန်ချက်ပျက်သွားသည်။  သူက ကျိရှင်းလန်ရဲ့ ရင်ခွင်ထဲတိုက်ရိုက်ကျသွားလေသည်။ သူ၏ဂျာကင်အင်္ကျီအောက်မှ ကြောင်ပေါက်လေးကလည်း ထိတ်လန့်သွားပုံရသည်။ ကြောင်ပေါက်လေးက သူ့ဂျာကင်အင်္ကျီအောက်၌ စတင်လှုပ်ရှားလာသည်။  ယန်ချုံးရဲ့ကော်လံကရွေ့သွားပြီး ကျယ်လောင်သောအသံနှင့်အတူ ကြောင်ပေါက်လေးရဲ့ ဦးခေါင်းက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ကျိရှင်းလန်က သူ့ကိုယ်သူ စကားမပြောနိုင်တော့တာကိုတွေ့သွားရတယ်

ယန်ချုံးလည်းထိုနည်းတူပင်။

သူတို့နှစ်ယောက်လုံးက တစ်ပြိုင်နက်တည်း ကြောင်ကိုကြည့်ပြီးတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။  အထိတ်တလန့်ဖြစ်သွားသောအခါ ယန်ချုံးက သူ့ကြောင်ပေါက်လေးကို သူ့အင်္ကျီအောက်၌ ပြန်ထားချင်သော်လည်း နောက်ကျသွားပြီဖြစ်သည်။

ကျိရှင်းလန်က ရယ်လိုက်ပြီး မလှုပ်တော့တဲ့ ယန်ချုံးရဲ့လက်ကိုဖမ်းလိုက်တယ်။  သူ့ကိုစိုက်ကြည့်လိုက်သည်။  "ဒါဆို ဝက်အူချောင်းတစ်ဝက်ကိုစားတဲ့သူက သူလား? "

ယန်ချုံးကရိုးသားစွာ ခေါင်းညိတ်လိုက်သည်။

ကျိရှင်းလန်က ကြောင်ပေါက်လေးကို ကုတ်ကနေဆွဲမလိုက်ပြီး ယန်ချုံးရဲ့ ဂျာကင်အောက်မှထုတ်ပစ်လိုက်သည်။

ကျိရှင်းလန်က ကြိုတင်ခန့်မှန်းမိခဲ့သည်။  သူ့မျက်နှာမှာဘာအမူအရာမှမရှိဘဲ ကြောင်ကလေးကို မြှောက်လိုက်ပြီး "လေလွင့်ကြောင်တွေကိုမကောက်နဲ့" လို့ ယန်ချုံး ကိုသတိပေးလိုက်တယ်။

"မပစ်လိုက်ပါနဲ့" ယန်ချုံးက ကြောင်ပေါက်လေးကိုပစ်လိုက်မည်ကို စိုးရိမ်သောကြောင့် ၎င်းကိုအလျင်အမြန် ပြန်လုယူသွားခဲ့သည်။  "လေလွင့်ကြောင်လေးကိုငါကောက်လာတာက ဘာမှားသွားလို့လဲ? စာလေ့လာရတာ၊ နေထိုင်ရတာကတကယ့်ကိုပျင်းစရာကောင်းတယ်၊ ဒါကြောင့်ငါ့ရဲ့ပျင်းရိတာကိုဖယ်ရှားဖို့ ကြောင်ပေါက်လေးကိုကောက်လာတာ ”

ကျိရှင်းလန်က တိရစ္ဆာန်များကိုအလွန်ကြိုက်ပုံမပေါ်ပေ။  သူတောက်ခေါက်လိုက်သည်။  "လေလွင့်ကြောင်တွေနဲ့ပတ်သက်ပြီး ဘာပျော်စရာကောင်းလို့လဲ?  ငါမင်းနဲ့ကစားပေးနိုင်တယ်။ "

ယန်ချုံးက သူ့ကိုရှုပ်ထွေးတဲ့အကြည့်တစ်ချက်ပေးလိုက်တယ်။ ကျိရှင်းလန်က သူနဲ့ဘယ်လိုလုပ် အတိအကျကစားနိုင်မှာလဲ?  သူလုပ်သမျှက သူ့ကိုအနိုင်ကျင့်ခြင်းသာဖြစ်သည်။

ယန်ချုံးရဲ့ မျက်လုံးထဲတွင် မထီမဲ့မြင်ပြုမှုကို မြင်လိုက်သောအခါ ကျိရှင်းလန်က အနည်းငယ်နာကျင်သွားသည်။  အဆုံးမှာတော့ သူကရက်ရောချင်ယောင်ဆောင်ပြီး "မင်းကြောင်တွေကိုကြိုက်ရင် ငါကပိုလှတာကိုတောင် မင်းကို ၀ယ်ပေးနိုင်တယ်" လို့ပြောခဲ့တယ်။

ဒါက ကြောင်တစ်ကောင်ကို မွေး ခွင့်ပြုကြောင်းသဘောတူလိုက်သော လက္ခဏာတစ်ခုဖြစ်ကြောင်းကို ယန်ချုံးသိလိုက်ရသည်။ သူဝမ်းသာသွားပြီး ကျိရှင်းလန် ရဲ့လက်ကိုကိုင်လိုက်တယ်။  "ဒါပေမယ့်ငါဒီကြောင်ပေါက်လေးကိုလိုချင်တယ်"

  ယန်ချုံးက သူ့လက်မောင်းကိုဆုပ်ကိုင်ထားပြီး ချစ်စရာကောင်းသည့်ပုံစံဖြင့် ပြုမူနေသည်ကိုမြင်သောအခါ ကျိရှင်းလန်က လူဆိုးတစ်ယောက်ဖြစ်ရန် မဆုံးဖြတ်မီ ခဏလောက်တိတ်ဆိတ်သွားသည်။  ထုံးစံအတိုင်းသူက လူတေလူညစ်ရဲ့ အဆိုးဆုံးကြင်နာမှုကိုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

"ငါ့ကိုနမ်း"

ယန်ချုံးက သူ့ကိုတစ္ဆေတစ်ကောင်လိုမြင်နေဟန်တူသည်။  သူကဘာမှမပြောပေမယ့် သူ့နားတွေက တဖြည်းဖြည်းနီမြန်းလာတယ်။  သူမကြားချင်ယောင်ဆောင်နေခဲ့သည်။  "ဘာရီး ?"

ကျိရှင်းလန်က ယန်ချုံးရဲ့ နားရွက်များကိုစိုက်ကြည့်ပြီးအခြားသူများကိုအပြစ်တင်စေမည့် အပြုံးတစ်ခုကိုပေးခဲ့သည်။  "လာပါ၊ ငါ့ကိုနမ်း ပြီးရင် အဲဒါကိုငါမင်းကိုမွေးခွင့်ပြုပေးမယ်"

......

T/N 1: တွန့်လိမ်နေတဲ့အလုံးကြီးက ဂြိုလ်သားရဲ့အကြောင်းပြချက်တစ်ချို့အတွက် ငါ့ကိုသတိပေးနေတယ်။ မင်းသိပါတယ်၊လူတစ်ယောက်ရဲ့ရင်ဘတ်ထဲက တိုးထွက်လာတဲ့ကဂြိုလ်သား မြင်ကွင်းလေ။

…...ငါကြောက်စရာကောင်းတဲ့ ရုပ်ရှင်တွေကြည့်တာကိုရပ်ဖို့လိုနေပြီ။

...... ငါဘာပြောနေတာလဲ၊ ထိတ်လန့်စရာကောင်းတဲ့ရုပ်ရှင်တွေကြည့်တာကို ဘယ်တော့မှရပ်မှာမဟုတ်ဘူး။

T/N 2: ဒါကမပြောဘဲနေသင့်ပေမယ့် ကျေးဇူးပြုပြီးတော့ မွေးကင်းစကြောင်ပေါက်လေးတွေကို ဝက်အူချောင်းမကျွေးပါနဲ့။  > _ <

💙14.11.2021

Continue Reading

You'll Also Like

81.5K 11.2K 78
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
384K 25.7K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
125K 5.8K 174
Bota e Mafies është një botë e errët ku jo të gjithë zgjedhin të jenë pjesë e saj. Ajo nuk kishte zgjedhur të ishte pjesë e asaj bote...ishte fati q...