Omega အဖြစ်ကူးပြောင်းပြီးနောက...

By karryphyo

355K 39K 933

Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kin... More

Description
Ch. 1
Ch. 2
Ch. 3
Ch 4.
Ch5 .
Ch6 .
Ch8.
Ch9.
Ch10.
Ch11.
Ch12.
Ch13.
Ch14.
Ch15.
Ch 16.
Ch17.
Ch18.
Ch. 19
Ch 20.1
Surprise 🤍🤍🤍
Ch 20.2
Ch 20.3
Ch 21
Ch 22
paid gp😍😘🤍🤍
Ch 23
Ch 24
Ch 25
Ch 26
Ch.27
Ch 28
Ch 29
Ch 30
Suprise🥳🥳
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Ch 46
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54
Ch 55
Ch 56
Ch 57
Ch 58
Ch 59
Ch 60
Ch 61
Ch 62
Ch 63
Ch 64
Ch 65
Ch 66
Ch 67
Ch 68
Ch 69
Ch 70
Ch 71
Ch 72
Ch 73
Ch 74
Ch 75
Ch 76
Ch 77
Ch 78
Ch 79
Ch 80
Ch 81
သီတင်းကျွတ် ပရိုမိုးရှင်း
Ch 82
Ch 83
Ch 84
Ch 85
Ch 86
Ch 87
ပရိုမိုးရှင်း
Ch 88
Ch 89,90
Ch 91
Ch 92, 93
Ch 94
Ch 95
Ch 96
Ch 97
Ch 98
Ch 99
Ch 100
Ch 101
Ch 102
Ch 103
Ch 104
Ch 105
Ch 106
Ch 107
Ch 108
Ch. 109
Ch 110
Ch 111
Ch 112
Ch 113
Ch 114
Ch 115
Ch 116
Ch 117
Ch 118
Ch 119
Ch 120
Ch 121
Ch 122
Ch 123
Ch 124
Ch 125
Ch 126(end)

Ch7.

7.1K 961 35
By karryphyo


( ဖူးရောင်နေတဲ့ နှုတ်ခမ်းတွေ)


ကျိရှင်းလန်က သူ့ရဲ့အဆင်မပြေသည့် မျက်နှာအမူအရာကိုကြည့်ပြီး သဘောကျသွားကာ ယန်ချုံးကိုသူ့ပေါင်ပေါ်သို့ တိုက်ရိုက်ဆွဲတင်လိုက်သည်။

ယန်ချုံးက လန့်ဖျပ်သွားပြီး အနည်းငယ်ရုန်းကန်ခဲ့ရသော်လည်း သူ့ကိုလုံးဝရှုံးနိမ့်အောင်မလုပ်နိုင်ခဲ့ဘူး။ သူသည်ခုခံတွန်းလှန်ခြင်းကိုသာ အရှုံးပေးလိုက်ပြီး စိတ်ကူးအိပ်မက်တွေ ပျောက်သွားတဲ့ ဆားငန်ရေထဲကငါးနဲ့တူတယ်။ သူက ကျိရှင်းလန် ရဲ့ပေါင်ပေါ်မှာ ခံစားလျက်မပေါ်လွင်စွာနဲ့ ထိုင်နေသည်။

ယန်ချုံး : ဘာမှမထူးခြားဘူး ... ┐ ( ̄ ヘ  ̄) ┌

ဘာပဲဖြစ်ဖြစ် သူကသူ့ကလေးကို ထိလိုက်တာပဲ! သူက ငါ့ကိုအခွင့်ကောင်းယူချင်တဲ့ပုံနဲ့မှ မတူတာ! ဟားဟားဟား...

ဒီနည်းကိုထိစရာအကြောင်း မရှိတာသေချာသော်လည်း ကျိရှင်းလန်က လေးနက်သောအမူအရာကို ဆင်မြန်ထားခဲ့သည်။ သူ့ရဲ့နွေးထွေးတဲ့ လက်ဖဝါးက ဝမ်းဗိုက်တစ်ဝိုက်ကို ညင်သာစွာလှည့်ပတ်သွားကာ ထူးဆန်းပြီး နွေးထွေးတဲ့ခံစားချက်ကို ချန်ထားခဲ့သည်။

ယန်ချုံး အနည်းငယ်အဆင်မပြေသလို ခံစားလိုက်ရသည်။ ကျိရှင်းလန်ရဲ့ ခေါင်းငုံ့ထားတဲ့ပုံစံကို ကြည့်လိုက်တော့ သူ့ရဲ့ရွှေရောင်ဆံပင်များက ယိမ်းနွဲ့နေပုံရသည်။ သူ့မျက်လုံးထဲတွင် ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအလွှာတစ်ခုကရိပ်ခနဲ ပေါ်လွင်နေသည်။
ကလေးက သူ့ကိုယ်ပိုင်မဟုတ်ပေမယ့်လည်း ကျိရှင်းလန်က အလွန်စိုးရိမ်ပူပန်မှုကို ပြသနေပြီး အဲ့တာက ယန်ချုံး သူ့ကိုမသိတော့သလို ခံစားမိစေတယ်။ သူတို့ကပေါက်စီကို မျှော်လင့်နေတဲ့ လူငယ်စုံတွဲနဲ့တူပုံရတယ်။
ယန်ချုံး ကသူ့ရှေ့က Alpha လူငယ်လေး ဘာကိုတွေးနေလဲဆိုတာ ခန့်မှန်းလို့မရပေမယ့် သူအရင်ကတစ်ခါမှ မခံစားဖူးသော နွေးထွေးတဲ့မိသားစု ခံစားချက်တစ်ခုကို သူခံစားခဲ့ရသည်။

သူက ကျိရှင်းလန်ကို ညှိုးငယ်စွာကြည့်လိုက်တယ်။ သူ့ရဲ့မျက်နှာက ဂရိနတ်ဘုရားတစ်ပါးကဲ့သို့ လှပနေပြီး မကောင်းတဲ့အကြောင်းကို တွေးနေခဲ့သည်။ ဒီလိုမျိုးရုပ်ရည်သွင်ပြင်နဲ့ သူ ကOmegaအဖြစ် မမွေးခဲ့ခြင်းက ရှက်စရာကောင်းတယ်!

ကျိရှင်းလန်က က သူ့ Omega ဖြစ်ချင်တယ် ပြီးတော့ သူ့ကလေးမွေးချင်ရင် အဲဒါကိုသူစဉ်းစားလိမ့်မယ်။
ကံမကောင်းစွာနဲ့ပဲ၊ လက်တွေ့ကရက်စက်လွန်းတယ်။
ကျိရှင်းလန်က သူ့ရဲ့ဝမ်းဗိုက်ကို အတောမသတ်နိုင်ဘဲ စိတ်ဝင်စားနေပုံရသည်။ ယန်ချုံး က စိတ်မရှည်တော့ဘဲ အဝေးကိုကြည့်လိုက်သည်။ သူလုပ်နေတဲ့အတိုင်းဘဲ၊ သူ့မျက်လုံးတွေက ဆန့်ကျင်ဘက်နံရံပေါ်က ပုံတူပန်းချီကားပေါ်ကျရောက်သွားခဲ့တယ်။

သူက ပုံတူပန်းချီကားကိုမနေ့က မြင်ခဲ့သော်လည်း ၎င်းကိုအများကြီးစဉ်းစားဖို့ အချိန်မရှိခဲ့ပေ။ ဒီတခါတော့ သူက သူ့ကိုယ်ပိုင်ပြုံးနေတဲ့ မျက်နှာကိုကြည့်ပြီး အကြောင်းပြချက်မရှိ ပျာယာခတ်နေသလိုခံစားလိုက်ရတယ်။

ပုံတူပန်းချီကားရဲ့ရှေ့က ပန်းအိုးထဲတွင် အဖြူရောင်စစ်စ် သန့်ရှင်းလတ်ဆတ်တဲ့ ဒေစီပန်းခိုင်အသစ်ကို ထိုးထားသည်။

သူ့စိတ်ထဲတွင် မေးခွန်းတစ်ခုကို ရှင်းပစ်လိုက်ချင်သည်။

ကျိရှင်းလန်က သူ့ကိုဘယ်လိုထင်လဲ?

ယန်ချုံးက နှုတ်ခမ်းစူလိုက်ပြီး ဒီတွန်းအားကို တားလိုက်တယ်။ သူကပုံတူပန်းချီကားမှ အဝေးကိုကြည့်လိုက်ပြီး သူ့ရှေ့မှလူဆီကို ပြန်လှည့်လာခဲ့သည်။ ကျိရှင်းလန်က အရမ်းချောတော့ သူမနာလိုဖြစ်ခဲ့တယ်။
သူက ချောမောပြီး ဆိုးသွမ်းတဲ့ Alphaကောင်လေးတစ်ယောက် ဖြစ်တဲ့အချိန်က ယန်ချုံးဟာ အမြဲ တမ်းကောင်းကောင်းမွန်မွန် စားခဲ့သည်။ သူတို့ရဲ့ကျောင်းဝင်းတွင်" အလိုအပ်ဆုံး Alpha" အတွက် အမည်မဖော်ဘဲနှစ်စဉ် မဲပေးခဲ့သည်။ ဤရွေးချယ်မှုတွင် Omegaတွေသာ မဲပေးနိုင်ခဲ့သည်။ ဒီမဲက Alphaတစ်ယောက်စီရဲ့ (homosexual relationships) လိင်မတူကာမဆက်ဆံတဲ့ ဆက်ဆံရေးတစ်ခုစီကို ထင်ဟပ်စေသည်။

လေးနှစ်တာကာလအတွင်း သူကဂျူနီယာအထက်တန်းကျောင်းသားဖြစ်ခဲ့ပြီး ယန်ချုံးက ထိပ်တန်းအဖြစ် မဲပေးခြင်းခံရသည်။ သူက အလွန်ချောမောသောကြောင့် ကျောင်းဝင်းအတွင်း မောက်မာစွာ လမ်းလျှောက်နိုင်ခဲ့သည်။ဘယ်မိန်းကလေးမဆို မေးကြည့်လိုက်ပါ။ဘယ်သူက ဒီBig Brotherရဲ့ မိန်းမ ဖြစ်မှာကိုမလို​ချင်ဘူးလဲ? ပြီးတော့ သူမရဲ့ငယ်ရွယ်မှုကို သူ့စက်ဘီးနောက်ကခုံမှာထိုင်ပြီး စက်ဘီးစီးရင်း မကုန်ဆုံးချင်တဲ့သူဘယ်သူရှိလဲ?

ဒါပေမယ့်ဒါတွေအားလုံးကို ကျိရှင်းလန်က ဖျက်ဆီးခဲ့တယ်။

ကျိရှင်းလန်ရဲ့ ဒါရိုက်ဘာက သူ့ရဲ့ Maybach ကားနှင့်အတူ စစ်တက္ကသိုလ်ဂိတ်ဝတွင် ပေါ်လာသောနေ့၌ လူတိုင်းနိုးထလာကြသည်။ သူတို့ Maybach ကားမှာထိုင်နိုင်ရင် စက်ဘီးကို ဘယ်သူကလိုအပ်မှာလဲ?
ဒီဆင်းရဲနွမ်းပါးပြီး ဗဟုသုတနည်းတဲ့ ဆယ်ကျော်သက်နှင့်နှိုင်းယှဉ်လျှင် ကျိရှင်းလန်က နတ်ဘုရားတစ်ပါးဖြစ်သည်။

သူ့မှာထူးခြားတဲ့နောက်ခံရှိပြီး လူစုလူဝေးမှ ကျော်ဖြတ်နိုင်ခဲ့သည်။ သူဟာငယ်စဉ်ကတည်းက ထူးချွန်သောပညာရေးကိုရရှိခဲ့ပြီး နိုင်ငံခြားဘာသာစကားများနှင့် Confucian Six Arts တို့ကိုလည်း တတ်မြောက်ခဲ့သည်။ သူကမူလတန်းတုန်းက သူ့ရွယ်တူတွေရဲ့ အိမ်စာတွေကြောင့် ငိုရတဲ့ကလေးမျိုးပါ။

ထို့ကြောင့်ဒီကျောင်းရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုက ငွေရဲ့ဆိုးရွားသောစွမ်းအားဖြင့် ရှုံးနိမ့်ခဲ့သည်။သူက မအောင်မြင်တော့ ကြမ်းတိုက်ခဲ့ရသည်။

" အလိုချင်ဆုံး Alpha" က မြေအောက်လှုပ်ရှားမှုတစ်ခုဖြစ်သောကြောင့် ၎င်းကိုလူသိရှင်ကြားမပြနိုင်ပေ။ ကျိရှင်းလန် ကိုယ်တိုင်အဲ့တာကို မသိခဲ့ဘူး။ ထို့ကြောင့် ဒီအရာက ချိန်ခွင်လျှာကိုထိလို့ရတဲ့ ဖြစ်ရပ်မဟုတ်ပေ။

ယန်ချုံးက ထီးနန်းမှပြုတ်ကျသွားသော်လည်း သူကြိုးစားလုပ်ဆောင်ခဲ့သော အခြားအရာတစ်ခုကို သူတွေ့ရှိခဲ့သည်။ ခွေးခြေကိုနှစ်နှစ်ကြာပွတ်တိုက်ပြီးနောက် သူကကျောင်းရဲ့ပန်းလေး မိန်းမပိုးဖို့ မအောင်မြင်သေးဘူး။ ကျိရှင်းလန်ပေါ်လာပြီးနောက် အခြားမိန်းကလေးများကဲ့သို့ သူ့ရဲ့အဆက်အသွယ် အချက်အလက်များ စတင်တောင်းလာသည်က နှစ်ရက်တောင်မပြည့်သေးပေ !

သူမဟာဘေးနားက စစ်တက္ကသိုလ်မှာ ကျိရှင်းလန် ဘောလုံးကစားနေတာကိုကြည့်ဖို့ သူမဟာနံရံပေါ်ကိုတက်သွားပြီး ယန်ချုံးရဲ့ခိုကိုလွှတ်ဖို့တောင် မတွန့်ဆုတ်ခဲ့ဘူး။

ယန်ချုံးဟာ လုံး၀ဘာမှမလုပ်ရသည့်အထိ ရိုက်နှက်ခံရပြီး ဒေါသထွက်ခဲ့ကာ မိုက်မဲသောယုတ်မာသော သခင်လေးကျိကို စတင်ပြီး အထင်အမြင်သေးလာခဲ့သည်။

သူက ကျောင်းရဲ့ပန်းလေး ကိုလိုက်ဖို့ အချိန်နဲ့ အနောက်ကနေလိုက်ခဲ့ပြီး သူမအတွက် ခံစားချက်အစစ်အမှန်မရှိခဲ့ပါဘူး ဒါပေမယ့် ကျောင်းရဲ့ပန်းလေးကိုသာလိုက်ခဲ့ဖူးသော်လည်း ကျိရှင်းလန်ရဲ့ အသွင်အပြင်က သူ့ကိုယ်သူလေးစားမှုအား အကြီးအကျယ်ထိခိုက်စေခဲ့သည်။

ပြီးတော့........

မှောင်မိုက်ပြီး လေထန်သောညတွင် ယန်ချုံးက ဘားတစ်ခုတွင် အရက်နှစ်ခွက်သောက်ပြီး ကျိရှင်းလန် ကို မမျှော်လင့်ဘဲ တိုက်ခိုက်ဖို့ ကြိုးစားခဲ့သည်။

ထိုညက အရက်မူးနေသော အပိုင်းအစအချို့ကိုသာ သူပြန်စဥ်စားလိုက်ပေမယ့် သူဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို သူမှတ်မိနေသေးတယ်။ သူနိုးလာတဲ့အခါ ကျိရှင်းလန်ရဲ့ကားနောက်မှာ သူ့ကိုယ်သူတွေ့ခဲ့သည်။သူ့ကို မျက်ရည်ကျ​အောင် နှိပ်စက်ခဲ့တယ်။

သူရှုံးနိမ့်သွားသည်ကို တွေ့သောအခါ သူကကားထဲမှခုန်ထွက်ပြီး ထွက်ပြေးဖို့ကိုသာတတ်နိုင်ခဲ့သည်။ ကံကောင်းထောက်မစွာ ကျိရှင်းလန်က ရက်စက်ကြမ်းကြုတ်ခြင်းမရှိပေ။ ယန်ချုံးမှာ အခြားဒဏ်ရာများမရှိသော်လည်း သူ့ရဲ့နှုတ်ခမ်းတွေက ဖူးရောင်နေခဲ့သည်။

.........ဘာကြောင့်သူ့နှုတ်ခမ်းတွေဖူးရောင်နေတာလဲ? ယန်ချုံးလည်း အဲ့ဒါကို နားမလည်နိုင်ခဲ့ဘူး။

အဲဒီနောက်မှာတော့ ကျိရှင်းလန် က ယန်ချုံးကိုမြင်တဲ့အခါ ကြောက်ရွံ့နေတဲ့အချိန်တစ်ခုရှိတယ်။ ကျိရှင်းလန် သူနဲ့တွေ့တဲ့အခါ သူလမ်းလွှဲလိမ့်မယ်။ ဒါပေမယ့် ယန်ချုံးက ကျိရှင်းလန် ဘာဖြစ်နေတာလဲဆိုတာကို မသိဘူး။ဒါကြောင့် သူကနေ့တိုင်းသူ့ကို မရပ်မနားအနှောင့်အယှက်ပေးခဲ့တယ်။ Alpha က သူ့အကြောင်း ဘာတွေးနေလဲဆိုတာကို သူမသိပေမယ့် သူက ကျိရှင်းလန်ကို အကြိမ်ကြိမ်ဒေါသထွက်ပြီး သေခြင်းကိုရှာခဲ့တယ်။ သူ့ကိုမုန်းသင့်တယ်လို့ယူဆရသည်။

ယန်ချုံးက သူ့အတွေးများကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့ကိုတွယ်ကပ်နေဆဲဖြစ်တဲ့ သခင်လေး ကျိ ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

တစ်နေ့တာအပန်းဖြေမှုအပြီးမှာ သူဟာ အဖြစ်မှန်ကို တဖြည်းဖြည်းနဲ့ လက်ခံလာပြီး သူထင်တာထက် ပိုပြီးငြိမ်သက်လာတယ်။

ကလေးကသူနဲ့ဘာမှမဆိုင်ဘူးဆိုရင်တောင် သူကတာဝန်ကိုထမ်းဆောင်ဖို့ လိုသေးတယ်ဆိုတဲ့အချက်ပဲ။

လက်ရှိတွင် သူ့ရဲ့အကောင်းဆုံးရွေးချယ်မှုမှာ ကလေးမမွေးခင်အထိ နေဖို့ပဲ။ ကလေးကို ကျိရှင်းလန် ပြုစုပျိုးထောင်ဖို့အတွက် ချန်ထားခဲ့မယ်၊ပြီးရင်တော့ သူထွက်သွားလိုက်မယ်။

မည်သို့ပင်ဖြစ်စေ ယန်ချုံးက ဖခင်တစ်ယောက်ဖြစ်ဖို့ အဆင်သင့်မဖြစ်သေးဘူး။ လုပ်ငန်းစဉ်က အတော်လေးခက်ခဲလိမ့်မယ်။

သူက ရွှေရောင်ဆံပင်တွေနဲ့ သူ့အပေါ် ကွေးညွှတ်နေတဲ့လူကို ရှုပ်ထွေးတဲ့ အမူအရာကိုလုပ်ပြခဲ့သည်။ သူက ကျိရှင်းလန်ရဲ့ လက်ကိုစိတ်မရှည်စွာနဲ့ ခါထုတ်လိုက်ပြီး သူ့ကိုညင်သာစွာ တွန်းဖယ်လိုက်သည်။ ကျိရှင်းလန်က သူ့ရဲ့လက်ကိုဖယ်လိုက်ပြီး ခေါင်းကိုငုံ့လိုက်ကာ ယန်ချုံးရဲ့နဖူးကို နမ်းလိုက်သည်။

သူ့နှုတ်ခမ်းတွေက နူးညံ့ပြီး နွေးထွေးသည်။ သူ့Alphaရဲ့ အသက်ရှုသံက ယန်ချုံးရဲ့ နှလုံးသား၌ တုန်လှုပ်နေမှု့ကို ဖိနှိပ်ထားသည်။

နောက်တစ်ခါလုပ်ပြန်ပြီ။

ယန်ချုံးရဲ့ ပါးပြင်များက ချက်ချင်းနီရဲလာသည်။ ကျိရှင်းလန်ကို လျင်မြန်စွာ တွန်းဖယ်လိုက်ပြီး သူ့ကိုယ်ကိုဆိုဖာရဲ့ အဝေးဆုံးထောင့်၌နစ်မြုပ်ထားသည်။

"ငါမင်းကိုဒီလိုထသွားထလာ နမ်းဖို့မပြောထားဘူး!"

ယန်ချုံးက သူ့ကိုကြောက်လန့်စွာ စိုက်ကြည့်နေသော်လည်း ကျိရှင်းလန်က ဘာမှမလှုပ်ရှားလာဘူး ။ သူကဆိုဖာကို ကျောမှီထားပြီး သူ့ခြေတံရှည်တွေကို ဆန့်ထုတ်ကာ ဘာမှမပြောဘဲနေနေခဲ့တယ် ။

ကျိရှင်းလန်ရဲ့ စူးရှတဲ့ မျက်လုံးတွေကို မြင်ချိန်မှာ ယန်ချုံးက တံတွေးကို မျိုချလိုက်သည်။

ထိုသူက သူတစ်ခါမှမမြင်ဖူးတဲ့ နူးညံ့မှုဖြင့် သူ့ကိုကြည့်နေသည်။ သူ့အကြည့်က ပိုင်ဆိုင်လိုမှုနှင့်ကာကွယ်လိုစိတ်တို့ ပြည့်လျှံနေကာ Omegaတစ်ယောက်အပေါ် ပုံမှန်Alphaရဲ့ သဘောထားဖြစ်သည်။

Alpha တစ်ဦးက ဤသို့ရှုမြင်သဖြင့် ယန်ချုံးကသူခေါင်းကိုဖမ်းဆွဲမိလိုက်သည်။ သူခေါင်းကိုက်နေတယ်။

တစ်ဖက်တွင် ကျိရှင်းလန်က ယန်ချုံးရဲ့ တုံ့ပြန်မှုကိုမြင်ပြီး နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။ သူတစ်ပါး၏နှလုံးသားသည် အလျှော့အတင်းမရှိကြောင်း သူသိသွားပြီ သူမအံ့သြတော့ဘူး။

အခြားကောင်လေးတစ်ယောက်သည် အမြဲခေါင်းမာသော်လည်း နှလုံးသားနူးညံ့သည်။ ကလေးတစ်ယောက်ကို ဟန်ဆောင်မှုအောက်မှာ နေခိုင်းရင်သူကသဘောတူမှာမဟုတ်ဘူး။

" မင်းကိုယ်ဝန်ရှိကတည်းက ဂရုစိုက်ပြီးနေ ။ အရင်လို မစဥ်းစားဘဲနဲ့လည်းမလုပ်နဲ့ ရန်ပွဲရှာဖို့ကိုလည်း ဘယ်နံရံပေါ်မှမတက်ချင်နဲ့ ။ မင်းဂရုစိုက်ရမယ့်ကိစ္စတွေကို ကိုယ်ပြောမယ် ... "ကျိရှင်းလန်က အသစ်ဝယ်ထားသော" The Omega Physiology and Health Guide "၏မိတ္တူကိုအဆင်ပြေစွာ ဆွဲထုတ်လိုက်ပြီး ယန်ချုံးကို သူ့ခန္ဓာကိုယ်အကြောင်း အသိပေးလိုက်သည်။

ယန်ချုံးက အလွန်စိတ်ရှုပ်ထွေးသွားတယ် ။

မူလပိုင်ရှင်က ရန်ဖြစ်ရန်ရှာဖို့ နံရံတွေပေါ် တက်ခဲ့တာလား ? အဲ့လိုဟုတ်ပုံ မပေါ်ဘူး။ နံရံပေါ်တက်တာနဲ့ တိုက်ခိုက်တာက သူ့အလုပ်မဟုတ်ဘူးလား ?

ယန်ချုံးရဲ့ Omegaဇီဝကမ္မဗေဒအကြောင်း ဗဟုသုတက သုညသာဖြစ်ခဲ့သည်။ သူကအများကြီး သင်ယူဖို့လိုအပ်တာကြောင့် ကျိရှင်းလန်စကားကို ဂရုတစိုက်နားထောင်ခဲ့သည်။

" Omega pheromones တွေကကိုယ်ဝန်အစောပိုင်းကာလတွေမှာ မတည်မငြိမ်ဖြစ်ပြီး မကြာခဏ ပုံမှန်မဟုတ်တဲ့ estrus ရောက်လာလိမ့်မယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ တားဆေးတွေသုံးတာ မသင့်တော်ဘူး၊ ဒီအချိန်မှာ Alpha ရဲ့အကူအညီလိုအပ်တယ် "

ကျိရှင်းလန်ရဲ့ ကိုယ်ဝန်ဆောင်စဉ် estrus အကြောင်းပြောခြင်းကို နားထောင်ခြင်းကြောင့် သူ့ပါးများနီရဲလာပြီး အဆက်မပြတ်ချောင်းဆိုးလာသည်။

ယန်ချုံးက ပါးပြင်မှာပူလောင်နေပြီး သူ့နှလုံးသား၌ ဆူပူအော်ဟစ်နေသည်။ Omega တစ်ယောက်က ဘာလို့ ဒီလောက်မျက်နှာနီလွယ်ရတာလဲ ?

ကျိရှင်းလန်က သူ့အနီရောင်ပါးပြင်ကို ကြည့်ပြီးပြုံးလိုက်သည်။ " မင်းကမင်းရဲ့ estrus ပေါ်မှာရှိနေရင် ကိုယ့်ကိုအကူအညီမတောင်းဘဲ လုပ်လိုက်မှာကို ကြောက်တယ်၊ ဒါကြောင့် အိမ်ကတားဆေးအားလုံးကို ကိုယ်ပစ်လိုက်ပြီ ။ မင်းတစ်ခုခုလိုအပ်ရင် ကိုယ့်​ကိုခေါ်လိုက်"

သူပြောလာတဲ့ "မင်းတစ်ခုခုလိုအပ်ရင်" ဆိုတဲ့အချိန်မှာ ယန်ချုံးရဲ့ ပါးပြင်က ချက်ပြုတ်ပြီးခါနီးနေပြီဖြစ်သည် ။

အံသွားကြိတ်ပြီး သူက" မလိုပါဘူး" ဟုပြန်ပြောခဲ့တယ် ။

ကျိရှင်းလန်က သူ့အနီရောင်မျက်နှာနဲ့ အံသွားကိုကြိတ်လိုက်ချိန်မှာ အားရဝမ်းသာဖြစ်သွားသည်။

သူ့ရယ်သံကြောင့် ယန်ချုံးက စိတ်ဆိုးသွားပြီး ဒေါသတကြီးထရပ်ကာ ရေချိုးခန်းထဲပြေးဝင်သွားတာကြောင့် ကျိရှင်းလန် တစ်ယောက်တည်းကျန်ခဲ့သည်။

ရေချိုးခန်းထဲမှာ ယန်ချုံးက သူ့မျက်နှာကို ရေအေးနဲ့ဖြန်းလိုက်ပြီး မှန်ထဲကသူ့ကိုယ်သူချောင်းကြည့်လိုက်တယ်။ သူ့မှာကြီးမားတဲ့ စိတ်ခံစားချက် အပြောင်းအလဲမရှိပေမယ့် ကျိရှင်းလန်က သူ့ကိုလှောင်ပြောင်တဲ့အခါမှာ Omegaတစ်ယောက်ရဲ့ အရေပြားကအလွန်ပါးလွှာတာကြောင့် လွယ်လွယ်နဲ့နီမြန်းသွားတယ်။

အဲ့ဒိကောင် ကျိရှင်းလန်က သူ့ကိုအရမ်းဒေါသထွက်အောင်လုပ်တယ်။

ယန်ချုံးက သူ့မျက်နှာကို ခြောက်အောင်ထားပြီး စာကြည့်ခန်းကို ပြန်ရောက်လာချိန်မှာ ကျိရှင်းလန်က 《 The Omega Physiology and Health Guide last 》 ရဲ့ နောက်ဆုံးစာမျက်နှာကို ရောက်နေပြီဖြစ်သည်။

ယန်ချုံး ပြန်လာတာကိုမြင်ချိန်မှာ ကျိရှင်းလန်က ရွှတ်နောက်နောက်နဲ့ သူ့ပါးစပ်ကို မြင့်တက်စေခဲ့ပြီးလက်စွဲစာအုပ်ကို တိကျတဲ့စာမျက်နှာတစ်ခုအဖြစ်ပြောင်းလိုက်တယ်။ သူက ယန်ချုံး ရှေ့မှာ တမင်တကာ ဝှေ့ယမ်းပြလာတယ် ။

ယန်ချုံးက မျဉ်းသားထားတဲ့ စာပိုဒ်ကိုစေ့စေ့စပ်စပ်ဖတ်လိုက်သည် ။

Omegaတစ်ယောက်က သူတို့လိုချင်တဲ့ Alpha ကို မြင်တဲ့အခါ သူတို့ရဲ့ Omega pheromone ကိုမသိစိတ်ကထုတ်လွှတ်လိမ့်မယ်။ ၎င်းကြောင့် မျက်နှာနီမြန်းခြင်းနှင့်အရှိန်ပြင်းတဲ့ အသက်ရှူသံက ထွက်ပေါ်လာပြီး ပိုးပန်းခြင်း၏ လက္ခဏာများလည်းဖြစ်သည်။

မျက်နှာနီမြန်းခြင်း၊ နှလုံးခုန်မြန်ခြင်း မဟုတ်ဘူး ။ဒါကသူဘယ်လိုတုံ့ပြန်လဲ။

ရွှေရောင်ကောင်လေးက မကောင်းတဲ့အပြုံးပြုံးနေတာကိုကြည့်ပြီး ယန်ချုံးက အံသွားကိုကြိတ်လိုက်ပြီး စာအုပ်ကိုယူကာ သူ့မျက်နှာပေါ်ကို တိုက်ရိုက် ရိုက်ချလိုက်သည်။

"ငါ့လမ်းကဖယ် " ယန်ချုံးက သူ့ခြေသလုံးကိုအနည်းငယ် ညင်သာစွာကန်လိုက်ပြီး ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။ ကျိရှင်းလန်က သူ့အတွက်နာခံမှုအပြည့်ပေးထားတယ်။

"... ခုတော့ ကလေးတစ်ယောက်ရှိနေပြီ၊ ငါမွေးဖို့ကလွဲပြီးရွေးစရာမရှိတော့ဘူး" ယန်ချုံးရဲ့ မျက်လုံးများမှေးစင်းသွားသည်။ ပါးပြင်ပေါ်တွင် နီမြန်းလာခဲ့ပြီး သူ့မျက်တောင်များနှင့် ဆံပင်အနည်းငယ်စိုစွတ်နေဆဲဖြစ်သည်။ "ဒါပေမယ့် မင်းကငါ့ကိုကတိတစ်ခုတော့ပေးရမယ်"

"ဘာလဲ ?"

အပေးအယူတစ်ခုကို မျှော်လင့်ထားပြီးသား ကျိရှင်းလန်က သူ့တုံ့ပြန်မှုကိုကျေနပ်ပုံရသည်။ သူသည်သူ့မျက်နှာပေါ်တွင်အပြုံးတစ်ခုကို ဆင်ထားသည်။ ဒါပေမယ့် ယန်ချုံး တုံ့ပြန်မှုအပြီးမှာ သူမပြုံးနိုင်တော့ဘူး။

"ငါတို့မှာကလေးမွေးပြီးတဲ့အခါ စေ့စပ်ပွဲကိုဖျက်လိုက်မယ်"

ကျိရှင်းလန် မျက်နှာပေါ်က အပြုံးမှေးမှိန်သွားကာ သူကခဏစဉ်းစားလိုက်ပြီး ဝမ်းနည်းဟန်ဆောင်လိုက်သည်။

"စိတ်မကောင်းစရာဘဲ မင်းမှာအနည်းဆုံး ရှစ်လကျန်သေးတယ်၊ ဒါပေမယ့် ကိုယ်တို့နောက်လမှာ မင်္ဂလာပွဲကျင်းပရမယ်။ မင်းသာကိုယ်တို့ရဲ့အိမ်ထောင်ရေးကို ဆက်ဖျက်နေရင်တော့ မင်းကိုယ့်အမေကိုထိန်းနိုင်မှာမဟုတ်ဘူး"

ယန်ချုံးက ပြန်မဖြေခင်မှာ တစ်ခဏမျှ တိတ်ဆိတ်သွားတယ် " ဒါဆို...ဒါဆိုငါတို့အရင်လက်ထပ်ရအောင် နောက်နှစ် ငါတို့ကွာရှင်းမယ်။ မင်းအမေနဲ့ငါကိုယ်တိုင်ဖြေရှင်းမယ် "

ယခုနှစ်မှာလက်ထပ်ပြီး နောက်နှစ်မှာ ကွာရှင်းမယ် ယန်ချုံးက လက်ထပ်တာကို ကလေးကစားနည်းတစ်မျိုးလို့ ထင်နေပုံရသည် ။

"ကိုယ်တို့ကွာရှင်းရမှာလား ? ကိုယ့်ကိုလက်ထပ်တာက ဒီလောက် ၀မ်းနည်းစရာကောင်းလား " ကျိရှင်းလန်ရဲ့ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး ယန်ချုံးက သူပိုနီးလာသည်ကို သတိမပြုမိခဲ့ပေ။

" အမှန်အတိုင်းပြောရရင် လက်ထပ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဖူးဘူး၊ မင်းကိုလက်ထပ်ဖို့ဆို ပိုဆိုးတယ် " ယန်ချုံးက ဒုတိယစာကြောင်း၏ တဝက်ကိုတမင်တကာအလေးထားပြောကြားခဲ့သည်။ "ကလေးအတွက်ကတော့ မတော်တဆဖြစ်ခဲ့တာဘဲ ။ ငါတို့နှစ်ယောက်စလုံးမှာတာဝန်ရှိတယ်၊ မင်းလည်းတာဝန်ယူသင့်တယ် "

ကျိရှင်းလန်က ခေါင်းငြိမ့်လိုက်ပြီး သူတာဝန်ခံရမည်ကိုသဘောတူပုံရသည်။

သူကမှန်မှန်ကန်ကန် သဘောတူတာကြောင့် ယန်ချုံးက သူ့လည်ချောင်းကို ရှင်းပစ်လိုက်ပြီး ဆက်ပြောလာတယ်။ " ငါဒီကိစ္စကိုမှန်မှန်ကန်ကန် ဖြေရှင်းချင်ပေမယ့်အဖြေက လုံးဝမဖြစ်နိုင်ဘူး။ လူတစ်ယောက်ကိုရှာပြီး လက်ထပ်လိုက် ။ ငါအိမ်ထောင်မပြုချင်ဘူး "

ကျိရှင်းလန်က ဤစကားကိုကြားချိန်မှာ ယန်ချုံးကိုကြည့်ပြီးနှိမ့်ချစွာပြုံးလိုက်သည်။ "ကိုယ်ကတစ်စုံတစ်ယောက်ကို အမှတ်တမဲ့ရှာဖို့လိုတဲ့ အမျိုးအစားလား ? "

ယန်ချုံးက မကူညီနိုင်စွာနဲ့ နှုတ်ခမ်းကိုတွန့်လိုက်တယ်။ Alpha အစ်ကိုကြီးကိုလည်း ငါမတွေ့ချင်ဘူး။

ယန်ချုံးရဲ့ အမူအရာကြောင့် ကျိရှင်းလန်က စိတ်အားတက်ကြွလာပုံရသည်။ ယန်ချုံး စကားပြောသောအခါ သူ့မျက်လုံးတွေက အနည်းငယ်မှေးမှိန်သွားပြီး Omegaကိုဆိုဖာထောင့်သို့ တွန်းပို့လိုက်သည်။ ခွန်အားအနည်းငယ်ဖြင့် Alphaက ယန်ချုံးရဲ့ ဆံပင်ထဲ သူ့လက်ချောင်းများကို ထိုးထည့်လိုက်ပြီး သူ့အားလှည့်ခိုင်းလိုက်သည်။

"ရဖို့အတွက် ခက်ခက်ခဲခဲကစားရမှာ"

ယန်ချုံးက အံ့သြနေတဲ့ မျက်လုံးတွေနဲ့ သူ့နီမြန်းလှပတဲ့ နှုတ်ခမ်းကိုကြည့်လိုက်သည်။ သူ့ပါးစပ်မှထွက်လာတဲ့ နောက်ထပ်စကားတွေက လူစကားမဟုတ်ဘူး ။

"ဟန်ဆောင်မနေနဲ့ အချစ်လေး မင်း ကိုယ့်ကိုမထားခဲ့ချင်ဘူးဆိုတာ ကိုယ်သိတယ်။ " ရွှေရောင်လူငယ်က ယန်ချုံးရဲ့ လက်ကိုညင်သာစွာဆုပ်ကိုင်လိုက်သည်။ " ဟိုနေ့က မင်းကိုလျစ်လျူရှုခဲ့တဲ့အတွက် ကိုယ့်ကိုအပြစ်တင်မယ်ဆိုရင်လည်းရတယ်။ အဲဒါကိုယ့်အမှားပါ ။ ဒီညကိုယ်မင်းကိုကောင်းကောင်းဂရုစိုက်ပါ့မယ်။ ဘယ်လိုလဲ ? "

Authors Note:

ယန်ချုံး: မင်္ဂလာပါ 110 ကပါလား တစ်စုံတစ်ယောက်ကအဝါရောင် ကိစ္စတွေလုပ်နေပါတယ် QAQ

နိုင်း: ဟုတ်တယ်၊ သူကဒီတိုက်ပွဲမှာ" အသက်ရှူကျပ်နိုင်တယ်" ။ ( ̄∇ ̄)

💙19.9.2021

Continue Reading

You'll Also Like

243K 17.3K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...
93K 12.3K 200
ဝိညာဉ်ချီ နိုးထပြီးနောက် ရာစုနှစ်တစ်ခုအကြာတွင် ကမ္ဘာကြီးသည် ခေတ်သစ်တစ်ခုအသွင် ဖြစ်​ပေါ်လာသည်။ လူသားများသည် ကမ္ဘာ​မြေ၏နိုးကြားလာသော ဝိညာဉ်ချီကို စုပ်ယ...
1.1M 66.7K 58
သူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပ...