Unicode
~~~~~~~
"အဟား ကောင်းပါ့ဗျာ
ရော့...ထပ်စားချည်အုံး။ "
'ကျောက်ခဲလေး'ရဲ့
အဖြေကြောင့် သူပျော်ရွှင်သွားရတာမို့
ကောင်ငယ်လေးကို ချောကလိတ် ထပ်ခွံ့ပေးလိုက်တယ်။'ကျောက်ခဲလေး' သာကြိုက်တယ်ဆို
ပါလာသမျှ ချောကလိတ်တွေ
အကုန်သူလေးအတွက်ပဲဖြစ်ရစေမယ်။
"ကိုကြီးကျောက်ခဲ...ပန်းနေပလား
ကျုပ်မောင်းရမလား။"
အရှေ့က စကားပြောသံတွေကြောင့် 'ဇီးကွက်'လဲ
အိပ်ရာကနေနိုးသွားရပြီး စကားကောင်းနေတဲ့
'ကျောက်ခဲ'ကိုလှမ်းမေးလိုက်တယ်။
"ရတယ်...ဇီးကွက်အိပ်ရေးမဝသေးရင်
ထပ်အိပ်လေအုံး။"
"ရပါတယ်...ကျုပ်ကအိပ်ရေးဝနေပြီ
ကိုကြီးကျောက်ခဲလဲ ခဏနားအုံး။
မနက်ကလဲ အစောကြီးထရတာမို့လား
ညကလဲအိပ်မှမပျော်တာဘဲဟာကို။"
"ဟုတ်သား...ကျောက်ခဲလေးရယ်
ခဏလောက်နားလိုက်ပါ၊၊ မင်းလေး
မျက်လုံးတွေချိုင့်နေပြီလေကွယ်။"
'ကိုသိင်္ခ' ကပါပြောလာတာမို့
ကျုပ်လဲငြင်းမနေတော့ဘူး။
လှည်းကိုခဏ ရပ်လိုက်ပြီး 'ဇီးကွက်'ကိုပဲ
မောင်းခိုင်းလိုက်တော့တယ်။
"ဒါဆိုလဲရော့ကွာ...မင်းပန်းလာရင်
ကိုကြီးကိုပြောပေါ့။"
မနေ့ညကလဲကောင်းကောင်းအိပ်မပျော်တော့
ကျုပ်လဲငိုက်နေပြီဗျ။ရွာရောက်ဖို့လဲ
သိပ်မလိုတော့ဘူးဆိုတော့ကျုပ်လဲ နောက်ကနေလှည်း'ရံတိုင်'လေးကိုမှီပြီးလိုက်လာခဲ့တော့တယ်။
တဖြည်းဖြည်းနဲ့အိပ်ပျော်လို့သွားတဲ့ကောင်ငယ်လေးရဲ့ခေါင်းကို 'သိင်္ခ' အသာလေးဆွဲယူပြီး
သူ့ပေါင်ပေါ်တင်ထားလိုက်တယ်။
"ကျွတ်...ကျွတ်!။
အဲ့ဒီနောက် နေရာအပြောင်းအလွှဲကြောင့်
လွန့်လူးလာတဲ့ကောင်ငယ်လေးရဲ့
ကျောကုန်းကိုလဲကျွတ်သပ်ပြီး
ပွတ်ပေးလိုက်ရသေးတယ်။
ဒီရက်ပိုင်းတွေမှာ 'ကျောက်ခဲလေး'
ရဲ့အကျင့်တွေကိုအကုန်မဟုတ်ပေမဲ့
အရင်ကထက်ပိုပြီးသူသိခွင့်ရခဲ့တယ်။
ကျေးတောသားလေးပီပီ
စိတ်ထားလေးကလဲအရိုးခံ ၊ အလုပ်ဆိုရင်လဲ
မြင်သမျှကိုကူလုပ်ပေးတတ်ပြီး ဒီကောင်လေးကပဲ
ပိုပင်ပန်းရတာမို့အိပ်ပျော်နေချိန်လေးကိုတော့
မနိုးသွားစေချင်။
"နောင်ကြီးက ကိုကြီးကျောက်ခဲကို
သိပ်ခင်နေတယ်ထင်ပါ့။"
"အင်း...ဒါလဲရှေးဘ၀ကရေစက်ထင်ရဲ့။"
'ဇီးကွက်'ဆိုတဲ့ကောင်လေးကသူ့ကို မေးလာတာမို့
သူလဲခံစားမိသမျှကို စကားတစ်ခွန်းတည်းနဲ့
ဖော်ပြလိုက်တယ်။ ဒီကောင်လေးနဲ့
စတွေ့ကတည်းကရင်းနှီးလိုတာတွေ ၊
ကရုဏာပိုနေမိတာတွေ ၊ ဒီကောင်လေးရဲ့
အပြုအမူလေးတိုင်းကို နှစ်သက်မိနေတာတွေက ဘယ်သူနဲ့မှရင်းနှီးဖို့မလွယ်တဲ့
သူ့အတွက်တော့ ရှေးဘဝကရေစက်တွေ့ကြောင့်
လို့သာမှတ်ယူထားတယ်။
'ကျောက်ခဲလေး'သာ က္ကထ္ထိယမိန်းမပျို
တစ်ဦးဖြစ်မယ်ဆို သူချက်ခြင်းပဲ
တောင်းရမ်းမိမှာဖြစ်တယ်။ အခုတော့
ဆုတောင်းတွေမှားခဲ့သလားမပြောတတ်။
ဆုတောင်းတွေမှားနေခဲ့ရင်တောင်
သူကတော့အားလုံးကိုရင်ဆိုင်ဖို့အတွက်
အဆင်သင့်ဖြစ်နေပြီ။
'တစ်ဖက်သတ် ဆိုပေမဲ့ သိပ်ကိုလေးနက်ပါတယ်
ကိုယ့်ကျောက်ခဲရယ်။'
"သူက သိပ်စိတ်ထားကောင်းတာဗျ။
ရွာမှာဆို ကိုကြီးကျောက်ခဲကမပါမဖြစ်ဘဲ။"
မျက်လုံးလေးတွေလက်ကာ 'ကျောက်ခဲလေး'ကို
လေးစားဟန်ဖြင့် မော်ချီကာပြောနေတဲ့ 'ဇီးကွက်'
ရဲ့စကားကို သူလဲခေါင်းလေးညိတ်ပြီးထောက်ခံ
မိတယ်။
"ဒါနဲ့...ကျောက်ခဲလေးက
အသက်ဘယ်လောက်ရှိပြီလဲ။"
'ကျောက်ခဲလေး'က သူ့ထက်ငယ်မယ်ဆိုတာသိပေမဲ့
အသက်အတိအကျလေးကိုတော့သိချင်မိတယ်။
အမှန်အတိုင်းပြောရရင်'မောင်ကျောက်ခဲလေး'နဲ့
ပတ်သက်သမျှကို အကုန်သိချင်ရဲ့၊ လောဘက
အတောမသတ်နိုင်တော့ဘူးလေ။
"ကိုကြီးကျောက်ခဲ ကဒီဝါဆိုရင်
နှစ်ဆယ်ပြည့်တော့မှာဗျ။ "
"သြော်...။"
'မင်းလေးကကိုယ့်ထက်ငယ်တော့ 'အစ်ကို'လို့ပဲ
ခေါ်ရမယ်။အနာဂတ်မှာ မင်းလေးရဲ့သျှောင် ကို
ထုံးပေးခွင့်ရှိတဲ့ သူစိမ်းကကိုယ်ပဲဖြစ်ရစေမယ်။'
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'ငလင်ဗန်း' ရွာလေးကအိမ်ခြေ( ၈၀ )လောက်သာရှိတဲ့ရွာငယ်လေးတစ်ရွာဖြစ်တယ်။ မြောက်ဘက်မှာ
'သနပ်ကုန်း' ၊တောင်ဘက်မှာ'ညောင်ပင်သာ' ၊
အရှေ့ဘက်မှာ'ရွှေပန်းလှ'ရွာနဲ့အနောက်ဘက်မှာရှိတဲ့ 'ဘုရားကုန်း 'ရွာတို့ရဲ့ အလည်ဗဟိုမှာတည်ရှိလို့နေတယ်။ရွာလေးရွာရဲ့ အပြင်ဘက်မှာ
ချောင်းလေးတစ်ချောင်းက ပတ်စီးနေပြီး၊
'ငလင်ဗန်း' တစ်ရွာထဲကပဲ ရေကန်ရှိတဲ့ရွာဖြစ်တယ်။
ကျန်တဲ့ရွာတွေကတော့ချောင်းရေကိုသာသွယ်ယူပြီး
အသုံးပြုကြရတယ်။စိုက်ပျိုးမွေးမြူရေးကိုသာ အဓိကလုပ်ကိုင်ကြတဲ့ဒေသဖြစ်ပြီး
မောင်းညို နေတဲ့လယ်ကွင်းတွေက မျက်စိမဆုံးနိုင်အောင်တည်ရှိလို့နေကာ' ငလင်ဗန်း'နဲ့'ရွှေပန်းလှ'
ရွာတို့ရဲ့ ကုသိုလ်တော်ဖြစ်တဲ့
ထုံးဖြူဖြူ နဲ့ စေတီတော်လေးကိုလဲ
ရွာကိုလာရာလမ်းကနေတစွန်းတစ
လှမ်းကာဖူးမျှော်နိုင်သေးတယ်။
ရွာအ၀င်တမာတန်းကြီးမှာလဲ သက်တမ်းအတော်ကြီးရင့်နေပြီဖြစ်တာကြောင့် ရွာလမ်းတစ်လျှောက်လုံးမှာတော့တမာပင်တို့နဲ့အုပ်ဆိုင်းလို့နေတော့တယ်။
"ကျောက်ခဲ...ကျောက်ခဲလေး
ထတော့လေ၊ ရွာထိပ်ရောက်နေပြီ။ "
ကျုပ်ရဲ့ကိုယ်ကအသာလှုပ်နှိုးခံလိုက်ရတာမို့
ကျုပ်မျက်လုံးတွေကိုဖွင့်ဖို့ကြိုးစားလိုက်တယ်။
ဝေဝါးနေတဲ့ မြင်ကွင်းထဲမှာ
နေရာယူလာတာက တမာပင်တွေနဲ့
နေရာင်ခြည်တွေထဲက 'ကိုသိင်္ခ' ။
ကျုပ်အိမ်မက်မက်နေတာများလား...အစိမ်းနုရောင်
တမာပင်တွေကြားထဲက ထိုးထွက်နေတဲ့
နေရာင်ခြည်တွေက သူ့ရဲ့မျက်နှာပေါ်မှာ
ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့သိပ်ကိုလှပလွန်းတယ်။
'ကိုသိင်္ခ' ကကျုပ်ကိုလှလှပပကြီးကို ပြုံးပြနေ
သေးတာမို့သူ့ရဲ့သွားစွယ်လေးကိုတောင်
ကျုပ်မြင်နေရတယ်။
"ကြည့်လို့ဝရင်လဲ ထချည်တော့
ရွာထဲရောက်နေပြီလေကွယ်။ "
ကျုပ်အိမ်မက် မက်နေတာမဟုတ်ဘူးဘဲ၊
မြင်လိုက်ရတဲ့မြင်ကွင်းက သိပ်ကိုလှလွန်းလို့
ကျုပ်ကအိမ်မက်လို့ထင်နေတာ။
နေပါအုံး...ကျုပ်ခေါင်းအောက်က ပျော့ပျော့ကြီးကဘာပါလိမ့်။ ရော်...ကျုပ်က 'ကိုသိင်္ခ'ရဲ့ပေါင်ကိုခေါင်းအုန်းထားမိတာပဲ။သတိထားမိတာနဲ့
ချက်ချင်းကျုပ်အမြန်ပဲ ကုန်းထလိုက်ရတယ်။
ပေါင်တွေထုံနေတော့မှာပဲ။
"ကျုပ်တောင်းပန်ပါတယ်ဗျာ...အစ်ကို့
ပေါင်တွေထုံနေပြီလား။"
"တောင်းပန်စရာမလိုပါဘူး ကျောက်ခဲလေးရယ်
ကိုယ်အဆင်ပြေပါတယ်။"
'သိင်္ခ' ကရယ်ပြီးဖြေလာတယ်ဗျ။
တကယ်ကိုစိတ်ထားပြည့်ဝတဲ့လူပါဗျာ။
"ဟုတ်...ဟုတ်ကဲ့ပါဗျာ
ပြီးရင်ကျုပ်လိမ်းဆေးလာပို့ပါ့မယ်။"
ကျုပ်ဖြင့် တစ်ဖက်လူကိုအားနာလွန်းလို့
စကားတွေတောင်ထစ်တယ် ၊ ကျုပ်ရဲ့ခေါင်း
အလေးကြီးကိုတစ်လမ်းလုံး
သယ်ထားရတာ ထုံကျင်နေတော့မှာပဲ။
ကျုပ်ကလဲ နှစ်နှစ်ချိုက်ချိုက်
အိပ်ပျော်သွားရတယ်လို့။
ညနေကျရင်တော့ အမဆီကလိမ်းဆေးလေးတောင်းပြီးပို့ပေးအုံးမှပါလေ။
"ဟေး...ငကျောက်ခဲတို့ ပြန်လာပလား
ကြားသားမိုးကြိုး ငဘိုးစည်လဲပါတယ်တော့်။"
"အရီးစိန် မာရဲ့လားဗျ။ "
ရွာအစွန်ဝိုင်း က 'အရီးစိန်'က
ကျုပ်တို့ကိုနှုတ်ဆက်လာတာဗျ ။
ကပ္ပိယကြီးကလဲ အလိုက်တသိ 'အရီးစိန်'ရဲ့
ဝိုင်းနားမှာရပ်ပေးလိုက်တာမို့ ကျုပ်တို့လှည်းပါ
လိုက်ရပ်လိုက်ရတယ်။ 'အရီးကြင်စိန်'က
ကျုပ်တို့ရွာရဲ့လက်သည်အဖွားဗျ
အသက်ရှစ်ဆယ်နားကပ်နေပေမဲ့ သန်တုန်းပဲ။
အပျိုကြီးလုပ်ပြီး လယ်တွေကိုတစ်ယောက်တည်း
ဦးစီးနေတာဗျ။ ကျုပ်တို့တွေအကုန်လုံးကို
အရီးစိန်ကပဲမွေးပေးခဲ့ရတာ။အဲ့ဒါကြောင့် ရွာကလူကြီးတွေကအစကလေးတွေအဆုံး 'အရီးစိန်'ကို
ချစ်ခင်ကြတယ်ဗျ ။
"မာပါ့တော်....ငဘိုးစည်ရယ် နင့်မလဲအခုမှပဲ
တွေ့ရတော့တယ်...မြို့သားကြီးကိုဖြစ်လို့ပါလား။"
"ရော်...ကျုပ်ကလဲသတိရနေတာပါဗျာ။"
လေးလေးဘိုးစည်က 'အရီးစိန်'ရဲ့
အရေတွန့်နေတဲ့မွဲခြောက်ခြောက်
ပုလွေရိုးလက်လေးကိုဆုပ်ကိုင်ပြီးပြောနေတာဗျို့။ ရွာက ခင်မင်သူများနဲ့တွေ့တော့
လေးလေးကလဲ ပျော်နေတယ်ထင်တယ်
မျက်လုံးထဲမှာ အရည်လေးတွေတောင်လဲ့လို့ဗျ ။
"သတိရတယ်ဆိုလဲ နင့်အကိုနဲ့လာပြန်နေပေါ့တော်
မြို့ မှာတစ်ယောက်တည်း ဘာလို့သွားနေသေးတုံး။"
"ဟားဟား မဖြစ်လို့ပါအရီးရယ်။"
'လေးလေးဘိုးစည်'က 'ဦးရွှေမောင်'
ဘက်ကိုကြည့်ပြီးပြောလိုက်တာဗျ ။
ကျုပ်ခန့်မှန်းရသလောက်သူတို့ကြားမှာ
ကတိကဝတ်တွေ ရှိနေတဲ့ပုံပဲ။
"ဒါနဲ့ ဒီကသူငယ်ကဘယ်သူတုန်း
မိန်းမချော ချောလိုက်ထှာကွယ်။ "
'အရီးစိန်'က 'ကိုသိင်္ခ' ကိုမြင်ပြီးမေးလိုက်တာဗျ ။
ဒေါ်ဒေါ်ကတော့ 'အရီးစိန်'ရဲ့စကားကြောင့်
မျက်နှာနည်းနည်းပျက်သွားတယ်။
"ဒါက...ကိုရွှေမောင်ရဲ့တူပါ အရီး
သိင်္ခ လို့ခေါ်တယ်။"
"အေးကွယ်...ရွှေမောင့်တူပီသပါပေတယ်
လက်လေးတွေများ
ဖယောင်းတိုင်လိုသွယ်လိုပါလားကွယ့်။"
"ရွှေမောင်ကြီးလဲ ချောတုန်းပါပဲကွယ်
လူငယ်နဲ့တော့ မယှဉ်ချင်နဲ့ပေါ့။ "
'အရီးစိန်'ရဲ့စကားကြောင့်
ကျုပ်တို့လှည်းနှစ်စီးလုံးရယ်မိ
ကြတယ်ဗျ ။ ကြည့်ရတာအရီးက
'ဦးလေးရွှေမောင်'ရွာကို
လာတုန်းကရင်းနှီးခဲ့တဲ့ပုံပဲ။ ဒီလိုနဲ့ကျုပ်တို့လဲ
'အရီးစိန်'နဲ့စကားနည်းနည်းပါးပါးဆက်ပြောပြီးတော့
ရွာထဲကိုဝင်လာခဲ့လိုက်တော့တယ်။
ရွာထဲကိုလှည်းမောင်းဝင်လာတာနဲ့
ရှိသမျှလူတွေအကုန်လုံးကလှမ်းနှုတ်ဆက်လာတာဗျ။ကျုပ်တို့တောင်သူတောင်သားဆိုတာ
ကိုယ့်ရပ်ကိုယ်ရွာကို ဧည့်သည်လာတယ်ဆိုတာနဲ့တင်ကိုပျော်နေကြတာဗျို့။ဒါ့အပြင်
ရန်ကုန် မြို့ကြီးက ဧည့်သည်တွေဆိုတော့
အပျော်ပေါ် အပျော်ဆင့်ပြီးဂုဏ်ယူနေကြတာ
ပေါ့ဗျာ။
ညနေကျရင်ဖြင့် သူကြီးအိမ်မှာဝိုင်းကြီးဝိုင်း
သေးတွေနဲ့ ဟင်းတွေပြည့်
နေတော့မှာမြင်ယောင်သေးတာဗျို့ ။
ကျုပ်လဲလှည်းကို သူကြီးရဲ့ ဝိုင်းထဲအထိ
မောင်းဝင်လာခဲ့လိုက်တယ် ။
"ဟော...ကျောက်ခဲတို့ရောက်လာပြီကော
စံတင်...ဟေ့...စံတင် အရှေ့လာအုံးဟ။"
သူကြီးက ကျုပ်တို့ကိုခြံထဲကကွက်ပြစ်မှာ
ထိုင်ရင်းရေနွေးသောက်နေတာဗျ ။
ကျုပ်တို့ရောက်လာတာနဲ့ သူရင်းငှား 'စံတင်'ကို
ပစ္စည်းတွေဝိုင်းသယ်ဖို့လှမ်းခေါ်တယ်ဗျ ။
ကျုပ်လဲ လှည်းပေါ်ကဆင်းပြီး
အထုတ်တွေကိုဝိုင်းချပေးလိုက်တယ်။
"အစောကြီးရောက်တာပဲ ...လေးလေးက
မနက်လောက်မှရောက်မှာထင်နေတာ
လာကြ..လာကြ။ "
သူကြီးက ဧည့်သည်တွေကို အိမ်ပေါ်ခေါ်နေတာဗျ ။
ကျုပ်ကလဲတာဝန်ပြီးပြီဆိုတော့
ကိုယ့်လှည်းကိုမောင်းပြီးအိမ်ကိုပြန်တော့မှာပေါ့ဗျ။
ကပ္ပိယကြီးကတော့ သူကြီးအိမ်မှာ
တစ်ညအိပ်မှပဲရတော့မှာဗျို့။
ညနေစောင်းနေပြီ ဆိုတော့
သပြေတန်းရောက်ရင် အရမ်းမိုးချုပ်သွားလိမ့်မယ်။
"ဟေ့....ကျောက်ခဲပြန်တော့မလို့လား
အပေါ်မှာ အကြမ်းရည်လိုက်သောက်အုံးလေ။"
သူကြီးက ကျုပ်ကိုလှမ်းခေါ်လာတာဗျ ။
'ကိုသိင်္ခ'ကလဲ ကျုပ်ကိုလာစေချင်နေတဲ့ပုံနဲ့ လှမ်းကြည့်နေတယ်။ဒါပေမဲ့ ကျုပ်တော့အိမ်ပဲ
ပြန်ချင်နေပြီ ၊ နွားတွေလဲပန်းနေပြီဗျ။
အမ ကလဲမျှော်နေရော့မှာ။
"မသောက်တော့ဘူး သူကြီး
ကျွန်တော်ပြန်နှင့်မယ်။"
"အိမ်း...အိမ်း ဒါဆိုလဲပြန်ကွာ
နောက်ရက် အားရင်လည်းလာခဲ့ချည်အုံး။"
"ဟုတ်ကဲ့ သူကြီး။"
ကျုပ်လဲသူကြီးကို နှုတ်ဆက်ပြီး
အ်ိမ်ကိုပြန်လာခဲ့တော့တယ်။
ဒီနေ့တော့ ရေလေးချိုး၊
ညနေစာလေးစောစောစားပြီး
အိပ်ရာစောစောဝင်မယ်ဗျာ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မောင်ရင်.....ဝင်ရအောင်လေကွယ်။ "
"အော်....ဟုတ်ကဲ့။"
သူလဲ 'ကျောက်ခဲ' ကိုလှမ်းကြည့်ရင်း
အ၀မှာပိတ်ရပ်မိနေတာကြောင့်
သူကြီးကိုလမ်းဖယ်ပေးလိုက်ပြီး
အနောက်ကနေလိုက်လာခဲ့လိုက်တယ်။
'ကိုယ့်ကိုဖြင့်နှုတ်တောင်မဆက်သွားပါလား
ကျောက်ခဲရယ်။'
အပေါ်ထပ်ကိုရောက်လာတော့
သူလဲအမေဖြစ်သူအနားမှာပဲ
ကပ်ထိုင်နေလိုက်တော့တယ်။စိတ်ထဲလဲ
ဝမ်းနည်းနေရတာကြောင့် ဘာမှတောင်
သိပ်မပြောဖြစ်ဘူး။အလှူတော်ကိစ္စတွေကို
ဆွေးနွေးပြီးတဲ့နောက်မှာတော့ ရေမိုးချိုးပြီး
သူ့အတွက်ပြင်ထားတဲ့ အခန်းထဲမှာပဲ
အောင်းနေလိုက်တော့တယ်။
'အဆိုးလေး...ကိုယ့်ကိုကျနှုတ်တောင်မဆက်ဘူး။'
"ဒေါက်...ဒေါက်။"
အပြင်ကတံခါးခေါက်သံကြောင့်
သူတံခါးကိုထဖွင့်ပေးလိုက်ရတယ်။
"အကိုလေးကိုညနေစာစားဖို့ခေါ်ခိုင်းလိုက်လို့ပါ။"
"အင်း...သိပြီ။"
'သိင်္ခ'လဲ လာခေါ်တဲ့ ကောင်လေးနောက်ကနေလိုက်
လာခဲ့လိုက်တယ်။သူအခုဘာမှလဲစားချင်စိတ်မရှိဘူး ၊၊ဒီရွာမှာ အချိန်တစ်ခုအထိနေရမှာမို့လို့
'ကျောက်ခဲလေး'ကသူ့ကို မသိချင်ယောင်ဆောင်ပြီး သူစိမ်းတစ်ယောက်လို ဆက်ဆံသွားမှာကိုပဲ
တွေးရင်းကြောက်နေမိတယ်။
ထမင်းစားပွဲကိုရောက်တော့ သူ့မှာမျက်လုံးတောင်ပြူးသွားရတယ်။ ထမင်းစားဝိုင်းတော်တော်လေးအရွယ်အစားကြီးတဲ့အပြင် ထမင်းပန်းကန် (၈ )ပန်းကန်ကလွဲလို့ စားပွဲဝိုင်းတစ်ခုလုံးကို
ဟင်းမျိုးစုံတို့ကနေရာယူထားတယ်။
"မောင်ရင်လေး လန့်သွားတင်ထင်ပါ့
လေးလေးတို့ရပ်ရွာမှာတော့ ဒီလိုပဲကွယ့်။
ဧည့်လေးများရောက်လာရင် တတ်နိုင်သလောက်
ချက်ပို့ကြတာက ဓလေ့လိုဖြစ်နေပါပြီကော။"
ထမင်းစားပွဲဝင်ထိုင်လာတဲ့သူ့ကို သူကြီးက
သူတို့ရွာဓလေ့အကြောင်းကိုပြောပြလာတယ်။
"ဟိုလေ...သူကြီး...ပြီးရင် ကျွန်တော် ဇီးကွက်
ကိုအပြင်ခဏခေါ်သွားချင်လို့ပါ။"
'ကျောက်ခဲ'က သူ့ဆီမလာမှတော့
သူကပဲ'ကျောက်ခဲ'ဆီ
သွားရတော့မှာပေါ့။ နည်းနည်းနောက်ကျမှ
သွားပြီး'ကျောက်ခဲ'အိမ်မှာညအိပ်ရင်ကောင်းမလား။
"ဟင်...သားကဘယ်သွားမလို့လဲ။"
'ဒေါ်ရွှေဇင်ညိမ်း' က သားဖြစ်သူကို
မျက်လုံးလေးဝင့်ပြီးမေးလိုက်တယ်၊
ရောက်တာဖြင့်တစ်ရက်မပြည့်သေးဘူး
ထူးထူးဆန်းဆန်းနဲ့ ဘယ်ကိုသွားချင်နေပါလိမ့်။
"အော်...သား ကျောက်ခဲအိမ်ကိုခဏသွားမလို့ပါ။"
"မနက်မှသွားလို့မရဘူးလားကွယ်
အခုက မိုးချုပ်ခါနီးပြီမို့လား။"
သူကြီးကတော့ သဘောရိုးနှင့် ပြောလိုက်သော်လဲ
အခြေအနေကို အကဲခတ်နေတဲ့ 'ဇီးကွက်'က
ပါးနပ်စွာနဲ့ကြားထဲကနေ ၀င်ပြောလိုက်တယ်။
"ကျုပ်တို့ထမင်းစားပြီးရင်သွားကြတာပေါ့
ကျုပ်လဲ ကိုကြီးကျောက်ခဲကို ပြောစရာရှိသေးလို့။"
"ကဲ...ကဲ ဒါဆိုလဲသွားကြပေါ့။
မောင်ရင် လေးကိုဂရုစိုက်ခေါ်သွားကြားလား ဇီးကွက်။ "
"ဟုတ်ကဲ့ပါ လေးလေး။"
"ကိုင်း....ဒါဖြင့်ထမင်းစားကြစို့ကွယ့်။"
သူလဲအဲ့တော့မှပဲစိတ်အေးသွားရပြီး ဘူးညွန့်
ကြော်ချက်လေးကိုပန်းကန်ထဲနည်းနည်းခပ်ထည့်
ပြီးထမင်းဖြူလေးနဲ့ စားနေလိုက်တယ်။
"သူကြီး...ထမင်းစားနေပြီလား!။"
မျှော်လင့်ခဲ့ရတဲ့အသံလေးကိုရုတ်တရက်
ကြားလိုက်ရတာမို့သူထမင်းပင်နင်သွားရတယ်။ လှည့်ကြည့်လိုက်တော့တကယ်ကို
သူ့ရဲ့ကျောက်ခဲလေး။
ကျုပ် အပေါ်ကို ဒန်ချိုင့်ကြီးကိုင်ပြီး
အမြန်တက်လာရတာမို့
အသက်ကိုအ၀ရှူလိုက်ရတယ်။ အမက ကျုပ်ကို သူကြီးတို့ထမင်းစားအမှီ ပို့ခိုင်းလိုက်တာဗျ
ကျုပ်ဖြင့် ထမင်းတောင်မစားရသေးဘူး။
"ဟေ....ကျောက်ခဲ
အမောတကောနဲ့ ဘာဖြစ်လာတာတုံး။"
"အမက ကျွန်တော့်ကိုသူကြီးတို့ထမင်းစားအမှီ
ဟင်းပို့ခိုင်းလိုက်လို့ပါ။"
"ရော်...မသိမ်းကြည်တို့ကတော့ခက်ပြီ
နို့....မင်းအမကဘာဟင်းတွေထည့်ပေးလိုက်တာတုံး။"
ကျုပ်လဲ သူကြီးတို့ဆီကိုလျှောက်သွားလိုက်ပြီး
ဒန်ချိုင့်ကြီးကိုဖွင့်လိုက်တယ်။
"ဒါက ဆတ်သားခြာက်ကို ခရမ်းချဉ်သီးနဲ့ အစပ်ချက်ထားတာဗျို့ ၊ဒါက ကြောင်လျှာသီးကိုပုဇွန်ခြောက်နဲ့ကြော်ထားတာဒါက အရည်သောက်ပါသူကြီး၊လေးလေးဘိုးစည်က
ဆတ်သားခြောက် ကြိုက်တတ်လို့တဲ့ဗျ ။"
"မရီးကို ကျေးဇူးလို့ပြောလိုက်ကွာကျောက်ခဲ။"
'လေးလေးဘိုးစည်'က ဆတ်သားဟင်းချိုင့်ကြီးကို
သူ့အစ်ကိုလက်ထဲကဆွဲယူရင်းပြောလာတာဗျ ။
"ငကျောက်ခဲ ထမင်းတစ်ခါတည်းစားသွားလေ။"
သူကြီးကတော်က ကျုပ်အတွက်
ထမင်းခူးနေတဲ့ပုံပဲဗျ ။
"မစားတော့ပါဘူး ကြီးတော်ရယ်
ကျွန်တော်အိမ်ပြန်ရောက်မှပဲ စားတော့မယ်။"
"တစ်ခါတည်း ၀င်စားသွားပါကွယ်
ဒီလူနဲ့ ဒီလူအားနာစရာမလိုပါဘူး
မောင်ကျောက်ခဲရဲ့။"
'ကိုသိင်္ခ' အမေကလဲကျုပ်ကိုခေါ်လာတာဗျ။
'သိင်္ခ' မျက်နှာလေးကို တတ်နိုင်သမျှ
သနားစရာပုံစံပေါက်အောင်ပြင်လိုက်ပြီး။
ကောင်ငယ်လေးရဲ့ စွပ်ကျယ်အင်္ကျီစလေးကိုဆွဲကိုင်ပြီးပြောလိုက်တယ်။
"ကျောက်ခဲလေး ကိုယ်နဲ့ထမင်းအတူစားပါနော်။ "
'ကိုသိင်္ခ' ကကျုပ်ကို အရည်လဲ့နေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးပြောလာတာမို့ ကျုပ်ဖြင့်ကြက်သီးတွေထသွားရတယ်။ ဒီလူကတော့ မဆင်မခြင်ကို ပြုမူနေတော့တာပဲ။ ဒီလိုမျက်နှာပေးနဲ့ ပြောလာမှတော့
ဘယ်သူကတင်းခံနိုင်မှာလဲဗျာ။
"ဟုတ်တယ်...ဝင်စားစမ်းပါ ကျာက်ခဲ ရယ်
မင့်ကိုမောင်ရင် သိင်္ခ ကခုနကပဲ
မေးနေသေးတာကွ။"
"ဟုတ်ကဲ့ပါဗျာ...ဒီလိုဆိုမှတော့ကျုပ်ဝင်စားလိုက်ပါ့မယ်ကျုပ်က ဧည်သည့်တွေကိုအားနာလို့ပါ။"
"ရော်...မလိုပါဘူးကွယ်။"
ကြီးတော်က ကျုပ်ကိုထမင်းပန်းကန်လှမ်းလာတာမို့
ကျုပ်လဲ 'အစ်ကိုသိင်္ခ'ဘေးမှာပဲထိုင်လိုက်တော့တယ်။
"ကျောက်ခဲလေး...ကြိုက်တာထည့်စားနော်
ကိုယ့်ကိုလဲ ဟိုဘက်ကငါးလေးထည့်ပေးပါလား။"
'ဒေါ်ရွှေဇင်ညိမ်း' နဲ့ 'ဦးရွှေမောင်'တို့ကတော့
ကလေးတစ်ယောက်လိုပြုမူကာ ပြုံးပျော်နေရှာတဲ့
'သိင်္ခ' ကိုကြည့်ပြီး ပြိုင်တူပြုံးမိ
လိုက်ကြတယ်။ 'သိင်္ခ'လေးက
အရင်ကပုံစံနဲ့ အများကြီးကွဲထွက်နေတာ၊
သူစိမ်းတွေနဲ့ သိပ်အဆက်ဆံမလုပ်
တတ်တဲ့ 'သိင်္ခ'ရဲ့အကျင့်က ဒီလူငယ်လေးအပေါ်ကိုတော့မသက်ရောက်နိုင်ဘူးထင်ပါရဲ့လေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပ်ပေးလိုက်ပါပြီ ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်ပါ။
ရံတိုင် = နွားလှည်းဘေးမှာပါတဲ့လက်ရန်းတိုင်လေး
တွေကိုပြောတာပါ ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
"အဟားးးကောင်းပါ့ဗျာ
ရော့.....ထပ်စားချည်ဦး။ "
'ကျောက်ခဲလေး'ရဲ့
အရှေ့က စကားပြောသံတွေကြောင့် 'ဇီးကွက်'အိပ်ရာကနေနိုးလာရတယ်။
ကျုပ်မောင်းရမလား။"
သူ ရှေ့ကစကားကောင်းနေတဲ့ 'ကိုကြီးကျောက်ခဲ'ကိုလှမ်းမေးလိုက်တယ်။
ထပ်အိပ်လေဦး။ "
'ကိုကြီးကျောက်ခဲ'လဲ ခဏနားဦး
မနက်ကလည်းအစောကြီးထရတာမို့လား
ညကလည်းအိပ်မှမပျော်တာဘဲဟာကို။"
"ဟုတ်သား...'ကျောက်ခဲလေး'ရာ
ချိုင့်နေပြီလေကွယ်။"
ကျုပ်လည်းမငြင်းနိုင်တော့
လှည်းကိုခဏ ရပ်လိုက်ပြီး 'ဇီးကွက်'ကိုဘဲ
"ဒါဆိုလည်းရော့ကွာ...မင်းပန်းလာရင်
ကိုကြီးကိုပြောပေါ့။"
မနေ့ညကလည်းကောင်းကောင်း
အိပ်မပျော်တော့ ကျုပ်လည်းငိုက်နေပြီဗျ။
ရွာရောက်ဖို့ကလည်း
သိပ်မလိုတော့ဘူးဆိုတော့ကျုပ်လည်း နောက်ကနေလှည်း'ရံတိုင်'လေးကိုမှီပြီးလိုက်လာခဲ့တော့တယ်။
တစ်ဖြေးဖြေးနဲ့အိပ်ပျော်လို့သွားတဲ့ကောင်ငယ်လေးကို'သိင်္ခ' အသာလေးဆွဲယူပြီး ကောင်ငယ်လေးရဲ့ခေါင်းကိုသူ့ပါင်ပေါ်တင်ထားလိုက်တယ်။
"ကျွတ်....ကျွတ်!"
ဒါ့အပြင် နေရာအပြောင်းအလွှဲကြောင့်
ကျောကုန်းကိုကျွတ်သပ်ပြီး ပွတ်ပေးလိုက်ရသေး။
ကျေးတောသားလေးပီပီ
စိတ်ထားလေးကလည်းအရိုးခံ ၊ အလုပ်ဆိုရင်လည်း မြင်သမျှကိုကူလုပ်ပေးတတ်ပြီး ထိုကောင်လေးကဘဲ ပို၍ပင်ပန်းရတာမို့အိပ်ပျော်နေချိန်လေးကိုတော့မနိုးသွားစေချင်။
သိပ်ခင်နေတယ်ထင်ပါ့။"
"အင်း...ဒါလည်းရှေးဘ၀ကရေစက်ထင်ရဲ့။"
'ဇီးကွက်'ဆိုတဲ့ကောင်လေးကသူ့ကို မေးလာတာမို့သူလည်းခံစားမိသမျှကို စကားတစ်ကြောင်းတည်းနှင့်သာဖော်ပြလိုက်တယ်။ ဒီကောင်လေးနဲ့တွေ့စဉ်ကတည်းကရင်းနှီးလိုတာတွေ ၊ ကရုဏာပိုနေမိတာတွေ ၊ ဒီကောင်လေးရဲ့ အပြုအမူလေးတိုင်းကို နှစ်သက်
မိနေတာတွေ ဒါတွေဟာ
မည်သူနှင့်မှရင်းနှီးမလွယ်လေသော၊
အချစ်ဟူသည့်အရာကို စိတ်ကုန်နေခဲ့သော
သူ့အတွက်တော့ဖြင့် ရှေးဘ၀ကရေစက်
တွေ့ကြောင့်သာဟုထင်မှတ်မိပါရဲ့။
တစ်ဦးသာဖြစ်ခဲ့ပါလျှင် သူချက်ခြင်းပင်
တောင်းရမ်းမိပေလိမ့်မည်၊ ယခုတော့ဖြင့်
ဆုတောင်းတွေများမှားခဲ့လေသလား။
သူကတော့အားလုံးကိုရင်ဆိုင်ဖို့ရာ
အဆင်သင့်ဖြစ်နေလေပြီ။
ကိုယ့်'ကျောက်ခဲ'ရယ်။//
မျက်လုံးလေးတို့လက်ကာ 'ကျောက်ခဲလေး'အား
လေးစားဟန်ဖြင့် မော်ချီကာပြောနေတဲ့ 'ဇီးကွက်'ရဲ့စကားကို သူလည်းခေါင်းလေးညိမ့်ကာထောက်ခံမိတယ်။
"ဒါနဲ့...'ကျောက်ခဲလေး'က
အမှန်အတိုင်းပြောရရင်'မောင်ကျောက်ခဲလေး'နဲ့ပတ်သတ်သမျှကို အကုန်သိချင်ရဲ့၊ လောဘက
"အော်...။"
'မင်းလေးကကိုယ့်ထက်ငယ်တော့ 'အစ်ကို'လို့ဘဲ
ထုံးပေးခွင့်ရှိတဲ့ သူစိမ်းက ကိုယ်ဘဲဖြစ်ရစေမယ်။'
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရှေ့ဘက်မှာ'ရွှေပန်းလှ'ရွာနှင့်အနောက်ဘက်ရှိ 'ဘုရားကုန်း 'ရွာတို့ရဲ့ အလည်ဗဟိုမှာတည်ရှိလို့နေတယ်။ရွာလေးရွာ၏ အပြင်ဘက်တွင်
'ငလင်ဗန်း' တစ်ရွာထဲကဘဲ ရေကန်ရှိတဲ့ရွာဖြစ်တယ်။
မောင်းညို နေတဲ့လယ်ကွင်းတွေက မျက်စိမဆုံးနိုင်အောင်တည်ရှိလို့နေကာ' ငလင်ဗန်း'နှင့်'ရွှေပန်းလှ'ရွာတို့၏ ကုသိုလ်တော်ဖြစ်သည့်
ထုံးဖြူဖြူနှင့်စေတီတော်လေးကိုလည်း
ရွာသို့လာရာလမ်းကနေတစွန်းတစနှင့်
တမာပင်တို့နှင့်အုပ်ဆိုင်းလို့နေတော့သည်။
" 'ကျောက်ခဲ'....'ကျောက်ခဲလေး'
ကျုပ်အိမ်မက်မက်နေတာလား...အစိမ်းနုရောင်
ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့သိပ်ကိုလှပလွန်းတယိ။
ကျုပ်မြင်နေရတယ်။
"ကြည့်လို့ဝရင်လည်း ထချည်တော့
နေပါဦး...ကျုပ်ခေါင်းအောက်က ပျော့ပျော့ကြီးကဘာပါလိမ့်။ ရော်...ကျုပ်က 'ကိုသိင်္ခ'ရဲ့ပေါင်ကိုခေါင်းအုန်းထားမိတာဘဲ။သတိထားမိတာနဲ့
ချက်ခြင်းကျုပ်အမြန်ဘဲ ကုန်းထလိုက်ရတယ်။
ပေါင်တွေထုံနေတော့မှာဘဲ ၊၊
"ကျုပ်တောင်းပန်တယ်ဗျာ...အစ်ကို့
ပေါင်တွေထုံနေပြီလား။"
ကိုယ်အဆင်ပြေပါတယ်။"
"ဟုတ်...ဟုတ်ကဲ့ပါဗျာ
သယ်ထားရတာ ထုံကျင်နေတော့မှာဘဲ။
ကျုပ်ကလည်းနှစ်နှစ်ချိုက်ချိုက်
ကြားသားမိုးကြိုး 'ငဘိုးစည်လည်း'ပါဒယ်တော့်။"
"အရီးစိန် မာရဲ့လားဗျ။ "
ကပ္ပိယကြီးကလည်း အလိုက်တသိ 'အရီးစိန်'ရဲ့
လိုက်ရပ်လိုက်ရတယ်။ 'အရီးကြင်စိန်'က
အသက်ရှစ်ဆယ်နားကပ်နေပေမဲ့ သန်တုန်းဘဲ ။
အပျိုကြီးလုပ်ပြီး လယ်တွေကိုတစ်ယောက်ထဲဦးစီးနေတာဗျ။ ကျုပ်တို့တွေအကုန်လူံးကို အရီးစိန်ကဘဲ
ချစ်ခင်ကြတယ်ဗျ ။
"မာပါ့တော်....'ငဘိုးစည်'ရယ် နင့်မလဲအခုမှဘဲ
တွေ့ရတော့ဒယ်...မြို့သားကြီးကိုဖြစ်လို့ပါလား။"
"ရော်...ကျုပ်ကလည်းသတိရနေတာပါဗျာ။"
တွေ့တော့ လေးလေးကလည်းပျော်နေတယ်ထင်တယ်မျက်လုံးထဲမှာ အရည်လေးတွေတောင်လဲ့လို့ဗျ ။
"သတိရတယ်ဆိုလည်း နင့်အကိုနဲ့လာပြန်နေပေါ့တော်မြို့ မှာတစ်ယောက်ထဲ ဘာလို့သွားနေသေးတုန်း။"
သူတို့ကြားမှာ ကတိကဝတ်တွေ ရှိနေတဲ့ပုံဘဲ။
'သိင်္ခ' လို့ခေါ်တယ်။"
လက်လေးတွေများ
ဖယောင်းတိုင်လိုသွယ်လိုပါလားကွဲ့။"
"ရွှေမောင်ကြီးလဲ ချောတုန်းပါဘဲကွယ်
ကြတယ်ဗျ ။ ကြည့်ရတာအရီးက
လာတုန်းကရင်းနှီးခဲ့တဲ့ပုံဘဲ။ ဒီလိုနဲ့ကျုပ်တို့လည်း 'အရီးစိန်'နဲ့စကားနည်းနည်းပါးပါးဆက်ပြောပြီးတော့
ပေါ့ဗျာ။
ကျုပ်လည်းလှည်းကို သူကြီးရဲ့ ဝိုင်းထဲအထိ
စံတင်...ဟေ့...စံတင် အရှေ့လာဦးဟ။"
ကျုပ်လည်း လှည်းပေါ်ကဆင်းပြီး
"အစောကြီးရောက်တာဘဲ ...လေးလေးက
လာကြ..လာကြ။ "
တစ်ညအိပ်မှဘဲရတော့မှာဗျို့။
အပေါ်မှာ အကြမ်းရည်လိုက်သောက်ဦးလေ။"
'ကိုသိင်္ခ'ကလည်း ကျုပ်ကို လာစေချင်နေတဲ့ပုံနဲ့ လှမ်းကြည့်နေတယ်။ဒါပေမဲ့ ကျုပ်တော့အိမ်ဘဲပြန်ချင်နေပြီ ၊ နွားတွေလဲပန်းနေပြီဗျ ၊ အမ ကလည်းမျှော်နေရော့မှာ။
"မသောက်တော့ဘူး သူကြီး
"အိမ်း...အိမ်း ဒါဆိုလည်းပြန်ကွာ
နောက်ရက် အားရင်လည်းလာခဲ့ချည်ဦး။"
"ဟုတ်ကဲ့ သူကြီး။ "
ကျုပ်လည်းသူကြီးကို နှုတ်ဆက်ပြီး
အ်ိမ်ကိုပြန်လာခဲ့တော့တယ်။
ဒီနေ့တော့ ရေလေးချိုး၊
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အော်....ဟုတ်ကဲ့။"
သူလည်း 'ကျောက်ခဲ' ကိုလှမ်းကြည့်ရင်း
သူကြီးကိုလမ်းဖယ်ပေးလိုက်ကာ
ကျောက်ခဲရယ်။ //
သူလည်းအမေဖြစ်သူအနား
မှာဘဲ ကပ်ထိုင်နေလိုက်တော့တယ်။စိတ်ထဲလည်း
သိပ်မပြောဖြစ်ဘူး။အလှူတေကိစ္စတွေ
သူ့အတွက်ပြင်ထားတဲ့ အခန်းထဲမှာဘဲ
"ဒေါက်...ဒေါက်။"
"အင်း...သိပြီ။"
သူလည်း လာခေါ်တဲ့ ကောင်လေးနောက်ကနေလိုက်လာခဲ့လိုက်တယ်။သူအခု ဘာမှလည်းစားချင်စိတ်မရှိဘူး ၊၊ဒီရွာမှာ အချိန်တစ်ခုအထိနေရမှာမို့လို့
'ကျောက်ခဲလေး'ကသူ့ကို မသိချင်ယောင်ဆောင်ပြီး သူစိမ်းတစ်ယောက်လို ဆက်ဆံသွားမှာကိုဘဲ
ထမင်းစားပွဲကိုရောက်တော့ သူ့မှာမျက်လုံးတောင်ပြူးသွားရတယ် ထမင်းစားဝိုင်းတော်တော်လေးအရွယ်အစားကြီးတဲ့အပြင် ထမင်းပန်းကန် (၈ )ပန်းကန်ကလွဲလို့ စားပွဲဝိုင်းတစ်ခုလုံးကို ဟင်းမျိုးစုံတို့ကနေရာယူထားတယ်။
လေးလေးတို့ရပ်ရွာမှာတော့ ဒလိုဘဲကွဲ့.။
လေးချက်ပို့ကြတာက ဓလေ့လိုဖြစ်နေပါပြီကော။"
သူကဘဲ'ကျောက်ခဲ'ဆီ
သွားရတော့မှာပေါ့။ နည်းနည်းနောက်ကျမှ
သူကြီးကတော့ သဘောရိုးနှင့် ပြောလိုက်သော်လည်းအခြေအနေကို အကဲခတ်နေသော 'ဇီးကွက်'မှာကြားထဲကနေ ၀ငျပွောလိုကျရ၏။
ကျုပ်လည်း 'ကိုကြီးကျောက်ခဲ'ကို ပြောစရာရှိသေးလို့။ "
"ကဲ...ကဲ ဒါဆိုလည်းသွားကြပေါ့။
"ဟုတ်ကဲ့ပါ လေးလေး။"
"ကိုင်း....ဒါဖြင့်ထမင်းစားကြစို့ကွဲ့။"
သူလည်းထိုအခါမှဘဲ စိတ်အေးသွားရပြီး ဘူးညွှန့်ကြော်ချက်လေးကိုပန်းကန်ထဲနည်းနည်းခပ်ထည့် ပြီးထမင်းဖြူလေးနဲ့ စားနေလိုက်တယ်။
သူ့ရဲ့ကျောက်ခဲလေး။
အမြန်တက်လာရတာမို့
"ဟေ....'ကျောက်ခဲ'
အမောတကောနဲ့ ဘာဖြစ်လာတာတုန်း။"
"ရော်...'မသိမ်းကြည်' တို့ကတော့ခက်ချေပြီနို့....မင်းအမကဘာဟင်းတွေထည့်ပေးလိုက်တာတုန်း။"
ကျုပ်လည်း သူကြီးတို့ဆီကိုလျှောက်သွားလိုက်ပြီး
"ငကျောက်ခဲ ထမငိးတစ်ခါတည်းစားသွားလေ။"
ထမင်းခူးနေတဲ့ပုံဘဲဗျ ။
ကျွန်တော်အိမ်ပြန်ရောက်မှဘဲ စားတော့မယ်။"
"တစ္ခါထဲ ၀င်စားသွားပါကွယ်
'မောင်ကျောက်ခဲ'ရဲ့။"
'ကိုသိင်္ခ' အမေကလည်းကျုပ်ကိုခေါ်လာတာဗျ။
ကောင်ငယ်လေးရဲ့ စွတ်ကျယ်အင်္ကျီစလေးကိုဆွဲကိုင်ရင်းပြောလိုက်တယ်။
"ကျောက်ခဲလေး
'ကိုသိင်္ခ' ကကျုပ်ကို
ဘယ်သူကတင်းခံနိုင်မှာလည်းဗျာ။
မင့်ကို မောင်ရင် 'သိင်္ခ'က ခုနကတည်းက
မေးနေတာကွ။"
"ဟုတ်ကဲ့ပါဗျာ...ဂလိုဆိုမှတော့ကျုပ်ဝင်စားလိုက်ပါ့မယ်ကျုပ်က ဧည်သည့်တွေကိုအားနာလို့ပါ။"
"ရော်...မလိုပါဘူးကွယ်။"
ကြီးတော်က ကျုပ်ကိုထမင်းပန်းကန်လှမ်းလာတာမို့ကျုပ်လည်း 'အစ်ကိုသိင်္ခ'ဘေးမှာဘဲထိုင်လိုက်တော့တယ်။
ကိုယ့်ကိုလည်း ဟိုဘက်က ငါးလေးထည့်ပေးပါလား။"
'ဒေါ်ရွှေဇင်ညိမ်း' နှင့်'ဦးရွှေမောင်'တို့ ကလေးတစ်ယောက်လိုပြုမူကာ ပြုံးပျော်နေရှာတဲ့
လိုက်ကြတယ်။ 'သိင်္ခ'
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀