Unicode
~~~~~~~
"မြနွယ်...အစ်ကိုတို့စကားလေး
ခဏလောက်ပြောကြမလား။"
ကျုပ် ဘေးနားမှာထိုင်နေတဲ့ ' မြနွယ်'ကို
တိုးတိုးလေးကပ်ပြီးပြောလိုက်တယ်။
"အင်း သွားမယ်လေအစ်ကို။"
'မြနွယ်'ကလဲသဘောတူတာကြောင့် ကျုပ်
'အဘ' တို့ 'အမ'တို့ကို တစ်ချက်ခွင့်တောင်းပြီး
မိန်းကလေးနဲ့အတူ ဝိုင်းထဲကိုဆင်းလာခဲ့လိုက်ကြတယ်။အဘတို့အမတို့ကတော့နေ့လည်စာစားပြီးကတည်းက 'မြနွယ်'ရဲ့မိဘတွေနဲ့စကားကောင်းနေတာဗျ ။ စေ့စပ်မဲ့ရက်ကိုလဲမကြာခင်သတ်မှတ်မယ်ပြောနေကြတာမို့ ကျုပ်တစ်ကယ်ကို စိတ်ရှုပ်လာရတယ်။
"အစ်ကို ဘာပြောမလို့လဲဟင်။"
'မြနွယ်'က ခြံထဲကဝါးကွက်ပျစ်လေးပေါ်မှာထိုင်ရင်း
မေးလာတယ်။သူကျုပ်နဲ့က
သုံးလလောက်ပဲကွာတာ ဒါပေမဲ့ 'မြနွယ်'က
အစ်ကိုလို့ပဲအမြဲခေါ်ပါတယ်။
ပဒုမ္မာအင်္ကျီအဖြူလက်တိုလေးကို မှ
လက်လုပ်ရက်ကန်းထည် ကန့်လန့်စင်းလုံချည်လေးနဲ့တွဲဖက်ဝတ်ဆင်ထားတဲ့ 'မြနွယ်'ကတကယ်ကိုမိန်းမချောလေး။ဖြူဝင်းတဲ့အသားအရည်က ပါးပြင်ပေါ်က ခပ်ဝါဝါသနပ်ခါးကွက်လေးနှစ်ကွက်နဲ့ ရှင်းသန့်လို့နေတယ်။နက်မှောင်ပြီးအုံလုံးကောင်းတဲ့ဆံနွယ်တွေကို တစ်ပတ်လျှိုဆံထုံးထုံးထားပြီး စံပါယ်ကုန်းလေး
သီထားတာကလဲ ကျက်သရေရှိလွန်းပါတယ်။
ရွာရဲ့အချောအလှ ကွမ်းတောင်ကိုင်မဟုတ်ပါလား။ ဒါပေမဲ့လဲ ကျုပ်'မြနွယ်'ကိုနှမငယ်လေးတစ်ယောက်အပြင်ပိုပြီးခံစားလို့မရတာအမှန်ပဲ။
"ဟို...မြနွယ် အစ်ကို့ကို ဘယ်လိုသဘောရလဲ
ဒီစေ့စပ်ပွဲကမြနွယ်ရဲ့ ဆန္ဒကောပါသလား။"
"အစ်ကို ကရောမြနွယ်ကို
ဘယ်လိုသဘောထားလဲဟင်။"
ပယင်းရောင်မျက်လုံးရွဲကြီးတွေနဲ့မေးလာတဲ့ 'မြနွယ်'
ကြောင့် 'ကျောက်ခဲ'ခမျာသူရဲ့အဖြေအတွက်
တွန့်ဆုတ်သွားရတယ်။
"......"
'မြနွယ်' က ကျုပ်ကိုနားလည်ရခက်တဲ့မျက်ဝန်းတွေနဲ့ကြည့်လာတယ်ဗျ။ကျုပ်တွန့်ဆုတ်နေမိတာတော့အမှန်ပဲ။ တစ်ဖက်ကမိန်းကလေးမဟုတ်လား။
"အစ်ကို..မြနွယ် ကိုအားနာနေသလားဟင်
အစ်ကို့ ရဲ့စိတ်ရင်းအမှန်ကို မြနွယ်သိချင်တယ်။"
'အဲ့ဒီ မိန်းကလေးထက်ပိုပြီး
မင်းနဲ့လိုက်ဖက်တဲ့သူရှိတယ်။
မင်းလေး သဘောမကျရင်
ရဲရဲကြီးငြင်းပစ်လိုက်စမ်း ကျောက်ခဲ
ကိုယ်တစ်ယောက်လုံးရှိတာမို့။'
ရုတ်တရက်ဆိုသလို ကျုပ်ရဲ့နားထဲမှာ အစ်ကို့
ရဲ့စကားသံတွေကို ပြန်ကြားလိုက်ရတာကြောင့်
ကျုပ်ကြက်သီးတွေတောင်ထသွားရတယ် ။
အစ်ကို့ရဲ့စကားတွေက ကျုပ်ကိုဆုံးဖြတ်ချက်အတိုင်းပဲလုပ်ဖို့ တိုက်တွန်းနေတယ်။အနည်းဆုံး
တော့ ကျုပ်ဘက်မှာ အစ်ကိုတစ်ယောက်လုံးရှိနေ
သေးတယ်ဆိုတဲ့ အသိက ကျုပ်ကိုစိတ်သက်သာ
ရာရစေတာဗျ။ကျုပ်အခုချိန်မှာမှ မပြတ်သားရင်
ကျုပ်ဘဝက သိပ်ကိုကြီးမားတဲ့တွင်းနက်
ထောင်ချောက်ထဲကို ပြုတ်ကျသွားလိမ့်မယ်လို့ တောင်ခံစားလိုက်ရတယ်။
"အစ်ကို မင်းကို နှမငယ်လေးတစ်ယောက်လိုပဲ
သဘောထားတယ်မြနွယ်..အစ်ကို တောင်းပန်
ရော့တယ်။"
'ကျောက်ခဲ' ရဲ့စကားအဆုံးမှာပတ်ဝန်းကျင်က
လေတိုးသံနဲ့ သစ်ရွက်လှုပ်ရှားတဲ့အသံကလွဲပြီး
စကားလုံးတို့ ဆိတ်သုဉ်းသွားခဲ့တယ်။
လက်နှစ်ဖက်ကို အချင်းချင်းဆုပ်ကိုင်လို့ ခေါင်းလေးငုံ့ထားရှာတဲ့ မိန်းမပျိုလေးရဲ့ရင်ထဲမှာတော့
မျက်ရည်မိုးတွေဆွေနေခဲ့လေရဲ့ ။
"မြနွယ် နားလည်ပါပြီ အစ်ကို။
အစ်ကို စိတ်အေးလို့ရပါပြီ။"
"မြနွယ်.."
ကျုပ်'မြနွယ်'ရဲ့စကားကြောင့် အံသြသွားရသလို
ပျော်လဲ ပျော်သွားရတယ်။ 'မြနွယ်'က စေ့စပ်ပွဲကို ငြင်းလိုက်မယ်ဆိုတဲ့သဘောနဲ့ ပြောလာတာမို့လား။
ဒါက နှစ်ဖက်လုံးအတွက်ကောင်းတဲ့အစီအစဉ်တစ်ခုပဲလေ 'မြနွယ်'ကကျုပ်ထက်သာတဲ့သူနဲ့ ပေါင်းဖက်သင့်တဲ့ မိန်းကလေးပါ။
"မြနွယ် စေ့စပ်ပွဲကို ငြင်းလိုက်ပါ့မယ်အစ်ကို။
အချစ်မပါတဲ့ အိမ်ထောင်ရေးကို 'မြနွယ်'လဲ
သဘောမကျသလို အစ်ကိုလဲ သဘောကျမယ်
မထင်ဘူး ။အစ်ကို တကယ်ချစ်တဲ့သူနဲ့ပဲ
ပေါင်းဖက်နိုင်ပါစေလို့ 'မြနွယ်' ဆုတောင်းလိုက်ပါတယ်။"
"မြနွယ်...အစ်ကို မင်းကိုကျေးဇူးလဲတင်သလို
အားလဲနာရပါတယ်။ 'မြနွယ်'မှာ အခက်အခဲ
ရှိလာတဲ့ အခါကျ အစ်ကို့ကို ပြောပါ
'အစ်ကို'လဲမြနွယ်ကို ပြန်ကူညီပေးပါရစေ။
'မြနွယ်'က အစ်ကို့ထက်သာတဲ့လူမျိုးနဲ့ပေါင်းဖက်သင့်တာပါ။"
အဲ့တော့မှပဲကျုပ်လဲ 'မြနွယ်' ရဲ့ခပ်လှမ်းလှမ်း
လေးမှာဝင်ထိုင်ပြီး သေချာစကားပြောနိုင်တော့တာ။ကျုပ်ရဲ့ စိတ်တွေ၊ ကိုယ်တွေက ပိုပြီးလွတ်လပ်သွားသလိုလဲခံစားလိုက်ရတယ်ဗျ ။
"ဟုတ်ကဲ့ပါ အစ်ကို
စေ့စပ်ပွဲကိုငြင်းမယ်ဆိုပေမဲ့ 'မြနွယ်'ကိုဖြင့်
မစိမ်းကားပါနဲ့အရင်လိုပဲ ခေါ်ပြောပါ ဆုံးမပါနော်။"
'မြနွယ်'က ကျုပ်ဘက်ကိုလှည့်ပြီးပြောလာတာမို့
ကျုပ်လဲလှိုက်လှိုက်လဲလဲပဲခေါင်းညိတ်ပြလိုက်
တော့တာပေါ့ဗျာ ။
ဒီလိုနဲ့ နေ့လည်လောက်ရောက်တော့ ကျုပ်တို့မိသားစုလဲ အိမ်ကိုပြန်လာခဲ့ကြတော့ပေါ့ ။ရေလဲခပ်၊နွားတွေလဲ အစာကျွေးပြီးသားဆိုတော့ ကျုပ်လဲအိမ်ပြန်ရောက်တာနဲ့ချည်ထည်အပါးလေး လဲဝတ်လိုက်ပြီး သရက်ပင်အောက်မှာပုဆိုးစုတ်လေးခင်းလို့ တရေးတမောအိပ်ဖို့လုပ်လိုက်တယ်။ လေလေးကလဲတဖြူးဖြူးအပင်ရိပ်လေးကလဲအေးတာမို့ ကျုပ်ခပ်မြန်မြန်ပဲအိပ်ပျော်သွားခဲ့ပါတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'ဇီးကွက်' တစ်ယောက် စိတ်ညစ်ညစ်နဲ့ 'သန်းဖေ'
တို့ယာထဲကိုထွက်လာခဲ့ခြင်းဖြစ်တယ်။သူ့မှာဒေါသလဲထွက်သလိုဝမ်းလဲနည်းတယ်။ သူ'ကိုကြီး
ကျောက်ခဲ'နဲ့ မြို့ကိုလိုက်ချင်လွန်းလို့ လေးလေး
ကိုဘယ်လောက်တောင်ပူဆာခဲ့ရသလဲ အခုတော့
အဲ့ဒီမကောင်းတဲ့မြေခွေးလိုလူ'သိင်္ခ' ကြောင့် သူလိုက်လို့မရတော့ဘူးတဲ့လေ။ဦးလေးဖြစ်သူကတောင် လူသုံးယောက်ဆိုရင် သူများအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်မယ်တဲ့ တကယ်စိတ်တိုလွန်းလို့...ငိုတောင်ငိုမိတယ်။
"ဟိတ်ကောင်.....သန်းဖေ။"
ယာဘေးက ကုက္ကိုပင်အာက်မှာထိုင်ပြီး ငေးတိငေးကြောင်လုပ်နေတဲ့ 'သန်းဖေ'ကို'ဇီးကွက်'ကလှမ်းခေါ်လိုက်တယ် ။စိတ်ညစ်လို့လာပါတယ်ဆိုနေ ဒီကောင်ကလဲလဒမှိုင်မှိုင်နေတော့ သူ့ခမျာဘာဆက်လုပ်ရမှန်းတောင်မသိတော့တာအမှန်။
"ဟာ..ဇီးကွက် လာလေ။"
"မင်းကဘယ်လိုဖြစ်လို့ မှုန်မှိုင်းနေတာတုံး။"
သူ 'သန်းဖေ'ဘေးမှာဝင်ထိုင်ရင်းမေးလိုက်တယ်။
"ဘာဖြစ်ရမှာလဲကွာ...မမမြနွယ်ကို ငါချစ်နေတာ
မင်းလဲသိတာပဲ။အခုတော့ သူ့ကို
ကိုကြီးကျောက်ခဲနဲ့ မြန်းဖို့ စီစဉ်နေကြတယ်လို့
ကြားမိလို့။"
'သန်းဖေ'က လယ်ထဲကရိုးပြတ်တွေကို ငေးရင်း
ဆွေးဆွေးမြေ့မြေ့လေးပြောလာတာမို့'ဇီးကွက်'
သက်ပြင်းသာချမိတယ်။
"ငါလဲကြားမိပါတယ်ကွာ....အခုတောင်
ကိုကြီးကျောက်ခဲကငါတို့နဲ့သိပ်မတွေ့နိုင်တော့တာ
သူသာလက်ထပ်ရင်ငါတို့ကိုအချိန်ပေးနိုင်တော့မှာမဟုတ်ဘူးကွ။"
'ဇီးကွက်'ရဲ့စကားကို 'သန်းဖေ' ကလည်းခေါင်းလေးညိတ်ပြီးထောက်ခံလာတယ်။ ကုက္ကိုရိပ်ကအေးပေမဲ့၊ သူတို့ရင်ထဲမှာတော့ အေးချမ်းမနေပါဘူး။
"ဟုတ်တယ်နော် အမှန်တိုင်းပြောရရင်
ငါလဲမမမြနွယ်ကို လက်မထပ်စေချင်သလို
ကိုကြီးကျောက်ခဲ ကိုလဲလက်မထပ်စေချင်ဘူး။"
အဲ့ဒီနောက်သူတို့နှစ်ယောက်လဲ ဘာစကားမှဆက်
မပြောတော့ဘဲနီးစပ်ရာကသစ်ကိုင်းခြောက်လေးတွေယူပြီးမြေကြီးပေါ်မှာ ရောက်တက်ရာရာလေးတွေ
လျှောက်ခြစ်နေလိုက်တော့တယ်။
'အောင်တိုး'တစ်ယောက်ကတော့ အိမ်မှာဆီထမင်းလုပ်စားတာမို့ဆီထမင်းကျွေးဖို့ရာ'သန်းဖေ' ကိုလိုက်ရှာရင်းက ယာထဲကိုရာက်လာရတယ်။လျှောက်လာရင်းနဲ့မှပဲကုက္ကိုပင်အောင်မှာထိုင်နေတဲ့'ဇီးကွက်'နဲ့
'သန်းဖေ' ကိုတွေ့လိုက်ရတာမို့သူ့ခြေလှမ်းတွေက
ခပ်သွက်သွက်။
"ဟေ့.. မင်းတို့နှစ်ကောင်ကဒီမှာ
ဘာလုပ်နေကြတာလဲ။"
'အောင်တိုး'က 'ဇီးကွက်' နဲ့
'သန်းဖေ'ကြားမှာဝင်ထိုင်ပြီးမေးလိုက်တယ်။
"ဘာမှမလုပ်ပါဘူးဟ ပျင်းလို့ဒီမှာ
လာထိုင်နေတာ။"
'သန်းဖေ' က 'အောင်တိုး'ရဲ့ပုခုံးပေါ်ကိုလက်တင်
ပြီးပြောလိုက်တော့ 'အောင်တိုး'ကနှုတ်ခမ်းစူတယ်။
အပေါင်းအသင်းကရှိတာမှသုံးယောက်ပဲကို။
နှစ်ယောက်ကဒီမှာလာထိုင်နေတော့ သူကပစ်ထားခံရသလိုခံစားရတယ်။
"ဒါဆိုလဲ ငါ့အိမ်ကိုသွားကြမယ်လေကွာ
အိမ်မှာအမက ဆီထမင်းလုပ်ထားတယ်ကွ
ကိုကြီးကျောက်ခဲကိုလဲဝင်ခေါ်ရအောင်။"
"အင်း....အဲ့အစီအစဉ်ကောင်းတယ်
ငါလဲကိုကြီးကျောက်ခဲကိုပြောစရာရှိလို့။"
"မင့်မလဲ ကိုကြီးကျောက်ခဲဆိုတဲ့အသံကို
မကြားရဲဘူး ရွစိထနေတာပဲ။"
'ဇီးကွက်'က တက်တက်ကြွကြွနဲ့ဆော်သြ
လာတာမလို့ 'အောင်တိုး'ကမြင်ပြင်းကပ်စွာ
ပြောလိုက်တယ်။
"မဟုတ်ပါဘူးကွာ ပြောစရာရှိလို့ပါ။"
"အေးပါကွာ။"
ဒီလိုနဲ့သူတို့သုံးယောက်လဲ
'ကိုကြီးကျောက်ခဲ' ကိုခေါ်ဖို့ယာထဲကနေပြန်ထွက်လာခဲ့ကြပါတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ဖက်က'သိင်္ခ' ကလဲရေမိုးချိုးအဝတ်အစား
လဲပြီးတာနဲ့ ခမောက်လေးတစ်လုံးဆောင်းပြီး
'ကျောက်ခဲ'ရဲ့ အိမ်ကိုထွက်လာခဲ့လိုက်တယ်။
အခုဆိုသူ့ 'ကျောက်ခဲလေး'လဲပြန်ရောက်ရောပေါ့။
မြို့ကိုလိုက်ခဲ့ဖို့ကိစ္စလဲပြောရမယ်လေ
သူကောင်ငယ်လေးကိုအရမ်းသတိရနေပြီ။
စေ့စပ်ပွဲကိုရအောင် တားမှာဆိုပေမဲ့ တစ်ဖက်ကောင်လေးကိုတော့ သူသဝန်တိုမိတာအမှန်။
ဒီကောင်လေးသာ သူနဲ့စောတွေ့ခဲ့မယ်ဆိုရင်
အခုလောက်ဆိုသူ့ရင်ခွင်ထဲရောက်နေလောက်ပြီ။
စေ့စပ်ပွဲလုပ်စရာမလိုအောင်ရန်ကုန်ကိုတောင်
ခိုးပြေးသွားလို့ရလောက်မယ် မဟုတ်လား။
သူလဲကိုယ့်အတွေးနဲ့ကိုယ် ရွာလယ်လမ်းအတိုင်းလျှောက်လာခဲ့ပြီးတဲ့နောက်မှာတော့ 'ကျောက်ခဲလေး'ရဲ့ခြံထဲကိုဝင်လာခဲ့လိုက်တယ်။ သူခြံထဲကိုရောက်သွားတာနဲ့ကွက်ပျစ်ပေါ်မှာနှစ်ခြိုက်စွာအိပ်ပျော်နေရှာတဲ့ကောင်လေးကိုမြင်လိုက်ရတာမို့တစ်ချက်ခန့်ပြုံးလိုက်ပြီး ကောင်ငယ်လေးရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်။
"အလို...မောင်ရင်လေးရောက်နေတာကိုး။"
'ကျောက်ခဲလေး'ရဲ့အမေက အပြင်ကပြန်လာဟန်
ရှိပြီး သူ့ကိုအိမ်ပေါ်ကနေဆင်းလာပြီးနှုတ်ဆက်လာတယ်။
"ဟုတ်ကဲ့ ဒေါ်ဒေါ်။"
"နှိုးလိုက်လေ မောင်ရင်လေးရဲ့
သူအိပ်နေတာလဲ ကြာပါပြီ။"
"မနှိုးတော့ပါဘူး ဒေါ်ဒေါ်
ကျွန်တော်စောင့်နေလိုက်ပါ့မယ်။"
"ဒါဆိုလဲ ပြီးတာပါပဲ...အရီး ရေနွေးနဲ့
လက်ဖက်လေးလာပို့မယ် ဟုတ်ပလား။"
"ဟုတ်ကဲ့ "
ဒေါ်ဒေါ် ဝင်သွားမှပဲသူလဲ'ကျောက်ခဲလေး'ရဲ့မျက်နှာကိုတဝကြည့်ခွင့်ရတော့တယ်။ထန်းလျက်ရောင်မျက်နှာညိုညိုစိုစိုလေးအပေါ်မှာမျက်တောင်ထူထူစိပ်စိပ်လေးတွေကနေရာတကျယူလို့။ နှာတံစင်းစင်းလေးနဲ့နှုတ်ခမ်းပါးလေးကအစ ၊ နက်မှောင်စွာဖြောင့်တန်းနေတဲ့မျက်ခုံးပေါ်က အမာရွတ်အစင်းကြောင်းလေးကိုအဆုံး သူမြတ်နိုးတယ်။ဒီအမာရွတ်လေးကို သူသတိထားမိတာမကြာသေးဘူး ၊ ခပ်ညိုညိုဖြစ်နေတဲ့အစင်းကြောင်းလေးအပေါ်မှာ အသားနုလိုမျိုးတက်နေတာ။ 'ကျောက်ခဲလေး'ရဲ့မျက်နှာလေးက အဲ့ဒီအမာရွတ်နဲ့တောင်ကြည့်ကောင်းနေတုန်းပါပဲ။ဒီအမာရွတ်လေးကြောင့်'ကျောက်ခဲလေး'က ပိုပြီးတောင်ယောက်ျားပီသလို့နေသေးတာ။
'သိင်္ခ'ဟာ အမာရွတ်လေးကိုစိုက်ကြည့်နေရင်းနဲ့
ကိုင်ကြည့်ချင်လာတာမို့သူ့လက်တွေကိုကောင်ငယ်လေးဆီတိုးသွားလိုက်တယ်။သူတွေဝေနေမိတုန်းပါပဲ
သူ့ကြောင့်နဲ့ကောင်ငယ်လေးနိုးသွားမှာကို မလိုလားလို့လေ။ဒါပေမဲ့ အဲ့ဒီအမာရွတ်လေးဟာ
အလင်းတန်းတွေထွက်နေသလိုမျိုးခံစားနေရပြီး
သူ့ရဲ့တွေဝေစိတ်တွေကလဲ တစ်တိတိတိုက်စား
ခံနေရတယ် ။ဒီလိုနဲ့ပဲ သူ့ရဲ့လက်တွေဟာ
ကောင်ငယ်လေးရဲ့နှဖူးဆီကိုရောက်ရှိလို့
သွားပါတော့တယ်။
နောက်ဆုံးမှာတော့ ခပ်မာမာအထိအတွေ့ကြောင့်
သူအသိပြန်ဝင်ရသွားပြီး သူ့ရဲ့လက်တွေက
ကောင်ငယ်လေးရဲ့ အမာရွတ်အပေါ်ကို ရောက်ရှိလို့နေပြီဖြစ်တယ်။သူထိုအမာရွတ်လေးကို လက်မနဲ့ညင်သာစွာပွတ်သပ်လိုက်ပြီးနောက်မှာတော့
သူ့နှုတ်ခမ်းတွေနဲ့ ဖြည်းညှင်းစွာထိတွေ့လိုက်တော့တယ်။
ကျေနပ်စရာကောင်းလိုက်တာ။တစ်နေ့ကျရင်တော့ အခုလိုခိုးကြောင်ခိုးဝှက်မဟုတ်ဘဲတရားဝင်နမ်းရှိုက်ခွင့်ရအောင်လုပ်မယ် 'မောင်ကျောက်ခဲလေး'
ရှက်သွေးဖြာနေတဲ့ပုံလေးက အင်မတန်ကြည့်လို့
ကောင်းတာလေ။
သူခိုးနမ်းပြီးလို့သိပ်မကြာခင်မှာဘဲ ဒေါ်ဒေါ်က
ရေနွေးအိုးနဲ့ လက်ဖက်ပန်းကန်ထည့်ထားတဲ့
ဗန်းလေးကိုသယ်ပြီး သူ့ဆီကိုရောက်လာတယ်။
"ကိုင်း မောင်ရင်လေးစားကြည့် ၊ အရီးက
သံပုရာသီးနဲ့ ချဉ်ငံစပ်လေးသုပ်လာပေးတာ။ "
သူလဲ ဒေါ်ဒေါ်ချပေးလာတဲ့ လက်ဖက်သုပ်လေးကိုတစ်ဇွန်းခပ်စားလိုက်တယ်။ လက်ဖက်နံ့နဲ့ကြက်သွန်ဖြူအနံ့ကအရမ်းမပြင်းဘဲ
ခပ်သင်းသင်းလေးသာဖြစ်ပြီး၊
အရသာကချဉ်ချဉ်စပ်စပ်လေးနဲ့ အကြော်လေး
တွေက မွရွနေကာ ပုဇွန်ခြောက်တောင်ပါလိုက်
သေးတယ်။
"ဒေါ်ဒေါ်လက်ရာက တကယ်ကိုထိပ်တန်းပါပဲ။"
"ဟုတ်ပါပြီကွယ် ...ရေနွေးလေးလဲသောက်ကွဲ့
အရီးကလဲ ညနေစာကချက်ထားပြီးပြီမို့
အားနေတာ။"
ဒေါ်ဒေါ် က ရေနွေးတစ်ခွက်မှုတ်သောက်ရင်းပြောလာတယ်။သူလဲ အားနေတာပဲမို့ အခြေအနေကိုစုံစမ်းဖို့စကားလမ်းကြောင်းရှာလိုက်တယ်။
"မနက်ကတော့ ကျောက်ခဲလေးကပြောပါတယ်
မြောက်ပိုင်းကို သွားစရာရှိလို့ဆိုပြီးလေ။"
'သိင်္ခ'ကမျက်မှန်ကို တစ်ချက်ပင့်တင်ပြီးပြောလိုက်
တယ်။ 'ကျောက်ခဲ'ရဲ့မိခင်ဖြစ်သူ သတိမထားမိတာက'သိင်္ခ'ရဲ့မျက်ဝန်းတွေက သိချင်စိတ်တွေနဲ့အဏုမြူရောင်ချည်တွေလို စူးရှနေခဲ့တာကိုပဲ။
"အင်း...ဟုတ်တယ်ကွဲ့
ဟိုတစ်ခါ ငကျောက်ခဲမူးလာတုန်းက
မင်းနဲ့တွေ့ခဲ့တဲ့မိန်းကလေးလေ မောင်ရင်လေး
မှတ်မိလား။"
"ဟုတ် ဟုတ်ကဲ့...မှတ်မိပါတယ်။"
"အင်း...အဲ့ဒီမိန်းကလေးနဲ့ မင့်ညီကျောက်ခဲကို
နေရာချပေးထားဖို့ လူကြီးတွေဆွေးနွေးကြတဲ့
သဘောပါ။"
"အော်...ဟို...အခြေအနေက ဘယ်လိုဖြစ်သွားလဲဟင်စေ့စပ်ပွဲကအတည်ပြုလိုက်ပြီလား။"
'မသိမ်းကြည်' တစ်ယောက်အရှေ့က မျက်လုံးလက်လက်လေးတွေနဲ့ စိတ်ဝင်တစား
မေးလာတဲ့လူငယ်လေးကိုကြည့်ပြီးပြုံးမိတယ်၊၊
"အတည်တော့မပြုရသေးပါဘူးကွယ်...တစ်ဖက်က
မိန်းကလေးရဲ့ ဆန္ဒကိုပါသိရမှ စေ့စပ်ပွဲကို
စီစဉ်မှာပါ။"
"အော်....ဟုတ်ကဲ့ဒေါ်ဒေါ်။"
သူ့ခမျာ အဲ့တော့မှပဲသက်ပြင်းအသာချမိတယ်။
စေ့စပ်ပွဲကအတည်မပြုရသေးဘူးဆိုတော့
သူ့မှာအချိန်နည်းနည်းပိုရသေးတယ်ဆိုတဲ့
သဘောမျိုးပေါ့ ။
"ကိုကြီးကျောက်ခဲရေ....ဗျို့ ...ကိုကြီးကျောက်ခဲ!။"
"ဟဲ့...သန်းဖေကုန်းပြီးအော်မနေနဲ့
အထဲကိုဝင်လာခဲ့...နင့်ကိုကြီးကအိပ်နေတာ
လာနှိုးချည်။"
'သန်းဖေ'တို့အုပ်စုဟာ အရီးသိမ်းကြည်ရဲ့စကားကြောင့်ခြံထဲကိုဝင်လာခဲ့လိုက်ကြတယ်။ သူတို့အထဲကိုရောက်တာနဲ့သူတို့ပထမဆုံးတွေ့လိုက်ရတာက
'ကိုသိင်္ခ' ရဲ့မျက်နှာချောချောဖြစ်တာမို့ သူ့ကို
ကြည့်မရတဲ့ 'ဇီးကွက်'ရဲ့မျက်နှာကတော့ ချက်ခြင်းဆိုသလိုကိုအုပ်မှိုင်းသွားရတော့တာပါပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပ်ပေးလိုက်ပါပြီ ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်ပါ။
Cmtလေးတွေမျှော်နေပါတယ် ၊ မင်းလေးတို့ရဲ့Cmt
ကကိုယ့်အတွက်အားဆေးပါ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~
'သိင်္ခ ' ကလည်း ထွက်သွားတဲ့ဦးလေးဖြစ်သူကို
ကြည့်ရင်း အစွယ်လေးတွေပေါ်သည်အထိ ပြုံးမိတယ်။သိပ်မကြာတဲ့ အချိန်အတောအတွင်းမှာ ကျောက်ခဲလေးက သူ့အပိုင်ဖြစ်လာလိမ့်မယ်။
သူ့အချစ်တော်လေးအဖြစ်ပေါ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"'မြနွယ်'...
ကျုပ်တို့စကားလေးခဏလောက်ပြောကြမလား။"
ကျုပ်လည်း ဘေးနားမှာထိုင်နေတဲ့ ' မြနွယ်'ကို
"အင်း သွားမယ်လေအစ်ကို။"
'မြနွယ်'ကလည်းသဘောတူတာကြောင့် ကျုပ်လည်း
နှစ်ယောက်ထဲဝိုင်းထဲကိုဆင်းလာခဲ့လိုက်ကြတယ်။အဘတို့အမတို့ကတော့
ကျုပ်လည်းတစ်ကယ်ကို စိတ်ရှုပ်လာရတယ်။
'မြနွယ်'က ခြံထဲကဝါးကွက်ပြစ်လေးပေါ်မှာထိုင်ရင်း
မေးလာတယ်ဗျ။'မြနွယ်'နဲ့ ကျုပ်နဲ့က
သုံးလလောက်ဘဲကွာတာ ဒါပေမဲ့ သူက
အစ်ကိုလို့ဘဲအမြဲခေါ်ပါတယ်။
သီထားတာကလည်း ကျက်သရေရှိလွန်းပါတယ်။
ရွာရဲ့အချောအလှ ကွမ်းတောင်ကိုင်မဟုတ်ပါလား သို့ပေမဲ့လည်း ကျုပ်'မြနွယ်' ကိုနှမငယ်လေးတစ်ယောက်အပြင် ပိုပြီးခံစားလို့မရတာအမှန်ပဲ။
"အစ်ကို ကရော 'မြနွယ် 'ကို
ဘယ်လိုသဘောထားလဲဟင်။"
ပယင်းရောင်မျက်လုံးရွဲကြီးတို့နှင့်မေးလာတဲ့ 'မြနွယ်'ကြောင့် 'ကျောက်ခဲ'တစ်ယောက် သူရဲ့အဖြေအတွက်တွန့်ဆုတ်သွား ရတယ်။
"အစ်ကို....
မင်းလေး သဘောမကျရင်
ရဲရဲကြီးငြင်းပြစ်လိုက်စမ်း 'ကျောက်ခဲ'
ရဲ့စကားသံတွေကို ပြန်ကြားလိုက်ရတာမို့
ကြက်သီးတောင်ထမိသွားတယ် ။ အစ်ကို့ရဲ့
စကားတွေက ကျုပ်ကိုဆုံးဖြတ်ချက်အတိုင်းဘဲ
ရုတ်တရက်ခံစားလိုက်ရတယ်။
ရော့တယျ။"
"'မြနွယ်.."
မိန်းကလေးပါ။
အချစ် မပါတဲ့ အိမ်ထောင်ရေးကို 'မြနွယ်'လည်းသဘောမကျသလို အစ်ကိုလည်း သဘောကျမယ်
"'မြနွယ်'...အစ်ကို မင်းကိုကျေးဇူးလည်းတင်သလို
အားလည်းနာရပါသယ်။ 'မြနွယ်'မှာ အခက်အခဲ
'အစ်ကို'လည်း မြနွယ်ကို ပြန်ကူညီပေးပါရစေ။
အဲ့တော့မှဘဲ ကျုပ်လည်း 'မြနွယ်' ရဲ့ခပ်လှမ်းလှမ်းလေးမှာဝင်ထိုင်ပြီး သေချာစကားပြောနိုင်တော့တယ်။ကျုပ်ရဲ့ စိတ်တွေ၊ ကိုယ်တွေက ပိုပြီးလွတ်လပ်သွားသလိုလည်းခံစားလိုက်ရတယ်ဗျ ။
"ဟုတ်ကဲ့ပါ အစ်ကို
မစိမ်းကားပါနဲ့အရင်လိုဘဲ ခေါ်ပြောပါ ဆုံးမပါနော်။"
'မြနွယ်'က ကျုပ်ဘက်ကိုလှည့်ရင်းပြောလာတာမို့
ကျုပ်လည်း လှိုက်လှဲစွာနဲ့ဘဲခေါင်းငြိမ့်ပြလိုက်
တော့တာပေါ့ဗျာ ။
ဒီလိုနဲ့ နေ့လည်လောက်ရောက်တော့ ကျုပ်တို့မိသားစုလည်း အိမ်ကိုပြန်လာခဲ့ကြတော့ပေါ့ ။အိပ်ကိုပြန်ရောက်တော့ ရေလည်းခပ်၊နွားတွေလည်း အစာကျွေးပြီးသားဆိုတော့ ကျုပ်လည်းချည်ထည်အပါးလေး လဲဝတ်လိုက်ပြီး သရက်ပင်
အိပ်ပျော်သွားတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တို့ယာထဲကိုထွက်လာခဲ့လိုက်တယ်။ ဒေါသလဲထွက်တယ်၊ ဝမ်းလဲနည်းတယ်။ သူ့မှာ 'ကိုကြီးကျောက်ခဲ'
အဲ့ဒီမကောင်းတဲ့တစ်ဆေလိုလူ'သိင်္ခ' ကြောင့်သူလိုက်လို့မရတော့ဘူးတဲ့လေ။လူသုံးယောက်ဆိုရင် သူများအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်မယ်တဲ့ တကယ်စိတ်တိုလွန်းလို့....သူငိုတောင်ငိုခဲ့ရသေးတာ။
"ဟေ့ကောင်.....သန်းဖေ။"
ယာဘေးက ကုက္ကိုပင်အာက်မှာထိုင်ပြီး ငေးတိငေးကြောင်လုပ်နေတဲ့ 'သန်းဖေ'ကို'ဇီးကွက်'လည်းလှမ်းခေါ်လိုက်တယ် ။စိတ်ညစ်လို့လာပါတယ်ဆိုနေ ဒီကောင်ကလည်းလဒမှိုင်မှိုင်နေတော့ သူ့ခမျာဘာဆက်လုပ်ရမှန်းတောင်မသိတော့တာအမှန်။
"ဟာ..ဇီးကွက် လာလေ။"
"မင်းကဘယ်လိုဖြစ်လို့ မှုန်မှိုင်းနေတာတုန်း။"
သူလဲ 'သန်းဖေ'ဘေးမှာဝင်ထိုင်ရင်းမေးလိုက်တယ်။
မင်းလဲသိတာပဲ။အခုတော့ 'မမမြနွယ်'ကို
'သန်းဖေ'က လယ်ထဲကရိုးပြတ်တွေကို ငေးရင်းဆွေးဆွေးမြေ့မြေ့လေးပြောလာတာမို့ သူလည်း
သက်ပြင်းသာချမိတော့တယ်။
"ငါလည်းကြားမိပါတယ်ကွာ....အခုတောင်
'ကိုကြီးကျောက်ခဲ'ကအခုတောင်ငါတို့နဲ့သိပ်မတွေ့နိုင်တော့တာသူသာလက်ထပ်ရင်
ငါလည်း'မမမြနွယ်'ကို လက်မထပ်စေချင်သလို
'ကိုကြီးကျောက်ခဲ'ကိုလည်း လက်မထပ်စေချင်ဘူး။"
သူတို့နှစ်ယောက်လည်း ဘာစကားမှဆက်မပြောတော့ဘဲနီးစပ်ရာကသစ်ကိုင်းခြောက်လေးတွေယူပြီးမြေကြီးပေါ်မှာဘဲ ရောက်တက်ရာရာလျှောက်ခြစ်နေ
လိုက်တော့တယ်။
'အောင်တိုး'တစ်ယောက်မှာတော့အိမ်မှာဆီထမင်းလုပ်စားတာမို့ ဆီထမင်းကျွေးဖို့ရာ'သန်းဖေ' ကိုလိုက်ရှာနေရာကမတွေ့တာကြောင့် 'သန်းဖေ'တို့ရဲ့ယာထဲကိုရာက်လာရတယ်။သူရောက်သွားတော့ ကုက္ကိုပင်အောင်မှာထိုင်နေတဲ့'ဇီးကွက်'နဲ့ 'သန်းဖေ' ကိုတွေ့လိုက်ရတာမို့သူအမြန်သွားလိုက်တယ်။
"ဟေ့ကောင်တွေ မင်းတို့နှစ်ကောင်ကဒီမှာ
ဘာလုပ်နေကြတာလဲ။"
သူလည်း 'ဇီးကွက်' နဲ့ 'သန်းဖေ'
လာထိုင်နေတာ။"
'သန်းဖေ' က 'အောင်တိုး'ရဲ့ပုခုံးပေါ်ကိုလက်တင်ရင်းပြောလိုက်တယ်။
"ဒါဆိုလည်း ငါ့အိမ်ကိုသွားကြမယ်လေကွာ
'ကိုကြီးကျောက်ခဲ'ကိုလည်းဝင်ခေါ်ရအောင်။"
ငါလည်း'ကိုကြီးကျောက်ခဲ'ကိုပြောစရာရှိလို့။"
"မင့်မလည်း 'ကိုကြီးကျောက်ခဲ' ဆိုတဲ့အသံကို
ပြောလိုက်တယ်။
"အေးပါကွာ။"
ထို့နောက်သူတို့သုံးယောက်လည်း
'ကိုကြီးကျောက်ခဲ' ဆီကိုထွက်လာခဲ့လိုက်ကြတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ဖက်က'သိင်္ခ' ကလည်းရေမိုးချိုးအဝတ်အစား
'ကျောက်ခဲလေး'ရဲ့ အိမ်ကိုထွက်လာခဲ့လိုက်တယ်။
အခုဆို 'ကျောက်ခဲလေး'လည်းပြန်ရောက်ရောပေါ့။မြို့ကိုလိုက်ခဲ့ဖို့ကိစ္စ လည်းပြောရ
ရင် အခုလောက်ဆို ကျောက်ခဲလေးက သူ့ရင်ခွင်ထဲရောက်နေလောက်ပြီး ၊ စေ့စပ်ပွဲလုပ်စရာမလိုအောင်
ရန်ကုန်ကိုခိုးပြေးသွားလို့ရမည်မဟုတ်လား။
သူလည်းရွာလယ်လမ်းအတိုင်းလျှောက်လာခဲ့ပြီး
ဝင်လာလိုက်တော့တယ်။ သူခြံထဲကိုရောက်သွားတာနဲ့ကွက်ပြစ်ပေါ်မှာနှစ်ချိုက်စွာအိပ်ပျော်နေရှာတဲ့ကောင်လေးကိုမြင်လိုက်ရတာမို့တစ်ချက်ပြုံးလိုက်ပြီး ကောင်ငယ်လေးရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်။
"ဟုတ်ကဲ့ ဒေါ်ဒေါ်။"
သူအိပ်နေတာလည်း ကြာပါပြီ။"
"ဒါဆိုလည်း ပြီးတာပါပဲ...အရီး ရေနွေးနဲ့လက်ဖက်လေးလာပို့မယ် ဟုတ်ပလား။"
"ဟုတ်ကဲ့ "
ဒေါ်ဒေါ် ဝင်သွားမှပဲသူလည်း' ကျောက်ခဲလေး'ရဲ့မျက်နှာကိုတဝကြည့်ခွင့်ရတော့တယ်။
ထန်းလျက်ရောင်မျက်နှာညိုညို စိုစိုလေးအပေါ်မှာမျက်တောင်ထူထူစိပ်စိပ်လေးတွေကနေရာတကျယူလို့ ၊ နှာတံစင်းစင်းလေးနဲ့နှုတ်ခမ်းပါးလေးကအစ နက်မှောင်စွာဖြောင့်တန်းနေတဲ့
လို့နေတယ်။ သူ့ရဲ့လက်တွေဟာလည်း ဖြေးညှင်းစွာနဲ့ပဲကောင်ငယ်လေးရဲ့အမာရွတ်လေးဆီကိုဆက်တိုးနေမိတယ်။
ကောင်ငယ်လေးရဲ့ အမာရွတ်လေးအပေါ်ကို ရောက်ရှိလို့နေတယ်။ သူလည်းထိုအမာရွတ်လေးကို လက်မလေးနဲ့ညင်သာစွာပွတ်သပ်လိုက်ပြီးနောက်
ခပ်သင်းသင်းလေးဖြစ်ပြီး
အရသာကချဉ်ချဉ်စပ်စပ်လေးနှင့်အကြော်လေးများမှာမွရွနေကာ ပုဇွန်ခြောက်လေးများပင်ပါလိုက်
သေးတယ်။
"ဟုတ်ပါပြီကွယ် ...ရေနွေးလေးလည်းသောက်ကွဲ့အရီးကလည်း ညနေစာကချက်ထားပြီးပြီမို့
အားနေတာ။"
"အင်း...ဟုတ်တယ်ကွဲ့
နေရာချပေးထားဖို့ လူကြီးတွေဆွေးနေကြတဲ့သဘောပါ။"
စီစဉ်မှာပါ။"
"အော်....ဟုတ်ကဲ့ဒေါ်ဒေါ်။"
သူလည်းထိုအခါမှဘဲ သက်ပြင်းအသာချမိတယ်။
သူ့မှာလည်းအချိန်နည်းနည်းပိုရသေးတယ်ဆိုတဲ့
သဘောမျိုးပေါ့ ။
လာနှိုးချေ။"
သူတို့အုပ်စုလည်းအရီးသိမ်းကြည်ရဲ့စကားကြောင့်ခြံထဲကိုဝင်လာခဲ့လိုက်ကြတယ်။ ခြံထဲကို ရောက်တာနဲ့သူတို့ပထမဆုံးတွေ့လိုက်ရတာက 'ကိုသိင်္ခ' ရဲ့မျက်နှာချောချောကိုပဲ။' ဇီးကွက်'
ရဲ့မျက်နှာကတော့ ချက်ခြင်းဆိုသလိုကိုအုပ်မှိုင်းသွားရတော့တာပါဘဲ။
~~~~~~~~~~~~~~~~~~~~~~~
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀