Omega အဖြစ်ကူးပြောင်းပြီးနောက...

By karryphyo

375K 39.7K 946

Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kin... More

Description
Ch. 1
Ch. 2
Ch. 3
Ch 4.
Ch5 .
Ch6 .
Ch7.
Ch8.
Ch9.
Ch10.
Ch11.
Ch12.
Ch14.
Ch15.
Ch 16.
Ch17.
Ch18.
Ch. 19
Ch 20.1
Surprise 🤍🤍🤍
Ch 20.2
Ch 20.3
Ch 21
Ch 22
paid gp😍😘🤍🤍
Ch 23
Ch 24
Ch 25
Ch 26
Ch.27
Ch 28
Ch 29
Ch 30
Suprise🥳🥳
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Ch 46
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54
Ch 55
Ch 56
Ch 57
Ch 58
Ch 59
Ch 60
Ch 61
Ch 62
Ch 63
Ch 64
Ch 65
Ch 66
Ch 67
Ch 68
Ch 69
Ch 70
Ch 71
Ch 72
Ch 73
Ch 74
Ch 75
Ch 76
Ch 77
Ch 78
Ch 79
Ch 80
Ch 81
သီတင်းကျွတ် ပရိုမိုးရှင်း
Ch 82
Ch 83
Ch 84
Ch 85
Ch 86
Ch 87
ပရိုမိုးရှင်း
Ch 88
Ch 89,90
Ch 91
Ch 92, 93
Ch 94
Ch 95
Ch 96
Ch 97
Ch 98
Ch 99
Ch 100
Ch 101
Ch 102
Ch 103
Ch 104
Ch 105
Ch 106
Ch 107
Ch 108
Ch. 109
Ch 110
Ch 111
Ch 112
Ch 113
Ch 114
Ch 115
Ch 116
Ch 117
Ch 118
Ch 119
Ch 120
Ch 121
Ch 122
Ch 123
Ch 124
Ch 125
Ch 126(end)

Ch13.

5.7K 829 51
By karryphyo

( ဒါဆိုနင်လည်း ကျိရှင်းလန်ကို ကြိုက်နေတာပေါ့)




ယန်ချုံးက ခံစားမှုမပေါ်လွင်ပေမယ့် သူ့နှလုံးသားက  တဒုန်းဒုန်းခုန်နေသည်။သူကတိတ်တိတ်လေး တံတွေးမျိုချလိုက်ပြီး ပိုင်ယွမ်ယွမ် တစ်ခုခုကိုစဉ်းစားနေပြီလားလို့ တွေးမိခဲ့သည်။

ကျိရှင်းလန်ရဲ့  pheromones တွေ ပေါများလာတာနဲ့မတူဘူး ပြီးတော့ လူတိုင်းကအဲ့တာကို အရင်ကအနံ့ခံဖူးခြင်းမရှိပေ။မည်သို့ပင်ဖြစ်စေ ပိုင်ယွမ်ယွမ်က ဆက်လက်ခန့်မှန်းနေပုံရသည်။

“ မဟုတ်ဘူး၊ ငါဒါကိုအရင်က တစ်နေရာရာမှာ အနံ့ခံခဲ့ဖူးတယ်။  ကြည့်ကြည့်ရအောင် ”

ယခုအချိန်တွင် ယန်ချုံး မှာရှိတဲ့ အကြီးမားဆုံးကြောက်ရွံ့မှုမှာ တစ်စုံတစ်ယောက်က ကျိရှင်းလန်နဲ့ သူ့ရဲ့လျှို့ဝှက်သဘောတူညီချက်ကို ရှာဖွေတွေ့ရှိသွားမှာကိုဖြစ်သည်။  ဒီမိန်းကလေးဟာ အလွန်အကဲဆတ်တာကို သူသတိပြုမိခဲ့သည်။ သူနဲ့ကျိရှင်းလန်တို့က လက်ထပ်ထားကြပြီး အတူတူနေထိုင်ကြကာ သူကိုယ်ဝန်ရှိတယ်ဆိုတဲ့ အမှန်တရားကို သူမ ရှာဖွေတွေ့ရှိသွားခဲ့ရင် ယန်ချုံး အသက်မရှင်ချင်တော့ဘူး။

သူမရိုင်းစိုင်းသောမှန်းဆမှုများမပြုလုပ်မီ ယန်ချုံးက လျင်မြန်စွာနဲ့ပင်“ ဒါကငါ့ရဲ့ pheromone ရေမွှေးအသစ်ဘဲ။  ဒီအနံ့ကကောင်းလား? ”လို့ကြားဖြတ်ပြောလိုက်သည်။

ဒီစကားကိုကြားတော့ ပိုင်ယွမ်ယွမ်က အမြင်မှန်ရသွားတဲ့ အမူအရာကို မဖော်ထုတ်မီ သံသယမျက်လုံးတွေနဲ့ သူ့ကိုကြည့်လာခဲ့သည်။   “ အိုး၊ မှန်တယ်၊ မှန်တယ်!”

သူမက စားပွဲအံဆွဲထဲမှ ပန်းရောင်ရေမွှေးပုလင်းသေးသေးလေးကိုထုတ်ယူလိုက်ပြီး သူမလက်ထဲမှာအဲ့တာကို ဝှေ့ယမ်းပြလိုက်သည်။  "နင်ရောဒါကိုဝယ်ခဲ့လား?  ကျောင်းရဲ့အိုင်ဒေါရဲ့  pheromonesလေ !  အောက်ထပ်ကစမ်းသပ်လေ့လာနေဆဲဖြစ်တဲ့ ဆေးဝါးဗေဒအတန်းက ငါတို့ရဲ့ညီမငယ်လေးအချို့က သူတို့ရဲ့ဓာတ်ခွဲခန်းထဲမှာ ဒီရောစပ်ထားတဲ့ဟာကိုပြုလုပ်ခဲ့တာ။အဲ့တာကိုကန့်သတ်ချက်နဲ့  ပုလင်းနှစ်ဆယ်ပဲထုတ်ထားတာ။ငါတစ်ပုလင်းကိုအမိအရဖမ်းထားတာ အခုထိမစမ်းရသေးဘူး! "

တစ်စုံတစ်ယောက်က သူ့အတွက်ရှင်းပြချက်တစ်ခုချပြီးသားဖြစ်သောကြောင့် ယန်ချုံးက မကြောက်တော့ဘဲ“ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်” လို့ခေါင်းညိတ်ပြလိုက်တယ်။

ပိုင်ယွမ်ယွမ်က ရှက်ကိုးရှက်ကန်းနဲ့ပြုံးလိုက်တယ်။ "သေချာပြီ။ချုံးချုံး ၊ နင်လည်းကျောင်းရဲ့အိုင်ဒေါကို crushနေတယ် ”

ယန်ချုံး ခဏမျှတောင့်သွားသည်။ ". ......ကျောင်းရဲ့အိုင်ဒေါက ဘယ်သူလဲ?"

ကျောင်းရဲ့အိုင်ဒေါက ယန်ချုံး မဟုတ်လား။

"လှည့်ပတ်မနေပါနဲ့။"  ပိုင်းယွမ်ယွမ် ပြုံးပြီး "ကျိရှင်းလန်က လွဲရင်ဘယ်သူဖြစ်နိုင်မှာလဲ?"

  "အိုင်ဒေါ ... ဒါပေမယ့် ကျိရှင်းလန် က ငါတို့ကျောင်းကမှမဟုတ်တာ"  ယန်ချုံးက သူမကိုလေးနက်စွာ တည့်မတ်ပေးခဲ့သည်။

ပိုင်ယွမ်ယွမ်က လက်ခုပ်တီးလိုက်တယ်။ "ဒါပေမဲ့ စစ်တပ်ကျောင်းရဲ့ ကျောင်းဝင်းကျော်ကြားမှုကြီးက ပိုကျယ်ပြန့်လာပြီး ငါတို့ကျောင်းရဲ့ Omega တွေအားလုံး ကြွေသွားကုန်ကြပြီ။ဟားဟားဟား ဟားဟား!"

“….......”

ယန်ချုံးက သူ့နှုတ်ခမ်းကိုဖိလိုက်ပြီး ရေမွှေးပုလင်းကို မဝံ့မရဲနဲ့ယူလိုက်သည်။သူအဖုံးကိုဖွင့်လိုက်သောအခါ အေးစိမ့်သောရနံ့က အတွင်းထဲမှထွက်လာခဲ့သည်။

အဲ့တာက ကျိရှင်းလန်ရဲ့ pheromoneတွေနဲ့ တကယ်ကိုဆင်တူသည်။

ယန်ချုံးက ရှုပ်ထွေးနေတဲ့မျက်နှာနှင့် ပိုင်ယွမ်ယွမ် ကိုမည်းမှောင်စွာနဲ့ ကြည့်လိုက်သည်။ ကျိရှင်းလန်က ပုံမှန်မဟုတ်သောအရာဖြစ်သော်လည်း သူတို့ကသူ့ရှေ့မှာ ဒီလိုစိတ်ကူးယဉ်ဆန်တဲ့အရာတွေကို တကယ်တီထွင်ခဲ့ပြီးကြပြီ။

“ ချုံးချုံး အချစ်လေး ၊ နင်လည်းကျိရှင်းလန်ကို ကြိုက်နေတယ်။  နင်စိတ်မဝင်စားဘူးလို့ ငါထင်နေခဲ့တာ ”ပိုင်ယွမ်ယွမ်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။

ယန်ချုံးက သူမကိုကြည့်ပြီး မတည်မငြိမ်အပြုံးတစ်ခုပေးခဲ့တယ်။  သူမသိလိုက်ဘဲ ကျိရှင်းလန် အား တိတ်တဆိတ်ချစ်မိကြောင်း ဝန်ခံခဲ့သည်။ ယန်ချုံးရဲ့နှလုံးသားက ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နေသည်။

ပိုင်ယွမ်ယွမ်က သူမရဲ့လက်တစ်ဖက်၌ မှန်အသေးလေးတစ်ချပ်ကိုကိုင်ထားပြီး နောက်လက်တစ်ဖက်နဲ့ သူမရဲ့မျက်နှာကို ထိလိုက်သည်။  သူမဤသို့လုပ်နေစဉ် ယန်ချုံးကိုစဥ်းစားပြီး ပြောလိုက်သည်မှာ "ဒီအတိုင်းဆိုဒီနေ့ခင်းမှာ ငါတို့ကျောင်းနဲ့ စစ်တက္ကသိုလ်ကြားမှာ ကစားပွဲတစ်ခုရှိတယ်။  ကျိရှင်းလန် အဲ့နေရာမှာရှိလိမ့်မယ်။  ငါ့ရဲ့ ၄၀၅ ဒါမှမဟုတ် ၃၀၂ နှုတ်ခမ်းနီကို ဆိုးသင့်လား ........ "

စိတ်ရှုပ်သွားပြီး ယန်ချုံး က "ငါမသွားဘူး" လို့ပြောလိုက်တယ်။

ကျိရှင်းလန်ရဲ့မြင်ကွင်းတွေကနေ လွတ်မြောက်ဖို့မလွယ်ကူဘဲ ယခုသူကသူ့ရဲ့ဘောလုံးပွဲကိုကြည့်ဖို့ မျှော်လင့်နေသည်။  သူရူးနေပြီလား?

ယန်ချုံးက တံခါးဝမှာရပ်ပြီး Omega နဲ့ Alphaအသီးသီးရဲ့ တံဆိပ်တပ်ထားတဲ့ တံခါးများကို ကြည့်ပြီး တုံ့ဆိုင်းသွားသည်။

သူ့ရဲ့ခိုင်မာသောနှလုံးသားက Omegaရဲ့ အိမ်သာထဲသို့၀င်ရန် စိတ်မ၀င်စားစေခဲ့ပေ။  မည်သို့ပင်ဖြစ်စေ သူ့ရဲ့လက်ရှိခန္ဓာကိုယ်က Alpha ရဲ့ ရေချိုးခန်းထဲသို့၀င်ရန် သူ့အတွက် အဆင်မပြေဖြစ်စေသည်။

 အတွင်းဘက်၌ရုန်းကန်ပြီးနောက် ယန်ချုံးက ဘယ်သူမှမရှိဘူးဆိုတာကို သေချာအောင် လှည့်ပတ်ကြည့်လိုက်သည်။  သူကအံကြိတ်လိုက်ပြီး Alpha ရဲ့ရေချိုးခန်းထဲကို ပြေးဝင်သွားလိုက်တယ်။  သူ့ရဲ့ပြဿနာကိုလျင်မြန်စွာဖြေရှင်းပြီးနောက် သူကသူခိုးလိုမျိုး ရေချိုးခန်းထဲကမထွက်ခင်မှာ သူကသူ့ရဲ့ဘောင်းဘီကိုဆွဲတင်လိုက်ပြီး သူ့ရဲ့ခါးပတ်ကိုမကြုံစဖူးသော အမြန်နှုန်းဖြင့်ဆွဲလိုက်သည်။

သူထွက်သွားသည်နှင့် သူက Alpha တစ်ယောက်နဲ့ ဝင်တိုက်မိသွားခဲ့သည်။

ယန်ချုံးက သူတို့ကိုကျော်ဖြတ်ပြီးတော့ သူ့နောက်ကရေချိုးခန်းကနေ ထိတ်လန့်တဲ့အသံနှစ်သံကို ကြားလိုက်ရသည်။

"ဒါဘာအနံ့လဲ?"

"ရေချိုးခန်းထဲမှာ Omegaရဲ့ pheromones ကို ဘာကြောင့်အနံခံမိနေရတာလဲ!"

အသားအရေပါးလွှာသော ယန်ချုံးရဲ့ မျက်နှာကနီမြန်းသွားပြီး ထွက်ပြေးသွားခဲ့သည်။

အတန်းမစခင် စက္ကန့် ၃၀ သာရှိသေးပြီး သူကသူ့စာသင်ခန်းဆီသို့ စင်္ကြံလမ်းတစ်လျှောက်ကနေ တိတ်တဆိတ်လျှောက်သွားခဲ့သည်။

သူတို့ရဲ့ကျောင်းအဆောက်အဦးက လေ့ကျင့်ရေးကွင်းနှင့် ဘောလုံးကွင်းတို့နှင့်ကပ်လျက်ရှိပြီး လေးထပ်မြောက်မှအောက်ကိုငုံ့ကြည့်လိုက်တဲ့အခါ ဘောလုံးကွင်းပတ်လည်၌ လူအများစုဝေးနေသည်ကို သူမြင်နိုင်ခဲ့သည်။  အမှန်တော့ အဲဒီမှာကစားပွဲတစ်ခုရှိနေပုံရသည်။

 ယန်ချုံးက ဘောလုံးကစားခြင်းကို နှစ်ခြိုက်ခဲ့ဖူးသော်လည်း အခုသူ့မှာကိုယ်ဝန်ရှိနေသောကြောင့် သူကအားကစားလုပ်ဖို့မသင့်တော်တဲ့အတွက် သူကသိပ်စိတ်မဝင်စားခဲ့ချေ။

သူကစာသင်ခန်းသို့ပြန်သွားလိုက်ပြီး နောက်ထပ်အတန်းနှစ်ခုကို သည်းခံခဲ့သည်။
  

မျက်မှန်အနက်ရောင်တပ်ထားပြီး ပိန်သွယ်ပြီးတော့ ဖော်ရွေတတ်တဲ့ အသက်ငယ်သောယောကျ်ားတစ်ယောက်က သင်္ချာအတန်းကို သင်ကြားပေးခဲ့သည်။  သူက wolfberryရေအပြည့်ပါသော ဓာတ်ဘူးကို တစ်နှစ်ပတ်လုံးသူ့လက်၌ထားရှိပြီး မစ္စစ် စွင်း ထက်ပိုမိုချဉ်းကပ်နိုင်ခဲ့သည်။

ယန်ချုံးက အတန်းချိန်နှစ်ခုလုံး သူ့စားပွဲပေါ်မှာရိုးရိုးရှင်းရှင်းပဲ လဲလျောင်းနေခဲ့သည်။

ခေါင်းလောင်းသံမြည်လာသောအခါ သူကနေ့လည်စာစားဖို့ ကော်ဖီဆိုင်သို့အပြေးအလွှားသွားနေသော လူတိုင်းရဲ့အသံများကြောင့် သူနိုးလာခဲ့သည်။စကြႅံက  ဘုရင်ရဲ့မြင်းတွေနဲ့ ဘုရင့်လူတွေရဲ့ အသံနှင့်အတူထွက်လာခဲ့သည်။  ဆူညံသံများက သူ့ကျောရိုးကိုတုန်ခါစေခဲ့ပြီး သူက သူတို့နှင့်အတူ တိတ်တဆိတ် ထွက်ပြေးချင်ခဲ့သည်။

အဖွဲ့အစည်းမှာ ခြေထောက်ကကောင်းမွန်ပြီး ယန်ချုံးက နေ့လည်စာစားဖို့ ပြင်ဆင်ရင်း သူဘာစားချင်လဲဆိုတာကို စဉ်းစားခဲ့တယ်။

ရှဲ့ယွီက သူ့ကိုရပ်တန့်လိုက်တယ်။ "ကော်ဖီဆိုင်ကိုမသွားရအောင်၊ ငါ တလောင်ကိုခေါ်ထားပြီးပြီ။  သူတို့ခဏလောက်နေရင် ရောက်လာလိမ့်မယ် ပြီးတော့ ငါအော်ဒါမှာထားတယ်။အဲ့တာနဲ့ အရင်စားကြရအောင် "

"ဂိတ်ကအစောင့်က အော်ဒါမှာခွင့်မပေးဘူးမဟုတ်လား?"  လို့ယန်ချုံးမေးလိုက်သည်။

ရှဲ့ယွီ က "အဆင်ပြေပါတယ်။ငါ ကျောင်းအုပ်ကြီးရဲ့နာမည်ကို ချရေးထားတယ်"
လို့ထူးထူးခြားခြားပြောလာခဲ့သည်။

ယန်ချုံး “….........?”

နာရီဝက်အကြာတွင် ကြက်ကြော်တစ်ဗူးနဲ့ Coke ပုလင်းကြီးတစ်လုံးကို နှစ်ခုခွဲယူထားပြီး သူတို့ရဲ့​ထိုင်ခုံတွေပေါ်မှာ ကျေနပ်စွာနဲ့ထားလိုက်တယ်။

ကျိရှင်းလန်ရဲ့ အိမ်မှအစားအစာများက ကောင်းပါတယ် ဒါပေမယ့် သူ့ရဲ့ကိုယ်ဝန်ကြောင့် ပေါ့တဲ့အစားအစာတွေကို အမြဲပေးခဲ့သည်။သူကိုလေးတဲ့ အစားအစာတွေစားဖို့ခွင့်မပြုထားပေမယ့် ယန်ချုံး က ကြက်ကြော်စားရတာကိုကြိုက်တယ်။

ရှဲ့ယွီက စားပြီးသားကြက်ကြော်ဗူးကို စာသင်ခန်းနောက်ဘက်ရှိ အမှိုက်ပုံးကြီးထဲသို့ပစ်လိုက်ပြီး ဘေးမှာဘယ်သူမှမရှိတာ သေချာစေရန် ပတ်ပတ်လည်ကိုကြည့်လိုက်သည်။

ရုတ်တရက် ကျုံးအာ က ယန်ချုံး ရှေ့တွင်ရုတ်တရက်ဗြုန်းစားကြီး ထွက်ပေါ်လာပြီး "ဘော့စ် ၊ ညီငယ်လေးတွေက မင်းကိုစောင့်နေတာအတော်ကြာခဲ့ပြီ"လို့ အကျယ်ကြီးပြောလာခဲ့သည်။

တစ်ခဏလောက် တိတ်ဆိတ်သွားပြီးနောက်မှာ ယန်ချုံးက သူ့စားပွဲအံဆွဲထဲကနေ နေကာမျက်မှန်တစ်လက်ကို ယူတပ်လိုက်သည်။  သူက ကြက်ရိုးကို တစ်ဝက်လောက် ကတောက်ကဆတ်ဝါးခဲ့ပြီး ပြောလိုက်တယ် ။ "သွားမယ်"

မီတာတစ်ရာအကွာအဝေးတွင်, အနည်းငယ်နီသောမျက်နှာနဲ့ ဘီယာဗိုက်ရှိသည့် ကျောင်းအုပ်ဆရာကြီး ချန်ပင်းက သူ့  delivery ယူဖို့ ဂိတ်စောင့်နေရာကို လာခဲ့သည် ။ 

အစောင့်ကသူ့ကိုတွေ့တာနဲ့ ယဉ်ကျေးစွာ ပြုံးပြလာပြီး  လက်ဝှေ့ယမ်းပြပြီး ပြောခဲ့တယ်  “ ကျောင်းအုပ်ကြီး ဆရာ့ရဲ့ take out ကို ကျောင်းသားနှစ်ယောက် ယူသွားပြီ”

ကျောင်းအုပ်ကြီး "... ?"

…………

ကျောင်းသားစင်တာရဲ့အပေါ်ဆုံးထပ်မှာ ယန်ချုံးက ညစ်ပေနေတဲ့ ကြမ်းသုတ်ဝတ် (အဝတ်)  ခြောက်ခု ခုနှစ်ခုလောက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ နှာခေါင်းကိုဖိလိုက်တယ်။

“ ချီးပဲ  ငါတို့ဘာလို့ဒီမှာလာတွေ့တာလဲ ?   မြည်းစမ်းကြည့်မလို့လား  ခေါင်မိုးထပ်ကို ဘာလို့မသွားတာလဲ ?"

ရွံ့ဗွက် ကြောင့်အံ့သြနေတဲ့ ယန်ချုံးက သူစကားပြောနေစဉ်မှာဘဲ သူ့နှာခေါင်းကိုပိတ်လိုက်ပြီး သူ့အသံပြောင်းသွားခဲ့သည်။

ရှဲ့ယွီက ခေါင်းငုံ့ထားသောမျက်နှာနှင့် မိုက်မဲသောဆင်းရဲသောဟန်လို ဝမ်းနည်းသောမျက်နှာဖြင့် သူ့ရှေ့တွင်ရပ်လိုက်သည်။

"ယန်ကော ကိုသတင်းပို့ပါတယ် မင်းထွက်သွားကတည်းက ငါတို့ကခေါင်းဆောင်မရှိဘဲ အနိုင်ကျင့်ခံရတာ။ ချန်ကုန်းက အဲ့ဒီအခွင့်အရေးကို အသုံးချပြီး ဆန့်ကျင်ဖို့ကြံစည်လာခဲ့တယ် ။  သူကကျောင်းအနိုင်ကျင့်မှုနဲ့ အမိုးပိုင်ရှင်အဖြစ် မင်းရဲ့ရာထူးကိုယူထားပြီးသား ”

ယန်ချုံး အံ့သြသွားသည်။  သူကခဏသာထွက်ခွာခဲ့ပြီး သူ့စစ်သားဟောင်းများက ရှုံးနိမ့်ခဲ့သည်။  ယခုသူကကျောင်းအနိုင်ကျင့်မှုကြောင့် ရာထူးဆုံးရှုံးရုံသာမက သူတို့၏တွေ့ဆုံရာနေရာကပြောင်းသွားပြီး သူ့ညီငယ်များအားအနိုင်ကျင့်ခဲ့သည်။

ချန်ကုန်းရဲ့ ရွံမုန်းစရာ အမူအရာကိုတွေးရင်း အံကြိတ်ပြီးရင်း အံကြိတ်မိခဲ့တယ်။  သူကဤမျှအနံ့အသက်မကောင်းတဲ့ နေရာတွင်အစည်းအဝေးမကျင်းပချင်ပေ။

မိနစ်အနည်းငယ်အကြာမှာ တလောင်က ဘတ်စကတ်ဘောကစားကွင်းက မျောက်ငယ်များကိုနောက်ဆုံးတွင် စုဆောင်းခဲ့ပြီး ယန်ချုံးကို အသက်ရှူကျပ်လာစေခဲ့သည် ။  သူတို့အခန်းထဲရောက်ပြီး ယန်ချုံးကို တွေ့တာနဲ့သူတို့ငိုလာခဲ့တယ်။

"ဘော့စ်၊ ငါတို့မင်းကိုအရမ်းသတိရနေတာ "  ယန်ချုံး ထက်သုံးဆမြင့်တဲ့ တလောင်က ထလာပြီးသူ့ကိုပွေ့ဖက်လိုက်သည်။

ယန်ချုံးက တုန်လှုပ်သွားပြီး မတ်တပ်ရပ်လိုက်သည်။  တလောင်က ချက်ချင်း သူ့မျက်နှာပေါ်တွင် တောင်းပန်သည့်အကြည့်ဖြင့် ဘေးမှာရပ်လိုက်သည်။  သူဌေးကအခုချစ်စရာကောင်းတဲ့ Omegaငယ်လေးဖြစ်နေတာကိုသူလုံးဝမေ့သွားတယ်။

သူ့ရှေ့တွင် ရပ်နေတဲ့ လူလေးယောက်ကိုကြည့်လိုက်သောအခါ ယန်ချုံး အနည်းငယ်ထိမိသွားသလို ခံစားရသော်လည်း ဒီအရူးကြီးများကိုဆဲမိသွားသည်။

"မင်းတို့အားလုံး ဘာလို့ ငိုနေတာလဲ ? ငါမပြန်လာလို့လား ? "

…………

ပေါင်ကျဲအားရီက နိုးလာပြီးသမ်းဝေသံနှင့် အတူနားနေခန်းထဲကထွက်လာခဲ့သည်။  သူမက ကြမ်းတိုက်ဝတ်ကိုယူဖို့ ကြမ်းတိုက်ဝတ်တွေထားတဲ့ဗီရိုဆီသွားဖို့ ပြင်ဆင်နေတယ် ။ ၀င်ဖို့နေရာမရှိတာကိုတွေ့ဖို့ပဲဖြစ်လာခဲ့သည်။  ကျောင်းသား ၅ ယောက်က မီးရောင်မှိန်မှိန်နှင့် မှိုင်းတိုက်နေသော ကြမ်းတိုက်၀တ်ဗီရိုအတွင်းလှည့်ပတ်ကြည့်နေကြတယ် ။

"မင်းတို့ကောင်တွေ ဘာအတွက် လှည့်ပတ်ကြည့်နေတာလဲ ?  ထွက်သွားကြ " ပေါင်ကျဲအားရီက သူမအသံဆုံးသွားချိန်မှာ နံစော်နေတဲ့ ကြမ်းတိုက်၀တ်တစ်ထည်ကိုယူပြီး လိုက်ဖမ်းခဲ့တယ် ။

.............

နေ့လည်ခင်းတခုလုံးမှာ ပိုင်ယွမ်ယွမ်က သူမလက်ချာများကို လျစ်လျူရှုပြီး နေ့လည်ခင်းတွင် ဘောလုံးပွဲသွားဖို့ ပြင်ဆင်နေသည်။

ခေါင်းလောင်းသံ မြည်လာချိန်မှာ သူမက သူမခေါင်းကို သေသေချာချာ ပြင်လိုက်ပြီး နောက်ဘက်မှလူများကသူတို့၏အရိပ်များကိုသာ ချန်ထားခဲ့တာကိုမြင်လိုက်ရသည်။

ယန်ချုံးက မျောက်ငယ်များကို ရှာဖွေဖို့အောက်ထပ်ကို ဆင်းလာခဲ့သည်။ ရှဲ့ယွီက သူ့ terminal ကိုယူလိုက်ပြီး သူတို့ရဲ့မျောက်လေးတွေကို သူတို့ရဲ့အိပ်ဆောင်ကိုပြန်သွားပြီး သူတို့ terminal ကိုအမြန်ယူခိုင်းလိုက်တယ်။

ယန်ချုံးက သူ့ terminal ကိုပြန်ယူပြီး ဖွင့်ဖို့ကြိုးစားခဲ့သည်။  သူကပါဝါခလုတ်ကို နှစ်ကြိမ်နှိပ်ခဲ့သော်လည်းဘာမှမဖြစ်ခဲ့ပေ။  အဲ့တာကဘက်ထရီ ကုန်သွားတာဖြစ်နိုင်သည် ။

သူက terminal ကို သူ့အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး အောက်ထပ်ဆင်းဖို့ပြင်လိုက်ချိန်မှာ ထောင့်ဖက်က ပိုင်ယွမ်ယွမ်  ဖမ်းမိခဲ့တယ် ။

"ချုံးချုံး အချစ်လေး၊ ငါတို့ဒီပွဲကိုကြည့်ဖို့မမေ့နဲ့!"

ပိုင်ယွမ်ယွမ်က လှပတဲ့ Omega တစ်ယောက် ဖြစ်ပြီး ယန်ချုံးရဲ့ ဖြောင့်မတ်တဲ့ နှလုံးသားက သူမကိုမစွန့်စားလိုခဲ့ပေ။ ပိုင်ယွမ်ယွမ်က သူ့ကိုခဏလောက်ရန်တွေ့ပြီးနောက် ယန်ချုံးက လက်နက်ချလိုက်ပြီး ကျိရှင်းလန်ရဲ့ အစီအစဉ်ကိုကြည့်ဖို့ သူ့ကိုဘောလုံးကွင်းကို ခေါ်သွားခွင့်ပေးလိုက်တယ်။

သူတို့ရောက်တဲ့အခါ နောက်ဆုံးပွဲက ပြီးသွားပြီဆိုတော့ကစားသမားတွေက အနားမှာဖြစ်ဖြစ် အနားယူနေကြတယ်။  ပွဲကြည့်နေတဲ့ လူအုပ်ကြီးက လူစုခွဲဖို့အသင့်ဖြစ်နေသည်။ ပိုင်ယွမ်ယွမ် စိတ်ပျက်သွားခဲ့တယ်။ ဒါပေမယ့် ကျိရှင်းလန်က ဂိုးတိုင်ဘေးမှ ရပ်နေတာကိုမြင်သောအခါ သူမစိတ်လှုပ်ရှားလာသည်။

အားကစားကွင်းက ပရိသတ်များဖြင့် စည်ကားနေသည်။  တစ်ချို့ကောင်လေးတွေက ပွဲကြည့်ဖို့လာကြပြီး တစ်ချို့ကောင်မလေးတွေက ချောမောတဲ့ကောင်လေးတွေကို လာကြည့်ကြတယ်။  သူတို့ကလက်ကိုဆုပ်ကိုင်ထားပြီး ဘေးနားမှာတစ်ယောက်နဲ့ တစ်ယောက်စကားစမြည် ပြောနေကြတယ်။

ယန်ချုံးက ပိုမိုနီးကပ်သွားခြင်းမရှိဘဲ အပြင်ဘက်ရှိ လူအုပ်နှင့်ရောနှောသွားသည်။ အကြည့်တစ်ချက်နဲ့တင် ကျိရှင်းလန်က ကွင်းလယ်မှာ မတ်တပ်ရပ်နေတာကိုသူမြင်ခဲ့သည်။

အခုကဆောင်းဦးနှောင်းပိုင်းဖြစ်ပြီး သူကသူ့ရဲ့အလွန်ရှည်လျားသော ခြေထောက်များပတ်လည်၌ ဘောင်းဘီအကျပ်နဲ့ အဖြူရောင်နဲ့အနက်ရောင်စပ်ထားတဲ့ ဂျာစီအင်္ကျီကို ၀တ်ဆင်ထားသည်။  သူ့ချောမောတဲ့ မျက်နှာက သူ့ပတ်၀န်းကျင်မှ ဆူညံသံများကို မကြားရတော့သလို ဟန်လည်းမပြပေ။  သူကအင်္ကျီ၏အရှေ့ဘက်ကို ဆွဲယူလိုက်ပြီး သူ့မျက်နှာမှချွေးများကို သုတ်လိုက်သည်။  သူဒီလိုလုပ်လိုက်တဲ့အခါ သူ့ခါးရဲ့အစိတ်အပိုင်းအတော်များများနဲ့ သူ့သတ်မှတ်ထားတဲ့ဗိုက်သားကို ထုတ်ဖော်ပြသခဲ့ပါတယ်။

"အဟားဟားဟားဟား -!"

ဘေးနားမှနားမကြားရလောက်အောင် အော်သံများက ပဲ့တင်ထပ်လာပြီး အိုမင်းရင့်ရော်လာသလိုမျိုး စိတ်လှုပ်ရှားစွာဖြင့်နီရဲလာသည်။

ယန်ချုံးက လူအုပ်အလယ်၌ ထိတ်လန့်တုန်လှုပ်သောအမူအရာဖြင့် သူ့နားကိုအုပ်လိုက်သည်။  ခဏအကြာ ကျိရှင်းလန် သူ့အင်္ကျီကိုချလိုက်ပြီး သူ့ဂျာကင်ကိုကောက်ဖို့ ခုံတန်းလျားဆီ လျှောက်သွားလိုက်သည်။

ပိုင်ယွမ်ယွမ်က သူမ terminal နှင့်ဓာတ်ပုံရိုက်ဖို့ ပြင်နေသောကြောင့် စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။  မည်သို့ပင်ဖြစ်စေ သူမမျက်နှာက ပျော်ရွှင်မှုဖြင့်နီမြန်းနေဆဲဖြစ်သည်။

ငါနည်းနည်းနောက်ကျသွားပေမယ့် ကျောင်းအိုင်ဒေါရဲ့ abs ကိုငါမဆုံးရှုံးခဲ့ဘူး ငါမြင်ခဲ့ရတယ်။

  ယန်ချုံးက ကျိရှင်းလန်  သူတို့ဦးတည်ဘက်ကို ကြည့်နေတယ်လို့ ခံစားခဲ့ရသဖြင့် သူချက်ချင်းခေါင်းညိတ်လိုက်သည်။  ဒီမနက် ကျိရှင်းလန်က သူ့ကိုဂိမ်းလာကြည့်ဖို့တောင်းဆိုခဲ့ပြီး သူကပြတ်ပြတ်သားသား ငြင်းခဲ့တယ်။  သူကအခုဆိုရင် အားကစားရုံအစွန်းမှာ ပေါ်လာခဲ့တယ် သူကကြောင်သူတော်တစ်ကောင်လိုဘဲ။

ယန်ချုံးက လူအုပ်နှင့်တမင်တကာပေါင်းပြီး ဖုံးကွယ်ဖို့ကြိုးစားခဲ့သည်။  ကျိရှင်းလန်က သူ့ကိုသတိထားမိလားဆိုတာတော့ သူမသိဘူး။

ခဏအကြာမှာ အော်ဟစ်နေတဲ့ မိန်းကလေးများနှင့်မနာလိုသောအကြည့်များကြားတွင် သူ့ရှေ့၌အနက်ရောင်တစ်ခုခုပေါ်လာတာကို သူမြင်လိုက်ရသည်။

ကျိရှင်းလန်က သူ့ပါးစပ်ထောင့်ကို ချိတ်လိုက်ပြီး သူ့အ ၀တ်များကို ယန်ချုံးဆီ တိုက်ရိုက်ပစ်လိုက်သည်။  လက်နဲ့ဖမ်းဖို့အခွင့်အရေးမရှိရင် ကျိရှင်းလန် ရဲ့အ၀တ်တွေကသူ့မျက်နှာပေါ်ကျလာလိမ့်မယ် ။

ယန်ချုံးက လူအုပ်ကြားထဲ တမင်တကာဖုံးကွယ်နေခဲ့သော်လည်း ကျိရှင်းလန်က သူ့ကိုဘယ်လိုသတိထားမိသွားလဲဆိုတာ သူမသိဘူး ။

_________

စာရေးသူမှတ်ချက်

ပြင်းထန်သောနဂါးလိုမျိုး ယန်ချုံးက ဟိန်းဟောက်လိုက်တယ် ; ကျိရှင်းလန် ငါမင်းကိုသတ်ပစ်မယ်။

💙10.10.2021

Continue Reading

You'll Also Like

222K 32.6K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
290K 26.4K 192
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
432K 27.4K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
1.3M 70.7K 58
သူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပ...