(လိမ္မာတဲ့ကောင်လေးဖြစ်ပါစေ။ အခန်းကအသံမလုံဘူးနော်)
သူတို့နှစ်ဦးဟာ မှောင်မည်းနေတဲ့စင်္ကြံ၌ တစ်ယောက်မျက်နှာတစ်ယောက် တိတ်ဆိတ်စွာကြည့်ရင်း ရင်ဆိုင်လိုက်ကြသည်။
ယန်ချုံးက သူထွက်ပြေးဖို့ကြိုးစားနေတာကို ကျိရှင်းလန် ဘယ်လိုသိသွားလဲဆိုတာကို သေချာမသိခဲ့ပေ။အဲ့တာကသူ့ရဲ့ pheromones ကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ဒါမှမဟုတ်ရင် သူ့ရဲ့အာရုံငါးပါးက ကောင်းနေလို့လဲဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် သူရေသောက်ဖို့ ထွက်လာလာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
မည်သို့ပင်ဆိုစေ အခုအဲဒါကိုစဉ်းစားရာမှာ အသုံးမ၀င်တော့ဘူး။ ကျိရှင်းလန်က ဒီအနည်းငယ်ကြမ်းတမ်းတဲ့ ငယ်ငယ်ရွယ်ရွယ်ကောင်လေးကိုခေါ်ယူဖို့ စီစဥ်နေပြီဖြစ်သည်။
ခိုးယူထားသောပစ္စည်းများကို လက်ပူးလက်ကြပ်ဖမ်းမိသကဲ့သို့ ယန်ချုံးက ကျိရှင်းလန်တွင် မကောင်းသောမျက်နှာရှိနေပြီဟု အလိုလိုခံစားမိလာသည်။သူ့မသိစိတ်ကနေ ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်ပြီး နံရံပေါ်ရှိအေးစက်နေတဲ့ ဓာတ်ပုံဘောင်တစ်ခုနှင့် တိုက်မိကာ သူ့ကို နာကျင်စေခဲ့သည်။
နံရံတစ်ဖက်တစ်ချက်ကို ထိလိုက်ရင်း သူကနောက်တစ်လှမ်းဆုတ်လိုက်သည်။ ရှက်ရွံ့စွာဖြင့် သူက ကျိရှင်းလန်ကိုကြည့်လိုက်ပြီး ခေါင်းကိုငုံ့ကာ လွတ်မြောက်နိုင်မယ့် ဖြစ်နိုင်ခြေကိုစဉ်းစားနေသည်။ သူ့ရှေ့က ကျိရှင်းလန်နဲ့ ချောမွေ့စွာထွက်ရန် သူ့ရဲ့အခွင့်အလမ်းမှာ သုညနီးပါးဖြစ်သည်။
စင်္ကြံက မှေးမှိန်နေပြီး ယန်ချုံးက ကျိရှင်းလန်ရဲ့ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ပေ။ တံတွေး မျိုချလိုက်ပြီး သူက "ငါ ၊ငါ ရေချိုးခန်းသုံးမလို့ ထွက်လာခဲ့တာ"လို့ ငြင်းခုံဖို့ကြိုးစားလိုက်တယ်။
ဒါပေမယ့်လည်း ကျိရှင်းလန်က လှည့်စားဖို့ လွယ်ကူတဲ့သူမဟုတ်ဘူး။ ယန်ချုံးရဲ့ အလိမ်အညာများက ကိုးယိုးကားယားနိုင်နေပြီး တစ်ပြိုင်နက်တည်းမရယ်ဘဲ မနေနိုင်ခဲ့ပေ။သူက စကားတစ်လုံးကို မယုံကြည်နိုင်ဘဲ ပြောလိုက်တယ်။ "မင်းအခန်းထဲမှာ အိမ်သာမရှိဘူးလား?"
အနက်ရောင်စင်္ကြံလမ်း၌ အနည်းငယ်တောက်ပသော ကြယ်ရောင်က ပြတင်းပေါက်ကို ဟိုတစ်စဒီတစ်စပက်ဖြန်းလိုက်သည်။ မှိန်ဖျော့သောမီးရောင်များနှင့် အရိပ်များတွင် ယန်ချုံးက ယောကျ်ားတစ်ယောက်ရဲ့ ကောက်ကြောင်းကို မသိမသာပိုင်းခြားသိမြင်နိုင်သည်။
“ ငါ့ကိုအမှန်အတိုင်းပြော ။ မင်းဘာလို့ ဒီလောက်ညဉ့်နက်နေခါမှ ခိုးကြောင်ခိုးဝှက်လုပ်နေရတာလဲ? ” ကျိရှင်းလန်က သူ့ရှေ့မှာရပ်လိုက်သည်။
ကိုးယိုးကားယားနဲ့ ပြုံးလိုက်ပြီး ယန်ချုံးက အံကိုကြိတ်ကာ သူ့လက်ကောက်ဝတ်များကို သနားညှာတာစွာ ဆုပ်ကိုင်လိုက်ရသည်။ "ငါတစ်ယောက်တည်းအိပ်ရမှာ ကြောက်လို့"
ဒီလောက်မမှောင်ဘူးဆိုရင် ကျိရှင်းလန်ဟာနူးညံ့သိမ်မွေ့ပြီးသနားစရာကောင်းတဲ့ လူတစ်ယောက်အဖြစ် ကစားနေတာကို ကွက်ကွက်ကွင်းကွင်းမြင်ယောင်ရင်း သူ့မျက်လုံးထဲမှာ မျက်ရည်တွေရွှန်းစိုနေတဲ့ အနီရောင်ကိုမြင်နိုင်လိမ့်မယ်။
ယန်ချုံးက ကျိရှင်းလန်ရဲ့ အားရပါးရရယ်မောလိုက်တာကိုကြားလိုက်သဖြင့် သူက "တကယ်တော့ ငါမင်းကိုရှာဖို့လာတာပါ" လို့မျှော်လင့်တကြီး ဖော်ပြလိုက်တယ်။
ကျိရှင်းလန်ရဲ့ အေးတိအေးစက်အသံက မပြောင်းလဲဘဲ ယန်ချုံးက သူ့နားကိုယုံကြည်သလားဆိုတာတောင် မသေချာတော့ဘူး။ "မင်းငါနဲ့ဘာလုပ်ချင်လို့လဲ?"
မျက်တောင်ခတ်လိုက်ရင်း ယန်ချုံးက ကျိရှင်းလန် ရဲ့ ညအိပ်ဝတ်စုံ အနားတွေကိုဆုပ်ကိုင်လိုက်ပြီး သူ့ကော်လာကို သပ်ရပ်အောင်ကူညီပေးလိုက်တယ်။ "အာ ၊ မင်းသိပါတယ် "
သူ့အ၀တ်တွေကိုဆွဲထားတဲ့ လက်ကောက်ဝတ်လေးကိုကြည့်ရင်း ကျိရှင်းလန်က ခဏလောက်တိတ်ဆိတ်သွားသည်။ ထို့နောက်သူက ယန်ချုံးရဲ့ လက်ကောက်ဝတ်တွေကို ရုတ်တရက်ဆုပ်ကိုင်လိုက်ပြီး သူ့ဘေးနားရှိတံခါးကို ကန်ပြီးဖွင့်လိုက်ကာ သူ့ကိုအထဲသို့ဆွဲခေါ်သွားလိုက်သည်။
"ဒါဆို မင်းဒီနေ့ ညကစပြီး ငါနဲ့အတူအိပ်ရမယ်"
ယန်ချုံးကို နူးညံ့သောကုတင်ပေါ်သို့ ပစ်ချလိုက်သည်။တံခါးသော့ခတ်သံကို ကြားလိုက်ရသဖြင့် သူလန့်သွားပြီး ချက်ချင်းထဖို့အတွက် ရုန်းကန်ခဲ့ရသည်။
သူခေါင်းမော့ပြီးတာနဲ့ သခင်လေးကျိ က တံခါးနားကနေ “လိမ္မာတဲ့ကောင်လေးဖြစ်ပါစေ၊ အခန်းကအသံမလုံဘူးနော်။မင်းအသံကိုလျှော့ချထား ”လို့ပြောတာကို ကြားလိုက်ရတယ်။
သူ့မျက်နှာက ဒေါသကြောင့်နီရဲလာပြီး ယန်ချုံးက ကျိရှင်းလန် ရဲ့ခေါင်းကို ခေါင်းအုံးနဲ့ပစ်ပေါက်လိုက်တယ်။ သူ့ကိုထိသွားလားဆိုတာကို ဂရုမစိုက်နေဘူး။ သူကအရူးအမူးထွက်ပြေးဖို့ ကြိုးစားရင်း တံခါးဆီပြေးသွားလိုက်သည်။
သူဆက်ခနဲပြန်ဆွဲခံလိုက်သောအခါ သူကအဆင်မပြေတဲ့ပုံစံနဲ့ သူ့ကိုယ်သူတံခါးကိုတွန်းမိလိုက်တာကို တွေ့လိုက်ရတယ်။ရွှေ့လို့တောင်မရဘူး။
“ ဖမ်းယူခြင်း” သည် စစ်ဗိုလ်လောင်းများအတွက် လိုအပ်သောသင်တန်းတစ်ခု ဖြစ်ပုံရပြီး ကျိရှင်းလန်ရဲ့ဖိနှိပ်မှု ရှုထောင့်များကမှန်သည်။ ယန်ချုံးရဲ့ မျက်နှာနှင့်လက်ကောက်ဝတ်များက တံခါးနှင့်ဆန့်ကျင်ဘက်ဖြစ်နေ၍ သူ့ကိုယ်သူ လွတ်မြောက်အောင်မလုပ်နိုင်ခဲ့ပေ။
တစ်ယောက်ယောက်ရှိနေရင် ယန်ချုံး ရဲ့ကိုယ်ဟန်အနေအထားက တော်တော်ရှက်စရာကောင်းနေတာကို သူတို့တွေ့လိမ့်မယ်။ရုန်းကန်မှုကြားတွင် သွေဖီနေတဲ့ဆံပင်အနည်းငယ်က သူ့နားရွက်နောက်မှကျလာခဲ့ကာ သူ့ကိုအပြစ်ကင်းစင်ပြီး ရှက်ရွံ့သွားစေခဲ့သည်။
ကျိရှင်းလန်နဲ့ ဤရန်ပွဲမှသူက ကြီးစွာသောဆုံးရှုံးမှုကို ရုတ်တရက်ခံစားလိုက်ရသည်။ သူလေးလေးနက်နက်ရှိနေသရွေ့ သူကထိုလူနှင့်မယှဉ်နိုင်ပါ။
ရေချိုးဝတ်စုံ ပါးပါးလေးတစ်လွှာသာခြားထားခဲ့ပြီး သူတို့အကြား အပူချိန်များကို ဖုံးလွှမ်းသွားသည်။ ယန်ချုံးက အလွန်စိုးရိမ်သွားပြီး မျက်ရည်တွေကလည်း စီးကျလာတော့မည်။ ဒီမျိုးဆက်ကျောင်းမှ အနိုင်ကျင့်ခံရသူက သူ့ရဲ့ပါးစပ်ကိုဖွင့်ဟကာ အရှက်ကင်းမဲ့စွာ ကရုဏာထားဖို့အတွက် တောင်းပန်ခဲ့သည်။
"ကော ! ကော ။ ငါမှားသွားပါတယ်။ မင်း ၊ မင်းငါ့ကိုခဏအနားပေးပါနော် ! "
ကျိရှင်းလန်က အမြဲတမ်းနူးညံ့နေသော်လည်း ဒီနေ့တော့ သူကထွက်ပြေးလုနီးပါးဖြစ်နေတဲ့ ဒီခင်ပွန်းလေးကို အပြစ်ပေးဖို့ ဆုံးဖြတ်ထားပုံရသည်။ယန်ချုံးက အရှက်မဲ့စွာ ကရုဏာထားဖို့အတွက် တောင်းပန်ခဲ့သော်လည်း သူကမလှုပ်မယှက်ဘဲ အဲ့တာက စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားမိလာသည်။
ယန်ချုံးက သူ့နှုတ်ခမ်းတွေ ခြောက်သွေ့သွားသည်အထိ သနားကြင်နာမှုကို ဆက်လက်တောင်းခံခဲ့သည်။သူအသက်ရှုကြပ်လာသည်နှင့်အမျှ သူ့လည်ပင်းမှာ ရုတ်တရက်အေးစက်သွားသလို ခံစားလိုက်ရတယ်။
သူက ကျိရှင်းလန်ကိုကြည့်ဖို့ ကြိုးစားရင်း သူ့ခေါင်းကိုအလိုအလျောက် လှည့်လိုက်ပေမယ့် သူ့မျက်နှာကို တံခါးမှာဖိထားတာကြောင့်မလို့ သူမလှုပ်ရှားနိုင်ခဲ့ဘူး။
ခဏအကြာတွင် မှောင်မည်းနေတဲ့အခန်းထဲမှာ သတ္တုကြိုးများဖြုတ်လိုက်သဖြင့် ဆူညံသောအသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။ ယန်ချုံးက သူ့ရဲ့လည်ပင်းယားယံလာတာကို ချက်ချင်းခံစားလိုက်ရသည်။
ချီးပဲ။ကျိရှင်းလန်က သူ့ရဲ့တားဆီးနိုင်တဲ့ လည်ပတ်ကိုဖယ်ရှားလိုက်ပြီ။
ကြောက်ရွံ့ထိတ်လန့်နေသောမျက်နှာနှင့် ယန်ချုံး ကသူ့လည်ပင်းကို တောင့်လိုက်ပြီး "မင်းဘာလုပ်နေတာလဲ?"လို့မေးလိုက်တယ်။
သူ့ကိုအမှတ်အသားပေးဖို့အပြင် လည်ပတ် ကိုဖယ်ရှားရန် အခြားအကြောင်းပြချက်မရှိပေ။ ယန်ချုံးရဲ့ခြေထောက်တွေက စာရင်းရှင်းမှုနှစ်ခုတွင် ကြောက်ရွံ့တုန်လှုပ်နေသည်။စာရင်းရှင်းမှုတစ်ခုတွင် သူက Alpha ရဲ့လွှမ်းမိုးနိုင်မှု စွမ်းအားကိုကြောက်သည်။ အခြားစာရင်းရှင်းမှုတွင် သူ မသိတဲ့အရာတွေကို ကြောက်သည်။
မင်းနောက်နေတာ ဟုတ်တယ်မလား? ကျိရှင်းလန် တကယ်....ဖို့ကြိုးစားနေတာမဟုတ်ပါဘူး ။
ယန်ချုံးက Alpha တွေက Omega တွေကိုဘယ်လို အမှတ်အသားပေးကြလဲဆိုတာကို မသိသော်လည်း သူသည်အထိတ်တလန့်ခံစားနေရတုန်းပဲ။
ကျိရှင်းလန် က သူ့ကိုပုံစံတစ်မျိုးနဲ့ အပြစ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်။
Alphaရဲ့ အသက်ရှူသံက သူ့ဂလင်းကိုပြင်းထန်စွာပွတ်တိုက်လိုက်ချိန်မှာ ယန်ချူံးရဲ့ ခြေထောက်တွေက ပြင်းထန်စွာတုန်လာခဲ့သည်။ သူကဟန်ချက်ညီနေစေဖို့ တံခါးဝကို ဆုပ်ကိုင်ထားတာကြောင့် သူ့လက်ဆစ်တွေကတောင် အဖြူရောင်ကို ပြောင်းသွားသည်။
သူ့ဂလင်းက လေထုနှင့်ထိတွေ့နေပြီး အန္တရာယ်ရှိနေသည် ။
ကျိရှင်းလန်က သူ့လက်ကို နောက်ရွှေ့လိုက်ပြီး ယန်ချုံးရဲ့ လည်ပင်းနှင့်နီးတဲ့ မျက်နှာကိုဖိလိုက်သည်။ အခြားတစ်ဦးက မလှုပ်ရဲဘဲတည်ကြည်စွာနေခဲ့သည်။
သူ့နားထဲမှာ တိုးညှင်းတဲ့ အသံတစ်ခုကထွက်လာသည်။ "မင်းထွက်ပြေးဖို့ ကြိုးစားခဲ့တယ်မလား ?"
စကားတစ်လုံးမှမပြောရဲတဲ့ ယန်ချုံးက တိတ်ဆိတ်နေပြီး အဖြေကိုအတည်ပြုလိုက်ပုံရသည်။ သူကစိတ်လွတ်လက်လွတ်နှင့် ပြန်လာဖို့ ဘယ်နေရာမှမရှိတာကြောင့် သူအမှန်တကယ် ထွက်ပြေးဖို့ ရည်ရွယ်ချက် မရှိချေ။ တံတားအောက်လမ်းတွေပေါ်မှာ အိပ်တာထက် ကျိရှင်းလန် အိမ်မှာကောင်းကောင်းအိပ်/စားရတာ ပိုကောင်းတယ်။
ရွှေရောင်ကောင်လေးရဲ့ မျက်နှာက မပြောင်းလဲသော်လည်း ပါးစပ်မှထွက်ကျလာတဲ့ စကားကအလွန် အန္တရာယ်များသည်။ "ငါမင်းကိုအမှတ်အသားပေးပြီးသွားရင် ငါမရှိဘဲ မင်းအသက်မရှင်နိုင်တော့ဘူး"
ယန်ချုံးရဲ့ ကျောကတောင့်တင်းနေပြီး လူငယ်လေးရဲ့ အစွမ်းထက်သော လက်ချောင်းတွေက လျှောက်သွားနေကာ သူ့လည်ပင်းနောက်ဘက်ကို ညင်ညင်သာသာနမ်းလိုက်တာကို ခံစားလိုက်ရသည်။ "ငါအောက်ဘက်ကို ကိုက်တာကို မင်းလိုချင်တာလား ? "
"မင်းငါ့ကိုခြိမ်းခြောက်နေတာလား ? " ယန်ချုံးက အရှက်ကွဲခြင်း ၊ စိတ်အနှောင့်အယှက်များဖြင့် ပြည့်နေသည်။
သူ့ဒေါသကိုလျစ်လျူရှုပြီး ကျိရှင်းလန်က ရိုးရိုးသားသားပြန်ပြောလာတယ် "မင်းကိုအမှန်တိုင်းပြောရရင် ငါတကယ် ကိုက်ချင်တယ် ပြီးတော့ မင်းကိုပိုင်ဆိုင်ချင်တယ်"
ဤစကားတွေကို ကြားရချိန်မှာ ယန်ချုံးက ကျိရှင်းလန်နောက်နေတာမဟုတ်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရတယ် ။ သူ့လည်ပင်းနောက်ဘက်က နမ်းတာကိုခံစားရချိန်မှာ သူ့စိတ်၌ချည်မျှင်တစ်ခုက ရုတ်တရက်ပြတ်တောက်သွားခဲ့သည်။
မည်သူ့ကိုမျှ အမှတ်အသားမပြုဘဲ သန့်ရှင်းဖြူစင်ခဲ့သော သူ့လည်ပင်းက ရုတ်တရက်အန္တရာယ်ရှိနေခဲ့သည် ။
ဤအချိန်၌ ယန်ချုံးက ကျိရှင်းလန်ဟာ တကယ်ကို psychopath တစ်ယောက်ဖြစ်ကြောင်း နောက်ဆုံးနားလည်လိုက်သည်။ သူနဲ့ ကျိုးကြောင်းဆင်ခြင်မှုကဘာကိုဆိုလိုတာလဲ ?
ဂလင်းက Omegaအတွက် အလွန်ထိခိုက်လွယ်တဲ့ နေရာတစ်ခုဖြစ်သည်။ ကျိရှင်းလန်က ယန်ချုံးရဲ့ ပါးစပ်ကိုအုပ်လိုက်ပြီး အခြားသူ၏မျက်လုံးကို မှုန်ဝါးဝါးဖြစ်သွားစေသည် ။ သူကအဓိပ္ပါယ်မဲ့တဲ့ ငိုကြွေးသံအချို့ကိုသာ ပြောနိုင်သည်။
ယန်ချုံးက ပြီးဆုံးသွားပြီလို့ ထင်ခဲ့တယ် ။
သူကရောက်လာတော့မည့် အမှတ်အသားကိုတွေ့ဆုံဖို့ သူ့လည်ပင်းကိုလျှော့လိုက်ချိန်မှာ ကျိရှင်းလန်က ရုတ်တရက်သူ့ကိုလွှတ်ပေးလိုက်သည်။
မြေပြင်ပေါ်လဲကျသွားပြီး လေကိုရှုရှိုက်ရင်းနဲ့ ယန်ချုံးက အလျင်အမြန်အော်ဟစ်လိုက်တယ် " သခင်လေး ကျိ ငါတို့အဲဒါကို ပြန်ဆွေးနွေးလို့ရမလား ? "
ကျိရှင်းလန်က အောက်ကိုငုံ့ကြည့်ပြီး ပြောလာတယ် “ မပြေးနဲ့။ မင်းထပ်ပြေးရင် ငါမင်းကိုတကယ် ကိုက်လိုက်မှာ "
ယန်ချုံးက သူအမှားများကို ၀န်ခံပြီး ခေါင်းငြိမ့်လိုက်သည်။ ကျိရှင်းလန်က သူ့ကိုဆွဲထူလိုက်ပြီး တုန်လှုပ်နေတဲ့ Omegaလေးကို မင်းသမီးလေးလို သယ်ဆောင်လာသည်။ ယန်ချုံးရဲ့ ရုန်းကန်မှုတွေက အချည်းနှီးသာဖြစ်ခဲ့ပြီး ထိုလူကိုဒေါသထွက်စေခဲ့သည်ကိုသိတာကြောင့် သူက သူ့ခေါင်းကို ပခုံးပေါ်၌အလိုမကျစွာ တင်လိုက်သည်။
ကျိရှင်းလန်က သူ့ကိုတင်းကျပ်စွာ ဖက်လိုက်ပြီး မီးပိတ်ကာ အိပ်ရာထဲဝင်လိုက်သည်။
ယန်ချုံးက ထိုသူနဲ့အတူ ကုတင်တစ်ခုထဲ၌ အိပ်ဖို့ဆန္ဒမရှိသော်လည်း သူစကားပြောဖို့ ပါးစပ်ကိုမဖွင့်နိုင်ဘဲ ဤကြီးစွာသော မတရားမှုကြီးကို မျိုသာချနိုင်ခဲ့သည်။
ဘယ်သူကမှ သူ့ကိုဒီလိုအနိုင်ကျင့်ဖို့ မလုပ်ရဲခဲ့ဘူး။ Alpha အဖြစ် ပြန်ပြောင်းပြီးချိန်မှာ သူပထမဆုံးလုပ်ရမည့်အချက်က ဒီလူကိုရိုက်နှက်ဖို့ဘဲ ။
............
နောက်တစ်နေ့မနက်တွင် ယန်ချုံးက ကျိရှင်းလန်ရဲ့ လက်မောင်းကြားထဲမှာ နိုးလာခဲ့တယ် ။
သူကရွှေရောင်မျက်လုံးများ ပိတ်ထားတာကိုကြည့်လိုက်ချိန် သူကပန်းချီကားတစ်ချပ်လို သူ့ရဲ့သွင်ပြင်လက္ခဏာများကို သရုပ်ဖော်ထားသည်။
ယန်ချုံးက သူ့ကိုအနှောင့်အယှက်ပေးဖို့ မကြောက်ဘဲခဏလောက် ငေးကြည့်လိုက်တယ်။ ဒါပေမယ့် မနေ့ညက အရှက်တကွဲဖြစ်သွားတာကို တွေးမိလိုက်ချိန်မှာ ရုတ်တရက် သူ့ကိုရိုက်နှက်ဖို့ ဆန္ဒပြင်းပြလာသည်။ သူတုံ့ဆိုင်းသွားပြီး သူ့ကိုမရိုက်ခင်မှာ Alpha ကနိုးလာခဲ့တယ်။
သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး ကျိရှင်းလန်က လက်တွေကို ယန်ချုံး၏လည်ပင်းတစ်ဝိုက်မှာ သိုင်းဖက်ထားလိုက်သည်။ သူကသူ့ခေါင်းထိပ်ကို နမ်းလာခဲ့တယ် “ မောနင်း”
ယန်ချုံးရဲ့ နားရွက်ဖျားတွေက အနီရောင်ပြောင်းသွားပြီး သူကလက်နှစ်ဖက်နဲ့ အမြန်တွန်းလိုက်သည်။ သူကပြန်မဖြေချင်တော့တာနဲ့ ရေချိုးဖို့အိပ်ရာပေါ်ကနေ ထလိုက်တယ်။
ရေချိုးပြီးတဲ့အခါမှာ ယန်ချုံးက ကျိရှင်းလန် နိုးနေပြီဆိုတာသိဖို့ ရေချိုးခန်းထဲကထွက်လိုက်တယ်။
ကန့်လန့်ကာများဖွင့်ထားပြီး နံနက်ခင်း နေရောင်ခြည်က အခန်းတစ်ခုလုံးကို ထွန်းလင်းစေခဲ့သည်။
ကျိရှင်းလန်က ဆိုဖာပေါ်တွင် ထိုင်နေပြီး ငွေဇွန်းနှင့်ကော်ဖီတစ်ခွက်ကို မွှေနေခဲ့တယ် ။ သူ့ဘယ်ဘက်လက်၌ နံနက်ခင်းသတင်းစာကို ကိုင်ထားသည်။ ကော်ဖီနံ့က ယန်ချုံးဆီ ရောက်လာတာနဲ့ သူနှာခေါင်းရှုံ့လိုက်မိတယ်။
"ဘယ်လိုခံစားရလဲ ? အန်ချင်သေးလား ? "
"ငါအဆင်ပြေပါတယ် " ယန်ချုံးက သူ့လက်ကရေတွေကို အ၀တ်နဲ့သုတ်လိုက်သည်။ ယမန်နေ့နံနက်က အန်ပြီးနောက် သူ နေမကောင်းဖြစ်ခဲ့သည်။
ကော်ဖီခွက်ကိုချလိုက်ပြီး ကျိရှင်းလန်က သူ့ကိုလက်ပြလာတယ် ။
ယန်ချုံးက ဆိုဖာအခြားတစ်ဖက်ဆုံး၌ ထိုင်လိုက်ပြီးစားပွဲပေါ်ရှိ ကော်ဖီခွက်ကိုငေးကြည့်ကာ အနည်းငယ်စမ်းကြည့်ချင်သည်။
ဒါပေမယ့် ကျိရှင်းလန်က သူဘာကိုမျှော်လင့်နေမှန်း မသိခဲ့ပါ။ အဲဒီအစားသူက လက်လှမ်းလိုက်ပြီး Omegaရဲ့ပတ်တီးစီးထားတဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တယ်။ သူကပတ်တီးကို ဆွစ် စစ်တပ်ဓားနှင့် ဖြတ်လိုက်ပြီး သူတို့ကိုသေချာဖယ်ရှားလိုက်သည်။
တစ်ရက်အကြာမှာ ဒဏ်ရာက ပျောက်ကင်းသွားခဲ့ပြီးပန်းရောင်ဖျော့ဖျော့သာ ကျန်ခဲ့သည်။ တစ်ယောက်ယောက်သာ အနီးကပ်မကြည့်ရင် သူတို့ကိုသတိထားမိဖို့ခက်တယ်။
ကျိရှင်းလန်က ခေါင်းခါပြီး ပြောလာတယ်“ Omegaတွေ ရဲ့အသားက တကယ်နူးညံ့တယ်။ ငါ့အမေက ဒါကိုမြင်ရင် ငါကမင်းကိုအနိုင်ကျင့်တယ်လို့ ထင်လိမ့်မယ်"
"မင်းလုပ်တာ မဟုတ်လို့လား ?" ယန်ချုံးက သူ့ရဲ့ တုံ့ပြန်မှုကို မအံ့သြဘဲတုံ့ပြန်နိုင်ခဲ့သည်။
"ဒါကိုအနိုင်ကျင့်တယ်လို့ ခေါ်နိုင်လို့လား ? "ကျိရှင်းလန်က သူ့(ယန်ချုံး )ပါးကိုထိလိုက်ပြီး ပြုံးလိုက်သည်။ "ဒါဆိုနာခံလေ ငါမင်းကိုအနိုင်ကျင့်မှာမဟုတ်ဘူး"
သူ့ရှေ့တွင်ပြုံးနေတဲ့ ရွှေရောင်အကြည့်နဲ့ လူကိုကြည့်နေရင်း ယန်ချုံးက ယမန်နေ့ညမှ psychopath အရိပ်အယောင်ကိုရှာမတွေ့ခဲ့ပါ။
သူကလက်ကောက်ဝတ်များကို ဂရုတစိုက် စစ်ဆေးပြီးခေါင်းကိုငုံ့ကာ နမ်းလိုက်သည်။
ယန်ချုံးက အလွန်ထိတ်လန့်သွားပြီး သူ့လက်ကိုအမြန်ရုတ်သိမ်းလိုက်ကာ သူ့ခေါင်းကိုရိုက်လိုက်သည်။
ဒီကောင်ကသေချာတယ် psychopath ပဲ!
💙26.9.2021