Unicode
~~~~~~~
'ကျောက်ခဲ'တို့နှစ်ယောက်ဟာ
ပုဇွန်ဆီရောင် ဆည်းဆာကောင်းကင်ကိုကြည့်ရင်း
ကိုယ်စီအတွေးတွေနဲ့ ငြိမ်သက်နေခဲ့တာအချိန်အတော်တောင်ကြာမြင့်နေခဲ့ပြီဖြစ်တယ်။
"အစ်ကို ကကျုပ်ကိုမြို့ခေါ်ချင်ပေမဲ့
လူကြီးတွေကရော ခွင့်ပြုပါ့မလားဟင်။"
ကောင်ငယ်လေးရဲ့တိုးညှင်းတဲ့စကားသံက
'သိင်္ခ'ရဲ့နားစည်ကို ဖြည်းညင်းစွာရိုက်ခတ်လို့
လာတယ်။
"ကျောက်ခဲလေး က ကိုယ့်ကိုသာယုံလိုက်
ဟုတ်ပြီလား။ မင်းလေးဘက်က လက်ခံလိုက်တာနဲ့တင်ဒီခရီးစဉ်ကသေချာနေပြီမို့။"
"အစ်ကိုက တကယ်အတည်ကြီးပြောနေတာပဲ။"
'သိင်္ခ' က ရိုးပြတ်တွေရှိရာဆီကိုငေးမောရင်း 'ကျောက်ခဲ'ကိုတိုးလျစွာနဲ့ပြောလိုက်တယ်။
"မင်းနဲ့ပတ်သက်ရင် အရာအားလုံးကို
ကိုယ်ကအလေးအနက်ထားပါတယ်ကွယ်။"
အစ်ကို့ရဲ့စကားကြောင့် ကျုပ်ရင်ထဲမှာမရိုးမရွဖြစ်သွားရတယ်ဗျ။အစ်ကို့စကားအသွားအလာက
တစ်မျိုးကြီးဖြစ်နေတာမို့ ကျုပ်ကိုပြောနေတာ
ဟုတ်ရဲ့လားလို့တောင်တွေးမိသွားတဲ့အထိပဲ။
ဒါပေမဲ့လဲ အစ်ကို့ရဲ့ စကားတွေကို
တုံ့ပြန်ဖို့ ကျုပ်မှာမဝံမရဲကြီးဖြစ်လို့နေတာမို့
ငြိမ်ငြိမ်လေးပဲထိုင်နေလိုက်တော့တယ်။
"ကျောက်ခဲလေး.."
"ဗျာ..။"
"မင်းဘဝမယ် အဖြစ်ချင်ဆုံးဆန္ဒကဘာများလဲဟင်။"
'သိင်္ခ'က တဲလေးရဲ့အဖီအနေနဲ့ကာရံထားတဲ့
ဝါးတန်းလေးပေါ်ကိုမေးလေးတင်ရင်း
တစ်ဖက်လူကိုမေးလိုက်တယ်။
"ကျုပ်လား..ကျုပ်က အဘနဲ့အမကို အသက်ကြီးလာတဲ့အခါကျအိုစာမင်းစာလေးနဲ့ အေးအေးချမ်းချမ်းနေနိုင်အောင်ထားချင်တာဗျ။ အဘနဲ့အမက တစ်သက်လုံးလယ်စိုက်လာရတာပင်ပန်းလှပြီလေ။ အမှန်တိုင်းဆိုကျုပ်လဲ အဘနဲ့အမကို အနားယူစေချင်ပြီ၊ဒါပေမဲ့ အဘ နဲ့အမ အေးဆေးအနားယူရလောက်တဲ့အထိကျုပ်ကအားကိုးအားထားပြုရတဲ့
သားတစ်ယောက်မဖြစ်သေးတော့ ကိုယ့်ကိုယ်ကိုယ်
နည်းနည်းတော့စိတ်ပျက်မိတာအမှန်ပဲ။"
"အဟား..ကျောက်ခဲရယ်။"
'သိင်္ခ'သဘောကျစွာနဲ့ရယ်မိတယ်။
'မောင်ကျောက်ခဲ'လေးရိုးတာကိုသူသိပေမဲ့ အဲ့ဒီလောက်အထိ ရိုးလိမ့်မယ်လို့ သူမထင်ခဲ့တာအမှန်။ သူထင်ထားတာက ငွေကြေး၊
ချမ်းသာကြွယ်ဝမှု ၊ပိုင်ဆိုင်မှု ဒါမှမဟုတ် လှပတဲ့ အိမ်ထောင်ဖက်၊ မြင့်မားတဲ့ဂုဏ်ရည်လို့
ထင်နေခဲ့တာလေ အခုတော့ဖြင့်အဘ နဲ့ အမကို အေးအေးဆေးဆေးအနားယူစေချင်တာတဲ့လား။
ဒီထက်ပိုလို့ အရေးပါပြီး တန်ဖိုးရှိတဲ့အရာကိုလိုချင်သင့်တာမဟုတ်လား လို့တောင်တွေးမိတယ်။
အင်း...သူ့ရဲ့ဆန္ဒလေးဆိုတော့လဲ ဖြည့်ပေးရမှာ
ပေါ့။ သိပ်လဲအပန်းမကြီးပါဘူး ငွေကအဓိကပဲလေငွေပို့ပေးရင် အေးအေးဆေးဆေးဖြစ်သွားကြမှာပါ။အဓိကကကောင်ငယ်လေးက သူနဲ့အတူရန်ကုန်မှာ
အမြဲနေပေးဖို့ပဲ။ 'သိင်္ခ'လဲ တွေးနေရင်းနဲ့
ရုတ်တရက်ဆိုသလို သူ့ရဲ့ခေါင်းထဲမှာ အကြံအစည်အချို့အလင်းပေါက်သွားရတာမို့ခပ်ထေ့ထေ့ပြုံးလိုက်မိတယ်။သူစဥ်းစားမိတာနဲ့ဆိုဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ကောင်ငယ်လေးက သူ့ကိုငြင်းဆန်နိုင်တော့မှာမဟုတ်ဘူးလေ။
"ကျုပ်ပြောတဲ့အထဲမှာ ရယ်စရာပါလို့လားအကို။"
ကျုပ်ကိုကြည့်ပြီး ခပ်မဲ့မဲ့ပြုံးနေတဲ့
အစ်ကို့ကိုမေးလိုက်မိတယ်။ရင်ထဲမှာ နည်းနည်းတော့အောင့်သွားရတာအမှန်ပဲ။
အစ်ကို့အမြင်မှာ ကျုပ်ဟာအထင်သေးစရာလူတစ်ယောက်ဖြစ်နေတာများလား။
"အင်း...ရယ်စရာဆိုတာထက် အံသြသွားတာဆို
ပိုမှန်လိမ့်မယ်။ကိုယ်ကမင်းဒီလိုပြောမယ်လို့မထင်ထားလို့ပါကွယ်မင်းရဲ့ရိုးပုံကိုကြည့်ပြီး
သဘောကျမိလို့ပါ။"
"အဟဲ...တော်သေးတာပေါ့
အစ်ကိုက ကျုပ်ကိုအထင်သေးသွားပြီမှတ်တာ။"
"ဘယ်လိုလုပ်အထင်သေးရမှာတုန်းကွာ
ကိုယ့်ကို မင်းအထင်လွဲနေပါပြီ။"
ကျုပ်လဲ အစ်ကို့ရဲ့အဖြေကို ကြားမှပဲစိတ်သက်သာရရတော့တယ်။အမှန်တိုင်းပြောရရင် ကျုပ်ကိုအစ်ကိုအထင်သေးသွားမှာကိုတော့မလိုချင်ဘူးဗျ၊၊အစ်ကိုကကျုပ်ကိုပြုံးကြည့်ပြီး ချီးကျူးတာကိုခံရတိုင်း
ကျုပ်ကိုယ်ကျုပ်အမြဲဂုဏ်ယူနေမိတာ။
အစ်ကို့စကားတွေက ကျုပ်ကိုနာခံချင်လာအောင်
အမြဲတစေလုပ်ဆောင်နိုင်လွန်းတယ်။
အစ်ကိုရန်ကုန် ပြန်သွားတဲ့အခါကျအစ်ကိုကကျုပ်ကိုမေ့သွားမှာကို ကျုပ်တကယ်မလိုချင်ဘူး။
အချိန်ခဏလေးပဲဆိုပေမဲ့ အနည်းဆုံးတော့ တောကမိတ်ဆွေကို ရန်ကုန်ကိုခေါ်လာဖူးတယ်ဆိုပြီး အစ်ကိုကသတိရနေခဲ့ရင်တောင် ကျုပ်ကျေနပ်ပါတယ်။
ဒါကြောင့်လဲ ကျုပ်ရန်ကုန်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တာ။
"ကိုယ်တို့ပြန်ကြတော့မလားဟင်..ညနေလဲ
စောင်းနေပြီမို့လား။"
"ဟုတ်....ပြန်ကြတာပေါ့။"
နေလဲစောင်းလုပြီမို့ ကျုပ်တို့နှစ်ယောက်လဲ
လယ်ကွင်းတွေဘက်ကနေ ရွာထဲကိုပြန်လာခဲ့လိုက်ကြတယ်။
"ဟိုကိုအလည်လိုက်မဲ့ကိစ္စကိုလဲ ညကျရင်ပြောဖြစ်အောင်ပြောပြလိုက်အုံးနော်...မေ့နေမှာစိုးလို့။"
အစ်ကို ကကျုပ်ကိုခြံရှေ့အထိလိုက်ပို့ပြီး၊
ပြောလာတာမို့ကျုပ်လဲသူ့ကိုခေါင်းညိတ်ပြလိုက်တယ်။
"နေ့လယ်က ကိစ္စကိုဝမ်းနည်းမနေနဲ့တော့
မနက်ဖြန်ကျမှတွေ့ကြမယ်နော် ကျောက်ခဲလေး။"
အစ်ကို့ရဲ့နှစ်သိမ့်ဟန်စကားလေးကြောင့်ကျုပ်ရင်ထဲ
နွေးသွားရတယ်။အစ်ကိုက ကျုပ်အပေါ်အရမ်းကောင်းလွန်းတယ် ကျုပ်တော့အစ်ကိုနဲ့တွေ့တာ တကယ်ကိုကံကောင်းတာပဲ။
"ဟုတ်ကဲ့ အစ်ကိုလည်းဂရုစိုက်သွားပါ။ "
"ဟုတ်ပါပြီကွယ် ကိုယ်သွားပြီနော်။"
'သိင်္ခ'ကောင်ငယ်လေးရဲ့ခေါင်းကိုလှမ်းပုတ်သလိုနဲ့သျှောင်ထုံးတွဲလေးကိုလက်နဲ့အသာထိကြည့်ရင်းနှုတ်ဆက်လိုက်တယ်။ ဒီသျှောင်ထုံးလေးကို
အချိန်တိုင်းထိတွေ့နေရရင်ဖြင့် သူသိပ်ကိုစိတ်ချမ်းသာမိမှာအမှန်ပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဟဲ့...ဇီးကွက် မျက်နှာလဲမကောင်းပါလား
ဘယ်နေရာက နေမကောင်းလို့လဲ။"
ဒေါ်လေးက သူ့နှဖူးကိုခပ်ဖွဖွစမ်းရင်းမေးလာတာမို့
'ဇီးကွက်'ခေါင်းခါပြလိုက်ရင်း ဆူးပုတ်ရွက်ကိုပဲ
အာရုံစိုက်ပြီးချွေနေလိုက်တယ်။
"ဘာမှမဖြစ်ဘူးသာပြောတာ ရုပ်ကဆူထော်ပြီး
ငိုမဲ့မဲ့နဲ့ပါလားတော်။"
'ဒေါ်ကြည်မေ'က အမြုပ်တွေနဲ့တပွက်ပွက်ဆူနေတဲ့
ထမင်းအိုးကို ယောက်မနဲ့မွှေရင်းပြောလာတယ်။
"ဘာမှမဖြစ်ပါဘူးဆို ဒေါ်လေးကလဲ။"
"မှန်းစမ်း...နင် ကျောက်ခဲနဲ့ မြို့ပေါ်ကို
မလိုက်သွားရလို့မလား။"
ဒေါ်လေးက ရေဆေးထားတဲ့အသားဇလုံကြီးကို
ခုံပေါ်တင်ရင်းပြောလာတာကြောင့် သူအလျင်အမြန်ပဲငြင်းချက်ထုတ်လိုက်တယ်။
"ဘာမှမဟုတ်ဘူး....မလိုက်ရလဲဘာအရေးလဲ
ကျုပ်ဘာသာ တခြားသူတွေနဲ့လိုက်သွားလို့ရတာပဲ။"
"ဒါဆိုလဲ အဲ့ရုပ်ကိုပြင်ထားပေါ့တော်
နင့်အဘ သိမှအဆူခံနေရမယ် ။ သူငယ်ချင်း
တွေနဲ့သွားတဲ့အခါကျ ဒေါ်လေးက မုန့်ဖိုးပေးမယ်
ဟုတ်ပလား သွား...သွား...ထမင်းရည်လေး
ငှဲ့လိုက်ချည်အုံး။။"
'ဒေါ်ကြည်မေ'က တူဖြစ်သူလေး စိတ်မကောင်းဖြစ်နေတာကိုသိတာမို့ စကားလမ်းကြောင်းလွှဲရင်း ချော့လိုက်တယ်။မြို့ သားလေးက လိုက်သွားမယ်ဆိုမှတော့ သူတို့ကလဲဘာတတ်နိုင်မှာလဲ။
'ဇီးကွက်' ကနောက်အခါများကျ လိုက်သွားလို့ရတယ်လေ ။ ယောက်ျားဖြစ်သူကလဲရွာမှာအလှူလုပ်ရင်
အလှူ ရှင်ကိုစိတ်တိုင်းကျစီစဉ်စေတာမို့ သူကလဲ ခေါ်သွားစေချင်ပေမဲ့ မပြောဖြစ်လိုက်ဘူး ။
' ဇီးကွက်'လေးက အတေးအမှတ် မထားတတ်သူမို့ တစ်ရက်နှစ်ရက်လောက်နေရင် အဆင်ပြေသွားမှာပါလို့သာတွေးထားလိုက်တော့တယ်။
'ဇီးကွက်'ကမီးဖိုဘေးနားက ကျပ်ခိုးတွေစွဲပြီး မည်းနက်နေတဲ့သစ်သားတန်းပေါ်ကို ထမင်းအိုးတင်ပြီးအောက်ကနေခံထားတဲ့ အင်တုံထဲကိုထမင်းရည်
တွေငှဲ့ချလိုက်တယ်။
"ဒေါ်လေး...။"
အင်တုံထဲကို အငွေ့တထောင်းထောင်းနဲ့စီးကျနေတဲ့
ထမင်းရည်ပူတွေကို စိုက်ကြည့်နေရင်းကနေ
သူအဒေါ်ဖြစ်သူကိုလှမ်းခေါ်လိုက်မိတယ်။
"ဟေ"
"ကိုသိင်္ခ တို့ကဘယ်တော့ပြန်မှာလဲဟင်။ "
"အင်း...အလှူပြီးတဲ့အခါကျ ပြန်ကြမှာပေါ့ကွယ်
သိပ်တောင်မလိုတော့ဘူး။"
"သူတို့က ဘယ်လိုလူတွေလဲဟင်...သိပ်ချမ်းသာ
ကြတာပဲလား။"
"အင်း မင့်လေးလေးပြောတာကတော့ ကျိကျိတက်ပဲတဲ့။ရန်ကုန်မြို့တော်ကြီးမှာ ရွှေဆိုင်တွေလဲရှိတယ် ၊ လောင်းကစားရုံကြီးတွေ ၊ အပန်းဖြေအိမ်ကြီးတွေ
ပါ ပိုင်တာတဲ့။"
"အော်...။"
အဲ့ဒီနောက်'ဇီးကွက်'လဲဘာမှမဆိုမိတော့
ရေကုန်သွားတဲ့ထမင်းအိုးကို နည်းနည်းလောက်ဖွပြီး
မီးဖိုပေါ်တင်လို့ ပြန်နှပ်ထားပေးလိုက်တယ်။ပြီးတော့မှ ချွေလက်စဟင်းရွက်တွေကို ဓားပါးလေးနဲ့ဆက်ချွေနေလိုက်တော့တယ်။
ဒီလောက်ချမ်းသာတဲ့သူက
သိပ်ကိုစိတ်ထားကောင်းလွန်းနေတော့သူ
မယုံကြည်နိုင်ဖြစ်နေရတာအမှန်။ချမ်းသာတဲ့သူတိုင်းကမကောင်းတဲ့လူတွေတော့မဟုတ်ပေမဲ့ အနည်းဆုံးတော့ပိုင်ဆိုင်မှုတွေကြောင့်မာန်ချီတာမျိုး၊ ခွဲခြားတာမျိုးတော့ရှိစမြဲမဟုတ်လား။
'သိင်္ခ 'ဆိုတဲ့လူက 'ကိုကြီးကျောက်ခဲ'အပေါ်တော့ တော်တော်လေးကောင်းရှာပါတယ်။
'ကိုကြီးကျောက်ခဲ'ပတ်သက်လို့ နှိမ်ချင်တာမျိုး
တော့မတွေ့ရဘူး ၊ ဒါပေမဲ့ ကျန်တဲ့သူတွေနဲ့တော့
ခပ်တန်းတန်းပဲ။ မလိုအပ်ရင် ဘယ်သူ့ကိုမှတောင်
စွေကြည့်တာမဟုတ်ဘူးရယ်။
ဒါကြောင့်ပဲ 'ကိုကြီးကျောက်ခဲ 'နဲ့ရှိနေချိန်မှာ
ဖြစ်ပေါ်လာတတ်တဲ့ 'ကိုသိင်္ခ 'ရဲ့အပြုအမူတွေကို
သူပြန်မြင်ယောင်လာမိတယ်။
"နင်မရိပ်မိဘူးလား ဇီးကွက် ရယ်...ကိုသိင်္ခ ကြီးက
ကိုကြီးကျောက်ခဲ ကိုချစ်နေတာလို့။"
နားထဲမှာ ကြားယောင်လာတဲ့
'ကျေးဥမ'ရဲ့ခပ်စွာစွာစကားသံနဲ့ မျက်လုံးထဲကမြင်ကွင်းတွေကြောင့် 'ဇီးကွက်'လက်ထဲက
ဓားပါးလေးလဲ ကြမ်းပြင်ပေါ်ကို 'ချွင်'ခနဲ
ပြုတ်ကျလို့သွားရတယ်။
"ဒေါ်လေး..ကျွန်တော်အပြင်ခဏသွားလိုက်အုံး
မယ်နော်။"
သူလဲအဒေါ်ဖြစ်သူကိုအသိပေးပြီးတာနဲ့
မီးဖိုချောင်ထဲကနေ အမြန်အပြေးထွက်လာခဲ့လိုက်တယ်။'ကျေးဥ'မဆီကိုပေါ့။
"ဟဲ့ဇီးကွက်..ဘယ်ကိုတုံး
ဒီကလေးကတော့။"
'ဒေါ်ကြည်မေ' ကတော့ စကားတောင်ပြန်လှည့်
ပြောသွားဖော်မရတဲ့ တူဖြစ်သူကိုကြည့်ပြီး
'မလွယ်ဘူး'လို့သာရေရွတ်မိတော့တယ်။
အိမ်အနောက်ဘက် မီးဖိုဆောင်ထဲကနေ
အလျင်အမြန်ထွက်ပြေးလို့လာတဲ့ 'ဇီးကွက်' ရဲ့ခြေလှမ်းတွေဟာခြံထဲကို ခပ်အေးအေးလျှောက်ဝင်လို့လာတဲ့ 'သိင်္ခ'ကြောင့်တုန့်ခနဲရပ်တန့်လို့သွားရတယ်။
'သိင်္ခ'က သူ့ကိုအကြည့်စူးစူးတစ်ချက်နဲ့သာ
ကြည့်လို့လာခဲ့ပြီး အိမ်ပေါ်ကိုတက်ဖို့လုပ်လိုက်
တာမို့ 'ဇီးကွက်'လဲ 'သိင်္ခ'ရှေ့က လှေကားလက်ရန်းကိုခပ်တင်းတင်း ဆုပ်ကိုင်တားဆီးရင်းတစ်ဖက်လူကိုပြောလိုက်တယ်။
"စကားခဏပြောရအောင်။"
"ငါ့မှာ မင်းနဲ့ဘာမှပြောစရာမရှိဘူးထင်တယ်။"
'သိင်္ခ' ရဲ့စကားသံက သူ့ရဲ့မျက်နှာလို
ပဲမာကျောလို့နေတယ်။
"ခင်ဗျား မှာ မရှိပေမဲ့ ကျုပ်မှာတော့ ရှိတယ်
ခင်ဗျားဘာတွေကြံစည်နေလဲဆိုတာ ကျုပ်သိတာ
မလို့ခင်ဗျား ရပ်တန်းကနေရပ်လိုက်ပါ...။"
'ဇီးကွက်' က 'သိင်္ခ 'နဲ့နီးကပ်အောင် ရှေ့တိုးလိုက်ရင်း
တစ်ဖက်လူရဲ့မျက်နှာကိုစိုက်ကြည့်လို့ပြောလိုက်ခြင်းဖြစ်တယ်။
"အဟက်..ငါက မင်းရဲ့စကားကို ဘာကြောင့်များနားထောင်ရမှာလဲ။မင်း လို ကောင် ရဲ့စကားကိုလေ။"
'သိင်္ခ'ရဲ့လှောင်ရယ်သံဆွတ်နေတဲ့ စကားတွေက
'ဇီးကွက်' ကိုထိုးနှက်လာတယ်။
တစ်လုံးချင်းဖိပြောခံလိုက်ရတဲ့ စကားသုံးလုံးကြောင့် ကာယကံရှင်ရဲ့နှလုံးအိမ်တစ်ခုလုံးကတော့
ဒေါသစိတ်တွေနဲ့ တုန်ဟီးသွားရခဲ့ပြီ။
"တကယ်ကို မင်းသားခေါင်းဆောင်းထားတဲ့
လူပဲခင်ဗျားက အဟက်...ယောက်ျားလေးတွေကို ကြိုက်တယ်ဆိုလဲ ရန်ကုန်မှာ အခြားသူရှာလိုက်လေ။'ကိုကြီးကျောက်ခဲ'ကိုတော့ ခင်ဗျား
အကျင့်တွေကူးအောင် မလုပ်စမ်းပါနဲ့။"
"ဒီမှာ ကောင်လေး..မင်းသားခေါင်းဆောင်းတယ်
ဆိုတာကလဲ ပီပြင်အောင် ဆောင်းတတ်မှာကွ။
အဟား..ပီပြင်လွန်းလို့ မင့်'ကိုကြီးကျောက်ခဲ' ကတောင်ငါ့ကို သိပ်သဘောကျနေတာလေ။
အဲ့ဒါကြောင့်မင်းတောင်မှငါ့ကို မနာလိုဝန်တိုနေတာ မဟုတ်လား။"
'သိင်္ခ'ကထိုသို့လဲအပြုံးလေးတစ်ပွင့်နဲ့
တစ်ဖက်လူကိုနာကျင်အောင် စကားဆိုနိုင်
လေတယ်။
"ရွံ့စရာကောင်းလိုက်တဲ့ မိန်းမလျာကောင်။"
'ဇီးကွက်' က စေ့စေ့ပိတ်ထားတဲ့သွားကြားထဲက
ထွက်လာတဲ့အသံနဲ့ 'သိင်္ခ 'ကိုကျိန်းဝါးတယ်။
"အဲ့မိန်းမလျာက မင့်ကိုကြီးကို အပိုင်ဆွဲယူသွား
မှာမို့ ကောက်ရိုးပုံလေးနားမှာ
သေချာစောင့်နေနော် အဟား..။"
"ခင်ဗျား..!။"
"သား သိင်္ခ!။"
ခြံဝကိုရောက်လို့လာတဲ့' ဒေါ်ရွှေဇင်ညိမ်း' ရဲ့
ထိတ်လန့်သွားသယောင် အသံခပ်စူးစူးက
ပတ်ဝန်းကျင်တစ်ဝိုက်ကိုပျံ့လွင့်လို့လာတယ်။
"ဟေ့...ဟေ့ အဲ့တာဘာဖြစ်နေတာလဲ
ဇီးကွက် အခုချက်ခြင်းမင်းလက်ကို
လွှတ်လိုက်စမ်း!။"
'သိင်္ခ ' ရဲ့အင်္ကျီလည်ပင်းစကို တင်းကျပ်စွာဆုပ်ကိုင်
ထားပြီး ၊ မျက်နှာချောချော ကို ချိန်ရွယ်ထားတဲ့
လက်သီးတစ်လုံးက တစ်ဖက်လူရဲ့အော်သံကြောင့် လေထဲမှာပဲရပ်တန့်သွားရတယ်။
'ဦးရွှေမောင်'နဲ့ကျန်တဲ့လူသုံးယောက်ကတော့
ခြံထဲကို ခပ်သုတ်သုတ်ဝင်လို့လာကြပြီး၊ သူကြီးရဲ့မျက်နှာကလဲ ဒေါသအရှိန်ကြောင့်နီရဲလို့နေတယ်။
"ဘာဖြစ်ကြတာလဲ...မင်းဘယ်လိုတောင်
ရိုင်းစိုင်းနေတာလဲ ဇီးကွက်!။"
သူကြီးရဲ့ ကျယ်လောင်လှတဲ့ အသံဝါဝါကြီးက
ခြံဝန်းထဲမှာပျံ့နှံ့လို့ သွားတာကြောင့်
အနောက်ဘက် မီးဖိုချောင်မှာရှိနေတဲ့ 'ဒေါ်ကြည်မေ' ကလဲအပြင်ကိုအပြေးလေးရောက်လို့လာတယ်။
"သား ရယ်...ဘယ်လိုဖြစ်ကြတာတုံး။"
'ဒေါ်ရွှေဇင်ညိမ်း'က သားဖြစ်သူရဲ့ ပါးနှစ်ဖက်ကို
အုပ်ကိုင်ကာ ဘယ်ပြန်ညာပြန်ကြည့်ရင်း
စိတ်ပူစွာနဲ့ ပြောလိုက်တယ်။
"ဘာမှမဖြစ်ပါဘူးမေမေ..စိတ်အခန့်မသင့်
ဖြစ်သွားလို့ပါ။"
"ကျုပ်တောင်းပန်ပါတယ်...မောင်ရင်လေးရယ်
ဒီကောင်လေးက မြို့မလိုက်ရလို့
စိတ်ကောက်နေလို့ပါ။ ကျုပ်သူ့ကိုကောင်းကောင်း
ဆုံးမလိုက်ပါ့မယ်။"
သူကြီး 'ဦးဘိုးသာ'က 'သိင်္ခ'ကို ပျာပျာသလဲ
ဆိုလိုက်တယ်။'ဇီးကွက်'ရဲ့ မထင်မှတ်တဲ့အပြုအမူကြောင့်သူအတော်လေးလဲအံ့သြနေရပြီး
ဒေါသလဲထွက်မိသလို ၊တစ်ဖက်လူကိုလဲ
တကယ်ကိုအားနာမိတယ်။အလာမြန်ပေလို့သာပင် ၊ မဟုတ်ပါက 'ဇီးကွက်'ကတကယ်ထိုးမဲ့ပုံ ပြင်နေတာကြောင့် အခြေနေတွေကပိုဆိုးကုန်မှာ အမှန်။
"ဇီးကွက်...အခုချက်ခြင်း မောင်သိင်္ခ
ကိုတောင်းပန်လိုက်။"
'ဦးဘိုးစည်'ရဲ့တည်ငြိမ်ပြတ်သားတဲ့ အသံက လူကြားထဲမှာပေါ်ထွက်လို့လာရတယ်။ အဒေါ်ဖြစ်သူနားမှာရပ်နေတဲ့ 'ဇီးကွက်' ဆီကိုဦးတည်နေတဲ့အကြည့်တို့ကတော့အေးစက်လျက် ။
"ကျုပ်မတောင်းပန်နိုင်ဘူး လေးလေး။"
'ဇီးကွက်' ကခေါင်းမာစွာနဲ့ ငြင်းဆန်လိုက်တာကြောင့်
ဘေးကနေ အသာရပ်ကြည့်နေတဲ့ 'ဦးရွှေမောင်'
ရဲ့ခပ်ရေးရေးနှုတ်ခမ်းမွှေးတွေက မသိမသာအပေါ်ကိုကော့တက်လို့သွားတယ်။ သူ့ရဲ့အပြုံးနဲ့ တောက်ပနေတဲ့မျက်လုံးတွေက 'ပွဲကြီးပွဲကောင်းဘဲ' ဟုရေရွတ်နေသယောင်။
'ဦးဘိုးသာ' က မချေမငံပုံစံနဲ့ 'ဇီးကွက်'
ကြောင့် ဒေါသပိုထွက်လို့လာရတယ်။
မြို့ကိုမလိုက်ရတာလေး နဲ့ဒီလောက်အထိ ရိုင်းစိုင်းဖို့လိုသလား အခြားသူလဲမဟုတ် ကိုယ့်ဦးလေးဖြစ်သူရဲ့ ဧည့်သည်တွေကိုတောင်လေ။
ဒီကောင်လေးကို အရိပ်အကဲ နားလည်အောင်
သင်ပေးဖို့လိုအပ်လို့နေပြီလို့သူ(ဦးဘိုးသာ)
တွေးလိုက်မ်ိတယ်။
"ကြည်မေ ..တင်းကုပ်ထဲက နနှင်တံ(နွားနှင်တံ)
သွားယူခဲ့ချည်။ဒီကောင်လေးက
တကယ် ဆုံးမဖို့လို့နေပြီပဲ။ "
'ဦးဘိုးသာ ' ရဲ့စကားကြောင့်မျက်လုံးပြူးသွား
ရတာက ကာယကံရှင်မဟုတ်'ဒေါ်ကြည်မေ'
ရယ်ပါ။ တူဖြစ်သူကိုရိုက်ခဲလှတဲ့ ယောက်ျားဖြစ်သူကရိုက်ရင်လဲ ဘယ်လောက်အခြေအနေဆိုးကြောင်း
သူ(မ)အသိဆုံးဖြစ်တယ်။
"ယော...ယောက်ျား။"
"ကြည်မေ!။"
'ဦးဘိုးသာ'ကစိတ်မရှည်သလို လေသံမာမာနဲ့
နဲ့ရေရွတ်လိုက်တယ်။
"ရိုက်တော့မရိုက်ပါနဲ့ သူကြီး
သူ ကကျွန်တော့်ကိုရွယ်ရုံပဲ ရွယ်ခဲ့တာမို့
ရိုက်စရာတော့မလိုပါဘူး..သူ့ကိုနားလည်အောင်သာသေချာပြောပြလိုက်ပါ။"
'သိင်္ခ ' ကအခြေအနေကိုထိန်းဖို့ပြောလိုက်တယ်။
ဒီကောင်လေးကလဲသူ့ကိုမုန်းတယ်၊ သူကလဲ
ကောင်လေးကို မျက်လုံးထဲတောင်ထည့်မနေဘူး။
အချိန်တန်ပြန်ရမဲ့လူက သူ ၊အဲ့ဒီကောင်လေးကို
ရိုက်တာကိုသူပျော်ပျော်ကြီး ထိုင်ကြည့်လို့ရပေမဲ့
သူမလုပ်ချင်ဘူး။ ပျင်းစရာလဲကောင်း၊ အချိန်လဲကုန်မဲ့အပြင်၊လူမုန်းကလဲထပ်တိုးလာအုံးမှာလေ။
ဆိုတော့ကာ....မင်းသားခေါင်းလေးကိုပဲ
အဆုံးထိ ဆောင်းထားလိုက်ရတော့မှာပေါ့။
"ဟုတ်ပါတယ် ယောက်ျားရယ်....ကလေးက
စိတ်မကောင်းဖြစ်နေလို့ပါ ဖြေးဖြေးသာသာ
ဖျောင်းဖျကြတာပေါ့။"
ချစ်ဇနီးကပါဆိုလာတာမို့ သူ့ (သူကြီး)ခမျာ
အခက်တွေ့သွားရပြီး နောက်ဆုံးတော့လဲ
အလျှော့ပေးလိုက်ရတော့တယ်။ နာနာလေးဆူ၊မုန့်ဖိုးဖြတ်ပစ်ပြီး ဘဘုန်းနဲ့တိုင်မှဒီကောင်အသိတရားဝင်မှာ။
အဲ့ဒီနောက် ပြဿနာကလဲပြီးဆုံးသွားခဲ့ပြီး
'ဦးဘိုးစည်' ကတော့ အမူအရာပျောက်ဆုံးနေတဲ့
မျက်နှာတစ်ခုနဲ့ 'ဇီးကွက်'ကိုကြည့်ပြီးနောက်အပေါ်ကို
တက်သွားတော့တယ်။
"လာစမ်း..မင့်ကိုအသိတရားဝင်အောင်
လုပ်ရမယ်။"
'ဦးဘိုးသာ'က စိတ်ဆိုးစွာနဲ့ တူဖြစ်သူရဲ့နားရွက်ကိုကားနေအောင်ကိုင်ဆွဲရင်း ထိုနေရာကနေခေါ်ထုတ်သွားတာမို့ သူ(သိင်္ခ )လဲအပေါ်ကိုတက်ဖို့ပြင်လိုက်တယ်။
"သိင်္ခ..မင်းလဲခဏနေရင်
အောက်ကိုပြန်ဆင်းလာခဲ့ချည်။"
အနောက်ကနေ ပြောလာတဲ့ဦးလေးဖြစ်သူကို
တစ်ချက်ခန့်လှည့်ကြည့်လိုက်ပြီးနောက်'သိင်္ခ'
အပေါ်ကိုပြန်တက်လာခဲ့လိုက်တယ်။အာရုံနောက်လိုက်တာ ဘာတွေမေးအုံးမလဲမသိ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပ်ပေးလိုက်ပါပြီ ၊ ဖတ်ပေးဖို့က မင်းလေးတို့တာဝန်။Cmtလေးတွေ၊ Voteလေးတွေမျှော်
နေတယ်။😗😘
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~
Previous Chapter
~~~~~~~~~~~
"တကယ်...
အဟား ကျေးဇူးတင်ပါကွယ်။"
ပုခုံးကိုသိုင်းဖက်ရင်းပျော်ရွှင်စွာပြောလိုက်တယ်။
သူ့ရဲ့ဒုတိယအဆင့်ကတော့
အောင်မြင်သွားခဲ့ပြီလေ။ တတိယအဆင့်ကိုပီပီပြင်ပြင်အကောင်အထည်ဖော်ပြီး နောက်ဆုံးအဆင့်နဲ့အောင်ပွဲခံရမယ်။
🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
'ကျောက်ခဲ'တို့နှစ်ယောက်ခင်ဗျာ
ပုဇွန်ဆီရောင် ဆည်းဆာကောင်းကင်ကိုကြည့်ရင်းကိုယ်စီအတွေးတို့ဖြင့်ငြိမ်သက်နေခဲ့တာအချိန်အတော်အတန်တောင်ကြာမြင့်နေခဲ့ပြီဖြစ်တယ်။
ကောင်ငယ်လေးရဲ့တိုးညှင်းတဲ့အသံက
'သိင်္ခ'ရဲ့နားစည်ကို ဖြေးညှင်းစွာရိုက်ခတ်လို့လာတယ်။
ဖြစ်နေတာမို့ အစ်ကို ကျုပ်ကိုပြောနေတာ
ဒါပေမဲ့လည်း အစ်ကို့ရဲ့ စကားတွေကို
တုံ့ပြန်ဖို့ ကျုပ်မှာမဝံမရဲကြီးဖြစ်လို့နေတာမို့ ကျုပ်ငြိမ်ငြိမ်လေးပဲထိုင်နေလိုက်တော့တယ်။
"ကျောက်ခဲလေး.."
"ဗျာ..။"
'သိင်္ခ'တစ်ယောက် တဲလေးရဲ့အဖီအနေနဲ့ကာရံထားတဲ့ဝါးတန်းလေးပေါ်ကိုမေးလေးထောက်ကာ တစ်ဖက်လူကိုမေးလိုက်တယ်။
သားတစ်ယောက်မဖြစ်သေးတော့ ကိုယ့်ကိုကိုယ်
"အဟားးးးကျောက်ခဲရယ်။"
ရုတ်တရက်ဆိုသလို သူ့ရဲ့ခေါင်းထဲမှာ အကြံအစည်အချို့အလင်းပေါက်လို့သွားရတာမို့
ကျုပ်ကိုကြည့်ရင်း ကျေနပ်သလိုပြုံး
ကျုပ်က သူများလှောင်ရလောက်တဲ့အထိကို
တာဝန်မကျေတဲ့ သားတစ်ယောက်ဖြစ်နေခဲ့တာလား။ကျုပ်ရင်ထဲမှာ နည်းနည်းတော့အောင့်သွားရတယ်၊အစ်ကို့အမြင်မှာ ကျုပ်ဟာအထင်သေးစရာလူတစ်ယောက်ဖြစ်နေတာများလား။
သဘောကျမိလို့ပါ။"
"အဟဲ.....တော်သေးတာပေါ့
ကျုပ်ကိုယ်ကျုပ်အမြဲဂုဏ်ယူနေမိတာဗျ။
"ကိုယ်တို့ပြန်ကြတော့မလားဟင်....ညနေလည်း
စောင်းနေပြီမို့လား။"
"ဟုတ်....ပြန်ကြတာပေါ့။"
နေလည်းစောင်းလုပြီမို့ ကျုပ်တို့နှစ်ယောက်လည်း လယ်ကွင်းတွေဘက်ကနေ
အစ်ကိုက ကျုပ်ကိုဝိုင်းရှေ့အထိ လိုက်ပို့ပေးပြီးမှပြောလာတယ်ဗျ ။
"ဟိုကိုအလည်လိုက်မဲ့ကိစ္စကိုလည်း ညကျရင်ပြောဖြစ်အောင်ပြောပြလိုက်ဦးနော်...မေ့နေမှာဆိုးလို့။"
အစ်ကို ကျုပ်ပုခုံးတွေကိုလှမ်းပုတ်ရင်းပြောလာတာမို့ကျုပ်လည်းအစ်ကို့ကိုခေါင်းညိတ်ပြလိုက်တယ်။
"နေ့လယ်က ကိစ္စကိုလည်းဝမ်းနည်းမနေနဲ့တော့မနက်ဖြန်ကျမှတွေ့ကြမယ်နော် ကျောက်ခဲလေး။"
'သိင်္ခ'လည်းကောင်ငယ်လေးရဲ့ခေါင်းကိုလှမ်းပုတ်သလိုနဲ့သျှောင်ထုံးတွဲလေးကိုလက်နဲ့အသာထိကြည့်ရင်းနှုတ်ဆက်လိုက်တယ်။ ဒီသျှောင်ထုံးလေးကို
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဟဲ့.....ဇီးကွက် မျက်နှာလည်းမကောင်းပါလား
ဘယ်နေရာက နေလို့မကောင်းလို့လဲ။"
ဒေါ်လေးက သူ့နှဖူးကိုခပ်ဖွဖွစမ်းရင်းမေးလာတာမို့'ဇီးကွက်'ဒေါ်လေးကို ခေါင်းခါပြလိုက်ရင်း ဆူးပုတ်ရွက်ကိုဘဲအာရုံစိုက်ပြီးချွေနေလိုက်တယ်။
"ဘာမှမဖြစ်ဘူးတာပြောတာ ရုပ်ကဆူထော်ပြီး
'ဒေါ်ကြည်မေ'က အမြုပ်တို့နဲ့တပွက်ပွက်ဆူနေတဲ့ထမင်းအိုးကို ယောင်းမလေးနဲ့မွှေရင်းပြောလိုက်တယ်။
မလိုက်သွားရလို့မလား။"
သူ့ရှေ့မှာချလာပြီး ပြောလာတာကြောင့် သူအလျင်အမြန်ဘဲငြင်းချက်ထုတ်လိုက်တယ်။
"ဒါဆိုလည်း အဲ့ရုပ်ကိုပြင်ထားပေါ့တော်
နင့်အဘ သိမှအဆူခံနေရမယ် သူငယ်ချင်း
ငှဲ့လိုက်ချည်ဦး။"
မထားတတ်သူဖို့ တစ်ရက်နှစ်ရက်လောက်နေရင်
မီးဖိုဘေးနားက
ကျပ်ခိုးတို့စွဲကာ မဲနက်နေတဲ့သစ်သား
တန်းပေါ်သို့ သူထမင်းအိုးကိုတင်လိုက်ပြီး
အောက်ကနေခံထားတဲ့ အင်တုံထဲကိုထမင်းရည်တွေငှဲ့ချလိုက်တော့တယ်။
"ဒေါ်လေး...။"
အင်တုံထဲသို့ အငွေ့တထောင်းထောင်းနဲ့စီးကျနေတဲ့ထမင်းရည်ပူတွေကို စိုက်ကြည့်နေမိရင်း'ဇီးကွက်'အဒေါ်ဖြစ်သူကိုခေါ်လိုက်မိတယ်။
"ဟေ"
ပါ ပိုင်တာတဲ့။"
"အော်...။"
ထို့နောက်'ဇီးကွက်'လည်းဘာမှမဆိုမိတော့
မယုံနိုင်ဖြစ်နေရတယ်။ ချမ်းသာတဲ့သူတိုင်းက
ဒါကြောင့်ပင် 'ဇီးကွက်'လည်း'ကိုကြီးကျောက်ခဲ 'နဲ့ရှိနေချိန်မှာ 'ကိုသိင်္ခ 'ရဲ့အပြုအမူတွေကိုသူပြန်မြင်ယောင်လာမိတယ်။
"ချလွင်...!"
'ကြေးဥ'မရဲ့ခပ်စွာစွာစကားသံနဲ့ မျက်လုံးထဲကမြင်ကွင်းတွေကြောင့် 'ဇီးကွက်'လက်ထဲက
ဓားပါးလေးက ကြမ်းပြင်ပေါ်ကို 'ချွင်'ခနဲ ပြုတ်ကျလို့သွားရတယ်။
"ဒေါ်လေး..
ကျွန်တော်အပြင်ခဏသွားလိုက်ဦးမယ်နော်။"
သူလည်းအဒေါ်ဖြစ်သူကိုနှုတ်ဆက်ပြီးနောက် မီးဖိုချောင်ထဲကနေ အမြန်အပြေးထွက်လာခဲ့လိုက်တယ်။'ကျေးဥ'မဆီကိုပေါ့။
"ဟဲ့ 'ဇီးကွက်'....ဘယ်ကိုတုန်း
ဒီကလေးကတော့။"
အိမ်အနောက်ဘက် မီးဖိုဆောင်ထဲက အလျှင်အမြန်
ထွက်ပြေးလို့လာတဲ့ 'ဇီးကွက်' ရဲ့ခြေလှမ်းတွေဟာခြံထဲကို ခပ်အေးအေးလျှောက်ဝင်လို့လာတဲ့ 'သိင်္ခ'ကိုမြင်လိုက်ချိန်မှာတော့ တုန့်ခနဲရပ်တန့်လို့သွားရတယ်။
'ကိုသိင်္ခ'က သူ့ကိုအကြည့်စူးစူးတစ်ချက်နဲ့သာ
တာမို့ 'ဇီးကွက်'လည်း 'ကိုသိင်္ခ'ရှေ့က လှေကားလက်ရန်းကိုခပ်တင်းတင်း ဆုပ်ကိုင်ရင်း 'ကိုသိင်္ခ'ကိုပြောလိုက်တယ်။
"စကားခဏပြောရအောင်။"
'ကိုသိင်္ခ' ရဲ့စကားသံက သူ့ရဲ့မျက်နှာလိုပဲ
မာကျောလို့နေတယ်။
'ဇီးကွက်' က 'သိင်္ခ 'နဲ့နီးကပ်အောင် ရှေ့တိုးလိုက်ပြီးတစ်ဖက်လူရဲ့ မျက်နှာကိုစူးစိုက်ကြည့်ရင်းပြောလိုက်တယ်။
'သိင်္ခ' က လှောင်ရယ်သံတို့စွတ်နေတဲ့ စကားတွေနဲ့'ဇီးကွက်' ကိုထိုးနှက်လိုက်တယ်။
တစ်လုံးချင်းဖိပြောခံလိုက်ရတဲ့ 'မင်း..လို..ကောင်'
ဆိုသည့် စကားသုံးလုံးကြောင့် 'ဇီးကွက် 'ရဲ့
နှလုံးအိမ် တစ်ခုလုံးဒေါသစိတ်တို့ကြောင့်တုန်ဟီးသွားရလေပြီ။
"ဒီမှာ ကောင်လေး..မင်းသားခေါင်းဆောင်းတယ်ဆိုတာကလည်း ပီပြင်အောင် ဆောင်းတတ်မှာကွ။အဟား..ပီပြင်လွန်းလို့ မင့်'ကိုကြီးကျောက်ခဲ' ကတောင်ငါ့ကို သိပ်သဘောကျ နေတာလေအဲ့ဒါကြောင့်မင်းတောင်မှငါ့ကို မနာလိုဝန်တိုနေတာ မဟုတ်လား။"
'သိင်္ခ'ကထိုကဲ့သို့လည်း
အပြုံးလေးတစ်ပွင့်နဲ့ တစ်ဖက်လူကိုနာကျုင်အောင်
စကားဆိုနိုင်လေတယ်။
"ခင်ဗျားးးးး!"
"သားးးသိင်္ခ!"
လွှတ်လိုက်စမ်း!။"
သွေးကြောတို့နဲ့ လက်သီးတစ်လုံးဟာ လေထဲမှာပဲရပ်တန့်သွားရတယ်။
'သူကြီးဦးဘိုးသာ' နဲ့ကျန်တဲ့လူသုံးယောက်ကတော့
သူကြီးရဲ့မျက်နှာဟာ နီရဲလို့နေကာ
ခပ်ထူထူ၊ ခပ်ပြားပြားမျက်ခုံးတို့ကလည်း
အလိုမကျစွာနဲ့ တွန့်ချိုးလို့နေတယ်။
သူကြီးရဲ့ ကျယ်လောင်လှတဲ့ အသံဝါဝါကြီးဟာ
ခြံဝန်းအတွင်းသို့ပျံ့နှံ့လို့ သွားတာမို့
အနောက်ဘက် မီးဖိုချောင်မှာရှိနေတဲ့ 'ဒေါ်ကြည်မေ' ကလည်းအပြေးလေးထွက်လို့လာရတယ်။
"သား ရယ်...ဘယ်လိုဖြစ်ကြတာတုန်း။"
စိတ်ကောက်နေလို့ပါ ကျုပ် သူ့ကိုကောင်းကောင်းဆုံးမလိုက်ပါ့မယ်။"
ဆိုလိုက်တယ်။'ဇီးကွက်'ရဲ့ မထင်မှတ်တဲ့အပြုအမူကြောင့်သူအတော်လေးလည်းအံ့သြနေရပြီး
ကိုတောင်းပန်လိုက်။"
တွေးလိုက်မ်ိတယ်။
သွားယူခဲ့ချည်။ဒီကောင်လေးက
ရသည်က ကာယကံရှင်မဟုတ်'ဒေါ်ကြည်မေ'
သူ(မ)အသိဆုံးဖြစ်တယ်။
"ယော...ယောက်ျား။"
"ကြည်မေ!။"
နဲ့ရေရွတ်လိုက်တယ်။
"ရိုက်တော့မရိုက်ပါနဲ့တော့ သူကြီး
မလုပ်ချင်ဘူး။ ပျင်းစရာလည်းကောင်း၊ အချိန်လဲကုန်ပြီးလူမုန်းကလဲထပ်တိုးလာဦးမှာလေ။
စိတ်မကောင်းဖြစ်နေလို့ပါ ဖြေးဖြေးသာသာ ဖြောင်းဖျကျတာပေါ့။"
ချစ်ဇနီးကလည်း ဆိုလာတာမို့ သူ့ (သူကြီး)ခမျာ
ထို့နောက် ပြဿနာကလည်းပြီးဆုံးသွားခဲ့ပြီး
လုပ်ရမယ်။"
'ဦးဘိုးသာ'ကလည်း စိတ်ဆိုးစွာနဲ့ တူဖြစ်သူရဲ့နားရွက်ကိုကားနေအောင်ကိုင်ဆွဲရင်း ထိုနေရာကနေခေါ်ထုတ်သွားတာမို့ သူ(သိင်္ခ )လည်းအပေါ်ကိုတက်ဖို့ပြင်လိုက်တယ်။
"သိင်္ခ..မင်းလည်းခဏနေရင်
တစ်ချက်ခန့်လှည့်ကြည့်လိုက်ပြီးနောက် သူလည်း
အပေါ်ကိုတက်လာခဲ့လိုက်တယ်။အာရုံနောက်လိုက်တာ ဘာတွေမေးဦးမလဲမသိ။
[AK/ပွဲဟေ့ ပွဲ!]
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀