Omega အဖြစ်ကူးပြောင်းပြီးနောက...

By karryphyo

353K 38.8K 933

Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kin... More

Description
Ch. 1
Ch. 2
Ch. 3
Ch 4.
Ch5 .
Ch6 .
Ch7.
Ch8.
Ch9.
Ch10.
Ch11.
Ch12.
Ch13.
Ch14.
Ch15.
Ch 16.
Ch17.
Ch18.
Ch. 19
Ch 20.1
Surprise 🤍🤍🤍
Ch 20.3
Ch 21
Ch 22
paid gp😍😘🤍🤍
Ch 23
Ch 24
Ch 25
Ch 26
Ch.27
Ch 28
Ch 29
Ch 30
Suprise🥳🥳
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Ch 46
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54
Ch 55
Ch 56
Ch 57
Ch 58
Ch 59
Ch 60
Ch 61
Ch 62
Ch 63
Ch 64
Ch 65
Ch 66
Ch 67
Ch 68
Ch 69
Ch 70
Ch 71
Ch 72
Ch 73
Ch 74
Ch 75
Ch 76
Ch 77
Ch 78
Ch 79
Ch 80
Ch 81
သီတင်းကျွတ် ပရိုမိုးရှင်း
Ch 82
Ch 83
Ch 84
Ch 85
Ch 86
Ch 87
ပရိုမိုးရှင်း
Ch 88
Ch 89,90
Ch 91
Ch 92, 93
Ch 94
Ch 95
Ch 96
Ch 97
Ch 98
Ch 99
Ch 100
Ch 101
Ch 102
Ch 103
Ch 104
Ch 105
Ch 106
Ch 107
Ch 108
Ch. 109
Ch 110
Ch 111
Ch 112
Ch 113
Ch 114
Ch 115
Ch 116
Ch 117
Ch 118
Ch 119
Ch 120
Ch 121
Ch 122
Ch 123
Ch 124
Ch 125
Ch 126(end)

Ch 20.2

4.4K 540 14
By karryphyo

သူ့ကိုရေချိုးဖို့ ငါ့အခန်းထဲကိုလွှတ်လိုက်




အကြောင်းတစ်စုံတစ်ရာကြောင့် ယန်ချုံးက တစ်ချိန်ကသူ ပိုးရန်ကြိုးစားခဲ့သော ကျောင်းကမင်းသမီးကို သတိရလိုက်သည်။သူမက ကျိရှင်းလန်နဲ့အရမ်းရင်းနှီးခဲ့တယ်။

သူထွက်သွားစဉ် သူတို့နှစ်ယောက်ကြား တစ်ခုခုဖြစ်ခဲ့တာလား? ကျိရှင်းလန်က သူမကိုဆက်ဆံခဲ့သလားဆိုတာ သူတွေးမိလိုက်သည်။

သူဒါကိုတွေးတောနေစဉ် သူနားမလည်သောအကြောင်းများကြောင့် ယန်ချုံး၏နှလုံးသားအတွင်း၌ ဒေါသများတောက်လောင်သွားခဲ့သည်။မြက်ခြောက်က မြက်ခြောက်ပေါ်မှာ ကြွေကျသွားသည်နှင့်တူသည်။  ဒေါသမီးတောက်က တဖျစ်ဖျစ်နဲ့တောက်လောင်လာပြီး တောက်ပလာသည်။

သူဒေါသထွက်ခဲ့တာက ကျောင်းမင်းသမီးကိုလား ၊ ကျိရှင်းလန်ကိုလားဆိုတာကို သူမသိဘူး။

ကျိရှင်းလန်က သူ့ကိုမကြိုက်ဘူး၊ ဒါဆိုဘာလို့သူ့ကိုဒီလိုလုပ်တာလဲ ?  သူနဲ့ကစားဖို့လား ?

ဒါကိုသူစဉ်းစားမိသောအခါ ယန်ချုံးက အနည်းငယ်စိတ်တိုသွားပြီး နမ်းတာကိုပြတ်ပြတ်သားသား နမ်းလိုက်သည်။  သူ့ဒေါသကြောင့် ကျိရှင်းလန်နှုတ်ခမ်းကို ခုခံမှုပုံစံတစ်ခုအဖြစ် ကိုက်လိုက်သည်။  ၎င်းကသွေးထွက်ဖို့ လုံလောက်သောအင်အားမရှိသော်လည်း နူးညံ့သိမ်မွေ့သောအရာမဟုတ်ပေ။

ကျိရှင်းလန်က သူမပျော်နေဘူးဆိုတာကိုသိတာကြောင့် သူ့ကိုစိတ်ပျက်လက်ပျက်နဲ့ ပြန်လွှတ်ပေးလိုက်သည်။ သူ့ကိုလွှတ်တော့မည့်အနေနှင့် သူ့ကိုနှုတ်ခမ်းနဲ့တစ်ချက်ပွတ်သပ်လိုက်သည်။

ပြန်လွတ်လာပြီးနောက် ချက်ချင်း ယန်ချုံးက သူ့နောက်ဘက်ကလက်ကို သုံး၍ နှုတ်ခမ်းကိုသုတ်လိုက်သည်။  သူ့ရဲ့လှပတဲ့မျက်လုံးတွေကမှုန်ဝါးနေခဲ့တယ် ။

ယန်ချုံးက သူဘာတွေတွေးနေမှန်းမသိဘူး။  သူက သူ့ရဲ့ခြေထောက်ကိုခိုင်မြဲစွာရပ်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သောကြောင့် သူကဘေဇင်ပေါ် လက်တင်ကာရပ်နေခဲ့သည်။   "ဒါ ဒါကမင်းရဲ့ပထမဆုံးအနမ်းလား ?"

ကျိရှင်းလန်က သူဒီလိုမေးလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။  သူကအမှန်အတိုင်းပြန်မဖြေခင်ခဏလောက်တိတ်ဆိတ်နေခဲ့တယ်။  “ …မဟုတ်ဘူး”

ယန်ချုံးက အစောထဲက မှန်းဆခဲ့ပေမယ့် အဖြေကိုကြားလိုက်ရချိန်မှာ ဘာ့ကြောင့်မှန်းမသိသော်လည်း သူအနည်းငယ်စိတ်မသက်မသာခံစားလိုက်ရသည်။

သူသက်ပြင်းချလိုက်သည်။

မကျေနပ်တာက ဒါဟာ သူ့ရဲ့ပထမဆုံးအနမ်းဖြစ်နေလို့ပဲ။ ဒါပေမယ့် ကျိရှင်းလန်ကတော့ မဟုတ်ခဲ့ဘူး!  ဒါကမတရားဘူး !

ယန်ချုံးစိတ်ရှုပ်စွာနဲ့ တွေးလိုက်သည်။  ဒါပေမယ့် အနမ်းက တကယ်အဆင်ပြေတယ်။ ကျိရှင်းလန်ရဲ့အရည်အချင်းတွေက တကယ်ကောင်းခဲ့တာ သေချာတယ်။သူကထိုမိုက်မဲသောအရူးကောင်ဆီ မသွားသင့်သော မည်သည့်အတွေးများကိုမှ သိုလှောင်ထားခြင်းကြောင့် မဟုတ်ပါဘူး။

****

ရှဲ့ယွီက အေးခဲနေသော cokeဘူးတွေပြည့်နေတဲ့ အိတ်တစ်လုံးကိုကိုင်ကာ ကွင်းတစ်ခုလုံးကို လျှောက်သွားခဲ့သော်လည်း ယန်ချုံးကိုရှာမတွေ့ခဲ့ပါ။သူပုံစံကအရမ်းစိတ်ပူနေပြီး ဒယ်အိုးထဲမှာကြော်ထားတဲ့ ပုရွက်ဆိတ်တစ်ကောင်နဲ့တူနေပြီ။

သူကလူတစ်ချို့ကို ယန်ချုံးကိုတွေ့မိလားလို့ မေးခဲ့တယ်။ သူတို့ကအရှက်ရတယ်လို့ ခံစားခဲ့ရတာကြောင့် ကျောက်ကျင့်နဲ့ သူ့ဂိုဏ်းက သူတို့အရှက်တကွဲဖြစ်ခဲ့ရတယ်လို့ ခံစားရပြီး သူ့ဘော့စ်ကို ဒုက္ခရောက်အောင် လုပ်တော့မှာလားဆိုတာကို သူစိုးရိမ်နေသည်။ သူချွေးအေးများထွက်လာတဲ့အချိန်ထိ စိုးရိမ်နေချိန်မှာ ချက်ချင်းပဲ ယန်ချုံးနဲ့ ကျိရှင်းလန်တို့က အများသုံးသန့်စင်ခန်းအပြင်ဘက်သို့ ထွက်သွားလိုက်သည်ကိုတွေ့လိုက်ရသည်။

ယန်ချုံးက သူ့မျက်နှာပေါ်ရှိ အပူများကိုလျှော့ချဖို့ သူ့မျက်နှာကို ဆေးကြောလိုက်သော်လည်း သူ့ပါးများက အနည်းငယ်နီနေသေးသည်။ ယန်ချုံး၏ အနောက်ဘက်ကလက်ကို သုံး၍ သူ့နဖူးရှိရေများကို သုတ်လိုက်ဖို့လုပ်လိုက်တာကို ရှဲ့ယွီတွေ့လိုက်ရသည်။ သူခေါ်တော့မည့်အချိန်၌ သူက ယန်ချုံး နောက်ဘက် ပုံမှန်မဟုတ်သော Alpha ရနံ့တစ်ခုကိုရုတ်တရက်ခံစားလိုက်ရသည်။

ရှဲ့ယွီက ယန်ချုံး နောက်မှလူအားစူးစိုက်ကြည့်လိုက်သည်။ ကျိရှင်းလန် ကို မြင်လိုက်ရတဲ့အခါ ရှဲ့ယွီရဲ့ လက်ကအေးခဲသွားသည်— သူက ယန်ချုံးကိုနှုတ်ဆက်ဖို့လုပ်နေခဲ့သည်။  သူကမျက်လုံးများကိုဖွင့်ကာ ခြေတံရှည်ရှည်နဲ့ စစ်တပ်ကျောင်းသားကို ငေးကြည့်လိုက်ပြီး သူကအင်အားကြီးမားတဲ့ ရန်သူတစ်ယောက်နှင့်ရင်ဆိုင်နေရသလို ချက်ချင်းပေါ်လာခဲ့သည်။

'ဒါကမကောင်းဘူး ကျောက်ကျင့် ထွက်သွားတာဖြစ်နိုင်ပေမယ့် အခုက ကျိရှင်းလန်နဲ့ ဖြေရှင်းစရာရှိတယ် '

'ဒီလူတွေအားလုံးက ငါ့ရဲ့ဘော့စ်အပေါ် အာဃာတတွေထားနေကြတယ်။  သူတို့ကတစ်ယောက်နဲ့ တစ်ယောက် တွေ့တာကကြုံတောင့်ကြုံခဲပဲ ၊ ဒါဆိုကမ္ဘာပေါ်မှာ သူတို့အားလုံး ဒီနေ့တစ်နေရာထဲမှာ ဘယ်လိုစုရုံးခဲ့ကြတာလဲ?  '

' အဆိုးဆုံးကတော့ ကျိရှင်းလန်ဆိုတာ သေချာတယ်။ ငါကဘော့စ်နဲ့အတူတူအလုပ်လုပ်ရင်တောင် ငါတို့အနိုင်မရနိုင်ဘူး'

ရှဲ့ယွီက ပတ်ဝန်းကျင်တစ်ဝိုက်ကို ကြည့်လိုက်သည်။သူကနံရံထောင့်၌ ဖုန်မှုန့်တွေကိုအုပ်ထားတဲ့ အမွေးတုံးနေတဲ့ တံမြက်စည်းကိုသာ တွေ့လိုက်ရသည်။  အဲဒါကလက်နက်အဖြစ်သဘောထားလို့ရတဲ့ တစ်ခုတည်းသောအရာပဲ။

ရှဲ့ယွီက ထိုအကြောင်းကိုတွေးလိုက်သည်။  သူကတံမြက်စည်းကို ကောက်ပြီး ကျိရှင်းလန်ကို လက်ကိုင်ရိုက်ရင်အောင်မြင်ဖို့ အခွင့်အလမ်းဘယ်လောက်ရှိလဲ ? သူက တစ်ချက်ရိုက်လိုက်ရုံနဲ့   ကျိရှင်းလန်ကို မြေပြင်ပေါ်ခြေကားယားလက်ကားယားကျသွားအောင်လုပ်နိုင်ပါ့မလား? ပြီးတော့  သူက သူ့​ဘော့စ်ကိုဆုပ်ကိုင်ပြီး အမြီးမြှောက်ပြီး ပြေးနိုင်မှာလား ?

ရှဲ့ယွီက သူ့အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အချိန်မကျခင် ကျိရှင်းလန်က   ဤအရာက သူနှင့်မသက်ဆိုင်သလို အများသုံးသန့်စင်ခန်းမှ တိတ်တဆိတ်ထွက်သွားလိုက်သည်။

ရှဲ့ယွီ သက်ပြင်းချလိုက်သည်။  သူကအမွေးတုံးနေတဲ့ တံမြက်စည်းကိုချလိုက်ပြီး ယန်ချုံးကိုစစ်ဆေးရန်  အလျင်အမြန်သွားလိုက်သည်။  "ဘော့စ် ၊ မင်းအဆင်ပြေရဲ့လား?!"


သူစကားပြောနေစဉ်မှာ ရှဲ့ယွီက ကျိရှင်းလန်ရဲ့ ကျောပြင်အားပြင်းထန်စွာကြည့်လိုက်သည်။

ယန်ချုံးရဲ့ နှုတ်ခမ်းက အနည်းငယ်ရောင်ရမ်းနေပြီး သူတို့ကအလွန်စိုစွတ်နေသည်။  သူ့နားရွက်ဖျားမှာ နီရဲမှုက အခုထိမပျောက်သေးဘူး၊ သူ့မျက်နှာလှလှလေးက မယုံနိုင်လောက်အောင်လှပနေသည်။


"ငါ့မှာဘာဖြစ်လာနိုင်မှာမို့လို့လဲ ?"  သူကခပ်ယဲ့ယဲ့အကြည့်နဲ့ မေးလာတယ်။

ယန်ချုံးက  ထိုစကားများပြောနေသော်လည်း သူ့သွေးလည်ပတ်မှုကမြန်လာသလို သူ့နှလုံးသားက မူမမှန်သော အရှိန်ဖြင့်ခုန်နေဆဲဖြစ်သည်။ သူလမ်းလျှောက်တဲ့အခါ သူကတိမ်တွေပေါ်မှာလမ်းလျှောက်နေပြီး လွင့်မျောနေသလိုခံစားနေရတယ်။

ကျိရှင်းလန်က အဝေးကြီးမှာမဟုတ်ဘူး။ ယန်ချုံးက ကျိရှင်းလန်ခေါင်းကိုလှည့်လိုက်တဲ့အချိန်မှာ သူ ရှဲ့ယွီနဲ့ အတူလမ်းလျှောက်နေတာကို တွေ့ပြီး နောက်ပိုင်းမှာသူ့အတွက်ဒုက္ခဖြစ်စေမှာကို ယန်ချုံးစိုးရိမ်မိသည်။  ဒါကြောင့်သူက ရှဲ့ယွီကို အမြန်ဆွဲခေါ်ကာ သူ့ကိုရှောင်နိုင်ဖို့ ကွင်းထဲသို့သွားခဲ့သည်။

ရှဲ့ယွီကို တစ်လျှောက်လုံး ဆွဲခေါ်လာပြီး လမ်းလျှောက်နေစဉ် သူ့ကိုအနံ့ခံလိုက်သည်။  သူက စူးစူးရဲရဲမေးလိုက်သည်၊ “ ဟေး ဘော့စ် ၊ မင်း Alpha ရဲ့ pheromones တွေကို ဘာကြောင့်ဖုံး​ထားရတာလဲ.......?  What the heck?!  ကျိရှင်းလန် မင်းကိုတစ်ခုခုလုပ်ခဲ့တာလား ! ?"

ရှဲ့ယွီက ရုတ်တရက် စိတ်လှုပ်ရှားလာသည်ကို မြင်သောအခါ ယန်ချုံးက အနည်းငယ်ထုံကျင်နေတဲ့ နှုတ်ခမ်းကိုတို့ထိလိုက်ပြီး ခနဲ့တဲ့တဲ့နဲ့ပြုံးပြီး ပြောလာခဲ့တယ် "ဟက်၊ သူငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ ? တစ်ယောက်ယောက်က သင်ခန်းစာတစ်ခုကိုသင်ပေးရင် သူ့ကိုသင်ခန်းစာတစ်ခုပေးမယ့်သူကငါပဲ။  ဘာမှမဖြစ်ခဲ့ဘူး။  ငါခုနကအများသုံးသန့်စင်ခန်းထဲသွားရင်း မတော်တဆ သူ့နဲ့ဝင်တိုးမိသွားတာ။  သူကငါ့ကိုအသိအမှတ်ပြုဖို့ မစီမံနိုင်ခဲ့ဘူး။”

‘ဒါလည်းမှန်တာပဲ။ ကျိရှင်းလန်က Omegaအတွက် ဘဝကိုခက်ခဲအောင် မလုပ်ဘူး '


ရှဲ့ယွီ သောကကင်းဝေးသွားသည်။ သူက ယန်ချုံး ကိုစိုက်ကြည့်လိုက်ပြီး သူက ယန်ချုံးကို တစ်ကိုယ်တော် ကိုးကွယ်ခြင်းဖြင့် သူ၏မျက်လုံးထဲ၌ ရွှန်းရွှန်းတောက်တဲ့အကြည့်နဲ့ စတင်ခဲ့သည်။

“ အဲ့ကောင် ကျိရှင်းလန်ကို ငါမြင်လိုက်တဲ့အချိန် ငါအရမ်းဒေါသထွက်တယ်။  ပြောပါဦး သူကဘာလို့ဒီလောက်သွေးကြီးနေရတာလဲ?  သူကစစ်တပ်ကျောင်းက ကျောင်းသားတစ်ဦး ဖြစ်တာကြောင့် သူကတကယ်အံ့သြဖွယ်ကောင်းတယ်လို့ ထင်နေတာလား ? ဘော့စ် ၊ မင်းဘာလို့စစ်တပ်ကျောင်းကို မတက်တာလဲ? မင်းက ကျိရှင်းလန် ထက်ပိုပြီးထိတ်လန့်စရာကောင်းမှာသေချာတယ်! ”

ရှဲ့ယွီရဲ့ စကားများကြောင့် ယန်ချုံးက တိမ်ကိုးထပ်တွင်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။


လွန်ခဲ့သောရက်အနည်းငယ်အတွင်း ကျိရှင်းလန်ကြောင့် စိတ်ဓာတ်ကျစေခဲ့သော သူ၏အတ္တကြီးတစ်ခုလုံးက ရှဲ့ယွီထံမှစကားအနည်းငယ်ဖြင့် ပြန်ရောက်လာခဲ့သည်။

ရှဲ့ယွီက သူ့ကိုတကယ်နားလည်တယ်။ဒါကသူ့ရဲ့ထာဝရအကောင်းဆုံးသူငယ်ချင်းပဲ။

ယန်ချုံးက ထိုမျဉ်းကြောင်းများအတိုင်းသွားပြီး သူ့ကိုယ်သူ အနည်းငယ်ကြွားချင်သည်၊ဒါပေမယ့် သူ့ကိုယ်သူဂုဏ်ယူဝင့်ကြွားခြင်းမပြုမီ သူတစ်စုံတစ်ခုကိုရုတ်တရက်သတိရသွားပြီး ပါးစပ်ပိတ်သွားသည်။


Alpha တစ်ယောက်အနေနဲ့ ယန်ချုံးက ယောက်ျားလေးထောင်ပေါင်းများစွာနဲ့အတူတူပါပဲ။  သူတစ်ချိန်က တိုင်းပြည်ကိုကာကွယ်ရန်နှင့် ဂုဏ်သိက္ခာရှိဖို့အတွက် စစ်တပ်ကျောင်းသို့၀င်ရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။

 ယန်ချုံးရဲ့ အတိတ်ကကာယကြံ့ခိုင်မှုနဲ့ စစ်တပ်ကျောင်းတွင် ကာယစာမေးပွဲဖြေကိုအောင်ဖို့က သူ့အတွက်ပြသနာမရှိပေ။  သို့သော်သူကပညာသင်နှစ်တွင်ကျရှုံးခဲ့ပြီး ရေးချထားရသော အပိုင်းပါ၀င်တဲ့ ​ပထမအချီစာမေးပွဲတွင် ရှုံးနိမ့်ခဲ့သည်။

ယခု ယန်ချုံးက Omegaအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်တာကြောင့် စစ်တပ်ကျောင်းကိုတက်ဖို့ သူ့ရဲ့အခွင့်အရေးက သုညသို့ကျဆင်းသွားပြီဖြစ်သည်။


ဤအရာက ယန်ချုံးအား ဒီဘဝက အနည်းငယ်မျှတမှုမရှိကြောင်းကို တွေ့ရှိစေခဲ့သည်။



'မကောင်းဘူး၊ ငါတခြားတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို ကူးပြောင်းရမယ်ဆိုရင်၊ဘာကြောင့် ဘယ်သူကမှငါ့ကို ကျိရှင်းလန်ရဲ့ခန္ဓာကိုယ်ထဲကို ကူးပြောင်းခွင့်မပေးခဲ့တာလဲ?အဲ့လိုသာဆိုရင် ကြီးမားတဲ့ဒစ်ကြီးနဲ့ စစ်တပ်ကျောင်းက ကျောင်းသားတစ်ယောက်အဖြစ် ငါ့ရဲ့အိပ်မက်ကို ငါဖြည့်ဆည်းနိုင်မှာ'

****

မွန်းတည့်ချိန်တွင် နေရောင်က အနည်းငယ်ပြိုးပြိုးပြက်ပြက်ဖြစ်ခဲ့သည်။ ရှဲ့ယွီက ယန်ချုံး အတွက် ပလတ်စတစ်အိတ်ထဲမှ Coke တစ်ဘူးကိုထုတ်ယူလိုက်သည်။ ယန်ချုံးက အဖုံးကိုဖွင့်ပြီး သောက်လိုက်သည်။

ရှဲ့ယွီကသူ့အတွက် တစ်ဘူးကိုယူ၍ အိတ်ထဲတွင်ကျန်ရှိသောဘူးများကို ကွင်းပြင်တွင်ဒိုက်ထိုးနေတဲ့ တလောင်နဲ့ အခြားသူများအားပေးလိုက်သည်။ယန်ချုံးက စင်မြင့်ဘေးနားရှိ အရိပ်ရတဲ့နေရာတစ်ခုမှာ ခဏထိုင်ဖို့စဉ်းစားနေသော်လည်း စိတ်မပါဘဲရှေ့သို့လျှောက်သွားခဲ့စဥ် ရုတ်တရက်သူ့ကို မလိုအပ်ဘဲရေးကြီးခွင်ကျယ်လုပ်နေတဲ့  ရှဲ့ယွီရဲ့မေးတဲ့အသံကိုကြားလိုက်ရသည်။  "အယ်?ဘော့စ် ၊ မင်းနှုတ်ခမ်းက ဘာလို့ ပေါက်နေတာလဲ ? "

ယန်ချုံး ကြောင်အသွားလေသည်။  သူကသူ့နှုတ်ခမ်းကို အလိုလိုလျှာနဲ့လျက်လိုက်ပြီး လျှာဖျားမှာ သံချေးတက်နေတဲ့အရသာကို ချက်ချင်းမြည်းစမ်းလိုက်တယ်။ သူ၏ရောင်ရမ်းနေသော နှုတ်ခမ်းများရဲ့နာကျင်မှုက အနည်းငယ်သက်သာလာသည်။ သူချက်ချင်း မျက်နှာပုပ်သိုးသွားပြီး ကျိန်ဆဲလိုက်သည်။


'သောက်ကျိုးနည်း ?  ကျိရှင်းလန် ၊ မင်းကခွေးလား၊ ဘာလား? ခုတော့မင်းကြောင့်ငါနှုတ်ခမ်းကွဲနေပြီ '


ရှဲ့ယွီက ရှုပ်ထွေးပြီး ပဟေဠိဆန်သော အမူအရာဖြင့် သူ့ကိုကြည့်လိုက်သည်။ ယန်ချုံးက သူ့သူငယ်ချင်းများရှေ့တွင် မိမိကိုယ်ကိုအရှက်မခွဲနိုင်တာကြောင့် မျက်တောင်မခတ်ဘဲ နှုတ်ခမ်းပေါ်မှသွေးများကို လျှာဖြင့်လျက်ကာ သူ လမ်းလျှောက်နေစဉ် မှတ်ချက်ပြုလိုက်သည်။ “ ဟားဟား၊ ဆောင်းဦးကာလမှာ ရာသီဥတုက အရမ်းခြောက်သွေ့တယ်။  ငါ lip balm ၀ယ်သင့်တယ်နော် "

အတွေ့အကြုံရှိသူအားလုံးက သူ့နှုတ်ခမ်းက ခြောက်သွေ့သောကြောင့် အက်ကွဲတယ်ဆိုတာကို မပြောနိုင်ဘူး ဒါပေမယ့် တစ်စုံတစ်ယောက်က ၎င်းတို့အားကိုက်ခဲခဲ့ကြောင်းကိုတော့ ပြောနိုင်သည်။  ဒါပေမယ့် ရှဲ့ယွီက အရူးလုပ်ဖို့လွယ်တယ်။  အလွန်လိမ္မာပါးနပ်သောပုံစံဖြင့် သူကlip balmကိုထုတ်ပြီး ယန်ချုံးကို ပေးခဲ့သည်။


ယန်ချုံးက ရှဲ့ယွီကို ယုတ်မာသူတစ်ယောက်အဖြစ်အထင်အမြင်သေးဖို့ အချိန်တောင်မရှိပေ။  သူကအခြေအနေမှလွတ်မြောက်ဖို့ ရှဲ့ယွီရဲ့  ကမ်းပေးတဲ့ဟာကို ကြော့ကြော့မော့မော့နဲ့ ယူခဲ့သည်။

သူက အဖုံးကိုဖွင့်လိုက်ပြီး အဲဒါကိုအနီးကပ်စောင့်ပြီး ရှူကြည့်လိုက်တယ်။သိသာထင်ရှားသည့် ပယ်ချမှုတစ်ခုက သူ့မျက်လုံးထဲတွင်ရုတ်တရက်ပေါ်လာသည်။


'ဘာလဲကွာ ? အဲ့ဒါက စတော်ဘယ်ရီအနံ့တောင်ရှိနေတယ်။ ရှဲ့ယွီလို Alpha က ဒါကိုဘာကြောင့်သုံးနေတာလဲ ?'

ထိုအချိန်တွင် ကွင်းဘေးမှမျှော်စင်စပီကာက စတင်မြည်လာသည်နှင့် အတန်းပြီးဆုံးကြောင်းအချက်ပြလာသည်။

"ဒုတိယအတွေးကတော့ ငါဒါကိုသုံးမှာမဟုတ်ဘူး"ယန်ချုံးက သူ့ရဲ့နှုတ်ခမ်းထောင့်များကို လက်ဖမိုးဖြင့်သုတ်လိုက်သည်။  သူကlip balmကို ရှဲ့ယွီအား  ပြန်ပစ်ပေးလိုက်သည်။  "သွားစားရအောင် "

****

တလောင်နဲ့ အခြားသူများက ဒိုက်ထိုးနေတာ ပြီးသွားကြတဲ့အခါမှာ ချွေးတွေစိုရွှဲနေသည်။  သူတို့အတွက်အရမ်းပူတာကြောင့် သူတို့ကကျောင်းဂျာကင်အင်္ကျီကိုချွတ်ပြီး စွပ်ကျယ်ကိုဘဲ ၀တ်ထားခဲ့တယ် ။  သူတို့၏ကြံ့ခိုင်သော၊ ကြေးဝါရောင်ကြွက်သားများ၏ ပြီးပြည့်စုံမှုမြင့်တက်ခြင်းနှင့်ကျဆင်းခြင်းက Alpha အထီးများမှာသာရှိသော ခွန်အားကိုခံစားရစေသည်။  သူတို့၏စွပ်ကျယ်များပေါ်တွင် ချွေးများထွက်နေသည်ကို မြင်နိုင်ပြီး ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မှုကိုပေးနေသည် ။


အဲဒါကိုမင်းကတကယ့်ယောကျ်ားလို့ခေါ်လိမ့်မယ်!

ယန်ချုံးက မယုံနိုင်လောက်အောင်မနာလိုဖြစ်ခဲ့သည်။ အခု သူကလည်း ၁၇၀ စင်တီမီတာရှည်သည်၊ ဒါပေမယ့် သူတို့နှင့်အတူလမ်းလျှောက်သောအခါ သူကသိသိသာသာပိုပုသည်။

ကျောင်းကန်တင်းများက အားကစားကွင်းနှင့်တော်တော်ဝေးသည်။ ကန်တင်းကကျောင်း၏အစွန်းနှစ်ဘက်တွင် ထောင့်ဖြတ်အနေအထားတွင်ရှိသည်။

ယန်ချုံးက ကျောင်းအုပ်ကြီးက ကျိရှင်းလန်ကို ကျောင်းပတ်၀န်းကျင်ကို လှည့်ပတ်ပြီးခေါ်ဆောင်နေဆဲဖြစ်သည်ကို ယန်ချုံးသိသည်။  သူတို့ကနေ့လည်စာစားဖို့ကျောင်းကန်တင်းကိုတောင် သွားနိုင်တယ်။


သို့သော်ကျောင်းအုပ်ကြီးက ကျောင်းသားတွေရဲ့ကန်တင်းမှာ မစားပေ။ဝန်ထမ်းရဲ့ကန်တင်းနဲ့ ကျောင်းသားများ၏ကန်တင်းကို သီးခြားစီခွဲထားသည်။  ဆရာ/ဆရာမများက ဒုတိယထပ်တွင်ထမင်းစားပြီး ကျောင်းသူ/သားများအားလုံးက ပထမထပ်တွင်စားကြသည်။

ယန်ချုံးက ကန်တင်းမှာကျောင်းအုပ်ကြီးနဲ့ ကျိရှင်းလန်တို့ကိုထိပ်တိုက်တွေ့ရင် အဆင်မပြေဖြစ်မှာကို စိတ်ပူစရာမလိုပါဘူး၊ ဒါပေမယ့် သူအခြား Alpha တွေနဲ့လမ်းလျှောက်တဲ့အခါမှာ ပိုပြီးထူးခြားနေသလိုခံစားရတယ်။  ကန်တင်သို့သွားတဲ့လမ်းတစ်လျှောက်၌  ကျိရှင်းလန်က ရုတ်တရက် ထောင့်ပတ်လည်၌ပေါ်လာပြီး သူ့ကိုလက်ပူးလက်ပကပ် လာဖမ်းမှာကိုစိုးရိမ်မိသည်။

သို့သော် သူက ကျိရှင်းလန်နဲ့မတိုးမိခဲ့ပါဘူး။ အဲဒီအစားသူတို့ကန်တင်းကိုသွားတဲ့လမ်းမှာ အခြားကျောင်းသူ/သားတွေ အများကြီးက သူတို့ကိုသတိထားမိပြီး သူ့အုပ်စုဆီကိုလက်ညိုးထိုးခဲ့ကြတယ်။


ဒါပေမယ့် သူတို့ကဒါကိုအပြစ်တင်လို့မရဘူး။ ယန်ချုံးက Omegaတစ်ယောက်ဖြစ်ပြီး သူက Alphas လေးယောက်နှင့်အတူ လမ်းလျှောက်နေသည်။သူတစ်ပါး၏အာရုံကို မဆွဲဆောင်ဖို့က သူ့အတွက်အလွန်ခက်ခဲသည်။

သူကမသိမသာနဲ့ သူ့ရဲ့လမ်းလျှောက်နေတဲ့ အရှိန်ကိုတင်လိုက်ပြီး အခြားသူများနှင့်သူ၏အကွာအဝေးကို သုံးမီတာအထိချဲ့လိုက်သည်။

သူ့ရဲ့လက်အောက်ငယ်သားများက သူတို့၏ဘော့စ်က လက်ရှိတွင်Omegaအဖြစ်ပြောင်းသွားသည်ကို သူတို့သိတယ် ပြီးတော့ သူတို့ကအဲ့တာကိုစိတ်ထဲမထားကြပါဘူး။ သူတို့အတွက်ကတော့ သူတို့ရဲ့ဘော့စ်ဟာ အခုလဲသူတို့ရဲ့ဘော့စ်ဖြစ်နေတုန်းပါပဲ၊ဒါပေမယ့်အခုတော့ သူတို့ကသူ့ပခုံးကိုသိုင်းဖက်လို့မရတော့သလို သူနဲ့အတူလှည့်စားဖို့လည်း မဖြစ်နိုင်တော့ပါဘူး။


ယန်ချုံးက သူတို့ဆီက​နေ  သူ့ရဲ့အကွာအဝေးကိုထိန်းထားသောအခါ၊သူတို့သည်လည်း ကြီးကျယ်သောအာရုံခံစားမှုပြသမှုတစ်ခုတွင် သူ့ကိုဘာကြောင့်အဲ့လိုလုပ်နေတာလဲဆိုတာကို သူတို့မမေးခဲ့ပေ။

***** 

သူတို့ကစာသင်ကျောင်းဆောင်နဲ့ ကျောင်းအများစုကိုကျော်ဖြတ်ပြီးတာနဲ့ နောက်ဆုံးမှာတော့ သူတို့ ကန်တင်းထဲကို၀င်လာခဲ့ကြတယ်။ထိုအချိန်တွင် ကန်တင်းမှာလူတွေနဲ့ပြည့်နေပြီဖြစ်သည်။

သူတို့ရဲ့အော်ဒါတင်ဖို့ ပြတင်းပေါက်နားမှာတန်းစီစောင့်နေတဲ့သူတွေရှိတယ်၊ ပြီးတော့စားပွဲတွေအားလုံးကလည်း နေရာယူထားပြီးသားဖြစ်နေသည်။လက်တွေ့ကျကျထိုင်ဖို့နေရာလွတ်မရှိဘူး။

ယန်ချုံးက အစကတည်းက ဗိုက်ဆာနေပြီ။  သူက ကန်တင်းက တိုင်လုံးပေါ်မှာတပ်ထားတဲ့ TV သေးသေးလေးပေါ်မှာ ပြသနေတဲ့ food show တစ်ခုကိုမြင်လိုက်ရတဲ့အခါ သူပိုပြီးတော့တောင်ဆာလာတယ်။

ကျောင်းသားများကအော်ဒါမှာရန် ပြတင်းပေါက်ရှေ့တွင်ရပ်နေသော အဆုံးမရှိတဲ့မျဉ်းတန်းကိုသူတစ်ချက်ကြည့်ပြီး တိတ်ဆိတ်သွားသည်။

ယန်ချုံး နှင့်သူ့အဖွဲ့ကနာမည်အရတော့ ကျောင်းကအနိုင်ကျင့်သူများဖြစ်ကောင်းဖြစ်နိုင်သည်၊ ဒါပေမယ့်သူတို့က ယဉ်ကျေးသိမ်မွေ့သော ကျောင်းအနိုင်ကျင့်သူများဖြစ်သည်။  သူတို့ကယောက်ျားလေးများနှင့်မိန်းကလေးများကို အနိုင်ကျင့်ခြင်းကဲ့သို့အရာများကို ဘယ်သောအခါမှမလုပ်ခဲ့သလို ကျောင်းမှကျောင်းသားများကိုလည်း မတိုက်ခိုက်ခဲ့ပါ။  သူတို့ကသူတို့အတန်း ဒါမှမဟုတ်သူတို့ရဲ့ကျောင်းကမဟုတ်တဲ့ အနိုင်ကျင့်သူတွေကို ရံဖန်ရံခါတိုက်ခိုက်ကြတယ်။


ကျောင်းအနိုင်ကျင့်သူတွေက ယဥ်ကျေးသလိုပဲ သူတို့ကသက်ကြီးရွယ်အိုများကိုလေးစားပြီး လူငယ်များကိုချစ်ခင်ကြသည်။  တခါတရံမှာ သူတို့ကအဘိုးအဘွားတွေကိုလမ်းဖြတ်ကူးဖို့တောင် ကူညီပေးလိမ့်မယ်။  သူတို့အပြင်ထွက်စားတဲ့အခါ သူတို့လည်းအတန်းကိုမဖြတ်ဘူး။

ယန်ချုံးက ရှည်လျားသောအတန်းကြီးကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။  သူကသူ့ရဲ့လက်ကို ဗိုက်ပေါ်တင်လိုက်ပြီး လိုင်းရဲ့အဆုံးမှာရပ်လိုက်တယ်။

လူတန်းက မယုံနိုင်လောက်အောင် နှေးကွေးစွာရွေ့လျားနေသည်။ရှေ့ဆုံးတန်းမှလူတစ်ဦးစီက သူ့ရဲ့အစားအစာများနှင့်အတူ အဝေးသို့လျှောက်သွားတဲ့အခါတိုင်း ယန်ချုံးကမီနူးပေါ်က အရသာရှိသောအရာကိုကြည့်ရန်မနေနိုင်ခဲ့ပေ။

သူ၏အာရုံကိုလွှဲရန် သူကကစားဖို့အတွက်သူ့ရဲ့ terminal ကိုသာထုတ်ယူနိုင်ခဲ့သည်။


သူ့ဆီကိုပို့လာတဲ့ ကျိရှင်းလန်ရဲ့မက်ဆေ့ခ်ျကို မြင်ရဖို့အချိန်နီးနေပြီ။

[ကျိရှင်းလန်: မင်းစားပြီးပြီလား? ]


[ယန်ချုံး: မစားရသေးဘူး။ ငါ ကန်တင်းမှာစားဖို့မှာနေတယ်။ ]

[ကျိရှင်းလန် : ငါနဲ့အတူစားဖို့ အပေါ်ထပ်ကိုလာခဲ့။ ]


ယန်ချုံး မျက်မှောင်ကျုံ့လိုက်သည်။  'သူ့ကိုယ်သူ ဧကရာဇ်လို့များထင်နေတာလား? သူက စားပြီးသူ့အတွက်ရှင်သန်နေစဥ်မှာ သူနဲ့အတူပူးပေါင်းဖို့ တစ်ယောက်ယောက်ကို ဘာလို့လိုတာလဲ? 'ဒါပေမယ့် ယန်ချုံး ဗိုက်အရမ်းဆာလာပြီး ဗိုက်ကအသံတွေတောင်မြည်လာခဲ့သည်။ပြီးတော့ သူတကယ်ပဲ အဆင်သင့်စား အစားအသောက်တွေကိုသာသွားစားချင်လာခဲ့သည်။မည်သို့ပင်ဖြစ်စေ သူ့နောက်မှ သူ့ရဲ့လက်အောက်ငယ်သားတွေကို မြင်သောအခါ အပေါ်ထပ်သို့တက်ရန် တိုက်တွန်းမှုကိုနှိမ်နင်းခဲ့သည်။


သူကသူတို့ကိုဒီနေ့ထမင်းလိုက်ကျွေးမယ်လို့ ကတိပေးထားပြီးသားမို့ သူ့ညီအစ်ကိုတွေကိုဖယ်ပြီး သူ့ဖာသာသူစားတာကို သူလုပ်မှာမဟုတ်ဘူး။


  [မလာဘူး ] ယန်ချုံးက reply သင်္ကေတကိုဖိချလိုက်သည်။

ယန်ချုံးက နဂိုကတည်းက ရှဲ့ယွီ နဲ့သူ့အဖွဲ့ကို ထမင်းစားဖို့ပြောထားတယ်၊ ဒါပေမယ့် သူကသူ့ရဲ့ကျောင်းကဒ်ထဲက လက်ကျန်ငွေကိုသူ့terminalနဲ့ စစ်ကြည့်တဲ့အခါ သူအရှက်ကွဲတော့မယ်ဆိုတာကို သူရုတ်တရက်တွေ့ရှိသွားခဲ့တယ်။အဲ့တာကတော့ သူ့ကဒ်ထဲမှာငါးဒေါ်လာပဲကျန်တော့တယ်။


သူကသူ့ညီအစ်ကိုတွေကို ထမင်းရယ်၊ ပုစွန်ခြောက်တွေနဲ့ ရေညှိဟင်းရည်အချို့နဲ့ ကျွေးတာလောက်ပဲလုပ်နိုင်တယ်။


ရှဲ့ယွီ သည်လည်း ယန်ချုံး ၌ သူ့ရဲ့ကဒ်ထဲမှာ ငွေမရှိကြောင်းမြင်ခဲ့သည်။ပြီးတော့ ယန်ချုံးဘယ်လောက်ရှက်ရွံ့နေသလဲဆိုတာကို သူတွေ့လိုက်ရသည်။ သူကဒီအခြေအနေကနေလွတ်မြောက်ဖို့ နည်းလမ်းတစ်ခုကို မသိမသာကမ်းလှမ်းခဲ့တယ်။  “ ဒီနေ့ငါ့ကဒ်ကိုသုံးလိုက်။ငါတို့သွားထိုင်စရာနေရာကိုသွားရှာကြစို့။ "


*****

 တလောင် နှင့်ကျန်တဲ့သူတွေက တန်းစီပြီး၊ သူတို့၏အစားအစာများကို မှာပြီးတော့ သူတို့မှာထားတဲ့ဟာတွေကိုရလာကြသည်။  ယန်ချုံး နှင့် ရှဲ့ယွီတို့က တန်းစီတဲ့နေရာမှထွက်လာကြပြီး ထိုင်စရာနေရာတစ်ခုကိုရှာဖွေရန် ထမင်းစားခန်းတစ်ဝိုက်ကို လျှောက်လာခဲ့သည်။

ရှဲ့ယွီ က ကျိရှင်းလန်ကိုနှိုင်းယှဉ်လို့မရနိုင်ပေမယ့် သူကတော်တော်လေး ချမ်းသာတယ်။  သို့သော် ယန်ချုံးက သူ့သူငယ်ချင်းရဲ့ငွေကို ဆက်လက်မသုံးစွဲနိုင်ခဲ့ပေ။  သူကသူကိုယ်တိုင်အတွက် ငွေရှာရန်နည်းလမ်းတစ်ခုကို စဉ်းစားခဲ့ရသည်။


ဒါ့အပြင်အနာဂတ်၌ ကျိရှင်းလန်နဲ့ကွာရှင်းပြီးတဲ့အခါမှာ ရှင်သန်ဖို့သူငွေရှိနေဖို့လိုအပ်တယ်။  ယန်ချုံးက ကျိရှင်းလန်ရဲ့ ငွေကိုလုံးဝမယူချင်ပေ။

သူတို့ကထမင်းစားခန်းပတ်ပတ်လည်သို့ ပတ်သွားခဲ့သော်လည်း ထိုင်ခုံတွေကိုရှာမတွေ့ခဲ့ဘူး။ အဆုံးမှာတော့ သူတို့ကတံခါးဝအနီးရှိ တစ်နေရာသို့ လျှောက်သွားခဲ့ကြသည်။


ဝင်ပေါက်မှာထူးခြားတဲ့စားပွဲတစ်လုံးရှိတယ်။  ထမင်းစားခန်းရှိအခြားစားပွဲများက ရှည်လျားပြီး လေးထောင့်ပုံစံစားပွဲများကို အလျားလိုက်လမ်းကြောင်းအတိုင်း သေသပ်စွာချထားသော်လည်း ဝင်ပေါက်ရှိစားပွဲက အခြားစားပွဲများနှင့် တည့်တည့်တွင်ရှိနေသည်။ နောက်ဆုံးအကြိမ်တုန်းက အဲ့တာက ယန်ချုံး  နှင့်သူ၏ဂိုဏ်းသားများအတွက် သီးသန့်နေရာဖြစ်ခဲ့သည်။အနားမှာတစ်ယောက်မှမရှိရင်တောင် အခြားကျောင်းသားတွေက ဒီစားပွဲပေါ်မှာမစားကြဘူး။

ဒါပေမယ့်အခုတော့ အဲဒီမှာထိုင်နေတဲ့လူတစ်ချို့ရှိတယ်။ချန်ကုံး နှင့်သူ့ရဲ့လက်ပါးစေတို့က ထိုနေရာတွင်ထိုင်နေကြသည်။


ယန်ချုံးက ဒုက္ခမပေးချင်ဘူး။  သူက ရှဲ့ယွီရဲ့လက်ကိုဆွဲပြီးထွက်သွားချင်ပေမယ့် ချန်ကုံး ကသူတို့ကိုမြင်သွားခဲ့ပြီးပြီ။သူကမျက်မှောင်ကျုံ့လိုက်ပြီး သူ့ရဲ့မျက်ခုံးထူထူများကို ပွတ်ဆွဲလိုက်သည်။သူကသူ့ရဲ့တူတွေကိုချလိုက်ပြီး မတ်တပ်ရပ်ကာ "Erkang" လုပ်နေသလို သူတို့ကိုကြည့်လိုက်တယ်။

သူကသူ့ရဲ့လက်ကိုတောင် ဆန့်လိုက်တယ်။


“ ခဏလေး !”


ယန်ချုံး ရှော့ခ်ရသွားသည်။  ထို့နောက် ချန်ကုံးရဲ့မျက်နှာမှ မျက်မှောင်ကျုံ့သွားသည်ကို သူမြင်တွေ့လိုက်ရသည်။ ထိုအချိန်အတောအတွင်း သူ့ရဲ့မျက်နှာပေါ်တွင် တင်းမာသောအပြုံးတစ်ခုပေါ်လာခဲ့သည်။  သူက ယန်ချုံး ကိုအာရုံစိုက်ပြီး စကားပြောခဲ့တယ် "ရှောင်ချုံး ၊  ဒီမှာလာထိုင်!"

သူ သရုပ်ဆောင်နေတဲ့ပုံကိုကြည့်ပြီးတော့ ယန်ချုံး တုန်လှုပ်သွားကာ ငြင်းလိုက်ချင်ပေမယ့် အဆုံးမှာတော့မရှက်ခဲ့ပါဘူး။  သူက ရှဲ့ယွီ ကိုဆွဲခေါ်လာပြီးထိုင်လိုက်တယ်။


ထိုနေရာတွင်မထိုင်ဘဲနေခြင်းသည် အလဟသဖြစ်စေလိမ့်မည်။

💙3.11.2021

Continue Reading

You'll Also Like

321K 41.2K 200
All credits given to original author Goose Five and translator. Image is given credit to novel..... ဝိညာဉ်ကြောမရှိလျှင် မကျင့်ကြံနိုင်သည့် လောကတွင်...
353K 38.8K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
147K 10.5K 47
មិនថាកន្លងទៅយ៉ាងណា ប៉ុន្តែអារម្មណ៍ល្អៗចំពោះឯងមិន ប្រែប្រួលឡើយ គីម ថេយ៉ុង ។ យើងខុសដែលទុកឯងចោល ប៉ុន្តែយើងតែងតែនឹកនាដល់ឯងជានិច្ច ទោះឯងខឹង ឬ ស្អប់យើងកម្រ...