Unicode
~~~~~~~
"ဟို...ဇီးကွက်ကို ဗွေမယူပါနဲ့ဗျာ
သူက ကလေးသာသာဆိုတော့
သိပ်စကားမပြောတတ်လို့ပါ။ "
'သိင်္ခ'တစ်ယောက် သူ့ကိုကောင်ငယ်လေးက
တောင်းပန်လာတာမို့ စိတ်ထဲမှာ အပြစ်ရှိသလိုခံစားလိုက်ရတယ်။သူ့အပြုအမူတွေကြောင့် 'ကျောက်ခဲလေး'တို့ ထိခိုက်သွားမယ်ဆိုရင် သူဘာဆက်လုပ်ရ
မလဲ။
သူ့ကိုလဲတစ်ရက်မှ
မတွေ့ရရင်မနေနိုင်တော့ဘူး။
အိမ်ကို ခဏခဏလာပြန်တော့လဲ 'ကျောက်ခဲ'မှာက
အပျို အရွယ်ညီမငယ်လေးကရှိတော့
အရပ်ကမကောင်းပြောရင်ကောင်ငယ်လေးက
ငြိုငြင်လာလိမ့်မယ်။ ဒီထက်ပိုပြီးကောင်းမွန်တဲ့
နည်းလမ်းကိုရှာရတော့မယ်နဲ့တူတယ်။
"အစ်ကို....ဘာဖြစ်လို့လဲ
စိတ်ဆိုးသွားတာလား။"
ထမင်းပန်းကန်ကိုပဲ တွေတွေကြီးစိုက်ကြည့်လို့နေတဲ့
'ကိုသိင်္ခ' ကိုကျုပ်စိုးရိမ်စွာနဲ့ မေးလိုက်တယ်။ တကယ်ပဲစိတ်ဆိုးသွားရင်တော့ ကျုပ်လဲကြားကနေ
ဖျန်ဖြေရတော့မှာပေါ့ဗျာ။ 'ကိုသိင်္ခ' နဲ့
'ဇီးကွက်'ကတစ်အိမ်တည်းမှာနေကြတာမို့လား။
မိုးလင်းတာနဲ့ ဒီမျက်နှာတွေက မတွေ့ချင်လဲတွေ့နေရမှာ။ ကိုယ့်ရပ်ကိုယ့်ရွာကိုခေတ္တလာတဲ့ အချိန်မှာ စိတ်အနှောင့်အယှက်တော့မဖြစ်စေချင်ဘူးလေဗျာ။
"ဟုတ်ပါတယ် မောင်ရင်လေးရယ်။
ဇီးကွက်လေးက ကလေးသာသာမို့ ခွင့်လွှတ်ပေးပါကွယ်ကျောက်ခဲက သူ့ညီကိုပြောပါလိမ့်မယ်။"
ဘေးနားက ကြီးကြီးကပါဝင်ပြောပေးလာတာမို့
'သိင်္ခ'အသာပြုံးလိုက်ရင်း တစ်ဖက်လူတွေစိတ်သက်သာရာရအောင်ပြောလိုက်ရတယ်။
"ကျွန်တော်စိတ်မဆိုးပါဘူး ကြီးကြီး
ကျွန်တော်လဲ တခြားကိစ္စကိုတွေးမိသွားလို့ပါ။"
"ကိုင်း...ဒါဖြင့်လဲစားကြလေကွယ်။
ကျောက်ခဲက လိုတာထည့်ပေးလိုက်အုံး
ကြီးတော်နဲ့ 'ညိုမ' ကတော့မစားသေးဘူး။"
"ဟုတ်ကဲ့ အမ။"
'အမ' နဲ့ 'ဒွေးညို'ကလဲ ထမင်းဝိုင်းကနေထသွားတော့ကျုပ်နဲ့ 'ကိုသိင်္ခ'ပဲ ကျန်ခဲ့တော့တယ်။ 'ဇီးကွက်' ကိုတော့သေချာအောင် ပြောပြမှဖြစ်တော့မယ်။'အမ'နဲ့'ဒွေးညို 'ထမင်းဝိုင်းကနေ
ထသွားတာမြင်ရတော့ ကျုပ်လဲ
စိတ်ထဲမကောင်းတော့ဘူး။
"ကိုယ် တကယ်စိတ်မဆိုးပါဘူးကွယ်။"
မျက်နှာမကောင်းရှာတော့တဲ့ 'ကျောက်ခဲ'ကိုကြည့်ပြီး
သူခပ်တိုးတိုးလေးရေရွတ်လိုက်တယ်။ သူအခုထက်
ပိုပြီးဂရုစိုက်ရတော့မှာပဲ ။
"အစ်ကို စိတ်မဆိုးတာကိုကျုပ်သိပါတယ်။"
"အင်း။"
ကောင်ငယ်လေးက သူ့ကိုပြုံးပြရင်းပြောလာမှပဲ
သူ့ရင်ထဲမှာ အရင်လိုသာယာသွားတော့တယ်။
အဲ့ဒီနောက်မှာတော့သူလဲဘဲဥဟင်းနဲ့ထမင်းလုတ်လေးကိုဝါးလိုက်ရင်း'ကျောက်ခဲလေး'ကိုကြည့်နေလိုက်တယ်။ဆန်က စားနေကျထက်မာပေမဲ့
ကောင်ငယ်လေးရဲ့မျက်နှာကိုသာမြင်နေရရင်
ကျောက်တုံးကိုပါ အမှုန့်ဖြစ်အောင်ဝါးမိမယ်ထင်တယ်။
'မင်းရဲ့ အပြုံးလေး တစ်ပွင့်က
ကိုယ်ဝမ်းသာခြင်း၊ဝမ်းနည်းခြင်းနဲ့
တိုက်ရိုက်အချိုးကျတယ် ကျောက်ခဲ။'
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ကျုပ်နွားကျောင်း တော့မလို့
အစ်ကိုလိုက်ချင်လား။"
ကျုပ် 'ကိုသိင်္ခ' ကို ထန်းလျက်ခဲလေး ကမ်းပေးရင်း
မေးလိုက်တယ်ဗျ ။ နေ့လယ်လဲရောက်ပြီဆိုတော့
နွားတွေကို စားကျက်လွှတ်ရင်း ကျုပ်လဲနားလို့ရပြီလေ။
"လိုက်မှာပေါ့ ကျောက်ခဲလေးရယ်
မင်းနဲ့သာဆို နေ့တိုင်းလိုက်ခဲ့မယ်။ "
"အဟား အစ်ကိုကတော့လေ။"
'ကိုသိင်္ခ' ရဲ့စကားကြောင့် ကျုပ်သဘောတကျ
အော်ရယ်မိလိုက်တယ်။
အဲ့တာနဲ့ကျုပ်လဲ
ဝိုင်းအနောက်ဘက်တင်းကုပ်ထဲကနေ
နွားလေးကောင်ကို ထုတ်လာခဲ့လိုက်ကာ
နေအပူဒဏ်ကိုကာဖို့အတွက်အိမ်ပေါ်မှာ
ဝါးခမောက်လေး နှစ်လုံးသွားယူလိုက်ပြီး
တစ်လုံးကို'ကိုသိင်္ခ' ကိုပေးလိုက်တယ်။
"အစ်ကို့ အတွက်..
အပြင်မှာနေပူတယ်။"
"ကောင်းပါပြီဗျာ ။ "
'သိင်္ခ'ကကောင်ငယ်လေးဆီက
ဝါးခမောက်လေးကိုယူပြီးဆောင်းလိုက်တယ်။
ဒီလိုနဲ့ ကျုပ်လဲ 'ကိုသိင်္ခ' ကို
ခေါ်ပြီးတော့ နွားလေးကောင်ကို ဆွဲရင်းထွက်လာခဲ့တော့တယ်။ 'ထွန်ဖြုတ်ချိန် ' ကျော်တာတောင်
ရွာလမ်းမပေါ်မှာ ကလေးတွေက ဆော့ကောင်းတုန်းဗျာ။နေဒီလောက်ပူနေတာကစားဖို့ကိုပဲ
အာရုံရှိနေကြတယ်။
"ဟေ့.....'ပူစူး' တို့ ၊ 'တက်ပု'တို့၊ 'မိုးအေး'တို့
ဒီလောက် နေပူနေတာ မင်းတို့ဆော့ကောင်းတုန်းလားအိမ်ထဲဝင်ကြစမ်း!။ "
"ဟာ.....ကိုကြီးကျောက်ခဲကလဲဗျာ။"
ရွာထဲမှာ သျှောင်ပေစူးလေးတွေနဲ့ ထွေပစ်နေပုံရတဲ့
ကလေးတစ်အုပ်ကို လေသံမာမာနဲ့ လှမ်းမာန်
လိုက်တဲ့ 'ကျောက်ခဲလေး'ကအခုကျတော့လဲ
တကယ်ကို လူကြီးလေးအလား၊ သူလဲ
ကောင်ငယ်လေးအနားကနေ ရပ်ပြီး
အခြေအနေကိုကြည့်နေလိုက်တယ်။
'ကျောက်ခဲလေး'ပြောတာလဲ ဟုတ်ပါတယ်
နေကတော်တော်ကိုပူတာ။
သူ့အသားတွေတောင်စပ်ဖြင်းဖြင်းဖြစ်နေပြီ။
ဒီလောက် နေပူထဲမှာကလေးတွေမဆော့သင့်ဘူး။
"ကိုကြီးကျောက်ခဲကလဲ...တွေဘာတွေလုပ်မနေနဲ့။
ဘယ့်နှယ်နေ့လယ်နေ့ခင်း တစ်ရေးတမောအိပ်မယ်
မရှိဘူး။အားနေ ရွာလမ်းမှာ တစည်စည်နဲ့၊
ခုပြန် ...မဟုတ်ရင် မင်းတို့ အမတွေကိုသွားတိုင်မှာ။"
"ဟာ...မပြန်ချင်ပါဘူးဗျာ။
ကိုကြီးကျောက်ခဲ နဲ့လိုက်ခဲ့မယ်
ဟုတ်တယ်မလားကွ။"
"ဟုတ်တယ် ×၅!။"
သနပ်ခါးကိုဖုန်နေအောင်လိမ်းထားတဲ့
ကလေးလေးကပြောလိုက်တယ်ဆိုရင်ပဲ
ကျန်တဲ့ကလေးအားလုံးက ထောက်ခံ
လာကြတယ်။ ကြည့်ရတာ 'ကျောက်ခဲလေး'လဲ
လန့်သွားပုံပဲ။
"ဘာကွ...!
မခေါ်ဘူး အခုချက်ချင်းအိမ်ပြန်ကြ။"
"မပြန်ဝူး...သားတို့ကိုခေါ်သွားပါနော်
စားကျက်မှာက နေရိပ်တယ်လေ
အဲ့မှာဆော့ရင် နေမပူတော့ဘူးပေါ့။"
ကလေးလေးတွေက 'ကျောက်ခဲ'ရဲ့ပုဆိုးစကို
ဆွဲကိုင်ပြီး နှုတ်ခမ်းလေးတွေ တထော်ထော်နဲ့ပြောပြ
ရှာတယ်။ဒါကြောင့် သူလဲနေရိပ်ထဲမှာငုတ်တုတ်သွားထိုင်ရင်း ကလေးတွေကြားမှာ
ဗျာများနေတဲ့'ကျောက်ခဲ'ကိုကြည့်နေလိုက်တယ်။
"အခု ခေါ်လို့မရဘူးကွာ...
ဧည့်သည်ပါလို့ နောက်ကျမှသွားကြတာပေါ့။
ခုတော့ပြန်ကြ..ကိုကြီးကျောက်ခဲနောက်တစ်ခါ
မြို့တက်ရင် မင်းတို့အတွက် မုန့်ဝယ်ခဲ့မယ်ဟုတ်ပလား။"
"တကယ်လား...။"
"ကိုကြီးက ညာဖူးလို့လား။"
'ကျောက်ခဲလေး'က ထမင်းစားထားလို့ပါးစပ်မှာ
ဆီကွက်နေတဲ့ ကလေးလေးရဲ့ ခေါင်းကိုပုတ်ပြီး
ပြောလိုက်တယ်။
"မြို့တက်ရင် သကာလုံးဝယ်ကျွေးနော်။"
"ကျုပ်က ...သကာလုံးမစားချင်ဘူး
ပေါက်ပေါက်ဆုပ် စားချင်တာ။"
"ကျုပ်က ပေါင်မုန့် ယိုသုတ်။"
"သားကို ခြင်းလုံးဝယ်ပေး။"
"ကျွန်တော်က မန်ကျည်းစေ့လှော်။"
"ပူစူးလဲ သကာလုံးပဲ။ "
ကလေးတွေက တစ်ယောက်တစ်ပေါက်နဲ့
ပုဆိုး စကိုဆွဲပြီးပူဆာကြတာမို့
ကျောက်ခဲလဲစိတ်မရှည်တော့ဟန်။
"အေး..သိပြီဟ။မြို့တက်ရင် မင်းတို့စားချင်တာကို
တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်မေးပြီး
ဝယ်ခဲ့မယ်အခုပြန်တော့။"
"ဟုတ် ×၅"
ကလေးတွေလဲ လိုချင်တာရတော့မယ်
ဆိုတော့ ကိုယ့်စီထွေပြားလေးတွေကောက်လို့
ရွာထဲပြန်ဝင်သွားကြတော့တယ်။ အဲ့တော့မှာပဲ
'ကျောက်ခဲလေး'က နွားလေးကောင်ကိုဆွဲပြီး
သူ့ဆီကိုလျှောက်လာတယ်။
"စောင့်ရတာကြာသွားလား..။"
"မကြာပါဘူးကွယ်...သွားကြရအောင်လေ။"
"ဟုတ်။"
ဒီလိုနဲ့သူတို့နှစ်ယောက်လဲ စကားလေးပြောကြရင်း
ရွာလမ်းကနေလျှောက်လာခဲ့ကြတယ်။
"အစ်ကို..။"
"ဗျ..။"
"အစ်ကို တို့ရဲ့ရန်ကုန်မြို့ဆိုတာ
ဘယ်လိုလဲ ဟင်။ "
ကျုပ်'ကိုသိင်္ခ' မေးလိုက်တယ်။ ကျုပ်လူတွေ
တအံ့တသြပြောပြော လေ့ရှိတဲ့ရန်ကုန်မြို့
ကြီးကိုမြင်ဖူးချင်မိတယ်။နိုင်ငံတစ်ခုထဲမှာ
တည်ရှိနေပါလျှက် ဘာကြောင့်
အခြေအနေတွေ ဒီလောက်ကွာခြားရသလဲ
ဆိုတာကိုသိချင်တယ်။
"ကျောက်ခဲလေး က ရန်ကုန်မြို့ကြီး အကြောင်းကို
သိချင်တာလား။မြင်ရောမမြင်ချင်ဘူးလား။"
သူကောင်ငယ်လေးကို စောင်းငဲ့ကြည့်ရင်းမေး
လိုက်တယ်။'ကျောက်ခဲလေး'သာ ရန်ကုန်ကို လိုက်ဖို့ဆန္ဒရှိရင် သူကဝမ်းပန်းတသာနဲ့ကိုခေါ်သွားလိုက်မှာ။
"မြင်ဖူးချင်တာပေါ့ဗျာ...ကျုပ်တို့ရွာမှာက
ရန်ကုန်ရောက်ဖူးတဲ့သူဆိုလို့ ဘဘုန်းပဲရှိတာ။
ကျုပ်တို့ကို ဘဘုန်းပြောပြတာကရန်ကုန်မြို့ကြီးက
သိပ်ကိုခမ်းနားတာတဲ့။ အဆောက်အအုံအကြီးကြီးတွေ ၊မော်တော်ယာဉ်တွေ ၊ ကျုပ်တို့တစ်ခါမှမမြင်ဖူးတဲ့လမ်းပေါ်မှာကျောက်မီးသွေးနဲ့ မောင်းနှင်တဲ့
မီးရထားအသေးစားလိုဟာတွေလည်းရှိတယ်တဲ့။ "
(A/N ဓာတ်ရထား ကိုပြောတာပါ။ )
"အင်း....ဟုတ်တာပေါ့
အဲ့တာကို 'ဓာတ်ရထား'လို့ခေါ်တယ်။
ကျောက်ခဲလေးသာ ကိုယ်နဲ့ရန်ကုန်ကို
လိုက်ခဲ့ရင်ဖြင့် ကိုယ်ကရန်ကုန်မြို့ကြီးတစ်မြို့လုံးကို
နှံ့အောင်လိုက်ပို့ပေးမယ်။ ဓာတ်ရထားလဲစီးမယ်
ဘုရားတွေလဲ လိုက်ဖူးကြမယ်လေ၊
ကိုယ်နဲ့လိုက်ချင်သလား။ "
"ကျုပ်လိုက်တော့လိုက်ချင်ပါတယ်
ဒါပေမဲ့ မဖြစ်နိုင်ဘူးဗျ။"
"ဘာဖြစ်လို့တုံး။"
နွားတွေကိုမောင်းရင်းပြောလာတဲ့ ကောင်ငယ်လေးရဲ့
ပုခုံးလေးကို မသိမသာလှမ်းဖက်ရင်းမေးလိုက်တယ်။
ယောကျာ်းလေးနှစ်ယောက် ပုခုံးဖက်တာ ဘာမှမဖြစ်
လောက်ဘူး ၊ သူ့အတွက်လဲအဆင်ပြေတယ်လေ။
"ရန်ကုန်ဆိုတာ အောက်ပြည်အောက်ရွာမှာလေဗျာ
ကျုပ်တို့က အလယ်ပိုင်း၊ ဘယ်လောက်ဝေးမလဲဆိုတာပဲစဉ်းစားကြည့် ပြီးတော့ ကျုပ်မိသားစု
နဲ့အချိန်အကြာကြီးမခွဲနိုင်ဘူး..ဗျ။ "
"ဟော..ကျောက်ခဲလေးရယ်။
ယောကျာ်းဆိုတာ စွန့်စားသင့်ရင် စွန့်စားရမယ်လေ
ဒါမှပဲအတွေ့အကြုံအသစ်တွေရပြီး မှန်ကန်စွာတွေး
ခေါ်နိုင်မှာပေါ့။"
"ဒါပေမဲ့...ဒါက အပျော်သက်သက်လေ
အပျော်အပါးကိစ္စအတွက်နဲ့ စွန့်စားရတာတန်လို့လား။"
"........"
ခေါင်းမာပြီး ပြောရခက်လွန်းတဲ့ကောင်လေးကြောင့်
'သိင်္ခ'မှာပြောစရာပျောက်သွားရတယ်။ဒါပေမဲ့
'သိင်္ခ' က 'သိင်္ခ'ပဲလေ။
"ဒါကလဲစွန့်စားဖို့ တန်ပါတယ်
ရန်ကုန်မြို့ ကြီးကို စရိတ်ငြိမ်းနဲ့ အဝလည်ပတ်ခွင့်ရမှာလေပြီးတော့ ကိုယ့်လိုချောမောတဲ့သူက မင်းလေးကိုလမ်းညွှန်ပေးအုံးမှာ တစ်သတ်မှတစ်ခါရတဲ့
ကောင်းမွန်တဲ့ အခွင့်အရေးပါကျောက်ခဲလေးရယ်။"
"အစ်ကိုပြောတာလဲ ဟုတ်သလိုလိုရှိပေမဲ့..။"
"ကျောက်ခဲ..။"
"အား...အား သိပြီ၊ ကျုပ်သိပါပြီ။
ကျုပ်စဉ်းစားကြည့်ပါ့မယ်
အစ်ကို ကလဲဒီမှာကြာအုံးမှာမလား။ "
စကားကိုအပျော့ဆွဲနဲ့ငြင်းဖို့ကြိုးစားနေတဲ့
ကောင်လေးကို မကျေနပ်သလို ခပ်ဆတ်ဆတ်လေးခေါ်လိုက်တော့ အခြေအနေက သူ့ဘက်မှာရာခိုင်နှုန်း
တက်လာပြီလေ။ အပြတ်ငြင်းတာထက်စာရင်
စဉ်းစားမယ်ဆိုတာကပိုကောင်းပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ယောက်နဲ့တစ်ယောက်ငြင်းခုန်ရင်းနဲ့လာလိုက်ကြတာရွာတောင်ဘက်က နွားစားကျက်ဆီ ရောက်လာကြတယ်။'ကျောက်ခဲ'က စိမ်းစိုစိုမြက်ခင်းပြင်ဆီကို
နွားတွေလွှတ်လိုက်ပြီး စားကျက် ရဲ့မလှမ်းမကမ်းမှာပေါက်နေတဲ့မန်ကျည်းပင်ကြီးအောက်က ကွက်ပြစ်မှာဝင်ထိုင်လိုက်တယ်။
"စားကျက်က ကျယ်တယ်နော်ကျောက်ခဲလေး။"
'ကိုသိင်္ခ' ကကျုပ်ဘေးမှာဝင်ထိုင်ရင်းပြောလာတာဗျ ။ကျုပ်တော့မရှင်းပြနိုင်သေးဘူး မောလို့။
မန်ကျည်းရိပ်က သိပ်အေးတာဗျ။ ကျုပ်လဲ
အမောပြေအောင် ခမောက်လေးနဲ့ယက်ခပ်ပြီး
နားနေလိုက်တယ်။'ကိုသိင်္ခ' ကိုကြည့်ရတာလည်း
ပူနေပုံပဲခမောက်လေးနဲ့ ယက်ခပ်လို့နေတယ်။
ပူလည်းပူချင်စရာပါဗျာ တိုက်ပုံကြီးက အနက်ရောင်
ဆိုတော့ အနက်ကအပူစုပ်တယ်လေ။
"ကျုပ်တို့ရွာက စားကျက်ကို သီးသန့်စိုက်တာ
လေနွားတွေ ဝဝလင်လင် စားလို့ရအောင်ပေါ့
နို့...အစ်ကို မပူဘူးလားတိုက်ပုံကြီးက။ "
"အွန်း...ပူတယ်။"
"ဒါဖြင့် ချွတ်ထားလိုက်လေ
အချင်းချင်းတွေပဲကို အားနာစရာမလိုပါဘူးဗျာ။"
ကျုပ်ပြောမှပဲ 'ကိုသိင်္ခ' က တိုက်ပုံကို
ဆွဲချွတ်လိုက်တယ်။'ကိုသိင်္ခ' ကအသားဖြူတာမို့နေအပူကြောင့် အသားတွေတောင်
ပန်းရောင်ပြေးနေပြီဗျ ။
"အစ်ကို အဆင်ပြေရဲ့လား။"
"ပြေပါတယ် ကျောက်ခဲလေးရဲ့။"
"ဝှားးး!။"
ကျုပ် အားရပါးရသန်းပစ်လိုက်တယ်။
မနက်ကလည်းခပ်စောစောထရတာမို့
အရိပ်လေးအေးတော့ မျက်လုံးက
စင်းလာပြီလေဗျာ။ ဒါပေမဲ့ကျုပ်မအိပ်ပါဘူး
ကျုပ်အိပ်လိုက်ရင် 'ကိုသိင်္ခ'
ကတစ်ယောက်ထဲဖြစ်သွားမှာပေါ့။
အရင်ကဆိုရင်တော့ မန်ကျည်းပင်လေးကို မှီပြီး
မှေးနေကြဗျ ။
"အိပ်ချင်နေပြီလား..။"
'ကိုသိင်္ခ' ကကျုပ်ကိုပြုံးကြည့်ပြီး မေးလာတာဗျ။
ကျုပ်လည်းခေါင်းညိတ်ပြလိုက်တယ်။
"ဒါဖြင့် အိပ်လေ
ကိုယ်နွားတွေကြည့်ထားပေးပါ့မယ်။"
"ရပါတယ်ဗျာ...စကားတွေပြောရင်းနဲ့ မျက်လုံးကျယ်
သွားပါလိမ့်မယ်။ဧည့်သည်ကို နွားကျောင်းခိုင်း
တယ်ဆိုပြီးကျုပ်ကို သူကြီးကဆူနေပါ့မယ်ဗျ။"
ကျုပ်လဲ'ကိုသိင်္ခ' ကိုရယ်သွမ်းသွေးပြီး
ပြောလိုက်တယ်။
"အိပ်လိုက်ပါ ကျောက်ခဲလေးရယ်
ကိုယ်က သူစိမ်းလားလို့။"
အိပ်ချင်တာကြောင့် မျက်ရည်ကြည်လေးတွေဝေ့နေရှာတဲ့ကောင်ငယ်လေးရဲ့မျက်ဝန်းထောင့်လေးကို
သူလက်မလေးနဲ့ဖိသုတ်ပေးရင်းပြောလိုက်တယ်။
"ဟို...ကျုပ်။"
"ဒီကိုလာ....ခေါင်းလေးတင်ပြီးအိပ်လိုက်
အချင်းချင်းတွေပဲ အားနာစရာမလိုပါဘူးကွယ်။"
'သိင်္ခ'လဲတမ္ပလင်ခွေထိုင်လိုက်ပြီး ပေါင်လေးကို
ပုတ်ပြရင်းကောင်ငယ်လေးကိုခေါ်လိုက်တယ်။
'ကိုသိင်္ခ' ရဲ့သက်တောင့်သက်သာဖြစ်ပြီး၊ အေးငြိမ့်
လွန်းတဲ့လေသံလေးကြောင့် ကျုပ်ပိုလို့တောင်အိပ်ချင်လာတယ်။ ကျုပ်အမေတောင် ကျုပ်ကိုဒီလိုအသံမျိုးနဲ့အိပ်ဖို့မပြောတာကြာပြီဗျ ။ ကျုပ်လဲ
'ကိုသိင်္ခ' နားတိုးသွားလိုက်ပြီး 'ကိုသိင်္ခ'ရဲ့ပေါင်အိအိပေါ်ကိုခေါင်းတင်လိုက်တယ်။ 'ကိုသိင်္ခ'ရဲ့ပေါင်ပေါ်မှာ အိပ်ရတာသိပ်ကိုသက်တောင့်သက်သာရှိပြီး မွှေးရနံ့သင်းသင်းလေးက လုံခြုံတယ်လို့ခံစားရတယ်ဗျ။
ဒီလိုနဲ့ ကျုပ်လဲမကြာခင်မှာဘဲအိပ်
ပျော်သွားပါတော့တယ်။
ပေါင်ပေါ်ကိုခေါင်းလေးချလိုက်တာနဲ့ အိပ်ပျော်လို့
သွားတဲ့ကောင်လေးကို နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်
သွားတဲ့အထိ သူစောင့်နေလိုက်တယ်။
ကောင်ငယ်လေးရှေ့မှာလက်ပြလိုက် ၊ နာမည်လေး
ခပ်တိုးတိုးခေါ်ကြည့်လိုက်နဲ့ နည်းမျိုးစုံ စမ်းသပ်လို့
သေချာသွားတဲ့အချိန်မှာတော့ သူပတ်ဝန်းကျင်ကို
တစ်ချက်ကြည့်လိုက်ပြီး ကောင်ငယ်လေးရဲ့
နဖူးပေါ်ကို ဖြတ်ခနဲအနမ်းလေးချွေလိုက်တော့တယ်။
"ပြွစ်..! "
"ကိုယ့်ကျောက်ခဲလေး။"
'သိင်္ခ'ဟာ ပတ်ဝန်းကျင်ကို ကြည့်ပြီးမှ အနမ်းခိုးချွေလိုက်ပေမဲ့ ထိုမြင်ကွင်းကို'နဘူးချုံ 'တွေနောက်မှာပုန်းနေခဲ့တဲ့တစ်စုံတစ်ယောက်က မြင်သွားခဲ့ပါတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထွန်ဖြုတ်ချိန် = နေ့လည်၁နာရီခန့် ။
နဘူးချုံ = အပူပိုင်းချုံ ပင်တစ်မျိုး။
သကာလုံး = သကြားလုံးကိုပြောတာပါ။
အပ်ပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်ပါ။
Cmtလေးတွေမျှော်နေတယ်၊ သဘောကျရင် Voteလေး
တွေပါပေးလို့ရတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
သူကလည်း ကလေးသာသာဆိုတော့
စကားသိပ်မပြောတတ်လို့ပါ! "
သူ့ကို 'ကျောက်ခဲ'က တောင်းပန်လာတာ
သူ့အပြု အမူတွေကြောင့် 'ကျောက်ခဲလေး'တို့ ထိခိုက်ရမယ်ဆိုရင် သူဘာဆက်လုပ်ရမလဲ ၊ 'ကျောက်ခဲလေး'ကိုလည်း
အရပ်ကမကောင်းပြောရင်
"အစ်ကို....ဘာလို့လဲ!
စိတ်ဆိုးသွားတာလား?"
ထမင်းပန်းကန်ကိုဘဲ တွေတွေကြီးစိုက်ကြည့်လို့နေတဲ့
'ဇီးကွက်'တစ်အိမ်ထဲမှာနေကြတာမို့လား၊
မိုးလင်းတာနဲ့ ဒီမျက်နှာတွေက မတွေ့ချင်လည်းတွေ့နေရမှာ ကိုယ့်ရပ်ကိုယ့်ရွာကို
မဖြစ်စေချင်ဘူးလေဗျာ။
ဘေးနားက ကြီးကြီးကပါဝင်ပြောပေးလာတာမို့သူလည်းအသာပြုံးပြရင်း တစ်ဖက်လူတွေစိတ်သက်သာရာရ ,ရအောင်ပြောလိုက်ရတယ်။
"ကိုင်း...ဒါဖြင့်လည်းစားကြပါစို့ကွယ်!
ကျောက်ခဲက လိုတာထည့်ပေးလိုက်ဦး
"ဟုတ်ကဲ့! "
'အမ' နဲ့ 'ဒွေးညို'ကလည်း ထမင်းဝိုင်းကနေထသွားတော့ကျုပ်နဲ့ 'ကိုသိင်္ခ'ဘဲ ကျန်ခဲ့တော့တယ်။ 'ဇီးကွက်' ကိုတော့သေချာအောင် ပြောပြမှဖြစ်တော့မယ်၊ 'အမ'နဲ့'ဒွေးညို 'ထမင်းဝိုင်းကနေ ထသွားတာမြင်ရတော့ ကျုပ်လည်း
"အင်း...!"
ကောင်ငယ်လေးက သူ့ကိုပြုံးပြရင်းပြောလာမှဘဲသူ့ရင်ထဲမှာ အရင်လိုသာယာသွားတော့တယ်။
သူလည်းဘဲဥဟင်းနဲ့ထမင်းလုတ်လေးကိုဝါးလိုက်ရင်း'ကျောက်ခဲလေး'ကိုကြည့်နေလိုက်တယ်၊
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အစ်ကို လိုက်ချင်လား? "
"အဟားးးးအစ်ကို ကတော့လေ! "
ကျုပ်လည်း ဝိုင်းအနောက်ဘက်တင်းကုပ်ထဲကနေ
နွားလေးကောင်ကို ထုတ်လာခဲ့လိုက်ပြီး၊
အပြင်မှာနေလည်းပူနေတာမို့ အိမ်ပေါ်မှာ
"အစ်ကို့ အတွက်!
အပြင်မှာနေပူတယ်"
"ကောင်းပါပြီဗျာ....! "
သူလည်း ကောင်ငယ်လေးဆီက ဝါးခမောက်လေးကိုယူပြီးဆောင်းလိုက်တော့တယ်။
ဒီလိုနဲ့ ကျုပ်လည်း 'ကိုသိင်္ခ' ကို
ဘာမယ်မရှိဘူး ကစားဖို့ကိုဘဲ အာရုံရှိနေကြတယ်။
ဒလောက် နေပူနေတာ မင်းတို့ဆော့ကောင်းတုန်းလားကွအိမ်ထဲဝင်ကြစမ်းးးး! "
"ဟာ.....ကိုကြီးကျောက်ခဲကလည်းဗျာ!"
ရွာထဲမှာ သျှောင်ပေစူးလေးတွေနဲ့ ထွေပြစ်နေပုံရတဲ့ကလေးတစ်အုပ်ကို လေသံမာမာနဲ့ လှမ်းမာန် လိုက်တဲ့ 'ကျောက်ခဲလေး'ကအခုကြတော့လည်းတကယ်ကို လူကြီးလေးအလား ၊ သူလည်းအခြေအနေကို ကောင်ငယ်လေးအနားကနေ ရပ်ကြည့်နေလိုက်တယ်။
'ကျောက်ခဲလေး'ပြောတာလည်း ဟုတ်ပါတယ်
နေကတော်တော်ကို
"ကိုကြီးကျောက်ခဲကလည်း...တွေဘာတွေလုပ်မနေနဲ့!!ဘယ့်နှဲ့ နေ့လည်နေ့ခင်း တစ်ရေးတမောအိပ်မယ်
မရှိဘူး !!အားနေ ရွာလမ်းမှာ တစည်စည်နဲ့၊
"ဟာ...မပြန်ချင်ပါဘူးဗျာ !!
ကိုကြီး ကျောက်ခဲနဲ့လိုက်ခဲ့မာ
ဟုတ်တယ်မလားကွ! "
"ဟုတ်တယ် X5!"
ကလေးလေးကပြောလိုက်တယ်ဆိုရင်ဘဲ
လာကြတယ်။ ကြည့်ရတာ 'ကျောက်ခဲလေး'လည်းလန့်သွားပုံဘဲ။
"ဘာကွ.....!
ရှာတယ်၊ သူလည်း ကလေးတွေကြားမှာ
နေရိပ်ထဲမှာ ငုတ်တုတ်သွားထိုင်ရင်းကြည့်နေလိုက်တယ်။
"အခု ခေါ်လို့မရဘူးကွာ...၊
ခုတော့ ပြန်ကြကွာ...'ကိုကြီးကျောက်ခဲ'နောက်တစ်ခါမြို့တက်ရင် မင်းတို့အတွက် မုန့်ဝယ်ခဲ့မယ် ဟုတ်ပလား! "
"တကယ်လား...?"
"သားကို ဘောလုံးဝယ်ပေး! "
"ပူစူးလည်း သကာလုံးဘဲ! "
ကလေးတွေက တစ်ယောက်တစ်ပေါက်နှင့်
ပုဆိုး စကိုဆွဲပြီးပူဆာကြတာမို့ 'ကျောက်ခဲလေး'လည်း စိတ်မရှည်တော့ဟန်။
"အေးးးး!
သိပြီဟ... မြို့တက်ရင် မင်းတို့ စားချင်တာကို
"ဟုတ် X6!"
ကလေးတွေကလည်း လိုချင်တာရတော့မယ်
"စောင့်ရတာကြာသွားလား....?"
"မကြာပါဘူးကွာ...သွားကြရအောင်လေ"
"ဟုတ်! "
သူတို့နှစ်ယောက်လည်း စကားလေးပြောကြရင်းရွာလမ်းကနေလျှောက်လာခဲ့ကြတယ်။
"အစ်ကို.....!"
"ဗျ ! "
"အစ်ကို တို့ ရန်ကုန်မြို့ ဆိုတာ
ဘယ်လိုလဲ ဟင်! "
"'ကျောက်ခဲလေး'က ရန်ကုန်မြို့ကြီး အကြောင်းကိုသိချင်တာလား? မြင်ရောမမြင်ချင်ဘူးလား? "
"မြင်ဖူးချင်သာပေါ့ဗျာ....ကျု ပ်တို့ရွာမှာက
ရန်ကုန်ရောက်ဖူးတဲ့သူဆိုလို့ ဘဘုန်းဘဲရှိတာ ၊
ကျု ပ်တို့ကို ဘဘုန်းပြောပြတာက ရန်ကုန်မြို့ကြီးကသိပ်ကိုခမ်းနားတာတဲ့ ၊ အဆောက်အအုံအကြီးကြီးတွေ ၊မော်တော်ယာဉ်တွေ ၊ ကျုပ်တို့ တစ်ခါမှမမြင်ဖူးတဲ့လမ်းပေါ်မှာကျောက်မီးသွေးနဲ့ မောင်းနှင်တဲ့ မီးရထားအသေးစားလိုဟာတွေလည်းရှိတယ်တဲ့ "
"အင်း....ဟုတ်တာပေါ့ ၊
နှံ့အောင် လိုက်ပို့ပေးမယ်၊ ဓာတ်ရထား လည်းစီးမယ်ဘုရားတွေလည်း လိုက်ဖူးကြမယ်လေ၊
"ဘာဖြစ်လို့တုန်း"
ပုခုံးလေးကို မသိမသာလှမ်းဖတ်ရင်းမေးလိုက်တယ်။ယောကျာ်းလေးနှစ်ယောက် ပုခုံးဖက်တာ ဘာမှမဖြစ်လောက်ဘူး ၊ သူ့အတွက်လည်းအဆင်ပြေတယ်လေ။
"ရန်ကုန်ဆိုတာ အောက်ပြည်အောက်ရွာမှာလေဗျာကျုပ်တို့က အလယ်ပိုင်း၊ ဘယ်လောက်ဝေးမလဲဆိုတာဘဲစဉ်းစားကြည့် ပြီးတော့ ကျု ပ်မိသားစု နဲ့အချိန်အကြာကြီးမခွဲနိုင်ဘူး....ဗျ "
"ဟော....'ကျောက်ခဲလေး'ရယ်!
ယောကျာ်းဆိုတာ စွန့်စားသင့်ရင် စွန့်စားရမယ်လေဒါမှဘဲ အတွေ့အကြုံအသစ်တွေရပြီး မှန်ကန်စွာတွေးခေါ်နိုင်မှာပေါ့"
"........"
'သိင်္ခ' က 'သိင်္ခ'ဘဲလေ။
"ဒါပေမဲ့ ဒါကလည်းစွန့်စားဖို့ တန်ပါတယ်
ရန်ကုန်မြို့ ကြီးကို စရိတ်ငြိမ်းနဲ့ အဝလည်ပတ်ခွင့်ရမှာလေပြီးတော့ ကိုယ့်လိုချောမောတဲ့သူက မင်းလေးကိုလမ်းညွှန်ပေးဦးမှာ တစ်သတ်မှတစ်ခါရတဲ့ ကောင်းမွန်တဲ့ အခွင့်အရေးပါ ကျောက်ခဲလေးရယ်! "
[Me - အော်ဟော...မှတ်သားစရာလေးဘဲ🙄]
"အစ်ကိုပြောတာလည်း ဟုတ်သလိုလိုရှိပေမဲ့....."
"ကျောက်ခဲ! "
အစ်ကို ကလည်းသည်မှာကြာဦးမှာမလား? ! "
~~~~~~~~~~~~~~~~~~~~~~~~~~
နွားတွေလွှတ်လိုက်
ဝင်ထိုင်လိုက်တယ်။
မန်ကျည်းရိပ်က သိပ်အေးတာဗျ ၊ ကျုပ်လည်းအမောပြေအောင် ခမောက်လေးနဲ့ ယက်ခပ်ပြီး
နားနေလိုက်တယ်။
'ကိုသိင်္ခ' ကိုကြည့်ရတာလည်း ပူနေပုံဘဲ
"ကျု ပ်တို့ရွာက စားကျက်ကို သီးသန့်စိုက်ထားသာလေနွားတွေ ဝဝလင်လင် စားလို့ရအောင်ပေါ့
"အွန်း....ပူတယ်"
အချင်းချင်းတွေဘဲကို အားနာစရာမလိုပါဘူးဗျာ"
ကျုပ်ပြောမှဘဲ 'ကိုသိင်္ခ' က တိုက်ပုံကို
ဆွဲချွတ်လိုက်တော့တယ် ၊ 'ကိုသိင်္ခ' ကအသားဖြူ တာမို့နေအပူကြောင့် အသားတွေတောင်
"အစ်ကို အဆင်ပြေရဲ့လား! "
"ဝှားးးးး! "
ကျုပ်လည်း အားရပါးရသန်းပြစ်လိုက်တယ်၊
ကျု ပ်အိပ်လိုက်ရင် 'ကိုသိင်္ခ'ကတစ်ယောက်ထဲဖြစ်သွားမှာပေါ့ဗျာ ၊အရင်ကဆိုရင်တော့ မန်ကျည်းပင်လေးကို မှီပြီး မှေးနေကြဗျ ။
"အိပ်ချင်နေပြီလား...!"
ကျုပ်လည်းခေါင်းငြှိတ်ပြလိုက်တယ်။
"ဒါဖြင့် အိပ်လေ
"ရပါတယ်ဗျာ...စကားတွေပြောရင်းနဲ့ မျက်လုံးကျယ်သွားပါလိမ့်မယ်၊ ဧည့်သည်ကို နွားကျောင်းခိုင်းတယ်ဆိုပြီးကျုပ်ကို သူကြီးက ဆူနေပါ့မယ်ဗျ ! "
ကျုပ်လည်း'ကိုသိင်္ခ' ကိုရယ်သွမ်းသွေးပြီး
ပြောလိုက်တယ်။
ကိုယ်က ဧည့်သည်လားလို့!"
"ဟို...ကျုပ်! "
အချင်းချင်းတွေဘဲ အားနာစရာမလိုပါဘူးကွယ်!"
သူလည်းတမ္ပလင်ခွေထိုင်လိုက်ပြီး ပေါင်လေးကိုပုတ်ပြရင်းကောင်ငယ်လေးကိုခေါ်လိုက်တယ်။
ဒီလိုနဲ့ ကျုပ် လည်းမကြာခင်မှာဘဲအိပ်
ပျော်သွားပါတော့တယ်။
နှဖူးပေါ်ကို ဖြတ်ခနဲအနမ်းလေးချွေလိုက်တော့တယ်။
"ပြွစ်! "
"ကိုယ့်ကျောက်ခဲလေး! "
'သိင်္ခ'ဟာ ပတ်ဝန်းကျင်ကို ကြည့်ပြီးမှ အနမ်းခိုးချွေလိုက်ပေမဲ့ ထိုမြင်ကွင်းအား'နဘူးချုံ ' တွေနောက်မှာပုန်းနေခဲ့တဲ့တစ်စုံတစ်ယောက်က မြင်သွားခဲ့ပါတော့တယ်။
~~~~~~~~~~~~~~~~~~~
တွေပါပေးလို့ရတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀