Unicode
~~~~~~~
ဒီလိုနဲ့ ကျုပ်လဲ တောတိုးလိုက်
လယ်ထဲဆင်းလိုက်၊ အိမ်မှာဝိုင်းလုပ်လိုက်နဲ့
စနေနေ့ကိုရောက်မှန်းမသိ ရောက်လာတယ်။
ကျုပ်ရဲ့ဖျင်လွယ်အိတ်ကြီးထဲကို အ၀တ်စားသုံးစုံရယ်၊လမ်းမှာအဆာပြေစားဖို့ ကောက်ညှင်းပေါင်းထုပ်ရယ်၊ ရေထည့်ထားတဲ့ ဘူးသီးခြောက်ရယ်
နဲ့အခြားလိုရမယ်ရပစ္စည်းလေးတွေကို
မရှိမဖြစ်လောက်လေးခွနဲ့ ရောပြီးထည့်လိုက်တယ်။
"ငကျောက်ခဲ ဒီကိုလာ..
အမ သျှောင်ထုံးပေးမယ်။"
အမက အုန်းဆီခွက်ကြီးဘေးကိုချလို့
သစ်သားဘီးကြီးကိုင်ပြီးကျုပ်ကိုသျှောင်ထုံးပေးဖို့ခေါ်လာတယ်။ ကျုပ်လဲအမရဲ့ရှေ့မှာ ဝင်ထိုင်လိုက်တော့ အမကဖျင်စခေါင်းပေါင်းလေးကို
ဖျည်ချလိုက်ပြီး သစ်သားဘီးကြီးနဲ့ ဆံပင်ကိုတစ်ချက် နှစ်ချက်လောက်ဖြီးပြီးအုန်းဆီနဲ့လူးပေးလာတယ်ဗျ။
"ငကျောက်ခဲရယ်...နင့်မလဲဆံပင်ကိုဖြစ်သလို
ထားထားတာပဲ။မအားရင် အမကိုပြောပေါ့။
အသက်ဖြင့်မငယ်တော့ဘူး
သျှောင်ကိုတော့သပ်သပ်ရပ်ရပ်
ထုံးတတ်အောင်လုပ်ထား...ကြားရဲ့လား။"
အမ က ကျုပ်ကိုဆူသလိုလေးပြောလာတယ်။
ကျပ်က ဒီလိုအလုပ်တွေ သိပ်စိတ်ရှည်တာမဟုတ်ဘူး ဒါကြောင့် ဆံပင်ကို သိပ်လဲအာရုံမစိုက်မိပါဘူး။
ဖြစ်နိုင်ရင် ညှပ်ပစ်ချင်တာ အမ က
သျှောင်ပဲထားပါဆိုလို့။ကျုပ်တို့ရွာမှာက
သျှောင်ထားတဲ့သူတွေလဲရှိသလို
အတို ညှပ်တဲ့သူတွေလဲရှိတယ်ဗျ။
မိန်းကလေးတွေကတော့ ဆံရစ်ဝိုင်း၊
ဆံတောက်၊ တစ်ပတ်လျှိုသူ့အရွယ်နဲ့
သူထားကြတာပေါ့ဗျာ ။
"ကဲ....ရပြီ။"
အမ ကဆံပင်ကိုဖျင်ပိတ်စလေးနဲ့
ကျုပ်ကိုပတ်ပေးတယ်။
"ဒီသားအမိ အခုမှတွယ်တာနေတယ်ဟုတ်စ။"
အဘက ခြံထဲကအပင်တွေ ရေလောင်းပြီး
အိမ်ပေါ်ပြန်တက်လာတော့ ကျုပ်တို့သားအမိကို ကျီစယ်လာတယ်။အမ ကလဲ ပြောင်းဖူးဖတ်ဆေးလိပ်ကြီးကို မီးခတ်နဲ့ မီးညှိရင်း အဘကို
မျက်စောင်းတခဲခဲ ။
"တော်ကြီးကပဲ ပြောရတယ် ရှိသေး
တော်ကြီးသျှောင်ကလဲ
ကျုပ်ထုံးပေးလို့ ကြည့်ကောင်းနေတာလေ
ကျုပ်သားကျုပ်ထုံးပေးတာ ဘာဖြစ်သတုံး..။ "
"ဟားဟား...ဘာမှမဖြစ်ပေါင်ဗျာ
ခင်ဗျားတို့သားအမိတဒွေ
အဆင်ပြေရင် ပြီးတာပါပဲ။"
အဘက အော်ရယ်ပြီး အမ ကို
အလျှော့ပေးလိုက်တယ်ဗျ။
ကျုပ်ကတော့ အဘ နဲ့ အမ
အဲ့လိုစကားရည်လုကြတိုင်းပီတိ
ဖြစ်နေရတာပေါ့ဗျာ ။
"ကဲ...ကဲ...ကျွန်တော်လဲသွားရတော့မယ်၊
အဘ နဲ့ အမ ကိုကန်တော့မယ်။ "
ကျုပ်ဒီလိုပြောမှပဲ အဘ က အမနဲ့အတူ
ခေါင်းရင်းမှာဝင်ထိုင်လာတယ်။
ကျုပ်လဲမြတ်စွာဘုရားရော၊ အဘနဲ့ အမကိုရော
ရည်မှန်းပြီးကန်တော့လိုက်တယ်။
အမ ကလဲသောက်လက်စပြောင်းဖူးဖတ်ဆေးလိပ် ကိုဘေးချပြီးဆုပေးလာတယ်။
"ငါ့သား...ကျောက်ခဲလေး ခလုတ်မထိစူးမငြိနဲ့ လိုရာ
ခရီးရောက်ပါစေတော်၊သူတော်ကောင်းတွေ
စောင့်ရှောက်ပါစေ။"
"အိမ်း...မင့်အမ ပြောသလိုပဲ ဖြစ်ပါစေကွာ"
အဘ ကမိန့်မိန့်ကြီးပြုံးပြီး ကျုပ်ကိုဆုပေးသဗျ ။
"ဒါဆို ကျွန်တော်သွားပြီနော်...
သူကြီး အိမ်ကိုလဲ၀င်ရဦးမှာမို့။"
"အိမ်း...အိမ်း...အန္တရာယ်လဲ ကြည့်ရှောင်နော်။ "
"ဟုတ်ကဲ့ အဘ။ "
ကျုပ်လဲအဘ နဲ့ အမ ကိုနှုတ်ဆက်ပြီးနောက်
သူကြီးအိမ်ကို သွားပြီး'ဇီးကွက် '
လေးကိုပါဝင်ခေါ်လိုက်တယ်။
ဒီကောင်လေးကလဲ မြို့ ကိုသွားရမယ်ဆိုတော့
ပျော်နေတာပေါ့ဗျာ ၊ သူကြီးက ကျုပ်ကိုလိုရမယ်ရသုံးဖို့ဆိုပြီး 'ရူပီးတစ်ရာ'ပေးလိုက်တယ်၊ ကျုပ်တို့ဆီမှာက 'ဆယ်ရူပီး'ဆိုရင်တောင် ၀က်သားနဲ့
ခေါက်ဆွဲတစ်ထုတ်ရတာ ၊
တစ်ရာဆိုတော့ကျုပ်အသုံးစရိတ်နှစ်လစာ
နီးနီးရှိတယ်ဗျ ။ သူကြီးကိုနှုတ်ဆက်ပြီးတာနဲ့
ကျုပ်လဲ 'ထွန်းစံ' နဲ့ 'မဲကြီး'ကို
မောင်းပြီး ရွာထဲကနေ စထွက်လာခဲ့လိုက်တယ်။
ကျုပ်တို့ ငလင်ဗန်း နဲ့ သနပ်ကုန်း ရွာက (၅တိုင်)
လောက်ဝေးတယ်ဗျ။ ကြားထဲကရွာတွေနဲ့
တောလမ်းတွေကိုဖြတ်ပြီး "ထွန်ဖြုတ်ချိန်"လောက်
မှပဲရွာထိပ်ကိုရောက်လာတော့တယ်။
ကျုပ်လဲသူကြီးအိမ်ကိုရှာရအုံးမှာမို့
ရွာထိပ်က ညောင်ပင် ကြီးအောက်မှာ လှည်းတစ်ထောက်နားပြီး နွားတွေလဲ အစာကျွေး၊ ကျုပ်လဲ အမ ထည့်ပေးလိုက်တဲ့ ကောက်ညှင်းပေါင်းနဲ့ ဆတ်သားခြောက်ကလေးကို 'ဇီးကွက်'နဲ့အတူ
အဆာပြေစားလိုက်တယ်။ဇီးကွက်ကလဲ
ကောက်ညှင်းပေါင်းနဲ့ ဆတ်သား ခြောက်ဖုတ်ဆိုတော့
လဲစားလို့မရတော့ဘူးပေါ့ဗျာ။
ပြီးမှကျုပ်တို့လဲသူကြီးမှာလိုက်တဲ့
သနပ်ကုန်းရွာသူကြီး အိမ်ကိုမေးမြန်းရင်း
မောင်းလာခဲ့ကြတာပေါ့ဗျာ။
ကျုပ်တို့ဘက်က ခေါင်တော့ မြို့ပေါ်ကို
လှည်းမောင်းပြီးပဲသွားရတာ။
သနပ်ကုန်းပြီးရင် ၊ ကျွဲဖြူ ရွာ၊ သပြေတန်းတို့ကို
ဖြတ်ပြီးတာနဲ့ မြို့ပေါ်ကိုတန်းသွားလို့ရောက်ပြီပေါ့။
သပြေကုန်းနဲ့ မြို့ပေါ်က တစ်တိုင်လောက်ပဲ
ဝေးတာရယ်။ သပြေတန်းဘုန်းကြီးကျောင်းမှာ
လှည်းအပ်ပြီးမှမြို့ပေါ်ကိုခြေလျင်သွားရတာဗျ။
မြို့ပေါ်ရောက်မှ လန်ချားငှားပြီး
လေးလေးဘိုးစည်အိမ်ကိုသွားရမှာ၊၊
'လေးလေးဘိုးစည်'က တစ်ကိုယ်တည်း လူပျိုကြီးဗျ၊ ၊ ကျုပ်က လေးလေးဘိုးစည်အိမ်
နှစ်ခေါက်သုံးခေါက်ရောက်ဖူးတော့
လမ်းကောင်းကောင်းသိနေတာပေါ့ဗျာ။
ကျုပ်စိတ်ပူတာက မြို့ကဧည့်သည်တွေကိုပဲ
ကျုပ်တို့အညာသားတွေက
သွားဖူးလာဖူးတော့ အတွေ့အကြုံ ရှိတယ်
တော်ရုံမပန်းဘူးလေ။ဧည့်သည်တွေကျ ရန်ကုန်ကလူတွေလဲဖြစ်တော့ လှည်းမူးဘာမူးနဲ့ ခရီးပန်းမှာကိုစိုးရိမ်နေရတယ်။
ဒီလိုနဲ့ ကျုပ်တို့နှစ်ယောက်လဲစကားလေး
တပြောပြောနဲ့ ရွာထဲကိုမောင်းလာခဲ့တယ်။
ရွာလမ်းထဲတော်တော်ဝင်ပြီးမှ
သနပ်ကုန်း ရွာသူကြီးအိမ်ကိုရောက်တော့တယ်ဗျ။
ကျုပ်နဲ့ 'ဇီးကွက်'လဲ ရွာသူကြီးပေးလိုက်တဲ့စာကိူ
သနပ်ကုန်းရွာလူကြီးကိုပေးလိုက်တယ်။
သနပ်ကုန်းရွာသူကြီးက အသားဖြူဖြူ ဝဝဖိုင်ဖိုင်နဲ့
ပစ်တိုင်းထောင် အရုပ်ကြီးလိုပဲဗျို့ ။
သူကြီးရဲ့ လူတွေမှန်းလဲသိရော ကျုပ်တို့နှစ်ယောက်ကိုချက်ချင်းအိမ်ပေါ်ကို ခေါ်ပြီး
လက်ဖက်တွေ၊ ကွမ်းတွေနဲ့ ဧည့်ခံပါလေရောဗျာ။
"ဟေ့...ရှင်မရေ အရှေ့ကိုထွက်လာခဲ့ပါအုံးဟ
ငဘိုးသာရဲ့ တူတွေရောက်နေတယ်။"
'သူကြီးဘချော'က သူ့မိန်းမကိုလှမ်းခေါ်တယ်ဗျ ၊
သူ့ကိုကြည့်ရတာဧည့်သည်လာလို့ ပျော်နေပုံပဲ။
သူကြီးကတော်ကလဲလက်နှီးကြီးကိုင်ပြီး ကျုပ်တို့ဆီကိုရောက်လာတယ်ဗျို့ ။သူကြီးကတော်က ပိန်ပိန်ပါးပါး နဲ့သေးသေးလေးဗျ ၊သနပ်ခါးဖွေးဖွေး၊ ဘီးဆံပါတ်ကြီး ထုံးထားပြီး၊ အသားကလည်းဝင်းဝင်းနဲ့ တစ်ချိန်က မိန်းမချောဖြစ်ခဲ့ပုံပါပဲ။
"ငဘိုးသာရဲ့တူတွေ ဟလား....ဟမယ်လေး
သင်းကတော့ ကျုပ်တို့ဆီကိုကျ အလည်မလာပါဘဲ
တူတွေကိုလွှတ်လိုက်တယ်ပေါ့လေ။ "
"လေးလေးက အသက်လည်းကြီးလာတော့
ခရီးဝေးသိပ်မသွားတော့တာပါ ဒေါ်ဒေါ်ရယ်၊
သူကြီးတို့ကို သူကလည်းတွေ့ချင်နေပါတယ်...ဗျ။ "
'ဇီးကွက်'က ဒီလိုကျတော့သွက်ချက်ဗျာ၊
သူကြီးကတော်ကလဲ
'ဇီးကွက်'ရဲ့စကားကိုကြားမှပဲ
ခေါင်းလေးညိတ်ပြီးပြောလာတယ်။
"သူမလာနိုင်မှတော့ ကျုပ်တို့ကိုယ်တိုင်ပဲ
သွားရသေးတာပေါ့တော်...။ "
"ဟုတ်တယ်ကွ....မင့်တို့ လေးလေးတွေနဲ့ငါတို့ဆိုတာ
ငယ်သူငယ်ချင်းအရင်းကြီးတွေ ပေါ့ကွာ။
အခုလိုအသက်ကြီးမှပဲ သိပ်မတွေ့ဖြစ်တော့တာ
မင်းတို့လဲကိုယ့်အိမ်ကိုယ့်ရာလိုသဘောထား။"
"နို့....ငကျောက်ခဲမင်းတို့က တစ်ညပဲအိပ်မှာလား။"
သူကြီးက ရေနွေးတစ်ငုံကိုငုံ့သောက်ရင်း
မေးလာတယ်ဗျ ။
"ဟုတ်ပါတယ်ဗျ
မနက်စောစောမြို့ကိုအရောက်သွားမှာပါ။"
"အိမ်း အိမ်း...ကောင်းပြီ လေးလေး
မနက်အတွက်အကုန်ပြင်ဆင်
ထားလိုက်မယ်...ဟုတ်ပလား
အခုတော့ ခန နားကြအုံးကွာ
ပြီးမှ နေ့လည်စာစားကြတာပေါ့။"
"ရပါတယ်လေးလေး...
ကျွန်တော်တို့နေ့လည်စာစားပြီးပါပြီ။ "
ကျုပ်တို့လဲရွာမရောက်ခင်ကတည်းက
ကောက်ညှင်းပေါင်းစားလာတာမို့
နေ့လည်စာမစားနိုင်တော့ဘူးလေဗျာ။
"ဟေ...ဒါဖြင့်လဲညနေစာစားပေါ့ကွာ
ဒီလူနဲ့ဒီလူ အားနာစရာမလိုပါဘူးဟ။ "
"ဟုတ်ကဲ့ပါလေးလေး။ "
"အိမ်း ...နားထောင်လို့ကောင်းပါ့ကွာ
ရှင်မရေ ကလေးတွေကို
နေရာစီစဉ်ပေးလိုက်အုံးလေ။"
သူကြီးက လေးလေး လို့အခေါ်ခံရတော့
ပြုံးပြုံးကြီးနဲ့ဗျာ။တကယ်ပါသူကြီးပြုံးတာမြင်တိုင်း
ကျုပ်တို့ငယ်ငယ်ကဆော့ခဲ့တဲ့
ပစ်တိုင်းထောင် ရုပ်ကြီးကိုပြေးပြေးမြင်
နေမိတော့တာဗျို့ ။
အဲ့ဒီနောက်မှာတော့ ကျုပ်တို့နှစ်ယောက်လဲ
သူကြီးကတော်နောက်လိုက်သွားပြီးသူကြီးကတော်ပေးတဲ့ အခန်းမှာခဏလောက် လှဲလိုက်နေလိုက်ကြတယ်။
"ကိုကြီးကျောက်ခဲ။"
"အင်း။"
"ယောကျာ်းလေးချင်း ချစ်ကြိုက်တာ တကယ်ရှိလား။"
"ဟမ်....ဘာကြီး။"
'ဇီးကွက်'ရဲ့စကားကိုသိပ်နားမလည်လို့ကျုပ်
ပြန်မေးလိုက်ရတယ်။ ဒီကောင်လေး
ဘာတွေပြောနေတာပါလိမ့်။
" ဟို....ယောကျာ်းလေးချင်းကြိုက်တာ
တကယ်ရှိတာလားလို့။"
"ဟ...မင့်ပေါက်တက်ကရ ဘယ်လိုရှိမှာတုံး
ဘယ်လိုကြိုက်ပြီး ဘယ်လိုခံစားလို့ရမှာလဲ...နို့
မင်းကိုဘယ်သူပြောတာလဲ၊
ဒါသေချာပေါက်မင်းဘာမင်းတွေးမိတာ
မဟုတ်လောက်ဘူး။"
ဒီကောင်လေးကို ဘယ်သူကဘာတွေ သင်ပေးလိုက်တယ်မသိပါဘူးဗျာ။'ဇီးကွက်'ဆိုတာ သိပ်စူးစမ်းတဲ့ကောင်ဗျ။တော်ကြာကျော်မကောင်းကြားမကောင်း
တွေဖြစ်ကုန်ရင် ခက်ရချည်ရဲ့။
"တောင်ပိုင်းက ကျေးဥမကယောက်ျားလေးချင်းလဲချစ်လို့ရတယ်တဲ့...တစ်ယောက်ကို
တစ်ယောက်ချစ်ဖို့ပဲလိုတာတဲ့။"
'ဇီးကွက်' ကမျက်နှာပေါ်ကို ခေါင်းအုန်းကြီးတင်ပြီး
ကျုပ်ကိုမသဲမကွဲပြောလာတယ်။
ကျုပ်တော့ရယ်ချင်တော့တာပဲသိတယ်။
ဒီကောင်လေးနှယ်....'ကျေးဥမ' စကားကိုမှအရေးလုပ်ရတယ်လို့။
"ဟားဟား....ဇီးကွက်ရယ် မင့်ကတော့
ကျေးဥမစကားကိုမှသွားယုံတာကိုး။
အဲ့ကလေးမက ချော်လဲပြီးခေါင်းထိသွားကတည်းက
ရူးကြောင်ကြောင်ဖြစ်နေတာကိုကွာ...။"
"ကိုကြီးကျောက်ခဲကလဲ .....သူကမရူးဘူးတဲ့ ၊
ဘာတဲ့ သူကနေရာကူးပြောင်း လာတာတဲ့။"
'ဇီးကွက်' စကားကြောင့် ကျုပ်အော်ရယ်မိတော့တယ်။ဒီကောင်လေးလဲ 'ကျေးဥမ'
နဲ့ပေါင်းပြီး ရူးတော့မှာပဲ။
"ကဲ...ကဲတော်တော့ 'ဇီးကွက် '
ငါအရယ်လွန်ပြီးသေတော့မယ်၊
လျှောက်တွေးမနေနဲ့ အဲ့ကလေးမက
ယဉ်ယဉ်လေးရူးနေတာ
မင့်မသိတာလဲ မဟုတ်ဘဲနဲ့ကွာ။"
ကျုပ်ဒီလိုပြောလိုက်မိတော့
'ဇီးကွက်'ကကျုပ်ကိုဘာမှမပြောတော့ဘဲ
ဟိုဘက်ကိုလှည့်သွားတယ်။
စိတ်ဆိုးသွားတယ်ထင်ပါ့ မျက်နှာကြီးကနီရဲလို့
ဗျာ...နောက်မှပဲချော့တော့မယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညနေရောက်တော့ သူကြီးဦးဘချောက ကျုပ်တို့ကို
ခရမ်းချဉ်သီးပန်ထွေဖျော်ရယ်၊ ကြက်သားဆီပြန်လေးရယ်၊ကင်းမုံရွက်နဲ့ဘူးညွန့် ကိုကြက်သွန်နီလေးနဲ့ ကြော်ချက် ချက်ထားတာလေးတစ်ခွက်ရယ် ၊ မန်ကျည်းရွက်သုပ်လေးရယ်နဲ့ ညနေစာ ကျွေးတယ်ဗျ ။ ကျုပ်တို့နှစ်ကောင်လဲ ခရီးပန်းတာနဲ့အသကုန်
လွေးတော့ပေါ့ဗျာ။ ညနေစာစားပြီးတဲ့အခါကျ
တော့ ထန်းလျက်လေးနဲ့အကြမ်းအိုးတည်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြတယ်ဗျ ။
ပြီးတော့မှ ကျုပ်တို့လဲစောစော အ်ိပ်ရာဝင်ခဲ့
လိုက်တယ် မနက်ကျစောစောထပြီးမြို့သွားရအုံးမှာ
မို့်လား ။
'ဇီးကွက်'ကတော့ ကျုပ်ကိုတစ်နေကုန် စကားမပြောဘူးဗျို့။ကျုပ်လဲ ဘုရားရှိခိုးလိုက်ပြီးမှ ကျုပ်ကိုကျောပေးထားတဲ့ 'ဇီးကွက်'ကို လှမ်းခေါ်လိုက်တယ်။
"ဟေ့...ဇီးကွက်ဘာဖြစ်လို့လဲ
တစ်နေကုန် စကားလဲမပြောပါ့လား။"
"ကျုပ်အိပ်ချင်နေပြီ၊ အိပ်တော့မယ်။"
'ဇီးကွက်'ကစောင်ထဲတိုးဝင်ပြီး
ကျုပ်ကိုမကျေနပ်တဲ့ပုံနဲ့ပြောလာ
တယ်ဗျ။ ဒီကောင်လေး
တစ်ကယ်စိတ်ကောက်နေတယ်ဆိုတာ
သိလိုက်တယ်။ ကြည့်ရတာ
ကျုပ် 'ကျေးဥ' ကိုစလိုက်လို့ထင်ရဲ့။
"စိတ်မဆိုးပါနဲ့တော့ ဇီးကွက်ရာ မင်းမကြိုက်ရင်
ငါနောက်တစ်ခါအဲ့လိုမပြောတော့ဘူး ဟုတ်ပလား။
ကိုကြီးက 'ကျေးဥ'ကိုဒီအတိုင်းစလိုက်တာပါကွာ...။"
" ကျေးဥကရူးနေတာမဟုတ်ဘူး၊ ကျုပ်သိတယ်။"
'ဇီးကွက်'က ကျုပ်ကိုမျက်နှာငယ်လေးနဲ့ပြောလာတော့ကျုပ်လဲအပြစ်ရှိသလိုခံစားလိုက်ရတယ်။
"ဟုတ်ပါပြီ...နောက် ကိုကြီးအဲ့လိုမပြောတော့ဘူး
ကိုကြီး မှားပါတယ်ကွာ။ "
"ပြီးရော ဒါဆိုကျုပ်တကယ်အိပ်ပြီ။"
ကျုပ်တောင်းပန်လိုက်တော့မှ 'ဇီးကွက်'
လည်းကျေနပ်သွားပုံပဲ။ကျုပ်ကိုပြုံးပြပြီး တစ်ဖက်ကိုလှည့်အိပ်သွားတော့တယ်။ 'ကျေးဥ'ဆိုတာရွာတောင်ပိုင်းက လယ်ပိုင်ရှင်'ဦးအုန်းမောင်'ရဲ့
သမီးအငယ်မလေးဗျ။အသက်ကတော့ 'ဇီးကွက်'နဲ့ ရွယ်တူပဲသူငယ်ချင်းတွေပေါ့ဗျာ။
အရင်တုန်းက 'ကျေးဥ'ကပုံမှန်ပါပဲ
သူ့ဟာနဲ့သူ အေးအေးဆေးဆေးလေး
နေတတ်တယ်၊၊
လွန်ခဲ့တဲ့သုံးလလောက်က ရွာထဲကရေကန်မှာ
ချော်လဲပြီး ခေါင်းပေါက်သွားကတည်းက အဲ့လိုပုံစံဖြစ်သွားတော့တာပဲ။ ကျန်းမာရေးပြန်ကောင်းသွားကတည်းက 'ဆံတောက်'ကြီးကို ညှပ်ချပစ်တာ အခုတော့ အုန်းမွှေးလုံးပုံစံပဲကျန်ခဲ့တယ်ဗျာ။
' ဆံတောက် 'ဆိုတာက..
မိန်းကလေးတွေ အသက်၁၀ နှစ်ကနေစပြီး
တစ်ဆယ့်ခြောက် ၊ တစ်ဆယ့်ရှစ် လောက်အထိ
နဖူးရှေ့ကဆံရစ်ကိုညှပ်ပေးရပြီး အလယ်က
ကျန်တဲ့ဆံရစ်ဝိုင်းကို အရှည်ထားရတယ်ဗျ။
ပြီးရင်နားရွက်စွန်းနဲ့ တညီတည်းဖြစ်အောင်ညှိပေးရတာအဲ့တာကို ဆံတောက်လို့ ခေါ်တာ။
သူ့မိဘတွေကတော့ သမီးအငယ်ဆုံးလေး
အပမှီနေတယ်ဆိုပြီးဆရာတွေဘာတွေ ပြကြတာပေါ့ဗျာ။ကောင်မလေးကတော့အခုဆိုဗျာ ဟိုအပင်တက်ဒီအပင်တက်နဲ့ မိဘတွေက မနည်း
လိုက်အုပ်နေရတော့တာဗျို့ ။
ဒါကိုပဲ 'ဇီးကွက်'ကအသနားပိုပြီး
သံယောဇဉ် တွယ်မိတယ်ထင်ပါရဲ့ဗျာ။
'ဇီးကွက်'လဲ အိပ်ပျော်သွားပြီ
ဆိုတော့ ကျုပ်လဲအိပ်ဖို့ပြင်လိုက်တယ်။
မနက်ကျ ခရီးထွက်ရအုံးမယ်မို့လား ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနက်ရောက်တော့ ကျုပ်တို့နှစ်ယောက်လဲ
'အရုဏ်တက်ချိန်'လောက်ထပြီး
ရေမိုးချိုးမနက်စာစားပြီးတာနဲ့ ပြင်စရာရှိတာ
ပြင်ရတယ်ဗျ ပြီးတာနဲ့ လှည်းတပ်ပြီး ကျွဲဖြူ ရွာဘက်ကို မောင်းလာခဲ့လိုက်တယ် ။
'ဇီးကွက်' ကတော့
လှည်းပေါ်မှာငိုက်ရင်းပါလာတာပေါ့ဗျာ။
ကျုပ်လဲ ပါးစပ်ကနေ မေတ္တာသုတ်လေးရွတ်ရင်းပေါ့။မွန်းတည့်လောက်ရောက်တော့မှ
ကျုပ်တို့သပြေတန်းကိုရောက်တယ်။
သနပ်ကုန်းသူကြီးထည့်ပေးလိုက်တဲ့ နေ့လည်ထမင်းစားပြီးတာနဲ့ လှည်းကိုဖြုတ်ပြီး
သပြေတန်းဘုန်းကြီးကျောင်းမှာ
အပ်ထားခဲ့ရတာပေါ့။ ကျုပ်ကမြို့သွားတိုင်း
ဘုန်းကြီးကျောင်းမှာအပ်နေကျ ဆိုတော့
ကျောင်းထိုင်ဆရာတော်ကြီးနဲ့တောင်
ခင်နေပြီဗျ ။ ကျုပ်တို့လဲဆရာတော်ကြီးကို
ကန်တော့ပြီး မြို့ကိုရောက်တဲ့ အုတ်လမ်းလေးကနေ
ခြေလျှင်လျှောက်လာလိုက်ကြတယ်။
အုတ်လမ်းတစ်လျှောက်မှာက
အညာဆီးပင်တွေ စိုက်ထားတာဆိုတော့
အရိပ်လဲရ ၊ ဆီးသီးလဲစားလို့ရတာပေါ့ဗျာ။
နှစ်ယောက်လုံးကလမ်းလျှောက်မြန်တော့ဘယ်လောက်မှ မလျှောက်လိုက်ရဘူးဗျို့။
အုတ်လမ်းလေးလွန်တာနဲ့
မြို့ထဲကိုတန်းရောက်တာပဲ ကျုပ်တို့နှစ်ယောက်လဲ
အမောပြေ အအေးလေးဝင်သောက်ပြီးတာနဲ့
လန်ချားငှားပြီး လေးလေးဘိုးစည်
တို့အိမ်ကို လာခဲ့လိုက်တယ်။
'လေးလေးဘိုးစည်' အိမ်က အုတ်ခံ
နှစ်ထပ်အိမ်ကြီးဗျ ၊ အိမ်ကြီးမှာ လေးလေးဘိုးစည်ရယ် ခြံစောင့် ကောင်လေးရယ်ပဲအနေများတာ။
အဲ့ဒီလိုအိမ်ကြီးမှာ တစ်ယောက်တည်းနေတော့
လေးလေးဘိုးစည်ကအထီးမကျန်ဘူးလားမသိဘူး။
ကျုပ်တော့ မိသားစုနဲ့ခွဲပြီး
တစ်ယောက်တည်းမနေနိုင်ပေါင်ဗျာ။
ဒီလိုနဲ့လေးလေးဘိုးစည်အိမ်ရှေ့ရောက်တော့
ကျုပ်လဲ ခြံဝမှာဆွဲထားတဲ့ခေါင်းလောင်း
သေးသေးလေး တီးလိုက်တယ်။
"ကလင်၊ ကလင် ၊ ကလင်!။ "
'သိင်္ခ' တစ်ယောက်စာဖတ်နေရင်း
ခြံဝကခေါင်းလောင်းသံကြားတာကြောင့်
ခြံစောင့်ကောင်လေးကို လှမ်းရှာကြည့်လိုက်တယ်။
"ကလင် ၊ ကလင် ၊ ကလင်!။ "
ခြံစောင့်လေးကိုလဲမတွေ့
ခေါင်းလောင်းလေးကလဲ
အဆက်မပြတ်မြည်နေဆဲမို့ သူလဲ
ဖက်လက်စ စာအုပ်လေးကိုချပြီး
ခြံဝကိုထွက်လာခဲ့လိုက်တယ်။
ခြံဝနားရောက်တော့ သူလှမ်းမြင်လိုက်ရတာ
သျှောင်ထုံးနဲ့ လူငယ်လေးနှစ်ယောက်က
နေပူထဲကနေအိမ်ကြီးကို လှမ်းကြည့်ရင်း
ခေါင်းလောင်းကိုအဆက်မပြတ်တီးနေတာကိုပဲ ၊၊
"ကိုကြီးကျောက်ခဲ
လူမရှိတာလားမသိဘူးနော်။"
'ဇီးကွက်'က သူ့မျက်နှာပေါ်ကိုကျရောက်နေတဲ့
နေရောင်ခြည်တွေကို လက်နဲ့ကာပြီး
ကျုပ်ကိုပြောလာတယ်။
နေ့လည် ဆိုတော့နေကလည်းပူပါ့ဗျာ။
"လူမရှိတာတော့ မဟုတ်လောက်ပါဖူးကွာ
ပုံမှန်ဆို ခြံစောင့်ကောင်လေးကအမြဲပြေးထွက်လာနေကျပါဘယ်ရောက်နေလို့ပါလိမ့်။ "
ကျုပ်လဲခေါင်းလောင်းကိုထပ်တီးဖို့
လက်လှမ်းလိုက်တယ်။
ဒါပေမဲ့ ခေါင်းလောင်းကိုင်ထားတဲ့
ကျုပ်လက်ပေါ်ကိုအေးစက်စက်လက်တစ်ဖက်
ရောက်လာတာကြောင့် ကျုပ်လက်ကိုအမြန်
ရုတ်လိုက်ရသေးတယ်။
"ညီငယ်တို့က ဘယ်သူ့နဲ့တွေ့ချင်လို့လဲ။ "
'သိင်္ခ' အသားညိုညိုအရပ်ရှည်ရှည်နဲ့
လူငယ်လေးကို မေးလိုက်တယ်။ သူ့လက်နဲ့ထိမိသွားမို့
လန့်သွားပုံပဲ။ အနီးကပ်ကြည့်တော့
ကောင်လေးတွေက သျှောင်ထုံးလေးတွေနဲ့ အတော်
လေးလိုက်ဖက်ကြတာပဲ။
"ကျုပ်တို့လေးလေးဘိုးစည်နဲ့တွေ့ချင်လို့ပါ
ငလင်ဗန်းက'ကျောက်ခဲ' နဲ့ သူ့တူ'ဇီးကွက်'ပါ။ "
"ကျောက်ခဲတဲ့လား။"
"ဟုတ်ပါတယ်...။"
သူကောင်လေးရဲ့နာမည်ကိုရုတ်တရက်
ရေရွတ်မိလိုက်တယ်။
ကောင်လေးကလဲ သူဟုတ်ကြောင်းရိုးရိုးလေးပြန်ပြောလာတာမို့ ရယ်မိမလိုတောင်ဖြစ်သွားတယ်။
အရိုးခံတောသားလေးဆိုပေမဲ့ လူချောလေးတစ်ယောက်ပဲ ၊ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့
နှုတ်ခမ်းလေးက 'ကကြီး'ပုံလေး...
ပိတ်အပါးလေးနဲ့ထုံးထားတဲ့သျှောင်ထုံးလေးကိုကြည့်ရင်းသူ့ရင်ထဲမှာလဲ ကိုင်ကြည့်ချင်စိတ်ကြောင့်
ကလိကလိဖြစ်လို့လာရတယ်။
"နောင်ကြီး ကဘယ်သူလဲ
လေးလေးဘိုးစည် ကိုခေါ်ပေးပါ။
မဟုတ်လဲ ကျုပ်တို့ကိုအထဲပေးဝင်
ကျုပ်တို့ကအဝေးကြီးကနေ လာရတာဗျ
နေသိပ်ပူနေပြီ။ "
ကျုပ်လဲအရပ်ရှည်ရှည်၊ အသားဖြူဖြူ ၊
အင်္ဂလိပ်စတိုင်နဲ့ လူကိုပြောလိုက်တယ်။
ဘယ့်နှယ့်ဗျာ မသိရင်ကျုပ်တို့က
ရှားပါးလူသားကျနေတာပဲ စိုက်ကြည့်နေတာ၊၊
မြို့ပေါ်ကလူတွေကအင်္ဂလိပ်စတိုင်နေကြတာများတော့ ကျုပ်တို့လိုဗမာရိုးရာပုံစံက ရှားပါးနေလောက်ပါပြီ။ ဒီလူက နေဒီလောက်ပူနေတာကို
ရပ်ကြည့်နေရအောင် လူမှုရေးမရှိဘူးလားမသိဘူး။
"အော်...အင်း အင်း ..ဆောရီး
ရွာကလူတွေမဟုတ်လား ၀င်ခဲ့ပါ။ "
သူလဲ 'ကျောက်ခဲ'ဆိုတဲ့ ကောင်ငယ်လေးမာန်မှပဲ
အသိပြန်ဝင်တော့တယ်။ နေပူထဲရပ်နေရလို့
စိတ်ဆိုးသွားပုံရတာမို့ တံခါးအမြန်ဖွင့်ပေးလိုက်ရတယ်။
ကျုပ်လဲနေရင်းထိုင်ရင်း ဘိုလိုညှပ်ပြောလာတဲ့
လူကိုတစ်ချက်စိုက်ကြည့်ပြီး ခြံထဲဝင်လာလိုက်တယ်။
"ဟာ ကိုကြီးကျောက်ခဲတို့ရောက်နေပြီပဲ
လာ...အပေါ်မှ လေးလေးစောင့်နေတယ်။"
ကျွန်တော်လဲ 'ဇီးကွက်'ကို လှမ်းဆွဲရင်း
ခြံစောင့်ကောင်လေးနောက်ကိုလိုက်လာခဲ့လိုက်တယ်။
အင်္ဂလိပ်စတိုင်နဲ့ လူကလဲအနောက်ကနေ
ပါလာသေးတာဗျ ။ ကျုပ်တို့အပေါ်ထပ်ကိုရောက်တော့ 'လေးလေးဘိုးစည်'အပြင်
တရုတ်လိုအသားဖြူ ဖြူ။
အရပ်မြင့်မြင့်ခန့်ခန့်ထည်ထည်ရွှေကိုင်းမျက်မှန်နဲ့
လူကြီး တစ်ယောက်နဲ့ တော်တော်ကျက်သရေရှိတဲ့
အမျိုးသမီးတစ်ယောက်က ဝိုင်းပြီးစကားပြောနေကြတယ်။
"ဟော...ကျောက်ခဲလာကွာ..
လေးလေးကမင့်ကို မျှော်နေတာကွ။"
ကျုပ်တို့ကိုမြင်တော့ လေးလေးဘိုးစည်က
နှုတ်ဆက်လာတာမို့ကျုပ်လဲ'ဇီးကွက်'လက်ကိုဆွဲပြီး
လေးလေးဘိုးစည်ရှေ့ဝင်ထိုင်လိုက်တယ်။
"အဟက်..."
သူထပ်ပြီးရယ်မိပြန်တယ်။တောသားလေးက
'ဇီးကွက်'ဆိုတဲ့ကောင်လေးကို လက်ကနေဆွဲပြီးရှေ့ကနေသွားနေတာက မသိရင် အငယ်လေးကိုကာကွယ်မဲ့အစ်ကိုကြီးကျနေတာပဲ။
၀င်ထိုင်လိုက်တော့လဲစွေ့ခနဲပဲ။
သူကသာရင်းနှီးချင်နေပေမဲ့ တောသားလေးကတော့
သူ့ကိုသိပ်ကြည်တဲ့ပုံတော့မပေါက်ဘူး။
"လေးလေး...ဒါဇီးကွက်လေ "
"ဟ...ငါ့တူတောင်လူပျို လေးဖြစ်နေပြီပဲ
မင်းအမ နဲ့တူတော့ လူချောဖြစ်တာပေါ့ကွာ။"
'ဇီးကွက်'က လေးလေးနဲ့ သိပ်မတွေ့ဖြစ်တော့စိမ်းနေပုံဘဲ၊ ကျုပ်လဲ စကားပြန်ပြောဖို့ဇီးကွက်
ကိုလက်ကုပ်လိုက်ရတယ်။
"ဟုတ်ကဲ့...လေးလေး။ "
"ဟားဟား ငါ့တူက ငါ့ကိုရှိန်နေပုံပဲကျောက်ခဲရ
ထားပါလေ...နောက်တော့ကျ ရင်းနှီးမပေါ့ကွာ။"
လေးလေးက ရယ်ပြီး 'ဇီးကွက်'ရဲ့ခေါင်းလေးကို
ပုတ်ရင်းပြောလာတယ်ဗျ ။
"အိမ်း ....ဒါနဲ့....ရွာမှာအလှူလုပ်မဲ့ အလှူ
ရှင်တွေနဲ့ လေးလေးမိတ်ဆက်ပေးမယ်။
ဒီဘက်က 'ဦးရွှေမောင်'တဲ့လေးလေးမိတ်ဆွေပေါ့
ဟိုဘက်ကဒေါ်ဒေါ်က'ဒေါ်ရွှေဇင်ညိမ်း'လို့ခေါ်တယ်။"
"ကိုယ်က 'ဗညားသိင်္ခ' ပါ...အစ်ကိုလို့ခေါ်လို့ရတယ်။"
'သိင်္ခ' ကောင်လေးကိုစချင်တာမို့
တမင်ဖြတ်ပြောလိုက်တော့
တောသားလေးရဲ့ မကျေနပ်သလိုပေစောင်းစောင်း
အကြည့်လေးက သူ့ဆီကိုဦးတည်ရောက်ရှိလို့
လာတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထွန်ဖြုတ်ချိန် /လယ်ထွန်ဖြုတ်ချိန် =နေ့လည်၁နာရီခန့်။
အာရုဏ်တက်ချိန် = မနက်၎နာရီမှ ၆နာရီခွဲ ။
၅တိုင် = မြန်မာ့ရိုးရာအတိုင်းအတာမှာ ၁တိုင်ဆိုတာ
၂မိုင်နဲ့ညီမျှပါတယ်။ ၅တိုင်ဆိုတော့
၁၀ မိုင်ပါ။
[ Aa/အပ်ပေးလိုက်ပါပြီ
ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်ပါ]
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
ဒီလိုနဲ့ ကျုပ်လည်း တောတိုးလိုက်
"ငကျောက်ခဲ ဒီကိုလာ...
အမ သျှောင်ထုံးပေးမယ်။"
ဖျည်ချလိုက်ပြီး သစ်သားဘီးကြီးနဲ့ ဆံပင်ကိုတစ်ချက် နှစ်ချက်လောက်ဖြီးလိုက်ပြီးအုန်းဆီနဲ့လူးပေးလာတယ်ဗျ။
ကျပ်က ဒီလိုအလုပ်တွေ သိပ်စိတ်ရှည်တာမဟုတ်ဘူး ဒါကြောင့် ဆံပင်ကို သိပ်လည်းအာရုံမစိုက်မိပါဘူး။ဖြစ်နိုင်ရင် ညှက်ပြစ်ချင်တာ အမ က
သျှောင်ဘဲထားပါဆိုလို့။ကျုပ်တို့ရွာမှာက
သျှောင်ထားတဲ့သူတွေလည်းရှိသလို
အတို ညှက်တဲ့သူတွေလည်း
ဆံတောက်၊ တစ်ပတ်လျှိသူ့အရွယ်နဲ့
သူထားကြတာပေါ့ဗျာ ။
"ကဲ....ရပြီ။"
ကျုပ်ကိုပတ်ပေးတယ်။
အိမ်ပေါ်ပြန်တက်လာကာ ကျုပ်တို့သားအမိကို ကျီစယ်လာတယ်။အမ ကလည်း ပြောင်းဖူးဖတ်ဆေးလိပ်ကြီးကို မီးခတ်နဲ့ မီးညှိရင်း အဘကို
မျက်စောင်းတခဲခဲ ။
"တော်ကြီးကဘဲ ပြောရတယ် ရှိသေး
တော်ကြီးသျှောင်ကလည်း
ကျုပ်သားကျုပ်ထုံးပေးတာ ဘာဖြစ်သတုန်း..။ "
အဆင်ပြေရင် ပြီးတာပါဘဲ။"
အဘက အော်ရယ်ပြီး အမ ကို
ကျုပ်ကတော့ အဘ နဲ့ အမ
ဖြစ်နေရတာပေါ့ဗျာ ။
"ကဲ...ကဲ...ကျွန်တော်လည်းသွားရတော့မယ်၊
ကျုပ်ဒီလိုပြောမှဘဲ အဘ က အမနဲ့အတူ
ကျုပ်လည်း မြတ်စွာ ဘုရား ရော၊ အဘနဲ့ အမကိုရော ရည်မှန်းပြီးကန်တော့လိုက်တယ်။
အမ ကလည်း သောက်လက်စပြောင်းဖူးဖတ်ဆေးလိပ် ကိုဘေးချပြီးဆုပေးလာတယ်။
"အိမ်း...မင့်အမ ပြောသလိုဘဲ ဖြစ်ပါစေကွာ"
သူကြီး အိမ်ကိုလည်းဝင်ရဦးမှာမို့။"
"အိမ်း...အိမ်း...အန္တရာယ်လည်း ကြည့်ရှောင်နော်။ "
"ဟုတ်ကဲ့ အဘ။ "
ကျုပ်လည်း အဘ နဲ့ အမ ကိုနှုတ်ဆက်ပြီးနောက်
လေးကိုပါဝငိခေါ်လိုက်တယ်။
ဒီကောင်လေးကလည်း မြို့ ကိုသွားရမယ်ဆိုတော့ပျော်နေတာပေါ့ဗျာ ၊ သူကြီးက ကျုပ်ကိုလိုရမယ်ရသုံးဖို့ဆိုပြီး ရူပီး၁ဝဝ ပေးလိုက်တယ်၊ ကျုပ်တို့ဆီမှာက ၁၀ရူပီး ဆိုရင်တောင် ၀ကျသားနဲ့
ခေါက်ဆွဲတစ်ထုတ်ရတာ ၊
၁၀၀ဆိုတော့ကျုပ်အသုံးစရိတ်နှစ်လစာ
နီးနီးရှိတယ်ဗျ ။ သူကြီး ကိုနှုတ်ဆက်ပြီးတော့
ကျုပ်လည်း 'ထွန်းစံ' နဲ့ 'မဲကြီး'ကို
လောက်ဝေးတယ် ဗျ ။ ကြားထဲကရွာတွေနဲ့
တောလမ်းတွေကိုဖြတ်ပြီး "ထွန်ဖြုတ်ချိန်"လောက်မှဘဲ ရွာထိပ်ကိုရောက်လာတော့တယ်။
ကျုပ်လည်းသူကြီးအိမ်ကိုရှာရဦးမှာမို့
ရွာထိပ်က ညောင်ပင်
အဆာပြေစားလိုက်တယ်၊ဇီးကွက်ကလည်း
ပြီးမှကျုပ်တို့သူကြီးမှာလိုက်တဲ့
သနပ်ကုန်းရွာသူကြီး အိမ်ကိုမေးရင်း
မြန်းရင်းမောင်းလာခဲ့တော့တယ်။
လှည်းမောင်းပြီးဘဲသွားရတာ။
သနပ်ကုန်းပြီးရင် ၊ ကျွဲဖြူ ရွာ၊ သပြေတန်းတို့ကဖြတ်ပြီးတာနဲ့ မြို့ပေါ်ကိုတန်းသွားလို့ရောက်ပြီပေါ့ဗျာ။
သပြေတန်းဘုန်းကြီးကျောင်းမှာ လှည်းအပ်ပြီးမှမြို့ပေါ်ကိုခြေလျှင်သွားရတာဗျို့ ။
လေးလေးဘိုးစည်က တစ်ကိုတည်း လူပျိုကြီးဗျ၊ ၊
ကျုပ်စိတ်ပူတာက မြို့ကဧည့်သည်တွေကိုဘဲ
ကျုပ်တို့အညာသားတွေက
သွားဖူးလာဖူးတော့အတွေ့အကြုံ ရှိတော့
တော်ရုံမပန်းဘူးလေ။ဧည့်သည်တွေကျ ရန်ကုန်ကလူတွေလည်းဖြစ်တော့ လှည်းမူး ဘာမူးနဲ့ ခရီးတော်တော်ပန်းမှာကိုစိုးရိမ်တယ်။
ဒီလိုနဲ့ ကျုပ်တို့နှစ်ယောက်လည်းစကားလေး
ကျုပ်နဲ့ 'ဇီးကွက်'လည်း ရွာသူကြီးပေးလိုက်တဲ့စာကို သနပ်ကုန်းရွာလူကြီးကိုပေးလိုက်တယ်၊
ပစ်တိုင်းထောင် အရုပ်ကြီးလိုဘဲဗျို့ ။
"ဟေ့...ရှင်မရေ အရှေ့ကိုထွက်လာခဲ့ပါဦးဟ
'သူကြီးဘချော'က သူ့မိန်းမကိုလှမ်းခေါ်တယ်ဗျ ၊ သူ့ကိုကြည့်ရတာဧည့်သည်လာလို့ ပျော်နေပုံဘဲ။ သူကြီးကတော်ကလည်း
လက်နှီးကြီးကိုင်ပြီး ကျုပ်တို့ဆီကိုရောက်လာတယ်ဗျို့ ၊ သူကြီးကတော်က ပိန်ပိန်ပါးပါး နဲ့သေးသေးလေးဗျ ၊သနပ်ခါးဖွေးဖွေး၊ ဘီးဆံပါတ်ကြီး ထုံးထားပြီး၊ အသားကလည်းဝင်းဝင်းနဲ့ တစ်ချိန်က မိန်းမချောဖြစ်ခဲ့ပုံပါဘဲ။
"ငဘိုးသာရဲ့တူတွေ ဟလား....ဟမယ်လေးး
ဒင်းကတော့ ကျုပ်တို့ဆီကိုကျ အလည်မလာပါဘဲ
သူကြီးကတော်ကလည်း
'ဇီးကွက်'ရဲ့စကားကိုကြားမှဘဲ
ခေါင်းလေးညှိတ်ပြီးပြောလာတယ်။
"သူမလာနိုင်မှတော့ ကျုပ်တို့ကိုယ်တိုင်ဘဲ
သွားရသေးတာပေါ့တော်...။ "
"ဟုတ်တယ်ကွ....မင့်တို့ လေးလေးတှေနဲ့ငါတို့ဆိုတာ ငယ်သူငယ်ချင်းအရင်းကြီးတွေ ပေါ့ကွာ၊
အခုလိုအသက်ကြီးမှဘဲ သိပ်မတွေ့ဖြစ်တော့တာ
မင်းတို့လည်း ကိုယ့်အိမ်ကိုယ့်ရာ
လိုသဘောထား။"
"နို့....ငကျောက်ခဲမင်းတို့က တစ်ညဘဲအိပ်မှာလား။"
သူကြီးက ရေနွေးတစ်ငုံသောက်ရင်း
မေးလာတယ်ဗျ ။
"ဟုတ်ပါတယ်ဗျ
ထားလိုက်မယ်...ဟုတ်ပလား
အခုတော့ ခန နားကြဦးကွာ
"ရပါတယ်လေးလေး...
ကျု ပ်တို့လည်းမလာခင်က
ဒါကြောင့် ကျုပ်တို့လည်းအမှန်တိုင်းပြောပြလိုက်တယ်။
"ဟေ...ဒါဖြင့်လည်း ညနေစာစားပေါ့ကွာ
"ဟုတ်ကဲ့ပါလေးလေး။ "
ရှင်မရေ ကလေးတွေကို
နေရာစီစဉ်ပေးလိုက်ဦးလေ။"
ပြုံးပြုံးကြီးနဲ့ဗျာ၊ တကယ်ပါသူကြီးပြုံးတာမြင်တိုင်း ကျု ပ်တို့ငယ်ငယ်ကဆော့ခဲ့တဲ့
ပြစ်တိုင်းထောင် ရုပ်ကြီးကိုပြေးပြေးမြင်
နေမိတော့တာဗျို့ ။
ကျုပ်တို့နှစ်ယောက်လည်း
သူကြီးကတော်နောက်လိုက်သွားပြီးသူကြီးကတော်ပေးတဲ့ အခန်းမှာခနလောက် လှဲလိုက်နေလိုက်တယ် ။
"ကိုကြီးကျောက်ခဲ"
"အင်း"
"ဟမ်....ဘာကြီး!"
ပြန်မေးလိုက်ရတယ်။ ဒီကောင်လေး
ဘာတွေပြောနေတာလဲဆိုတာ ကျုပ်မတွေး
နိုင်တော့ဘူး။
တကယ်ရှိတာလားလို့"
"ဟ...မင့်ပေါက်တက်ကရ ဘယ်လိုရှိမှာတုန်း၊
မဟုတ်လောက်ဘူး။"
"တောင်ပိုင်းက 'ကျေးဥ'မကယောကျာ်းလေးချင်းလည်းချစ်လို့ရတယ်တဲ့...တစ်ယောက်ကို
တစ်ယောက်ချစ်ဖို့ဘဲလိုတာတဲ့။"
ကျုပ်တော့ရယ်ချင်တော့တာဘဲသိတယ်။
အဲ့ကလေးမက ချော်လဲပြီးခေါင်းထိသွားထဲက
"ကိုကြီးကျောက်ခဲကလည်း .....သူကမရူးဘူးတဲ့ ၊
'ဇီးကွက်' စကားကြောင့် ကျုပ်အော်ရယ်မိတော့တယ်၊ ဒီကောင်လေးလည်း 'ကျေးဥမ'
နဲ့ပေါင်းပြီး ရူးတော့မှာဘဲ။
"ကဲ...ကဲတော်တော့ 'ဇီးကွက် '
ယဉ်ယဉ်လေးရူးနေတာ
ဇီးကွက်လည်းကျု ပ်ကိုဘာမှမပြောတော့ဘဲ
ဟိုဘက်ကိုလှည့်သွားတော့တယ်၊
စိတ်ဆိုးသွားတယ်ထင်ပ့ မျက်နှာကြီးကနီရဲလို့
ဗျာ...နောက်မှဘဲချော့တော့မယ်။
~~~~~~~~~~~~~~~~~~~~~~~
ခရမ်းချဉ်သီးပန်ထွေဖျော်ရယ်၊ ကြက်သားဆီပြန်လေးရယ်၊ကင်းမုံရွက်ရယ် ၊ ဘူးညွန့်ရယ် ကိုကြက်သွန်နီလေးနဲ့ ကြော်ချက် ချက်ထားတာလေးတစ်ခွက်ရယ် ၊ မန်ကျည်းရွက်သုပ်လေးရယ်နဲ့ ညနေစာ ကျွေးတယ်ဗျ ။ ကျုပ်တို့နှစ်ကောင်လည်း ခရီးပန်းတာနဲ့အသေကျိတ်တာပေါ့ဗျာ။ ညနေစာ
စားပြီးတော့ ထန်းလျက် လေးနဲ့ အကြမ်းအိုးတည် ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြတယ်ဗျ ။ ပြီးတော့ ကျု ပ်တို့လည်းစောစော အျိပျရာဝငျခဲ့လိုကျတယျ မနက်ကျ စောစောထပြီးမြို့သွားရဦးမှာမို့်လား ။
'ဇီးကွက်'က
ကျုပ်လည်း ဘုရားရှိခိုးလိုက်ပြီးမှ ကျုပ်ကိုကျောပေးထားတဲ့ 'ဇီးကွက်'ကို လှမ်းခေါ်လိုက်တယ်။
တယ်ဗျ ၊ ဒီကောင်လေး
ကျုပ်သိလိုက်တယ်၊ ကြည့်ရတာ
ကျုပ် 'ကျေးဥ' ကိုစလိုက်လို့ထင်တယ်။
စလိုက်တာပါကွာ...။ "
'ဇီးကွက်'က ကျုပ်ကိုမျက်နှာငယ်လေးနဲ့ပြောလာတော့ကျုပ်လည်းအပြစ်ရှိသလိုခံစားလိုက်ရတယ် ၊
ကျုပ်ပြောလိုက်တော့ 'ဇီးကွက်'
လည်းကျေနပ်သွားပုံဘဲ။
အသက်ကတော့ 'ဇီးကွက်'နဲ့ ရွယ်တူဘဲ
အရင်တုန်းက 'ကျေးဥ'ကပုံမှန်ပါဘဲ
နေတတ်တယ်၊၊
လွန်ခဲ့တဲ့သုံးလလောက်ကမှ ရွာထဲကရေကန်မှာ
ချော်လဲပြီး ခေါင်းပေါက်သွားကတည်းက အဲ့လိုပုံစံဖြစ်သွားတော့တာဘဲ။ ကျန်းမာရေးပြန်ကောင်းသွားကထဲက 'ဆံတောက်'ကြီးကို ညှပ်ချ ပြစ်တာ အခုတော့ အုန်းမွှေးလုံးပုံစံဘဲကျန်ခဲ့တယ်ဗျာ။
' ဆံတောက် 'ဆိုတာကဗျာ
မိန်းကလေးတွေ အသက်၁၀ နှစ်ကနေစပြီ်း
ပြီးရင်နားရွက်စွန်းနဲ့ တညီတည်းဖြစ်အောင်ညှိပေးရတာအဲ့တာကို ဆံတောက်လို့ ခေါ်တာဗျ။
ဒါကိုဘဲ 'ဇီးကွက်'ကအသနားပိုပြီး
ဆိုတော့ ကျု ပ်လည်းအိပ်ဖို့ပြင်လိုက်တယ်။
မနက်ကျ ခရီးထွက်ရဦးမယ်မို့လား ။
~~~~~~~~~~~~~~~~~~~~~~~
မနက်ရောက်တော့ ကျုပ်တို့နှစ်ယောက်လည်း
ခင်နေပြီဗျ ။ ကျုပ်တို့လည်းဆရာတော်ကြီးကို
အညာဆီးပင်တွေ စိုက်ထားတာဆိုတော့ အရိပ်လည်းရ ၊ ဆီးသီးလည်းစားလို့ရတာပေါ့ဗျာ။
မြို့ထဲကိုတန်းရောက်တာဘဲ ကျုပ်တို့နှစ်ယောက်လဲ
နှစ်ထပ်အိမ်ကြီးဗျ ၊ အိမ်ကြီးမှာ လေးလေးဘိုးစည်ရယ် ခြံစောင့် ကောင်လေးရယ်ဘဲ အနေများတာ
အဲ့ဒီလိုအိမ်ကြီးမှာ တစ်ယောက်ထဲ နေတော့
တစ်ယောက်ထဲမနေနိုင်ပေါင်ဗျာ။
ကျု ပ်လည်း ခြံဝမှာဆွဲထားတဲ့ခေါင်းလောင်း
"ကလင်၊ ကလင် ၊ ကလင်! "
"ကလင် ၊ ကလင် ၊ ကလင်! "
ခြံစောင့်လေးကိုလည်းမတွေ့
ခေါင်းလောင်းလေးကလည်း
အဆက်မပြတ်မြည်နေဆဲမို့ သူလည်း
ခေါင်းလောင်းကိုအဆက်မပြတ်တီးနေတာကိုဘဲ ၊၊
"ကိုကြီးကျောက်ခဲ
ကျုပ်ကိုပြောလာတယ်။
ကျုပ်လည်းခေါင်းလောင်းကိုထပ်တီးဖို့
လက်လှမ်းလိုက်တယ်။
ရုတ်လိုက်ရသေးတယ်။
'သိင်္ခ' အသားခပ်လတ်လတ်အရပ်ရှည်ရှည်နဲ့
ကောင်လေးတွေက သျှောင်ထုံးလေးတွေနဲ့ အတော်လေးလိုက်ဖက်ကြတာဘဲ။
"ကျောက်ခဲတဲ့လား"
"ဟုတ်ပါတယ်..."
ရေရွတ်မိလိုက်တယ်။
ကောင်လေးကလည်း သူဟုတ်ကြောင်းရိုးရိုးလေးပြန်ပြောလာတာမို့ ရယ်မိမလိုတောင်ဖြစ်သွားတယ်။
အရိုးခံတောသားလေးဆိုပေမဲ့ လူချောလေးတစ်ယောက်ဘဲ ၊ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့
ပိတ်အပါးလေးနဲ့ထုံးထားတဲ့သျှောင်ထုံးလေးကိုကြည့်ရင်းသူ့ရင်ထဲမှာလည်း ကိုင်ကြည့်ချင်စိတ်ကြောင့် ကလိကလိဖြစ်လို့နေတယ်။
"နောင်ကြီး ကဘယ်သူလဲ
မဟုတ်လည်း ကျုပ်တို့ကိုအထဲပေးဝင်
နေသိပ်ပူနေပြီ။ "
ကျုပ်လည်းအရပ်ရှည်ရှည်၊ အသားဖြူဖြူ ၊
ရှားပါးလူသားကျနေတာဘဲ စိုက်ကြည့်နေတာ၊၊
"အော်...အင်း အင်း ...sorry
ရွာကလူတွေမဟုတ်လား ၀ငျခဲ့ပါ။ "
သူလည်း 'ကျောက်ခဲ'ဆိုတဲ့ ကောင်ငယ်လေးမာန်မှဘဲ
အသိပြန်ဝင်တော့တယ်။ နေပူထဲရပ်နေရလို့
ကျုပ်လည်းနေရင်းထိုင်ရင်း ဘိုလိုညှပ်ပြောလာတဲ့
"ဟာ 'ကိုကြီးကျောက်ခဲ'တို့ရောက်နေပြီဘဲ
ကျွန်တော်လည်း 'ဇီးကွက်'ကို လှမ်းဆွဲရင်း
တရုတ်လိုအသားဖြူ ဖြူ။
"ဟော...'ကျောက်ခဲ' လာကွာ...
"အဟက်..."
သူထပ်ပြီးရယ်မိပြန်ပြီ ၊တောသားလေးက
'ဇီးကွက်'ဆိုတဲ့ကောင်လေးကို လက်ကနေဆွဲပြီးရှေ့ကနေသွားနေတာက မသိရင် အငယ်လေးကိုကာကွယ်မဲ့အစ်ကိုကြီးကျနေတာဘဲ။
၀င်ထိုင်လိုက်တော့လဲ ဆွေ့ကနဲဘဲ
"လေးလေး...ဒါဇီးကွက်လေ "
"ဟ...ငါ့တူတောင်လူပျို လေးဖြစ်နေပြီဘဲ
မင်းအမ (အမေ)နဲ့တူတော့ လူချောဖြစ်တာပေါ့ကွာ။"
'ဇီးကွက်'က လေးလေးနဲ့ သိပ်မတွေ့ဖြစ်တော့စိမ်းနေပုံဘဲ၊ ကျု ပ်လည်း စကားပြန်ပြောဖို့ဇီးကွက် ကိုလက်ကုပ်လိုက်ရတယ်။
"ဟုတ်ကဲ့...လေးလေး။ "
"ဟားဟားးးငါ့တူက ငါ့ကိုရှိန်နေပုံဘဲ ကျောက်ခဲရ
'ဒေါ်ရွှေဇင်ငြိမ်း'လို့ခေါ်တယ်။"
တမင်ဖြတ်ပြောလိုက်တယ်။
တောသားလေးရဲ့ မကျေနပ်သလိုပေစောင်းစောင်း အကြည့်လေးက သူ့ဆီကိုဦးတည်ရောက်ရှိလာတယ်။
~~~~~~~~~~~~~~~~~~~~~
အာရုဏ်တက်ချိန် = မနက်၎င်းနာရီမှ ၆နာရီခွဲ ။
၂မိုင်နဲ့ညီမျှပါတယ်။ ၅တိုင်ဆိုတော့
၁၀ မိုင်ပါ။
[ Aa/အပ်ပေးလိုက်ပါပြီ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀