Omega အဖြစ်ကူးပြောင်းပြီးနောက...

karryphyo

355K 39K 933

Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kin... Еще

Description
Ch. 2
Ch. 3
Ch 4.
Ch5 .
Ch6 .
Ch7.
Ch8.
Ch9.
Ch10.
Ch11.
Ch12.
Ch13.
Ch14.
Ch15.
Ch 16.
Ch17.
Ch18.
Ch. 19
Ch 20.1
Surprise 🤍🤍🤍
Ch 20.2
Ch 20.3
Ch 21
Ch 22
paid gp😍😘🤍🤍
Ch 23
Ch 24
Ch 25
Ch 26
Ch.27
Ch 28
Ch 29
Ch 30
Suprise🥳🥳
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Ch 46
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54
Ch 55
Ch 56
Ch 57
Ch 58
Ch 59
Ch 60
Ch 61
Ch 62
Ch 63
Ch 64
Ch 65
Ch 66
Ch 67
Ch 68
Ch 69
Ch 70
Ch 71
Ch 72
Ch 73
Ch 74
Ch 75
Ch 76
Ch 77
Ch 78
Ch 79
Ch 80
Ch 81
သီတင်းကျွတ် ပရိုမိုးရှင်း
Ch 82
Ch 83
Ch 84
Ch 85
Ch 86
Ch 87
ပရိုမိုးရှင်း
Ch 88
Ch 89,90
Ch 91
Ch 92, 93
Ch 94
Ch 95
Ch 96
Ch 97
Ch 98
Ch 99
Ch 100
Ch 101
Ch 102
Ch 103
Ch 104
Ch 105
Ch 106
Ch 107
Ch 108
Ch. 109
Ch 110
Ch 111
Ch 112
Ch 113
Ch 114
Ch 115
Ch 116
Ch 117
Ch 118
Ch 119
Ch 120
Ch 121
Ch 122
Ch 123
Ch 124
Ch 125
Ch 126(end)

Ch. 1

17.3K 1.4K 18
karryphyo

(ဇနီးလောင်းလေး Omega)


ရှီနင်မြို့အနောက်ဘက်ရှိ ဗီလာ တစ်ခုတွင် ယန်ချုံး က နူးညံ့သောအဖြူရောင်ကော်ဇောပေါ်တွင် ခြေဗလာနှင့်လျှောက်လာခဲ့ပြီး ကိုယ်လုံးပေါ်မှန်တစ်ချပ်ရှေ့တွင် ရပ်လိုက်တယ်။

ဆောင်းဦးရောက်ပြီဖြစ်သော်လည်း ဆယ်ကျော်သက်က ပါးလွှာသောအဝတ်ကိုဝတ်ထားပြီး အာရုံစူးစိုက်မှုကို ရှာဖွေနေတယ်။  ပါးလွှာသောအစ၏အောက်၌ သူ့ရဲ့ဖြူဖွေးသောပုခုံးတွေနဲ့ သိသာထင်ရှားတဲ့ အသားအရည်ကို လှစ်ဟပြနေတယ်။

မှန်၌ထင်ဟပ်နေသောကောင်လေးက ချစ်စရာကောင်းသည်၊ ဖြူဖျော့သောအသားအရေ ၊ နီထွေးနေတဲ့ နှုတ်ခမ်းတွေ ၊ ဆံပင်ရှည်တွေနဲ့ ကျီးကန်းအမွေးလို နက်မှောင်တဲ့  သူ့ရဲ့မျက်လုံးတွေနဲ့ ပေါင်းစပ်ထားတယ်။သူ့မှာ သေးသွယ်တဲ့လည်ပင်းနဲ့ ရှားပါးပြီးပြည့်စုံတဲ့ ကြွေထည်ပုလင်းနဲ့ဆင်တဲ့ခါးရှိပြီး ၎င်းကိုလက်ညှိုးနဲ့လက်မသုံးပြီးဖိလိုက်ရင်တောင် ကြေမွသွားနိုင်တယ်။

.......ပထမအကြည့်တစ်ချက်မှာ သူကOmega တစ်ယောက်နဲ့တူနေပြီ။

ယန်ချုံး မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရဲ ဆံပင်အစွန်အဖျားလေးတွေကို နားရွက်နောက်သို့ သပ်တင်လိုက်တယ်။  သူကခေါင်းကိုလှည့်လိုက်ပြီး ပျင်းစရာကောင်းစွာနဲ့ ဆိုဖာတစ်ခုတည်းပေါ်မှာ လှဲလျောင်းလိုက်တယ်။

ဆိုဖာပေါ်မှာလှဲလျောင်းနေရင်း ခေါင်းအုံးတစ်လုံးကိုယူလိုက်ပြီး သူ့ကိုယ်သူတတ်နိုင်သမျှ သက်တောင့်သက်သာဖြစ်အောင်နေလိုက်တယ်။

ထိုအချိန်တွင် ယန်ချုံးရဲ့ ဘယ်ဘက်ခြေထောက်က ကွေးနေပြီး သူ့ရဲ့ညာဘက်ခြေထောက်က ဆိုဖာပေါ်မှ တွဲလောင်းကျနေသည်။  သူ့ရဲ့တံတောင်ဆစ်တွေကို ဆိုဖာလက်တန်းပေါ်မှာ ဖြေလျှော့ထားပြီး သူ့ရဲ့အကန့်အသတ်မဲ့တဲ့ထိုင်ပုံက သူ့ရဲ့ချောမောသောမျက်နှာနဲ့ မကိုက်ညီပေ။

ဘေးပတ်လည်ရှိအခန်း၏ အလှဆင်မှုပုံစံက နွေးထွေးပြီးချစ်စရာကောင်းသည်၊ ပန်းရောင်စောင်တစ်ထည်နှင့် ထောင့်အသီးသီးတွင် ပိုးသားကဲ့သို့နူးညံတဲ့အရုပ်တွေနဲ့ ပြည့်နှက်နေသည်။  ဒါဟာ အမျိုးသမီးအိပ်ခန်းနဲ့တူနေတယ် ဒါပေမယ့်  ဒါကသူ့အခန်းလို့ အိမ်ထောင်ထိန်းကပြောတယ်။

ယန်ချုံး လှောင်ပြုံးပြုံးလိုက်တယ်။

လုံးဝမဖြစ်နိုင်ဘူး !  သူကကျောင်းမှာ  အနိုင်ကျင့်ဗိုလ်ကျတဲ့သူတစ်ယောက်လေ။ သူပန်းရောင်ကြိုက်တာက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ!

ယန်ချုံးက ဒေါသတကြီးနဲ့ ခေါင်းအုံးကိုဘေးသို့ပစ်လိုက်ပြီး မှန်ထဲကိုတစ်ချက်ဝေ့ကြည့်လိုက်တယ်။

ဒီမနက် သူမျက်လုံးဖွင့်လိုက်တာနဲ့ သူဒီလိုမျိုးဖြစ်သွားတာကို တွေ့လိုက်ရတယ်။

 အဲ့အချိန်က အခြေအနေဟာ အိပ်မက်တစ်ခုလိုဖြစ်နေတယ်။  ယန်ချုံးရဲ့ ပထမဆုံးတုံ့ပြန်မှုက သူ့ကိုယ်သူအနည်းငယ်အသာပုတ်ပြီး မိမိကိုယ်ကိုသတိရှိအောင် ကြိုးစားဖို့ဖြစ်တယ်။  ကံမကောင်းစွာနဲ့၊ ဒါကအိပ်မက်မဟုတ်ခဲ့ဘူး။  သူ့မျက်နှာက ရောင်ရမ်းလုမတတ်ဖြစ်နေသော်လည်း မနိုးထလာသေးပေ။

သူ့ခန္ဓာကိုယ်က ရုတ်တရက်ပြောင်းလဲသွားသော်လည်း ယန်ချုံးရဲ့ Alpha ဗီဇစိတ်များက ရှိနေဆဲဖြစ်သည်။  မှန်ထဲတွင် လှပသောလူငယ်ကိုကြည့်ရင်း ယန်ချုံးက သူ့သွေးတွေစီးဆင်းမှုက မြန်ဆန်လာသည်ကို ခံစားလိုက်ရပြီး လက်ဖဝါးက အနည်းငယ်ချွေးထွက်လာခဲ့တယ်။

  အရင်တုန်းကဆိုရင် ဒီလောက်လှပတဲ့ Omega ကို သူတွေ့ဆုံခဲ့ရင် သူကအရက်သောက်ဖို့နဲ့ ဘဝအကြောင်းဆွေးနွေးဖို့ သူ့ကိုကျိန်းသေဖိတ်ခေါ်လိမ့်မယ်။  ဒါပေမယ့်ယခုတော့  ဒီလှပတဲ့မျက်နှာက သူ့ကိုယ်ပိုင်မျက်နှာဖြစ်နေခဲ့တယ်။  သူကဘယ်လောက်ပဲလှနေပါစေ သူကအဆင်မပြေဘူးလို့ ထင်ခဲ့ပေမယ့် သူကအရပ်ရှည်ပြီး ထူးချွန်ထက်မြက်ပြီးတော့ ခြေတံရှည်တဲ့ alpha တစ်ယောက်ဖြစ်တဲ့ ယန်ချုံးအဖြစ်ကို ပြန်ချင်နေသေးတာ သေချာတယ် !

နံရံပေါ်မှာ တိုက်ခိုက်နေတဲ့ကျောင်းကအနိုင်ကျင့်ဗိုလ်ကျတဲ့သူက ရုတ်တရက်မြေပြင်ပေါ်လဲကျသွားပြီး အလိုလိုက်ခံထားရတဲ့ Omega အဖြစ်ပြောင်းသွားရင် ဘယ်လိုလုပ်ရမှာလဲ? သူပြန်လာရင် သူကျောင်းဆက်တက်လို့ရဦးမှာလား?

ယန်ချုံးက စိတ်ရှုပ်စွာ ခေါင်းကိုခါယမ်းလိုက်ပြီး သူ့ကိုယ်သူအတတ်နိုင်ဆုံး နှစ်သိမ့်ပေးလိုက်တယ်။

ဒီလောက်သေးငယ်တဲ့ပြဿနာနဲ့  ယန်ကောကဒီမှာရှိနေခဲ့တာကြာပါပြီ။  သူဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ ကြီးမားတဲ့အဖြစ်အပျက်တွေ!

ယန်ချုံးက သူ့ကိုယ်သူနှစ်သိမ့်ခဲ့သော်လည်း၊ ၎င်းသည်သေးငယ်သော ပြသနာမဟုတ်ဘူးဆိုတာ သိသာထင်ရှားတယ်၊ အထူးသဖြင့် ယန်ချုံး သူ့ကိုယ်သူ တစ်စုံတစ်ခုကိုတွေ့လိုက်ရတဲ့အခါ သူထပ်ပြီး စိတ်မတည်ငြိမ်နိုင်တော့ဘူး။

ယန်ချုံးက သူ့လည်ပင်းတွင် အနက်ရောင်သားရေလည်ပတ် ၀တ်ထားသည်ကိုတွေ့လိုက်ရပြီး ၎င်းအပေါ်၌ တင်ထားသောသတ္ထုဘော်ကြယ်များက ဆွဲဆောင်မှုရှိသောအရောင်များဖြင့် တောက်ပနေသည်။

အနက်ရောင်လည်ပတ်က သူ့ရဲ့ပါးလွှာပြီးနုနယ်တဲ့လည်ပင်းတစ်ဝိုက်ကို တင်းကျပ်စေခဲ့ပြီး သူအလွန်စိတ်ထိခိုက်သွားသည်။

ယန်ချုံး ရှော့ခ်ရသွားပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။

  ဒါဆိုသူကအခုဘာကစားစရာလေးလဲ?

လည်ပတ်ကိုအချိန်ကြာမြင့်စွာဝတ်ထားခြင်းကြောင့် ဖြစ်ပုံရသည်။  လူငယ်လေးရဲ့နူးညံ့သောလည်ပင်း၌ တောက်ပတဲ့အနီရောင်အမှတ်အသားတွေရှိနေပြီး အဲ့တာတွေက သူ့ရဲ့ဖြူဖွေးပြီး ချောမွေ့တဲ့အသားအရေပေါ်တွင် အထူးသိသာထင်ရှားပြီး ထိတ်လန့်စေခဲ့တယ်။

ယန်ချုံးက သူ့ခေါင်းကိုယမ်းလိုက်ပြီး သူထင်တာထက်ပိုဆိုးလာနိုင်တယ်ဆိုတာကို သဘောပေါက်လိုက်တယ်။

 ဒီအားနည်းတဲ့ Omega မှာ ဘာဖြစ်ခဲ့တာလဲဆိုတာကို သူမတွေးနိုင်ဘူး။  သူကလှောင်အိမ်ထဲမှာရှိတဲ့ စာဝါငှက်နဲ့တူတာကိုတော့ သူသိတယ်။

ယန်ချုံးက မှန်ထဲ၌လှပတဲ့မျက်နှာကိုကြည့်ပြီး တုန်လှုပ်သွားတယ်။

Holy shit…...

 ဘာပြဿနာသေးသေးလဲ ၊ အား!   ဒါကကြီးမားတဲ့ပြသနာကြီး!

သူကဖောက်ပြန်တက်တဲ့ သခင်ရဲ့ ကစားစရာလေး ဖြစ်နိုင်တယ်မဟုတ်လား?!!

ယန်ချုံးက Omega တစ်ယောက်ဖြစ်လာဖို့က မကောင်းဘူးလို့ထင်ခဲ့ပေမယ့် အဲ့တာကပိုဆိုးလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ဘူး။

သူက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရဲ့အ၀တ်တွေကို ခေါက်လိုက်ပြီး ခဏတာမျှပင် မခံနိုင်သည့်ဒေါသနှင့် တုန်လှုပ်သွားခဲ့သည်။

တစ်ယောက်ယောက်က ဒီလိုနူးညံ့ပြီးလှပတဲ့Omegaကို ဘယ်လိုဆက်ဆံနိုင်ရတာလဲ? သူတို့တွေက လူတွေတောင်ဟုတ်ရဲ့လား?

ယန်ချုံး အံကြိတ်လိုက်တယ်။  သူကဒီသားရဲကို သေအောင်ရိုက်နိုင်လာ မရိုက်နိုင်ဘူးလားဆိုတာကို ကြည့်ထားလိုက်!

ယန်ချုံးက စိုးရိမ်စိတ်များဖြင့် ပူလောင်နေသကဲ့သို့ သူကအိပ်ရာခင်းတွေကို ဆုတ်ဖြဲလုနီးပါးဖြစ်နေပြီး သခင်နဲ့ရန်ဖြစ်ဖို့ ပြတင်းပေါက်မှခုန်ထွက်လုနီးပါးဖြစ်နေပြီ။အဲ့အချိန်မှာ တံခါးကိုညင်ညင်သာသာ ခေါက်လာခဲ့တယ်။

"ရှောင်ချုံး ၊ သခင်လေး ပြန်လာပြီ"  တံခါးအပြင်ဘက်က အိမ်တော်ထိန်းရဲ့ အသံကိုသူကြားလိုက်ရတယ်။

 ယန်ချုံးက ခေါင်းကိုမော့လိုက်ပြီး သူ့နားကြားမှားသွားသလား ၊ မမှားဘူးလားဆိုတဲ့ သံသယနဲ့ မသိစိတ်က တံတွေးကိုမျိုချလိုက်တယ်။

ကံမကောင်းတဲ့ မူလပိုင်ရှင်က ရှောင်ချုံးလို့ခေါ်တာလား ?

ယန်ချုံး မတုံ့ပြန်မီ တံခါးလက်ကိုင်က ရုတ်တရက် "ကလစ်"ဆိုတဲ့အသံထွက်လာသည်နှင့် လှည့်ကြည့်လိုက်သည်။

ယန်ချုံးက ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် တံခါးဆီသို့ ကြည့်လိုက်သည်။

 ယခုသခင်လေးက အပြင်၌ရှိနေသောကြောင့် သူကသူ့ကို တိုက်ခိုက်ဖို့ထွက်လိုက်ရင် သူအနိုင်ရဖို့ဆိုတာက မဖြစ်နိုင်ဘူး။

ယခုမူကား၊ တစ်ချိန်တည်းတွင် တံခါးကိုတွန်းဖွင့်တော့မည့်အချိန်၌ ယန်ချုံးက တံခါးဆီသို့အမြန်ပြေးသွားပြီး အဲ့တာကိုပြန်ပိတ်လိုက်သည်။သူကတံခါးလောခ့်ကိုပြန်လှည့်ပြီး ကလစ်ဆိုတဲ့အသံနဲ့ ပိတ်လိုက်တယ်။

အပြင်ဘက်ကလူက တံခါးကိုအကြိမ်ကြိမ်တွန်းပြီး ဖွင့်လို့မရဘူးဆိုတာကို တွေ့လိုက်ရတယ်။  ထို့နောက်သူက တံခါးကိုသုံးကြိမ်ခေါက်လိုက်တယ်။

"​ ရှောင်ချုံး ၊ တံခါးဖွင့်ပါဦး သခင်လေးဒီမှာရောက်နေပြီလေ ” အိမ်တော်ထိန်းက စိတ်အားထက်သန်စွာနဲ့ တံခါးခေါက်ရင်း ပြောလာခဲ့တယ်။

ယန်ချုံးက သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး တံခါးလော့ခ်ကို စိုက်ကြည့်နေတယ်။

ဤအရာကအတိတ်မှဖြစ်ခဲ့လျှင် ယန်ချုံးက တံခါးကိုဖွင့်ပြီး ခွေးမသားမိသားစုတစ်ခုလုံးရဲ့ သားကိုသတ်ပစ်လိမ့်မည်။

အခုက သနားစရာကောင်းလိုက်တာ၊ အခုသူကစွမ်းအားမဲ့တဲ့ Omega ဖြစ်လာတယ်။  ယခုပင် တံခါးအပြင်ဘက်ရှိ Alpha မှဖိအားက သူ့ကိုကြေမွလုနီးပါးဖြစ်သွားစေတယ်။

Alpha ရဲ့ pheromones အနံ့ကြောင့် သူ့ရဲ့တိုက်ခိုက်ရေးစိတ်ဓာတ်က တုန်လှုပ်သွားခဲ့တယ်။  သူ့ခြေထောက်တွေက ပျော့ခွေသွားပြီး ပါးတွေကနီလာတယ်။  သူ့ကိုရိုက်နှက်ဖို့မပြောနဲ့ မတ်တပ်ရပ်နေဖို့တောင်ခက်တယ်။

 ယန်ချုံးရဲ့  ဦးရေပြားက ထုံကျင်လာတယ်။  သူကပကတိအားနည်းချက်မှာရှိခဲ့တယ်။

မဟုတ်ဘူး၊ အဲ့တာက သခင်လေးကို တိုက်ထုတ်ဖို့ လုံးဝဆိုးရွားတဲ့ အစီအစဥ်တစ်ခုဖြစ်တယ်။

မဟုတ်ရင် ...... သူကသခင်လေးကိုဝန်ခံပြီး သူ့ကိုလွှတ်ပေးဖို့ တောင်းဆိုသင့်လား?

ယန်ချုံးက ယနေ့ထိတိုင် ရိုးသားဖြောင့်မတ်ခြင်းသည်အကောင်းဆုံးသောနည်းလမ်းဖြစ်သည်ဟု ထင်ထားခဲ့သည်။ ဒါပေမယ့် သူ့လည်ပင်းက လည်ပတ်ကိုသတိရလိုက်ချိန်မှာ မလွယ်ကူဘူးလို့ ခံစားလိုက်ရတယ် ။

အဲ့ဒိသခင်လေးက ဖောက်ပြန်တာမဟုတ်ဘူးလား? 

သူဝန်ခံရင် သူကတကယ်လွှတ်ပေးမှာလား ?

ယန်ချုံးက ထွက်သွားချင်သော်လည်း သူစိတ်မသက်မသာဖြစ်နေတုန်းပင်။  သူကလည်ပင်းမှလည်ပတ်ကို အရင်ဖယ်ရှားလိုက်ပြီး ဗီရိုထဲထည့်ခဲ့တယ်။  နောက်ဆုံး သူကဗီရိုအောက်ခြေမှာ အမျိုးသားဝတ်ရှပ်အင်္ကျီကို တွေ့လိုက်ရတယ်။

ရှပ်အင်္ကျီသည် အရွယ်အစားပိုကြီးသော်လည်း ယန်ချုံးက အင်္ကျီအစနှစ်ဖက်ကို ချည်လိုက်သည်။

မူလပိုင်ရှင်၏ဗီရိုသည် ထူးဆန်းသောအဝတ်များနှင့်ပြည့်နေသည်။  ယန်ချုံးက ၎င်းကိုအကြိမ်ကြိမ်ရှာတာတောင်မှ ဘောင်းဘီရှည်ကိုရှာမတွေ့ပေ။

ကံကောင်းထောက်မစွာနဲ့ အနက်ရောင်ရှပ်အင်္ကျီရှည်က သူ့ခြေထောက်ကို လုံလုံလောက်လောက် ဖုံးနိုင်ခဲ့သည် ။ အင်္ကျီအောက်တွင် ဘောင်းဘီမရှိတာကြောင့် အင်္ကျီအောက်ရှိ ဖြူပြီး သေးသွယ်လှတဲ့ ခြေထောက်များကို အလွန်စွဲဆောင်မှုရှိစေသည်။

မည်သို့ပင်ဆိုစေကာမူ ယခင်ကထက်ပိုပြီး နေရထိုင်ရအဆင်ပြေသွားခဲ့သည် ။

သူ့အ၀တ်များကိုဂရုစိုက်ပြီးနောက်မှာ ယန်ချုံးက နူးညံ့တဲ့ ကုတင်ပေါ်တွင်ထိုင်လိုက်သည်။

နူးညံ့သောမွေ့ယာသည် သူ၏တင်းမာသောအာရုံကြောများကို တဖြည်းဖြည်းဖြေလျော့ပေးသည်။

ယန်ချုံး မျက်နှာကျက်ကိုငေးကြည့်ပြီး သူကမူလပိုင်ရှင်နှင့် လုံးဝမတွေ့ဖူးဘူးဆိုတာကို သေချာစွာစဥ်းစားနေသည် ။ ထိုသခင်လေးကိုလည်း သူမသိပါပေ ။  တစ်ကယ်လို့ငါ အမှန်အတိုင်းပြောလိုက်ရင် သခင်လေးဆိုတဲ့သူက လွှတ်ပေးမှာလည်းဖြစ်နိုင်တာဘဲ ။

ဒါပေမယ့် အကြောင်းပြချက်မရှိဘဲ ထိုသခင်လေးရဲ့ Omegaက ပျောက်သွားတယ်ဆိုတာ လုံးဝလက်ခံနိုင်စရာမရှိပေ  ။   ဒါပေမယ့်လည်း ဒါကသူ့ကိုတကယ်အပြစ်တင်လို့မရဘူး၊ ယန်ချုံးလည်း Omega တစ်ယောက်မဖြစ်ချင်ဘူး။

…………

အချိန်တော်တော် ကြာသွားပြီ ဖြစ်သော်လည်း သူတို့က ယန်ချုံးထံမှစကားတစ်ခွန်းမှ မကြားရတာကြောင့် သခင်လေးက စိတ်မရှည်တော့ပေ ။

အိမ်တော်ထိန်းရဲ့ အသံတိုးတိုးက တံခါးပေါက်နားမှ ထွက်ပေါ်လာခဲ့တယ်;  .... ဟုတ်ပါတယ် သခင်လေး ရှောင်ချုံးက သခင်လေးနဲ့တွေ့ဖို့ ကျွန်တော်တို့ကိုတောင် ပြောနေပါသေးတယ် ။ သူက ပြတင်းပေါက်ပေါ်ကိုတက်ပြီး သခင်လေးကိုခေါ်ပေးဖို့တောင်မှ ခြိမ်းခြောက်ခဲ့ပါသေးတယ် ။ သူဟန်ချက်ပျက်သွားပြီး အောက်ထပ်ကိုပြုတ်ကျသွားတယ် ။ အဲ့တာကြောင့် ခေါင်းထိသွားတာပါ ။  မနက်က ဆရာဝန်ရောက်လာပြီး သူ့ကိုကြည့်ပေးသွားပါတယ် ။ ကံကောင်းတာက သူ့ဒဏ်ရာက အရမ်းကြီးကြီးမားမား မဟုတ်ပါဘူး "

ယန်ချုံး မတ်တပ်ရပ်ပြီး အသက်အောင့်လျက် သူတို့စကားများကို ဂရုတစိုက်နားထောင်လိုက်သည်။

သူခေါင်းကိုက်ဝေဒနာခံစားခဲ့ရတာမဆန်းပါဘူး။

အဲတော့ မူလပိုင်ရှင်က လှေကားကနေ ပြုတ်ကျသွားတယ်။ အဲဒီအချိန်မှာ သူရောက်လာတာ ဒါပဲဖြစ်လိမ့်မယ်။

အိမ်တော်ထိန်းရဲ့ အသံကိုအဆက်မပြတ်ဘဲ ကြားနေရတယ် -“ ဟုတ်ပါတယ် ကျွန်တော် သူထပ်ပြီး ဆူညံလာမှာစိုးရိမ်ပါတယ် ။ သူ့ကိုအခုအခန်းထဲမှာ နေခွင့်ပေးလိုက်ပါ။ သခင်လေး မကြိုက်ရင်တောင်မှ သူကသခင်လေးနဲ့စေ့စပ်ထားတဲ့သူပါ ။ သခင်လေး သူ့ကိုအနာဂတ်မှာ ပိုဂရုစိုက်ရင် ကောင်းပါလိမ့်မယ် ... "

တစ်ခဏလောက် ယန်ချုံးခေါင်းက ရပ်တန့်သွားသည် ။

ဘာစေ့စပ်ထားတဲ့သူလဲ ?

သူကအခု သခင်လေးနဲ့ စေ့စပ်ထားတဲ့သူပေါ့ ?

၎င်းသည်သူက ထိုသခင်လေးရဲ့ ကစားစရာအရုပ် မဟုတ်ကြောင်းသိသာထင်ရှားသည်။

သူဖြေရှင်းနိုင်ပြီး တခဏမှာဘဲ တံခါးတစ်ဖက် ရင်းနှီးတဲ့အသံက ယန်ချုံးကိုစိတ်လှုပ်ရှားစေခဲ့တယ်။

"ထွက်လာခဲ့"

အသံပိုင်ရှင်က ငယ်ရွယ်ပုံရသော်လည်း အသံကနက်ရှိုင်းပြီး အားကောင်းသည်။  အသံက သာယာသော်လည်း အေးစက်မှုနဲ့ခံစားချက်မရှိမှုက ပေါ်လွင်နေခဲ့သည် ။

သူ့စကားများက ယန်ချုံးရဲ့ နားသို့ရောက်သောအခါ သူ့ခေါင်းထဲမှာ ဗလောင်ဆူသွားပြီး သူ့ခေါင်းကပေါက်ကွဲသွားသလိုခံစားလိုက်ရတယ်။

ထိုအသံကို နားထောင်ပြီး သူသိလိုက်သည် သူ့အားအမှန်တိုင်း ၀န်ခံရန်မဖြစ်နိုင်ပေ။

ဒါက ကျိရှင်းလန်ကြီး မဟုတ်ဘူးလား ?

ကျိရှင်းလန်က သူမဆက်ဆံနိုင်ခဲ့တဲ့ ဗိုလ်လောင်းဘဲ !!

ယန်ချုံး မျက်လုံးများက ပြူးကျယ်သွားပြီး သူဝမ်းနည်းလာသည်။

ဒါဆိုအခုသူက ကျိရှင်းလန် ရဲ့စေ့စပ်သူ ဖြစ်သွားပြီလား ?

ကောင်းပြီ ကျိရှင်းလန် အဲ့ခွေးမသားရဲ့မျက်နှာက လူတွေရှေ့မှာအမြဲတည်ထားတယ်.. တည်ငြိမ်သူကြီး ဒါပေမယ့် သူကဒီလိုမျိုးသီးသန့်လုပ်ခဲ့တယ်ပေါ့

ယန်ချုံးက သူ့လက်သီးကို တိတ်တဆိတ်ဆုပ်ထားသည်။

သူတို့နှစ်ယောက်ကြားက ပဋိပက္ခဟာ Omegas ကိုတစ်ယောက်နဲ့တစ်ယောက် လုယက်တိုက်ခိုက်တာထက် ပိုပါတယ်။  ကံမကောင်းစွာဖြင့် သူနဲ့ကျိရှင်းလန် နှစ်ဦးစလုံးက မီးနှင့်ရေကဲ့သို့အတူတကွရှိနေကြပေမယ့် မတည့်ကြပေ ။

ဒါပေမယ့် အခု…

ဒါကမတော်တဆမှု မဟုတ်ဘူး၊ တကယ့်ကို ကျိရှင်းလန်ဘဲ သူကတကယ်ပဲ သူ့ရဲ့စေ့စပ်ထားတဲ့သူဖြစ်လာခဲ့တယ်။

ဒါတွေအားလုံးက ဘာတွေဖြစ်ကုန်တာလဲ ?

ယန်ချုံး အလွန်ဒေါသထွက်သွားကာ ခေါင်းကိုနံရံနှင့်တိုက်ပစ်လိုက်ချင်သည်။  သူ့ကိုတစ်ယောက်ယောက်က နောက်ကနေရိုက်ပြီး သတ်ခဲ့တာလေ သူအဲ့ဒါကို ကျိရှင်းလန်ကို မသိစေချင်ဘူး။

ကျိရှင်းလန်သာဖြစ်ခဲ့ရင် သူ့ကိုသူအနိုင်ယူနိုင်မှာ မဟုတ်ဘူး။  ကျိရှင်းလန်က blackmail material ကို ၀ယ်ယူလျှင်၎င်းကိုသုံး၍ အကောင့်များကို ရှင်းနိုင်သည်။  ဘယ်လိုလဲ?  ငါ့ကိုနောက်ဖို့လား !

ထိုမြင်ကွင်းကိုစဉ်းစားလိုက်ပြီး ယန်ချုံးရဲ့ ကျောပြင်က ချွေးများဖြင့်ဖုံးလွှမ်းသွားသည်။

…………

အပြင်မှာလူတွေက တံခါးနှစ်ခါခေါက်ပြီးတဲ့နောက်မှာ ဘာလှုပ်ရှားမှုမှမရှိတာကြောင့် သူတို့စိတ်မရှည်တော့တဲ့ပုံရတယ်။

ခဏကြာတော့ ယန်ချုံး လမ်းလျှောက်ထွက်သွားတဲ့ ဘွတ်ဖိနပ်သံကိုကြားလိုက်ရတယ်။

ခြေလှမ်းများကအောက်သို့ဆင်းသွားပြီးနောက် ယန်ချုံးက အေးခဲသောအုတ်နံရံကိုမှီပြီး နောက်ဆုံးဖြည်းဖြည်းချင်း ကြမ်းပြင်ပေါ်ကို ထိုင်ချလိုက်သည်။

သိပ်မကြာခင်တုန်းကဘဲ သူကဒီလူတွေကိုသေအောင်ရိုက်မယ်လို့ပြောခဲ့တယ်၊ ရုတ်တရက်သူက ကျိရှင်းလန်  ရဲ့စေ့စပ်သူဖြစ်လာခဲ့တယ်။

Omega တစ်ယောက်ဖြစ်သွားခြင်း ၊ လက်ထပ်ခြင်း ၊ ကလေးမွေးခြင်းတွေကို စဥ်းစားရင်း ယန်ချုံးက သူ့သွေးများပြောင်းပြန်စီးနေတယ်လို့ ခံစားခဲ့ရတယ်။

သူနှင့်ကျိရှင်းလန် ကြားပဋိပက္ခသည် ရှည်လျားသောသမိုင်းကြောင်းရှိသော်လည်း ကျိရှင်းလန်က စစ်တက္ကသိုလ်တွင် ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်သည်။  သူနဲ့ယန်ချုံးကို တစ်ယောက်နဲ့တစ်ယောက်အမြဲနှိုင်းယှဉ်ခဲ့ပေမယ့် သူ့အသွင်အပြင်ကအရမ်းထူးချွန်တယ် ယန်ချုံးကသာ သူ့နှာခေါင်းကိုအညစ်အကြေးနဲ့ပွတ်တိုက်တဲ့သူအမြဲဖြစ်ခဲ့တယ်။

ယန်ချုံးက သူ၏တံတွေးကိုခက်ခက်ခဲခဲမျိုချလိုက်ပြီး တစ်စုံတစ်ရာကို အတည်မပြုနိုင်သေးကြောင်း သူ့ကိုသတိပေးလိုက်သည်။

သူ၏ယခင် Alpha ဘဝသည် တောက်ပမှုမရှိပေမယ့်  နောက်ဆုံးတွင်စိမ်းလန်းသော တောင်ကုန်းများပေါ်တွင် မီးရှို့ရန်ထင်းများရှိသေးသည်။

ယန်ချုံးက သူ့အင်္ကျီကိုဆွဲချွတ်ပြီး မျက်လုံးများနီနေကာ ခါးကိုဆန့်လိုက်ပြီး သူ့ဘောင်းဘီကို ညင်ညင်သာသာ ဆွဲချွတ်လိုက်တာကြောင့် ခြေကျင်းဝတ်နား စုပုံကျသွားတော့သည် ။ 

"ငါပဲ "

သူရှင်းရှင်းလင်းလင်းမြင်လိုက်ရသော အခိုက်အတန့်တွင် ယန်ချုံး နှလုံးသားထဲ တဆတ်ဆတ်တုန်လာသည်။

ဒါက Omega ရဲ့ အရွယ်အစားလား ?   သူကတကယ့်လူမဟုတ်တော့ဘူး !!

ယန်ချုံးက နှုတ်ခမ်းကိုဝမ်းနည်းစွာ ကိုက်လိုက်သည်။  ထိုအချိန်တွင်သူ၏ယောကျာ်းဂုဏ်သိက္ခာသည်လုံးလုံးလျားလျားပျက်သုဉ်းသွားပြီဖြစ်သည် ။

သူအရမ်းဝမ်းနည်းနေချိန်မှာ သော့ခတ်ထားတဲ့တံခါးမှာ သော့ခလောက်ဖွင့်သံကို ရုတ်တရက်ကြားလိုက်ရတယ်။

ယန်ချုံး ဖြည်းဖြည်းချင်းကြည့်လိုက်တော့ ရွှေရောင်ဆံပင်နဲ့ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ ချောမောသောလူတစ်ယောက်ကာ သော့ကိုကိုင်ထားပြီးတံခါးနားမှာရပ်နေသည်။

—— ၎င်းသည်သူ့ရဲ့မကောင်းသောပြိုင်ဘက် ကျိရှင်းလန်  ဖြစ်သည် ။

တကယ်တော့ သူကသော့ယူဖို့အောက်ထပ်ကို ဆင်းသွားခဲ့တာဘဲ

ကျိရှင်းလန် မျက်လုံးများက သူ့အပေါ်ရောက်သည်နှင့် ကင်းမြီးကောက်တစ်ကောင်ကို တွေ့သလို ရှောင်ဖယ်ကာချက်ချင်းပင် ဖယ်ခွာသွားပြီး အလွန်လှောင်ပြောင်သော အမူအရာတစ်ခုကို ထုတ်ဖော်ပြသလာသည်  ။"ငါအရင်ထဲက မင်းကို ပြောခဲ့တယ်၊ ငါမင်းကိုစိတ်မ၀င်စားဘူး၊ ငါ့ရှေ့မှာမင်းရဲ့ဘောင်းဘီကို ချွတ်ပြလဲ အပိုဘဲ အသုံးမ၀င်ဘူး"

💙5.9.2021

Продолжить чтение

Вам также понравится

380K 69.1K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
745K 42K 26
Jk - Possessive type #Warning Cv_ Pinterest
633K 29.7K 46
နှလုံးသားထဲဝင်ကြည့်ချိန်ရောက်ပီ နှလုံးသားထဲပန်းရောင်လေးတွေတွေ့လား အဲ့ဒါအချစ်တွေ သိမ်မွေ့နူးညံ့တဲ့အချစ်တွေအေးမြတဲ့အချစ်တွေမြင်ကြည့်ပါ... ကြည့်ပါ.....စ...