Unicode
~~~~~~~
"ဒေါက်...ဒေါက်!။"
'ဦးရွှေမောင်'တစ်ယောက်အပေါ်ကိုရောက်တော့ အပြင်ကပြန်လာတိုင်းဘုရားစင်အောက်မှာ ရေနွေးထိုင်သောက်နေလေ့ရှိတဲ့ သူ့ရဲ့'ဘိုးစည် 'ကိုမတွေ့
ရတာကြောင့် အခန်းတွေရှိရာဘက်ကို
လျှောက်လာခဲ့လိုက်ပြီး 'ဘိုးစည်'ရဲ့အခန်းတံခါး
ကိုသွားခေါက်လိုက်တယ်။
ချက်ချင်းဆိုသလိုပဲ တစ်ဖက်ကတံခါးလော့ခ်
ဖွင့်သံကထွက်ပေါ်လာပြီး ကျွန်းတံခါးချက်နှစ်ခု
ကပွင့်အာလို့လာတယ်။
"ဘာဖြစ်လို့လဲ ဟိုကလေးကို
ဒေါသထွက်နေတာလား။"
'ဦးရွှေမောင်' ကအခန်းထဲကို
လျှောက်ဝင်လာရင်း တစ်ဖက်လူကိုမေးလိုက်တယ်။
"ကျုပ် ဇီးကွက် ရဲ့ဦးလေးအနေနဲ့တောင်းပန်ရော့တယ်။ ဒီလိုအပြုအမူမျိုးနောင်အခါရှိမလာစေရ
ပါဘူး။"
"လိုလို့လား...ဟမ်။"
တိုက်ပုံချွတ်ထားတာမို့ ထင်ရှားစွာမြင်နေရတဲ့
'ဦးဘိုးစည်'ရဲ့ ခါးသိမ်သိမ်လေးကို 'ဦးရွှေမောင်'က
အနောက်ကနေဆွဲဖက်ရင်းပြောလိုက်တယ်။
"ကျုပ်နဲ့ခင်ဗျားကြားမှာ
ဒါတွေမလိုပါဘူး ဘိုးစည်ရယ်။"
'ဦးဘိုးစည်' ရဲ့ရဲရဲနီနေတဲ့ နားရွက်တွေကို
'ဦးရွှေမောင်'ကမြတ်နိုးစွာနဲ့အနမ်းချွေကာ
ပြောလိုက်ခြင်း။
"တစ်ခုခုပြန်ပြောပါအုံး..
အရှက်သည်းနေလိုက်တာ။ "
တစ်ဖက်လူရဲ့စကားသံခပ်တိုးတိုးက
သူ့နားရွက်ဖျားလေးကိုယားကျိကျိနဲ့ရိုက်ခတ်လာတာကြောင့် 'ဦးဘိုးစည်'ရဲ့ရင်အစုံမှာ
တဒိန်းဒိန်းနဲ့အခုန်မြန်လို့လာရတယ်။
"အဲ့ အဲ့လို မဟုတ်ပါဘူး။"
ထစ်ငေါ့စွာပြောလာတဲ့ သူ၏ချစ်ရသူဟာ
သူ့(ဦးရွှေမောင်)ကိုဆိုအမြဲတမ်းယုံကြည်ပေးခဲ့သူပါလေ။ နှစ်နှစ်ဆယ်ကျော် တစ်လျှောက်လုံး သူနဲ့ကောင်းအတူဆိုးအတူ ရင်ဆိုင်ပေးခဲ့သူ ၊ဒီလူသားကို
သူ့ရဲ့အပိုင်ဖြစ်နဲ့ တစ်လောကလုံးကိုအသိပေးပြီး
ပျော်ရွှင်တဲ့မိသားစု ဘဝလေးအဖြစ် အသက်သွင်းချင်ခဲ့ပေမဲ့ ပတ်ဝန်းကျင်နဲ့၊ အုပ်ချုပ်ရေးအခြေအနေတွေကြောင့်လက်လွှတ်ခဲ့ရတယ်။
သူကအခက်အခဲအားလုံးကိုရင်ဆိုင်နိုင်ပေမဲ့
'ဘိုးစည်'နာကျင်နေရမှာကိုတော့ မကြည့်ရက်ခဲ့တာမို့
စည်းကလေးခြားပြီးပဲ အပြန်အလှန်
မြတ်နိုးခဲ့ကြတာ။အဲ့ဒီစည်းလေးက သူတို့နှစ်ယောက်နဲ့အတူအရိုးမြေကျတဲ့အထိ တည်မြဲနေပါလိမ့်မယ်။
"သိပ်မြတ်နိုးပါရဲ့ ဘိုးစည်။"
တိုင်းရင်းဆေးနံ့လေး ခပ်သင်းသင်းရနေတဲ့
'ဘိုးစည်'ရဲ့ကျောပြင်လေးမှာ 'ဦးရွှေမောင်'
သူ့မျက်နှာလေးကိုအပ်ကာဆိုမိတယ်။
"ကျုပ်လဲ 'ကိုရွှေ'လိုပါပဲ။"
"အင်း...ဒီအတိုင်းလေးပဲ ခဏနေရအောင်နော်။"
"အင်း...ခင်ဗျားသဘော။
ဒီထပ်ကြာကြာလေးဖက်ထားပေးပါ 'ကိုရွှေ'
ကျုပ်သဘောကျတာမို့။"
ပြတင်းပေါက်ကြားကတိုးဝင်လာတဲ့ လေစိမ်းတွေဟာ
အေးစက်တာမို့ သူတို့နှစ်ယောက်လုံး
အကြားအလပ်မရှိစေရန် ပိုပြီးပူးကပ်လိုက်ကြတယ်။
လေစိမ်းတွေကအေးစက်ပေမဲ့ ချမ်းလွန်းတဲ့အထိတော့မဟုတ်။ဒါပေမဲ့သူတို့နှစ်ယောက်လုံးဟာ
ထိုလေစိမ်းလေးကိုပဲ အကြောင်းအရင်းပြုလို့မြဲမြံစွာဖက်တွယ်ထားခဲ့ကြတယ်။
ရေနံဆီမီးအိမ်လေးရဲ့ အလင်းရောင်ဖျဖျအောက်မှာ
တစ်ထပ်တည်းကျလို့နေတဲ့ အရိပ်နှစ်ခုက
အနီးဆုံးနဲ့ အဝေးဆုံးသောအခြေအနေနှစ်ခုအား
ကိုယ်စားပြုလျက်ရှိတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညပိုးကောင်တို့ရဲ့ ကျီကျီကျာကျာ
အော်မြည်သံတို့နဲ့အတူ ညမွှေးပန်းရဲ့ရနံ့တို့က
ရွာလမ်းတစ်လျှောက်မှာထုံသင်းမွှေးပျံ့လို့နေတယ်။
"ရော့... လုံမလေး ထည့်စားချည်"
'ဦးထွန်းဆောင်'က သမီးထွေးလေးဖြစ်သူရဲ့
ပန်းကန်ထဲကိုကြက်သားတုံးလေး ထည့်ပေးရင်း
ပြောလိုက်တယ်။သူတို့ဆီကကြက်က
မြို့ကမွေးမြူရေးအသားတိုးကြက်တွေလိုမဟုတ် အရသာရှိလှတဲ့ တောကြက်၊ဗမာကြက်စစ်စစ်။
ဘာဟင်းချက်ရမလဲမသိတဲ့ 'ဒေါ်သိမ်းကြည်'
တစ်ယောက်ခမျာ ရွာစွန်က ခွေးမဲကြီးဝင်ဆွဲတဲ့ဒဏ်ရာနဲ့ဆုံးသွားတဲ့ အိမ်ကကြက်မကြီးကြောင့်တော်တော်လေးအဆင်ပြေလို့သွားရတယ်။ဗမာကြက်လေးကို ငရုတ်သီးအရှည်တောင့်နဲ့ လုံးထားပြီး အရည်စပ်စပ်လေးချက်ထားတာမို့ စားရတာလည်းခံတွင်းတွေ့ ၊' ဦးထွန်းဆောင် ' ဆို သုံးပန်းကန်
မြောက်ရယ်ပါ။
"ဟဲ့ ငကျောက်ခဲ..ထည့်စားလေ
အစားနည်းလှချည်လား။ဘာတွေစားထားလို့တုံး။"
ဟင်းကောင်းလေးများချက်ရင် ထမင်းအများကြီးစားလေ့ရှိတဲ့ သားဖြစ်သူက ယခုတော့ ထမင်းကို
တို့ခနဲ ဆိတ်ခနဲစားလို့နေတာမို့ 'ဒေါ်သိမ်းကြည်'
ကမေးလိုက်တယ်။ကြက်မကြီး အတွက်ဝမ်းနည်းလို့
စားမဝင်တာများလားလေ။
"ဟို..ကျုပ်အမတို့ကို ခွင့်တောင်းစရာရှိလို့ပါ။ "
"အင်း...ပြောလေ။"
'ဒေါ်သိမ်းကြည်'က ထမင်းလုတ်ကို ပါးစပ်ထဲထည့်
ရင်းပြောလိုက်တယ်။
"ကျုပ်ကိုသိင်္ခနဲ့ မြို့ကိုလိုက်သွားချင်လို့။"
ကျုပ် အမ ရဲ့အခြေအနေကိုအကဲခတ်ရင်း
ပါးစပ်ထဲကထမင်းတွေကိုအသာမြိုချလိုက်ရတယ်။ စိတ်ထဲမှာတော့အမကခွင့်မပြုလောက်ဘူးလို့
ထင်တာပဲ။
"သြော်..လိုက်သွားလေ
လှူဖွယ်ပစ္စည်းတွေ၊ ဘာတွေဝယ်ဖို့မဟုတ်လား။"
"မဟုတ်ဘူး အမ...ကျုပ်ပြောတဲ့ မြို့ဆိုတာ
ရန်ကုန်မြို့ကိုပါ။ "
"ဟေ...။"
'ကျောက်ခဲ'ရဲ့စကားအဆုံးမှာ 'ဦးထွန်းဆောင်'
က အံသြသလိုအသံပြုလာတာကလွဲလို့
ထမင်းဝိုင်းတစ်ခုလုံး တိတ်ဆိတ်လို့
သွားရတယ်။
"နင်ဘာတွေလာပြောနေတာလဲ ငကျောက်ခဲ။"
'ဒေါ်သိမ်းကြည်'ကကိုက်လက်စ
ကြက်သားတုံးကိုပန်းကန်ထဲပြန်ချပြီး
'ကျောက်ခဲ'ကို မာန်လိုက်တယ်။
"မင့်ကို ဘယ်သူကတာဝန်ယူမှာလဲ ကျောက်ခဲရယ်။
အဘတို့ဖြင့် ရန်ကုန် ဆိုတာကြားပဲကြားဖူးတာရယ်...ကိုယ့်ရပ်ကိုယ့်ရွာနဲ့လဲ အဝေးကြီးဆိုတော့
ငွေတွေကလဲကုန်အုံးမှာမို့လား။"
'ဦးထွန်းဆောင်' က မဖြစ်နိုင်တဲ့ကိစ္စမို့သားဖြစ်သူကို
နားချလိုက်တယ်။ ခရီးကဝေးလွန်းတော့ သူ့အမကလဲလွှတ်မှာမဟုတ်သလို သူကလဲစိတ်မချပါဘူး။
ရန်ကုန် မှာနေစရိတ်၊ စားစရိတ်လဲကြီးတယ်လို့ကြားဖူးတယ်။ အဲ့အတွက်လဲလုံလောက်တဲ့ငွေကြေး
သူတို့လက်ထဲမှာရှိမနေဘူးလေ။
"အဲ့အတွက် အဘတို့စိတ်မပူရော့နဲ့...ကျုပ်မှာလဲစုဆောင်းထားတာလေးတွေရှိပါတယ်၊ 'ကိုသိင်္ခ' က
ကျုပ်ကိုရန်ကုန်မြို့ကြီးအနှံ့ကို လိုက်ပို့ပေးမယ်တဲ့
ကျုပ်လိုက်သွားချင်တယ် အဘရယ်။"
"အလိုတော်...လိုက်မသွားရပါဘူး။
ကျုပ်စိတ်မချဘူး။ မြို့ဆိုတာလူလိမ် ၊လူကောက်
တွေပေါပါဘိနဲ့ နင်ကလဲတုံးတုံးအအရယ်။
မဖြစ်ပါဘူးကျောက်ခဲရယ်။"
မိဘဆိုတော့လဲ စိတ်ပူတတ်တာအဆန်းမဟုတ်ဘူးဗျ။ ကျုပ်တော့အစ်ကို့ကို ဘယ်လိုပြန်ပြောရမလဲ
မသိတော့ပါဘူး။ ကျုပ်ရန်ကုန်ကိုလိုက်ချင်တာမှန်
ပေမဲ့ အဘနဲ့အမက ခွင့်မပြုမှတော့
ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။အမ ကပြောရင်
လဲအပြတ်ပဲမို့ လွယ်တော့မလွယ်ဘူးဗျ။
"အဘ...ကူပြောပေးပါအုံး။"
ကျုပ်အဘကို စစ်ကူတောင်းလိုက်ပေမဲ့ အဘက
ကျုပ်ကိုမသိချင်ယောင်ဆောင်ပြီး 'ညိုမ' ပန်းကန်ထဲကိုဟင်းတွေပဲခပ်ထည့်ပေးနေတယ်လေ ၊ အမ ကိုပြန်ကြည့်တော့လဲ အမကကျုပ်ကိုတောင်အရေးမစိုက်တာမို့ကျုပ်ခမျာ ငိုချင်စိတ်ပါပေါက်သွားရတော့တာပေါ့ဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'သိင်္ခ ' တစ်ယောက်လဲ ညစာစားပြီးတာနဲ့ တပြိုင်နက်
အပေါ်ထပ်ကိုပြန်တက်လာလိုက်ပေမဲ့ ဦးလေးဖြစ်သူ
က သူ့အခန်းရှေ့မှာရပ်စောင့်နေတာမို့
လခြမ်းကွေးသဏ္ဍာန်မျက်ခုံးတို့က
တွန့်ချိုးသွားရတယ်။
"လေးလေးက ဘာပြောအုံးမလို့လဲ။"
'ဦးရွှေမာင်'က တူဖြစ်သူရဲ့ ထီမထင်တဲ့မျက်နှာပေးကို
ကြည့်ရင်း ရယ်ချင်စိတ်တို့ဖြစ်ပေါ်လာရတယ်။
"ခြံထဲမှာအေးဆေးလမ်းလျှောက်ရင်း ပြောကြမယ်လေ။မင့်ကို လေးလေး ကအောက်ပြန်ဆင်းလာခဲ့ဖို့
ပြောသားပဲ။မင့်ကမလာတော့ လေးလေးကပဲ
လာရတော့တာပေါ့။"
'သိင်္ခ'လဲအရှေ့ကနေခပ်သွက်သွက်လျှောက်
သွားနေတဲ့ဦးလေးဖြစ်သူရဲ့အနောက်ကနေ တိတ်တဆိတ်လိုက်လို့လာခဲ့တယ်။
လဆန်းရက်ပေမို့ 'လ'ကလေးဟာကြယ်တွေကြားမှာ
ခပ်ကွေးကွေးလေးအိပ်ပျော်လို့ ၊ခြံဝန်းထဲမှာ စိုက်ထူထားတဲ့ ရေနံဆီမီးတိုင်နှစ်တိုင်ကအားကောင်းစွာနဲ့ 'တဖျောက်ဖျောက်'မြည်အောင် တောက်လောင်လို့နေတယ်။
ခြံထောင့်မှာအခိုင်အမာတည်ရှိလို့နေတဲ့
ယုဇနပန်းပင်ကြီးဟာလဲနှင်းစက်တို့အလားဖြူဖွေးတဲ့ပန်းပွင့်တို့ကိုသီကုံးလို့ နှစ်လိုဖွယ်ရနံ့ဖျော့ဖျော့လေးဆောင်ကျဉ်းလို့နေလျက် ညရဲ့ရသကိုဖော်ကျူးပေးလျက်ရှိတယ်။
"ဆိုပါအုံး...ဟိုကလေးနဲ့ဘာဖြစ်ကြတာလဲ။"
'ဦးရွှေမောင်'က 'သိင်္ခ'ရဲ့မျက်နှာကို
ခေါင်းငဲ့ကြည့်ရင်းမေးလိုက်တယ်။
ဘေးတိုက်အနေအထားပေမို့ မျက်နှာတစ်ခြမ်းက
အမှောင်ရိပ်ကျနေကာ အမူအရာကောင်းစွာမမြင်ရပေမဲ့၊ကျန်တစ်ဖက်ရွှေရောင်ခပ်ဝင်းဝင်းမျက်နှာဘက်ကတော့ အပြုံးရေးရေးလေးစွန်းထင်းလျှက်
ရှိတာကြောင့် သူတောင်လိုက်ပြုံးမိသွားတယ်။
"ဘာမှမဖြစ်ပါဘူး။
လေးလေး နားထောင်ချင်မှာမဟုတ်ဘူး။"
'သိင်္ခ'က ယုဇနပင်ကြီးရှိရာကိုဖြည်းညင်းစွာ
လျှောက်သွားပြီးပြောလာတယ်။
"သိင်္ခ..မင်းကအခုငါ့ကိုပါ
ချယ်လှယ်ချင်နေပြီပေါ့လေ။"
'ဦးရွှေမောင်'က လည်ပင်းမှာပတ်ထားတဲ့
နီညိုရောင်မာဖလာစလေးကိုညာဘက်ပြောင်းရင်း
ပြောလိုက်တယ်။ ပြုံးစစနှင့်မျက်နှာပေးက
တူဖြစ်သူကို စနောက်ရတာကို နှစ်ချိုက်နေသည့်ပုံ။
"လေးလေးကရောအခုကျ ဘာကြောင့်
ရိုးအသလိုဟန်ဆောင်နေတာလဲ။"
အညိုရောင်မြေပြင်မှာ လဲလျောင်းလို့နေတဲ့
ယုဇနပန်းအကြွေတွေကိုကောက်ယူရင်း
သူလေးလေးကိုပြန်မေးလိုက်တယ်။
"ကြီးကျယ်တဲ့ငါ့တူက အသက်တောင်မပြည့်သေး
တဲ့ကလေးနဲ့ပြဿနာဖြစ်တယ်ဆိုတော့ လေးလေးက
အံ့သြနေလို့ပါကွယ်...မောင်ကျောက်ခဲကြောင့်
တော့မဟုတ်ဘူးမလား။"
'သိင်္ခ'က ဦးလေးဖြစ်သူရဲ့အဖြေကြောင့်
သူ့ရဲ့အစွယ်လေးတွေပေါ်တဲ့အထိပြုံးလိုက်ရင်း
လက်ထဲကပန်းအဖြူတွေကို အနီးအနားမှာရှိတဲ့
နှီးခြင်းကြီးထဲကိုပစ်ထည့်လိုက်တယ်။
"တွေ့လား..ထပ်ပြီးဟန်ဆောင်နေပြန်ပြီ။
အံသြနေတယ်ပေါ့..ကျွန်တော့်အထင်
လေးလေးက မြင်းပွဲနဲ့တောင်မှားနေသလားလို့လေ။"
"ဘာလို့ပန်းတွေကို လွှင့်ပစ်လိုက်တာလဲ
ပန်းတွေက အကောင်းကြီးရှိသေးတယ်မလား။"
တူဖြစ်သူရဲ့အပြုအမူကို 'ဦးရွှေမောင်'က
နားမလည်နိုင်စွာနဲ့မေးလိုက်တယ်။တစ်ခါတလေဆို
'သိင်္ခ'သိပ်ကိုမှန်းဆရခက်တယ်။
"ကျွန်တော်မကြိုက်လို့။"
ပန်းလေးတွေကမွှေးပါတယ်၊ဒါပေမဲ့သူကမြေသင်းနံ့ လေးကိုပဲမြတ်နိုးတယ်။ ဒီပန်းတွေကမြေပြင်ပေါ်မှာ ကြွေကျနေမှတော့ မြေသင်းနံ့လေးကိုဖုံးအုပ်သွားမှာပေါ့။သူအဲ့ဒါကိုကြောင့်ဖယ်ရှားပစ်လိုက်တာ။
"မကြိုက်တာနဲ့ပဲလွှင့်ပစ်ရသလား'သိင်္ခ'ရယ်
သူ့မှာလဲ သူ့တန်ဖိုးနဲ့သူရှိတာပဲမဟုတ်လား။"
"ဒါပေမဲ့ ကျွန်တော့်အတွက်မှမလိုအပ်တာ။"
ခေါင်းမာပြီးရှုပ်ထွေးလှတဲ့'သိင်္ခ' ကိုသူဘယ်လို
အားနဲ့များစကားရည်လုနိုင်အုံးမှာလဲ၊၊
"ကဲ ကဲ ထားပါလေ...ကျုပ်ကပဲအလျှော့ပေးရော့တယ်။အဲ့တော့ အဲ့ကလေးက
မင့်ကို ဘာကြောင့်ဒေါသထွက်နေတာလဲ။"
အပြင်မှာနေရတာနည်းနည်းအေးလာသလို
ခံစားရတာမို့ 'ဦးရွှေမောင်'လိုရင်းကိုပဲ
မေးလိုက်တော့တယ်။
"လေးလေး နားမထောင်ချင်လောက်ဘူး
ကျွန်တော်အတည်ပြောနေတာ။"
"သိသွားတာလား..အဲ့ကလေးကလေ။"
"ဟုတ်တယ်။"
သူ့(ဦးရွှေမောင်)ရင်ထဲမှာထိတ်ခနဲ ၊ဒါ..ဒါကို
ဒီကောင်လေးက အခုထိ ဘာမှမဖြစ်သလိုနေနိုင်
သေးတယ်။ 'သိင်္ခ ' တစ်ယောက်ဘာလုပ်ဖို့တွေးနေတာလဲ။
"သိင်္ခ မင်း...မဟုတ်တာတွေလုပ်ဖို့မစဉ်းစားနဲ့နော်
ဒီကိစ္စကို လေးလေးဖြေရှင်းလိုက်မယ်။အဲ့ကလေးကိုလေးလေးတာဝန်ထားလိုက်။"
'ဦးရွှေမောင်'ကသတိကြီးစွာနဲ့ပြောလိုက်တယ်
ဒီကိစ္စ က အရပ်ထဲမှာပျံ့နှံ့သွားလို့မရဘူး။
"လေးလေး ဒီကိစ္စကိုဘာမှလုပ်ပေးစရာမလိုပါဘူး။
ဇီးကွက်ကပါးနပ်တာမို့ လေးလေး ပြောလဲ
သူယုံမှာမဟုတ်ဘူး။သူကအကုန်သိနေမှတော့
ကျွန်တော်လဲ ဖုံးကွယ်ထားဖို့မကြိုးစားတော့ဘူး။"
" သိင်္ခ!။"
ချက်ချင်းဆိုသလို
မာထန်သွားတဲ့လေသံနှင့်အတူ၊ 'ဦးရွှေမောင်'ရဲ့
မူလပုံရိပ်တို့ကပြန်လည်ထွက်ပေါ်လာခဲ့တယ်။
"အဟား..ဒါကမှ ကျွန်တော့်ရဲ့
လေးလေးအစစ်ပါလား။"
'သိင်္ခ' က ယုဇနပင်ကြီးဘက်ကို မျက်နှာမူနေရာကနေ
ဦးလေးဖြစ်သူထံကို လှည့်ကြည့်ပြီးပြောလိုက်တယ်။
မဟူရာအမှောင်ရိပ်အောက်မှာ အေးစက်ကာစူးလက်နေတဲ့ မျက်ဝန်းနှစ်စုံကပြင်းထန်စွာ အားပြိုင်နေကြလေပြီ၊၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လေတိုးသံနဲ့ ၊
ပိုးပုရစ်ကောင်အချို့ ရဲ့ အော်မြည်သံကလွဲလို့ အရာအားလုံးကကြောက်မက်ဖွယ်ကောင်းလောက်အောင်
တိတ်ဆိတ်လို့နေခဲ့တယ်။
"ငါခွင့်မပြုဘူး သိင်္ခ။"
'ဦးရွှေမောင်'ရဲ့ယခင်က ကျီစယ်လိုဟန် အပြည့်နဲ့
မျက်နှာတော်ဟာ ယခုတော့ဖြင့် တည်ငြိမ်ကာ
ပြတ်သားလျက်ရှိတယ်။
မျက်ဝန်းထောင့်ကနေ တဖျစ်ဖျစ်လောင်ကျွမ်းလျက်ရှိတဲ့မီးတိုင်တွေကတော့ နှလုံးအိမ်ရဲ့အဆုံးမှာတောက်လောင်နေတဲ့ ခံစားချက်တွေကိုဖော်ပြနေ
သယောင်။
"အဲ့တော့....သေတဲ့အထိ မကောင်းဆိုးဝါး
တစ်ကောင်လို ပုန်းလျှိုးကွယ်လျှိုးနဲ့
နေသွားရမှာလား။လေးလေး လိုလေ။"
မျက်ခုံးနက်နက်တို့ကအပေါ်ကိုမြင့်တက်နေကာ
နှုတ်ခမ်းတစ်ဖက်ကလဲ တွန့်ကွေးလို့
လှောင်ရယ်လိုတဲ့အငွေ့အသက်တို့က 'သိင်္ခ'ဆီမှာအပြည့်။
တလိပ်လိပ်နဲ့ထွက်လာတဲ့ ဒေါသတို့ကြောင့်
'ဦးရွှေမောင်' လက်သီးကို တင်းကျပ်စွာ
ဆုပ်လိုက်ရင်း လက်သူကြွယ်မှာ ဝတ်ဆင်ထားတဲ့
ယွန်းလက်စွပ်လေးကိုအသာပွတ်သပ်ကာ
စိတ်ကိုဖြေလျှော့နေလိုက်တယ်။
"မင်းရဲ့အကြည့်ကိုပြင်လိုက် သိင်္ခ
မင်းကိုယ်မင်း သိပ်ဟုတ်လှပြီထင်မနေနဲ့
မင်းမှာ ငါ့ကိုလှောင်ရယ်ခွင့်ရှိမနေဘူး။"
"အဟား ဟား...ဆောရီး..အဟမ်း...တကယ်ဆောရီး
ကျွန်တော်လေးလေး ပြောမှပဲရယ်ချင်လာ
တော့တယ်။"
"ဝုန်းး!"
'ဦးရွှေမောင်' က 'သိင်္ခ'ဆီကိုခုန်အုပ်ပြီး
သူ့ရဲ့ ဝမ်းဗိုက်ကိုခပ်ပြင်းပြင်းလက်သီးတစ်လုံး
ပစ်သွင်းလိုက်တယ်။
'သိင်္ခ'ရဲ့အင်္ကျီကော်လံကတော့ ခပ်တင်းတင်းဆွဲစောင့်ခံလိုက်ရပြီး ကျောပြင်ကလဲ ယုဇနပင်စည်
ခပ်မာမာနဲ့မိတ်ဆက်လို့သွားရတာမို့ ကျောရိုးတစ်လျှောက်အောင့်ခနဲ။
ဒါပေမဲ့ သူ(သိင်္ခ)အပြုံးမပျက်စွာနဲ့ပဲ
ဦးလေးဖြစ်သူရဲ့မျက်နှာကိုစိုက်ကြည့်ပြီး
ထပ်ပြောလိုက်တယ်။
"လေးလေးက ကျွန်တော်လေးစားရတဲ့သူပါ ဒါပေမဲ့
အချစ်ရေးခံယူချက် နဲ့ပတ်သက်လာရင်တော့
လေးလေးကို ကျွန်တော်အထင်မကြီးဘူး။
အခုကစပြီး ကျွန်တော်ဘဝအတွက် ကျွန်တော့်ဘာသာဆုံးဖြတ်ပါရစေ။ ကျွန်တော်ရဲ့ဖြစ်တည်မှု အတွက်လဲ လေးလေး စိတ်ပူပေးစရာမလိုဘူး။"
"သိင်္ခ မင်းအမေကို မငဲ့တော့ဘူးလား
သူ့ရဲ့သိပ်တော်လှပါတယ်ဆိုတဲ့သားက
ဒီလို ဖြစ်နေတာသိသွားရင်..မင်း ..မင်း
အမေကို ပြန်သတ်ချင်နေတာလား။"
'ဦးရွှေမောင်'က 'သိင်္ခ'ရဲ့အင်္ကျီကိုတင်းကျပ်စွာ
ဆုပ်ကိုင်ပြီး ဒေါသတကြီးနဲ့ပြောလိုက်တယ်။
"အဲ့ဒါက ကျွန်တော့်အပိုင်းပါ။ကျွန်တော်ဖြည်းဖြည်း
ချင်းကြိုးစားသွားမှာ လေးလေးလိုတော့ တစ်သက်လုံးဖုံးကွယ်ထားမှာမဟုတ်ဘူး။"
"ကောင်းပြီလေ..မင်းဘယ်လောက်ခံနိုင်ရည်
ရှိလဲ ကြည့်ရသေးတာပေါ့။လူတွေရဲ့ ပါးစပ်အကြောင်းကိုမင်းမသိသေးပါဘူး။"
"လေးလေး လို လူကတောင်ကြောက်ရွံ့သွားရတဲ့
အထိ စွမ်းဆောင်နိုင်တဲ့ အဲ့ပါးစပ်တွေအကြောင်းကို
ကျွန်တော်လဲ သိချင်မိပါရဲ့။"
'သိင်္ခ' ရဲ့စကားအဆုံးမှာ'ဦးရွှေမောင်'ရဲ့မျက်နှာက
ခံစားချက်တို့လွင့်စင်သွားခဲ့ပြီး 'သိင်္ခ'ကို
ချုပ်ကိုင်ထားရာက လွှတ်ပေးလိုက်တော့
တယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ အင်္ကျီကို ပြန်လည်ပြင်ဆင်လိုက်ပြီး ထိုနေရာကနေ တည်ငြိမ်စွာနဲ့ထွက်သွားတော့လေရဲ့။
သူ 'သိင်္ခ' ကိုခဏတာလွှတ်ပေးဖို့ပဲရှိတော့တယ်။
ဒီလိုအရာတွေကကိုယ်တိုင်တွေ့ကြုံရမှာသာ
အမှန်တကယ်နားလည်နိုင်လိမ့်မယ်မဟုတ်လား။
မင်းရဲ့တဇွတ်ထိုး လုပ်ရပ်တွေအတွက်
နောင်တမရဖို့ လေးလေး ဆုတောင်းပေးပါရဲ့ 'သိင်္ခ'။
.
.
.
.
.
.
"ကျောက်ခဲလေး....ကိုယ့်ကျောက်ခဲလေး
ကိုယ်မင်းကို ရအောင်ယူတော့မှာမို့
ကိုယ့်ကိုစိတ်ပျက်အောင်တော့မလုပ်နဲ့နော် ။"
လခြမ်းကွေးလေးကိုကြည့်ကာ အခုချိန်ဆိုအိပ်ပျော်
နေလောက်ပြီဖြစ်တဲ့ ကောင်လေးကိုလှမ်း
သတိပေးမိတယ်။စည်းကမ်းတွေ၊ သိက္ခာတွေ
ကိုဖျက်ပြီး မင်းကိုပဲရင်ခွင်ထဲထည့်ထားနိုင်ဖို့ ကြိုးစားတော့မှာမို့ ၊ မင်းဆီကလက်ခံတယ်
ဆိုတာကိုပဲ ကိုယ်လိုချင်တယ်။
"အိမ်မက်လှလှမက်ပါစေနော်
ကိုယ့်ကျောက်ခဲလေး။"
တိတ်ဆိတ်တဲ့ညအမှောင်ယံထဲမှာနှစ်ချိုက်စွာ
အိပ်ပျော်နေတဲ့လခြမ်းကွေးလေးကိုကြည့်ရင်း
'သိင်္ခ'ဟာစိတ္တဇဆန်ဆန်နဲ့ပြောလာလေရဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပ်ပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်ပါ။
[Aa/ သိင်္ခ ရဲ့ darksideကိုခံစားမိကြလား?]
မကြိုက်ဘူးလားမသိ၊ Viewသိပ်မရှိဘူးနော်
Cmtလည်းသိပ်မရှိတော့ တင်ရတာအားမရှိ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous chapter
~~~~~~~~~~~~~~
"သိင်္ခ ...မင်းလည်းခဏနေရင်
အောက်ကိုပြန်ဆင်းလာခဲ့ချည်။"
အနောက်ကနေ ပြောလာတဲ့ဦးလေးဖြစ်သူကို
တစ်ချက်ခန့်လှည့်ကြည့်လိုက်ပြီးနောက် 'သိင်္ခ'
လည်းအပေါ်ကိုတက်လာခဲ့လိုက်တယ်...အာရုံနောက်လိုက်တာ၊ဘာတွေမေးဦးမလဲမသိ။
🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
"ဒေါက်...ဒေါက်။"
ဖွင့်သံကထွက်ပေါ်လာပြီး ကျွန်းတံခါးချက်နှစ်ခုကပွင့်လို့လာတယ်။
ဒေါသထွက်နေတာလား။"
'ဦးရွှေမောင်' ကအခန်းထဲလျှောက်ဝင်လာရင်း
"ကျုပ် 'ဇီးကွက်' ရဲ့ဦးလေးအနေနဲ့ တောင်းပန်ရော့တယ်ဒီလိုအပြုအမူမျိုး နောင်အခါရှိမလာစေရပါဘူး။"
"လိုလို့လား...ဟမ်။"
'ဦးရွှေမောင် ' က တိုက်ပုံကိုချွတ်ထားတာမို့
လေးကို အနောက်ကနေဆွဲဖက်ရင်းပြောလိုက်တယ်။
'ဦးဘိုးစည်' ရဲ့ ရဲရဲနီနေတဲ့ နားရွက်တွေကို 'ဦးရွှေမောင်'ကမြတ်နိုးစွာနဲ့အနမ်းချွေရင်းပြောလိုက်တယ်။
"တစ်ခုခုပြန်ပြောပါဦး..
အရှက်သည်းနေလိုက်တာ။ "
သူ့(ဦးဘိုးစည်)နားရွက်အား
ငှက်မွှေးလေးတို့ဖြင့် ကျီစယ်
ထိတွေ့နေသည့်အလားယားကျိကျိနဲ့ခံစားနေရပြီး၊ ရင်အစုံမှာလည်းတဒိန်းဒိန်းနဲ့အခုန်မြန်လို့လာရတယ်။
"အဲ့ အဲ့လို မဟုတ်ပါဘူး။"
ထေ့ငေါ့စွာပြောလာတဲ့ သူ၏ချစ်ရသူဟာ
မြတ်နိုးခဲ့ကြတာ။ ထိုစည်းလေးက သူတို့နှစ်ယောက်နဲ့အတူအရိုးမြေကျတဲ့အထိ တည်မြဲနေပါလိမ့်မယ်။
'ဘိုးစည်'ရဲ့ကျောပြင်ကျယ်လေးမှာ 'ဦးရွှေမောင်'ကသူ့ရဲ့မျက်နှာလေးကိုအပ်ကာဆိုလိုက်တယ်။
"ကျုပ်လည်း 'ကိုရွှေ'လိုပါပဲ။"
"အင်း...ဒီအတိုင်းလေးပဲ
ခဏနေရအောင်နော်။"
"အင်း...ခင်ဗျားသဘော။"
ကျုပ်သဘောကျတာမို့။
လေစိမ်းတွေက အေးစက်ပေမဲ့ မခံမရပ်နိုင်သည်အထိတော့မဟုတ် သို့ပေမဲ့ သူတို့နှစ်ယောက်လုံးဟာ သည်လေစိမ်းလေးကိုပဲ အကြောင်းအရင်းပြုလို့မြဲမြံစွာဖက်တွယ်ထားကြလေတယ်။
ရေနံဆီမီးအိမ်လေးရဲ့ အလင်းရောင်ဖျဖျအောက်မှာတစ်ထပ်ထဲကျလို့နေတဲ့ အရိပ်နှစ်ခုဟာ
ကိုယ်စားပြု လျက်........။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညပိုးကောင်တို့ရဲ့ ကျီကျီကျာကျာ အော်မြည်သံတို့နဲ့အတူညမွှေးပန်းတို့ရဲ့ ရနံ့တို့က ရွာလမ်းတစ်လျှောက်မှာထုံသင်းပျံ့နှံ့လို့နေတယ်။
ပန်းကန်ထဲသို့ကြက်သားတုံးလေး ထည့်ပေးရင်းပြောလိုက်တယ်။သူတို့ဆီကကြက်က
အစားနည်းလှချည်လား...ဘာတွေစားထားလို့တုန်း။"
စားမဝင်တာများလားလေ။
"ဟိုလေ...ကျုပ်အမတို့ကို ခွင့်တောင်းစရာရှိလို့ပါ။ "
"အင်း...ပြောလေ။"
"ကျုပ်လေ 'ကိုသိင်္ခ' နဲ့ မြို့ကိုလိုက်သွားချင်လို့။"
ကျုပ် အမ ရဲ့အခြေအနေကိုကြည့်ရင်း ပါးစပ်ထဲကထမင်းတွေကိုအသာမြိုချလိုက်ရတယ်။ ကျုပ်စိတ်ထဲမှာတော့အမကခွင့်မပြုလောက်ဘူးလို့ ထင်နေမိတယ်။
"အော်....လိုက်သွားလေ
ရန်ကုန်မြို့ကိုပါ။ "
"ဟေ...။"
'ကျောက်ခဲ' ရဲ့စကားအဆုံးမှာ အဘက
အံသြသယောင်အသံပြုလာတာကလွဲလို့
သွားရတယ်။
"နင်ဘာတွေလာပြောနေတာတုန်း ငကျောက်ခဲ။"
လိုက်ပြီး 'ကျောက်ခဲ'ကို မာန်လိုက်တယ်။
အဘတို့ဖြင့် ရန်ကုန် ဆိုတာကြားဘဲကြားဖူးတာရယ်...ကိုယ့်ရပ်ကိုယ့်ရွာနဲ့လည်း အဝေးကြီးဆိုတော့ ငွေတွေကလည်းကုန်ဦးမှာမို့လား။"
ရန်ကုန် မှာနေစရိတ်၊ စားစရိတ်လဲကြီးတယ်လို့ကြားဖူးတာမို့အဲ့အတွက်လည်း သူတို့မှာလုံလောက်တဲ့ငွေကြေး လက်ထဲမှာရှိမနေဘူးလေ။
"အဲ့အတွက် အဘတို့စိတ်မပူရော့နဲ့...ကျုပ်မှာလည်းစုဆောင်းထားတာလေးတွေရှိပါတယ်၊ 'ကိုသိင်္ခ' ကကျုပ်ကိုရန်ကုန်မြို့ကြီးအနှံ့ကို လိုက်ပို့ပေးမယ်တဲ့ကျုပ်လိုက်သွားချင်တယ် အဘရယ်။"
ကျုပ်စိတ်မချဘူး ...မြို့ဆိုတာလူလိမ် ၊ လူကောက်
တွေပေါပါဘိနဲ့....နင်ကလည်းတုံးတုံးအအရယ်....မဖြစ်ပါဘူးကျောက်ခဲရယ်။"
မိဘဆိုတော့လည်း စိတ်ပူတတ်တာအဆန်းမဟုတ်ဘူးဗျ ကျုပ်တော့ အစ်ကို့ ကို ဘယ်လိုပြန်ပြောရမလဲ
မသိတော့ပါဘူး၊ကျုပ်ရန်ကုန် ကိုလိုက်ချင်ပေမဲ့
ကျုပ်လဲ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။
အမ ကပြောရင်လည်း အပြတ်ပဲမို့ လွယ်ကူမနေပါဘူးဗျာ။
"အဘ....ကူပြောပေးပါဦး။"
ကျုပ်ကိုမသိချင်ယောင်ဆောင်ပြီး 'ညိုမ' ပန်းကန်ထဲကိုဟင်းတွေဘဲခပ်ထည့်ပေးနေတယ်လေ ၊ အမ ကိုပြန်ကြည့်တော့လဲ အမ က ကျုပ်ကိုတောင်အရေးမစိုက်တာမို့ကျုပ်ခမျာ ငိုတောင်ငိုချင်သွားရတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'သိင်္ခ ' တစ်ယောက်လဲ ညစာစားပြီးတာနဲ့ တပြိုင်နက် အပေါ်ထပ်ကိုပြန်တက်လာလိုက်ပေမဲ့ ဦးလေးဖြစ်သူက သူ့အခန်းရှေ့မှာရပ်စောင့်နေတာမို့ ဇင်ယော်တောင်မျက်ခုံးတို့က တွန့်ချိုးသွားရတယ်။
"လေးလေးက ဘာပြောဦးမလို့လဲ။"
"ခြံထဲမှာအေးဆေးလမ်းလျှောက်ရင်း ပြောကြမယ်လေ...မင့်ကို လေးလေး ကအောက်ပြန်ဆင်းလာခဲ့ဖို့
ပြောသားပဲ...မင့်ကမလာတော့
လေးလေးကဘဲလာရတော့တာပေါ့။"
'သိင်္ခ'လည်း အရှေ့ကနေဦးဆောင်လျှောက်လို့သွားတဲ့ဦးလေးဖြစ်သူရဲ့အနောက်ကနေ တိတ်တဆိတ်လိုက်လို့လာခဲ့တယ်။
လဆန်းရက်ပေမို့ 'လ'ကလေးဟာခပ်ကွေးကွေးလေးအိပ်ပျော်လို့ ၊ခြံဝန်းထဲမှာ စိုက်ထူထားတဲ့ ရေနံဆီမီးတိုင်နှစ်တိုင်က
ယုဇနပန်းပင်ကြီးဟာလည်း
နှင်းစက်တို့အလားဖြူဖွေးသော ပန်းပွင့်တို့ကိုသီကုံးလို့ နှစ်လိုဖွယ်ရနံ့ဖျော့ဖျော့လေးဆောင်ကျဉ်းလို့နေလျက်။
"ဆိုပါဦး...ဟိုကလေးနဲ့ဘာဖြစ်ကြတာလဲ။"
ဘေးတိုက်အနေအထားပေမို့ မျက်နှာတစ်ခြမ်းကအမှောင်ရိပ်ကျနေကာ အမူအရာကောင်းစွာမမြင်ရပေ၊ကျန်တစ်ဖက်က ရွှေရောင်ခပ်ဝင်းဝင်းမျက်နှာဘက်ကတော့ အပြုံးရေးရေးလေးစွန်းထင်းလျှက်ရှိတာမို့ သူတောင်လိုက်ပြုံးမိသွားတယ်။
"ဘာမှမဖြစ်ပါဘူး...
'သိင်္ခ'က ယုဇနပင်ကြီးရှိရာကိုဖြေးညှင်းစွာ
လျှောက်သွားရင်းပြောလိုက်တယ်။
"အဟက်ဟက်...'သိင်္ခ'
နီညိုရောင်မာဖလာစလေးကို ဘက်ပြောင်းရင်း
ပြောလိုက်တယ် ၊ ပြုံးစစနှင့်မျက်နှာပေး က
"လေးလေးကိုလား
ဘာလို့အခုကျ ရိုးအသလိုဟန်ဆောင်နေတာလဲ။"
ယုဇနပန်းအကြွေလေးတွေကိုကောက်ယူရင်း
သူလေးလေးကိုမေးလိုက်တယ်။
တဲ့ကလေးနဲ့ပြသနာဖြစ်တယ်ဆိုတော့ လေးလေးကအံ့သြနေလို့ပါကွယ်...'မောင်ကျောက်ခဲ' ကြောင့်တော့မဟုတ်ဘူးမလား။"
'သိင်္ခ'ကသူ့ရဲ့အစွယ်လေးတွေပေါ်သည်အထိပြုံးလိုက်ရင်းလက်ထဲကပန်းအဖြူ တွေကိုအနီးအနားမှာရှိတဲ့နှီးခြင်းကြီးထဲကိုပြစ်ထည့်လိုက်တယ်။
"ဘာလို့ပန်းတွေကို လွှင့်ပြစ်လိုက်တာလဲ
"မကြိုက်တာနဲ့ပဲလွှင့်ပြစ်ရလား'သိင်္ခ'ရယ်
သူ့မှာလဲ သူ့တန်ဖိုးနဲ့သူရှိတာဘဲ မဟုတ်လား။"
ခေါင်းမာပြီး ပြတ်သားတဲ့ 'သိင်္ခ' ကိုသူဘယ်လို
အားနဲ့များစကားရည်လုနိုင်ဦးမှာလဲ၊၊
ဘာလို့မင့်ကိုဒေါသထွက်နေတာလဲ။"
ခံစားရတာမို့ သူလိုရင်းကိုပဲမေးလိုက်တော့တယ်။
"ဟုတ်တယ်။"
သူ့(ဦးရွှေမောင်)ရင်ထဲမှာထိတ်ခနဲ ၊ဒါကို
ကျွန်တော်လည်း ဖုံးကွယ်ထားဖို့မကြိုးစားတော့ဘူး။"
" သိင်္ခ!။"
ချက်ချင်းဆိုသလို
"အဟားးဒါကမှ ကျွန်တော့်ရဲ့
လေးလေးအစစ်ပါလား။"
'သိင်္ခ' က ယုဇနပင်ကြီးဘက်ကို မျက်နှာမူနေရာမှ
မျက်ဝန်းထောင့်ကနေ လှမ်းမြင်နေကြရတဲ့
ပြတ်သားလျက်ရှိတယ်။
နေသွားရမှာလား။လေးလေး လိုလေ။"
နှုတ်ခမ်းတစ်ဖက်ကလည်း တွန့်ကွေးလို့
လှောင်ရယ်လိုတဲ့အငွေ့အသက်တို့က 'သိင်္ခ'၌အပြည့်။
'ဦးရွှေမောင်' လက်သီးကို တင်းကျပ်ကျပ်ဆုပ်
"အဟား ဟား...Sorry...အဟမ်း...တကယ်Sorry
"ဝုန်းး!"
'ဦးရွှေမောင်' က 'သိင်္ခ'ဆီကိုခုန်အုပ်လိုက်ပြီး
သူ့ရဲ့ ဝမ်းဗိုက်ကို ခပ်ပြင်းပြင်းလက်သီးတစ်လုံးပြစ်သွင်းလိုက်တယ်။
'သိင်္ခ'ရဲ့အင်္ကျီကော်လံက ခပ်တင်းတင်းဆွဲစောင့်ခံလိုက်ရပြီး သူ့ရဲ့ကျောပြင်နဲ့ ယုဇနပင်ရဲ့ပင်စည်ခပ်မာမာနဲ့မိတ်ဆက်လို့သွားရတာမို့ ကျောကလည်းအောင့်သွားရတယ်။
သို့ပေမဲ့ သူ(သိင်္ခ)အပြုံးမပျက်စွာနဲ့ပဲ
ထပ်ပြောလိုက်တယ်။
'ဦးရွှေမောင်'က 'သိင်္ခ'ရဲ့အင်္ကျီကိုတင်းကျပ်စွာဆုပ်ကိုင်ရင်းအံကြိတ်ကာပြောလိုက်တယ်။
"လေးလေး လို လူကတောင် ကြောက်ရွံ့သွားရတဲ့အထိ စွမ်းဆောင်နိုင်တဲ့ အဲ့ပါးစပ်တွေအကြောင်းကိုကျွန်တော်လည်း
သိချင်မိပါရဲ့။"
ချုပ်ကိုင်ထားတာ လွှတ်ပေးလိုက်တယ်။ ထို့နောက်
သူ့ရဲ့ အင်္ကျီတွေကို ပြန်လည်ပြင်ဆင်လိုက်ပြီး
ထိုနေရာကနေ တည်ငြိမ်စွာနဲ့ထွက်သွားတော့တယ်။
အမှန်တကယ်နားလည်နိုင်လိမ့်မည်မဟူတ်လား။
.
.
.
.
.
.
.
.
အောင်တော့မလုပ်လေနဲ့။"
'သိင်္ခ'တိတ်ဆိတ်တဲ့ညအမှောင်ယံအတွင်း၌
အိပ်ပျော်နေတဲ့လခြမ်းကွေးလေးကိုကြည့်ရင်းစိတ္တဇဆန်စွာနဲ့ပြုံးလိုက်တယ်။
မျက်မှန်နဲ့ကာကွယ်ထားခြင်းမရှိပဲ ပကတိရှင်းလင်းနေတဲ့မျက်လုံးတောက်တောက်တွေ၊
ခပ်ဟဟရယ်လိုက်တိုင်းပေါ်ထွက်လာလေ့ ရှိတဲ့အစွယ်တွေနဲ့ 'သိင်္ခ'ဟာဥာဏ်များတဲ့ဝံပုလွေတစ်ကောင်အလား အင်မတန်ကြောက်စရာကောင်းလှတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀