I'm so Sorry For that(Complet...
By Period-K
24.2K 2.6K 1.2K
မင်း ကတယ်ကို ယုတ်မာလွန်းတယ် မင်း ကတယ္ကို ယုတ္မာလြန္းတယ္ More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chpter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chaper 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52(warning )
Chapter 54(Final)
Chapter 53
336 39 16
By Period-K
တောင်ခြေမှ တစ်ညနားပြီးမှ မနက်ရောက်ရင် တောင်ပေါ်တတ်ဖို့ အခြေအနေစွဲလိုက်သည်။ညခြောက်နာရီဆို တောင်ပေါ်တတ်တဲ့ကားတွေ သိမ်းတာကြောင့် မတတ်ဖြစ်တော့  ကိုကို လည်း နေပြန်ကောင်းလာတော့ ကျွန်တော့်မှာ စိတ်ချမ်းသာ နေရတာ
"မောင် စောပါသေးတယ် အပြင်ကစျေးတန်းလေး ခဏသွားကြည့်ကြမယ်"
"ကိုကို သွားချင်ရင် လာလေ"
"မွန်ပုဆိုး ဝတ်ချင်လို့ ဘုရားပေါ်ရောက်ရင် အမှတ်တရဓာတ်ပုံလေး သိမ်းထားရအောင်လေ"
ကိုကို့ လက်ကို တွဲပြီး စျေးတန်းလေးရှိရာသို့ ဆင်းလာခဲ့သည်။ဘုရား ပုတီးကကျောက်စိမ်းနဲ့ လုပ်ထားတာရှိသည်။ပုယင်း ကျောက်ဆိုတဲ့ အရာနဲ့ လုပ်ထားတာတွေရှိသည်။ကိုကို ပုတီးတစ်ကုံး ဝယ်ပြီး  မတ်တပ်ပြန်ရပ်တော့ အပေါ်က ချိတ်ထားတဲ့ အိတ်တွေနဲ့ ခေါင်းတိုက်မိသွားသည်။
"အို့...."
"နာသွားလား ဟင်"
"မနာပါဘူး အိတ်လေးပဲဟာကို နေအုံး ဒီအိတ်လေးတွေကလှတယ် "
"လိုချင်လို့လား"
"အင်းလေ"
"Aunty! we will take a bag and a bead.
How much does it cost?"
"Total amount is 5000ks!"
"Ok,Thanks"
မောင်ပိုက်ဆံရှင်းပြီးတော့  အဝတ်အစားဆိုင်ဘက်ကို ရောက်လာခဲ့ကြသည်။အဝါရောင်လည်ကတုံး အင်္ကျီ လက်ရှည်နှင် ပုဆိုး အဝါကွက် နှစ်ထည်ဝယ်ယူလိုက်သည်။မောင်ရွေးထားတာတွေက လှပြီးတော့ အရောင်လည်း တောက်နေတယ် အိတ်ကိုတကြည့်ကြည့်နဲ့ မောင့်ကိုပြုံးပြရတာလည်း မမောနိုင်
"ဘာဝယ်ချင်သေးလဲ"
"မနက်ဖြန်ကျရင် တောင်ပေါ်ကို ကားနဲ့မတတ်ဘဲ ခြေလျှင် တတ်ကြမလား ကျို့ကျို့နဲ့ Artro တို့ကိုတော့ ကားနဲ့လွှတ်လိုက်ပေါ့"
"တောင်ပေါ်တတ်ရမှာ အရမ်း ပင်ပန်းတယ် မောင်လည်း ကားတစ်စီးလုံးငှားထားပြီးပြီ ရသေ့တောင်ရောက်ရင် cable စီးပြီးသွားကြမယ် ဘုရားပေါ်ရောက်ပြီး hotel မှာ ခဏနားရင်းမှ ကျီးကန်းပါးစပ်ကို သွားကြမယ် အဲ့ကျရင် လမ်းလည်းလျှောက်ရမယ် လှေကားတွေလည်း တတ်ရမှာ အား ချန်ထားပါအုံး"
"ဟီးဟီး မောင်ကငါ့ကို အရမ်းဂရုစိုက်နေတော့လေ ငါအရမ်းပျော်နေသလိုပဲ အမြဲပြုံးနေမိတယ်တစ်ခါတစ်ခါ  ငါမောင့်ကို ဆုံးရှုံးရမှာ ပိုပိုကြောက်လာတယ် "
" ကိုကို ရာ ဘာလို့ အဲ့လို အတွေးဝင်ရတာလဲ မောင်က ကိုကို့ ကို ထားခဲ့မယ် ဆိုရင်တောင် မောင်သေသွားလို့ပဲ ဖြစ်လိမ့်မယ်"
လမ်းကသဲလမ်းလေးဖြစ်ပေမဲ့ ဖြောင့် ဖြူးနေသည်။ကိုကိုက စွပ်ကျယ်ဂျိုင်းပြတ်နဲ့ ဘောင်းဘီ အရှည် ကိုတွဲဖက် ဝတ်ထားတာ အသားကဖြူဥ နေတာတော့ လူတိုင်းအသိပါ တင်စားရရင် ပုလဲ လုံးတွေ တစ်လုံးလို ပဲ ဝ်ကျင့်ကျင့် မီးရောင်အောက်မှာ ရွှေဟင်္သာ ငှက်ကလေးလိုပဲ အရောင်တဖြတ်ဖြတ်နဲ့ လှပနေတာ ဒီမျက်နှာလေးကို ကြည့်ပြီးအချစ်အကြောင်းတွေ ဖွဲ့နွဲ့နေစရာတောင်မလိုပေ။
အကြည့်တစ်ချက်တည်းမှာပင် ဘယ်လောက်ထိ မြတ်နိုးရကြောင်း အကြောင်းပြချက် တွေ သိန်းပေါင်းသန်းပေါင်းမက ရှိနေလေသည်။
နှုတ်ခမ်းထပ်သိူ့ရောက်လာတဲ့ လက်ချောင်းလေးရဲ့ အထိအတွေ့လေးကပင် ရင်ထဲမှကြည်နှုးမှုကို ခေါ်ဆောင်စေပြန်သည်။ခေါင်းလေးခါတော့ ဆံနွယ်တွေက လှုက်ခက်သွားပြီး အိစင်းနေတဲ့ ဆံစတွေက လေတွေကြားဝဲပျံနေသယောင်
"မောင်ဘာတွေ ပြောနေတာလဲ "
"မောင်က  မင်း ကို ဘယ်တော့ မှ မထားခဲ့ဘူးဆိုတာသိစေချင်တာ"
"အင်း ငါ့ကိုယ်ငါထက်ယုံတယ် "
ဟိုတယ် ကို ပြန်နေတဲ့ လမ်းတစ်လျှောက်မှာ မုန့်သည်တွေ ကအများအပြားပင်
"မောင် ကြက်ဥပြုတ်စားချင်တယ်"
အထိုင်ရောင်းနေတဲ့ ကြက်ဥပြုတ်သည်ကိုလက်ညိုးထိုးပြပြီး ပူဆာလာတဲ့ပုံလေးက တစ်ဗန်းလုံးကို ဝယ်ကျွေးပစ်ချင်စရာ အမူ အရာလေးနဲ့
ကြက်ဥ နှစ်လုံး ဝယ်ပေးပြီး ဟိုတယ် ကိုပြန်ရောက်လာကြသည်။အခန်းထဲ ရောက်တာနဲ့ ခုံမှာ ထိုင်ပြီး ကြက်ဥကို အားပါးတရခွာရန်  ခုံနဲ့ တိုက်တော့တာပဲ
"ကိုကို ကြက်ဥကို ချထားလိုက် လက်တွေ ခြေတွေ ရေသွားဆေးချေ မောင်ခွာထားမယ်"
"ရပါတယ် ကြက်ဥငါခွာတတ်ပါတယ်"
"အခုက ခရီးသွားနေကြတာလေ ကြက်ဥက အခွံတွေ မတော်တဆ လက်ကို ဆူးမိရင်ဘယ်လိုလုပ်မလဲ"
မောင်ကလေ တစ်နေ့တစ်ခြား ပိုကိုပိုလွန်းလာတယ် ဒါပေမဲ့ကျေနပ်တယ် လေ
ရေဆေးပြီး တဘက်နဲ့ သုတ်ပြီးထွက်လာတော့ အခွံ ခွာ ပြီးသား ကြက်ဥလေးနှစ်လုံး အဝတ်တွေ ဖြန့်ပြီး ပါလာတဲ့  dryer နဲ့ မှုတ်ပြီး ဖြန့်ထားလေရဲ့
"အသစ်တွေပေမဲ့ စိတ်မချရဘူးလေ အိမ်မှာဆိုလျှော် ရတယ် ဒီမှာ ကမနက်ဖြန်ဝတ်မှာဆိုတော့ ခြောက်မှာ မဟုတ်ဘူး"
"မောင်က လေ အကုန်လုပ်တတ်နေတော့တာပဲ ဝှား"
"ကြက်ဥတွေစားထားတာ သွားတိုက် အုံး ရေအရင် သောက် ကိုကို သွားကြားတွေ ကပ်နေမယ် "
သူ့စကားကြောင့် Saint ရေချိုးခန်းထပ်ဝင်သွားရပြန်သည်။သူ့စိတ်တိုင်း ကျအကုန် ပြီးစီးသွားမှ အိပ်စက်ခြင်းအခန်း ကဏ္ဍ  ကိုရောက်လာတော့သည်။
......
မနက် ခြောက်နာရီလောက်နိုးတော့ အဝတ်နှစ်စုံလောက်အပိုထည့်ပြီး တောင်ပေါ်တတ်တဲ့ ကားနဲ့ တတ်လာကြသည်။မောင်ပြောသလိုပဲ ရသေ့တောင်ကိုရောက်တော့ cable နဲ့ ဆက်တတ်ကာ  ဘုရားပေါ်သို့ ထပ်တတ်ရသည်။ကျို့ကျို့ လေးကတော့ မောနေတာကြောင့် မောင်ကချီ ကျွန်တော်က အဝတ်အိတ်ကို ကူလွယ်ဖို့ လက်လှမ်းတော့ ဖမ်းဆုပ်ခံလိုက်ရတဲ့ လက်တစ်စုံ
"လေးတယ် ကိုကိုရဲ့ "
"သမီးလေးကို လည်းချီထားတာ ကိုပေးပါ မောင်ရဲ့"
"ရတယ် မောင် သယ်မယ် မောင့် လက်ကိုသာတွဲထား လူရှုပ်တော့ တိုက်မိမယ်"
"ပေးပါမောင်ရယ်"
အိတ်လုသယ်နေတဲ့ အလုပ်ရှင် နှစ်ယောက်ကြောင့် Artro က မနေတတ်တော့ ကြားထဲက သူကပဲ ဝင်ပြောရတော့သည်၊
"Boss အိတ်ကျွန်တော်သယ်လိုက်မယ်"
"မထိနဲ့ Artro အိတ်ထဲမှာ Saint အဝတ်တွေ ငါပဲသယ်မယ်"
မောင့်စကားကြောင့် Artro ကိုအားနာမိသည်။ဟိုကစေတနာနဲ့ ဝင်ကူပေးတာကို အော်လိုက်စရာလား
"မောင် လူတွေနဲ့ကို ဘာလို့အော်ရတာလဲ"
"ကိုကို့ အဝတ်တွေ ထည့်ထားတာလေ မောင်ကဘာလို့ပေးသယ်ရမှာလဲ မောင်ပဲသယ်မှာပေါ့"
Saint စိတ်ထဲမှာအကြိမ်ကြိမ်တွေးနေမိသည်။ဒါက အဝတ်လေးပဲလေ အဝတ်တွေတောင် သူဒီလောက်ထိ အူတိုနေစရာ လိုလို့လား
ဘုရားပေါ်တတ်ရမဲ့ နေရာရောက်တော့ ဖိနပ်တွေ ချွတ်တော့ ကျွန်တော့်ဖိနပ်ကို ပြေးကောက်ပြန်သည်။သမီးကို ချီရာကချဆိုတော့လည်း မချပေ
"မောင်ရယ် မပင်ပန်းဘူးလား ငါတောင် မောနေပြီ"
"ကိုကို မောနေပြီလား ရေသောက်မလား ဗိုက်ရောဆာပြီလား"
"အဲ့လောက်ထိမဟုတ်ပါဘူး ကျို့ကျို့လေးဖြစ်ဖြစ်ပေး မောင့်အစား မောတာကိုပြောတာ"
ထိုသို့ပြောတော့ မောင့်မျက်နှာလေးကပြုံးလာပြန်သည်။
"ကျို့ကျို့က မောင်းသမီး အိတ်ထဲက မောင်နဲ့ကိုကို့ အဝတ်အစား တွေလေ မောင့်အပိုင်တွေ မောင်ကိုယ်တိုင် သယ်ပိုးကာကွယ်ပေးချင်တာပေါ့ ကိုကိုရဲ့ ကိုကို့ ဒီလက်ဖဝါးလေးကို ကိုင်ထားရတော့ မောမှန်းတောင်မသိ"
ကျို့ကျို့ လေး အိပ်နေလို့ တော်ကာ ကျသေူသည်။သူသာ နိုးနေရင် Saint ရှက်လွန်းလို့ သမီးကိုမျက်နှာချင်းဆိုင်ရဲမှာမဟုတ်ဘူး ။ဒီမောင် အပြုစားများခံနေရလေသလား
@Period-K
တိုပါတယ်၊ နောက်ကျပါတယ် ၊ အk လေး စိတ်ညစ်စရာလေးတွေရှိလို့ပါ
Ps fic တွေတောင် ရပ်နားပါသည် ဆိုင်းဘုတ်ကပ်ဖို့စဥ်းစားမိတဲ့အထိ ပဲ
ဒီစကားကလည်း ဒီနေ့အတွက်ပါ မနက်ဖြန်ကောက်အပ်ချင်အပ်နေမှာ အk လေးက စိတ်မှန်တာမဟုတ်ဘူး bye bye 😑
Zawgyi
"မောင် စောပါသေးတယ် အပြင်ကဈေးတန်းလေး ခဏသွားကြည့်ကြမယ်"
"အို့...."
"နာသွားလား ဟင်"
"လိုချင်လို့လား"
"အင်းလေ"
How much does it cost?"
"Total amount is 5000ks!"
"Ok,Thanks"
"ဘာဝယ်ချင်သေးလဲ"
......
"လေးတယ် ကိုကိုရဲ့ "
"ပေးပါမောင်ရယ်"
@Period-K
Continue Reading
You'll Also Like
134K 8K 44
ငါ့ဟာငါဆိုးချင်ဆိုးမယ် ရိုင်းချင်ရိုင်းမယ် မင်းကတော့ ငါ့ကို မဖြစ်မနေချစ်နေရမယ် "ဘေဘီက မောင့်အပိုင် "
81.7K 4.4K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
84.5K 3.3K 29
ဖတ်ကြည့်ကြည့်ပါ ပြီးရင်ဝေဖန်ပေးပေါ့ !
91.8K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]