ပထမဆုံး ရောက်လာကြသည့် ဘုရားကတော့ ရွှေစည်းခုံ ဘုရားသို့ ဖြစ်သည်။မိသားစုလိုက် ဘုရားရင်ပြင်တော်ပေါ်သို့ တတ်လာပြီး ဘုရားဖူးရင်း လှည့်ပတ်နေကြသည်။ကျိုကျို့လေးကို ချီပြီး Saint ရဲ့ ပုခုံးကို ဖက်ထားရင်း
"ေစတီက သပ္ပာယ် လိုက်တာ"
"ဒီဘုရားက မြန်မာနိုင်ငံရဲ့ မင်းနှစ်ဆက်ကတည်ထားခဲ့တာတဲ့ အနော်ရထာမင်း အပြီးမသတ်လိုက်နိုင်လို့ ကျန်စစ်သားမင်း ကဆက်ပြီး တည်ထားခဲ့တာ အရှေ့နားမှာ လှန်စိုက်ရလို့ပြောကြတယ် ပြီးတော့ အဲ့ဒါကိုရေချိန်ခွက် ရေမှန်လို့လဲခေါ်တယ် လာ "
အနားကိုရောက်လာတော့ ရေချိန်ခွက်ထဲကို ငုံကြည့်တော့ဘုရားရဲ့ စိန်ဖူးတော်နဲ့ ထီးတော်ကို မြင်ရသည်။နောက်ကျောက်မြင်း ရုပ်တုနားကို သွားပြီး ကျောက်စာ ခြောက်ချပ်ဆီသို့သွားကြည့်ကြပြန်သည်။
"ခြင်္သေ့ တံခါးကိုသွားမယ် အဲ့မှာ မြစ်ကမ်းစပ် ဆင်းလို့ရတယ် "
မောင်ခေါ်ရာသို့လိုက်သွားရင်းပေါ့ သမီးလေးက လည်း စိတ်ဝင်စားတစ်ခုတွေ ရင် သူမှတ်တတ်သလောက်လေးလိုက်မှတ်ပြီး မောင်ပြောတာတွေ ငြိမ်ပြီးနားထောင်နေတတ်သည်။ကမ်းစပ်ကို သူတို့ဆင်းလာတော့ လေညင်းလေတွေကအေးခနဲရယ်
လိုင်းတွန့်လေးတွေကြည့်ရင်း သူတို့ သာဖတွေ ထိုင်လို့ရသည့် နေရာလေးမှာ ခဏထိုင်လိုက်ကြသည်။
"ကျို့ကျို့ မမ တို့မုန့်သွားဝယ်မလို့ လိုက်မလား"
"ဟုတ် ဒယ်ဒီ ဒီမှာ ခဏစောင့်နော် "
သမီးလေးက Plia တို့ဆီပါသွားတော့ သူတို့နှစ်ယောက်တည်းကျန်ခဲ့ကြသည််။လိုင်းတွန့်လေးတွေကြည့်ရင်း အညောင်းလည်းဖြေရင်းပေါ့
"ရေလှိုင်းလေးတွေကြည့်ရတာ သဘောကျတာလား အကြာကြီး မကြည့်နဲ့ခေါင်းမူးနေလိမ့်မယ် "
"မောင်........"
"ဗျာ....!"
"ကျေးဇူး"
"မလိုပါဘူးဗျာ မင်းသဘောကျနေတာတွေ့တော့မောင်ပျော်နေသေးတာ ဘုရားဘုရားတွေသိပ်တော့ အမြင့်ကြီးမတတ်ရဘူး ဒါပေမဲ့ တတ်ရတဲ့ ဘုရား တစ်ခုတော့ရှိတယ် "
"ဟုတ်လား အဲ့ဒါဆို ငါတို့ ပုဂံမြင်ကွင်းကြီးကို ကြည့်လို့ရမှာပေါ့ ပျော်စရာကြီး"
"View ကြည့်ချင်လို့လား"
"အင်းလေ အရမ်းလှမယ်လို့ထင်တာပဲ အခုလမ်းမှာတောင် မြန်မာနိုင်ငံရဲ့ ရှေ့ကျတဲ့ အဆောက်အအုံတွေ အများကြီး ကြည့်ပြီးဖြတ်လာခဲ့ရတာ လှလည်းလှတယ် သာလည်းသာယာတယ် "
မောင််က ကျွန်တော့်ခေါင့်ကို ကိုင်ကာ သူ့ပုခုံးပေါ်တင်လိုက်သည်။ဧရာဝတီမြစ်ရေကြီး ကြည်စိမ်းမနေခဲ့ပါဘူး ကမ်းပါးကပ်ပြီး ရွှံတွေ နှုန်းတွေကြောင့် ဝါ ညစ်ညစ် ဖြစ်နေသည်၊သစ်ပင်ကြီးရဲ့အောက်မှာ မောင့်ပုခုံးကိုမှီပြီး လေကြောင့် ရိုက်ခတ်လာတဲ့ လှိုင်းတွေကို ငေးကြည့်နေမိတယ်။ဘယ်သဘာဝတရားကြီးပဲဖြစ်နေပါစေ မောင်ရဲ့ အနီးပတ်ဝန်းကျင်မှာ မောင့်ရဲ့ ကိုယ်ရောင်ကြောင့် လှပနေတာပဲ
...............
ဘုရားတွေ လှည့်ပတ်ဖူး ပြီး လေးရက်မြောက်နေ့ ရောက်လာသည်။ညနေပိုင်း နေဝင်ချိန် နီးနော် မောင်က ကားအမိုးကိုဖွင့်ကာ သမီးကို ချီပြီး မတ်တပ် ရပ်လိုက်လေရဲ့
"Saint မတ်တပ်ရပ်ကြည့်"
ကျွန်တော် ဖြေဖြေးချင်းထကာ ကောင်းကင်ကြီး ကိုကြည့်လိုက်တော့ နေဝန်းကြီးက အနည်းငယ် လိမ္မော်ရောင်သန်းနေပြီ မိုးပျံ ပူဖောင်း ကြီးတွေက ကောင်ကင်ပေါ်မှာ ပျံဝဲလျှက်
"ဒယ်ဒီ အဲ့ပူဖောင်းကြီး စီးလို့ရလားဟင်"
"ရတာပေါ့ ဒယ်ဒီ booking ယူထားပြီးပြီ "
မောင့်နဲ့ သမီးလေးကို ပြုံးကာငေးကြည့်နေမိသည်။မောင်က ငါဘာပြောပြော အမှတ်တရ ရှိနေတတ်ပြီး ဖြည့်ဆည်းပေးနေတော့ပါပဲလား
Plia ကမစီးရဲဘူး အော်ငြင်းနေတာကြောင့် Artro ကလည်း နေခဲ့သည်။ကျွန်တော်တို့မိသားစု လေးပဲ ဝင်ကာ မိုးပေါ်သိူ့ တစ်ရွှေ့ရွှေ့ ရောက်လာတော့သည်။ပုဂံမြို့ကြီးရဲ့ ညနေပိုင်းအချိန်အခါက သိပ်လှပပြီး မေ့ဖျောက်လို့မရနိုင်အောင်ပဲ နေဝင်ချိန် အလှ ရယ် ပုဂံမြို့ရဲ့ ရှေ့ဟောင်း အလှရယ် စုစည်းလိုက်တဲ့ အချိန်မှာ ဘယ်တော့မှ မေ့ဖျောက်လို့ရမှာမဟုတ်ဘူး
"လှလိုက်တာ "
"ဟုတ်တယ် မောင် မြန်မာပြည်ကြီး ကသိပ်လှတာပဲ"
"မင်းလောက်မလှပါဘူး"
ကိုယ်က တော့ အပြည့်အဝ ထောက်ခံနေတာသူကအရှက်မရှိ ဒီစကားကို သမီးရှေ့မှာပြောလေရဲ့ ကိုယ်ကပဲ အသဲပိုနေတာလားမသိဘူး မျက်နှာ တစ်ခုလုံးပူလောင်လာရတယ်။သမီးက တခိခိနဲ့ရယ်နေသေးသည်။ဒီသားအဖတွေဟာလေ
ဒီသားအဖတွေဟာလေ ကျွန်တော့်နှလုံးသားတစ်ခုလုံးကို အပိုင်ယူထားကြတာ
ဒီသားအဖတွေ ကိုပဲ ဘဝကြီးပုံပေးထားရလောက် အောင် ချစ်မိနေတာ
မောင်က ကျွန်တော်လက်ကို ကိုင်ကာ ဟိုးအဝေးကြီးကို ငေးကြည့်လို့
အချိန်ပြည့်သွားတော့ ကျွန်တော်တို့ ဟိုတယ်ကိုသာ ပြန်လာခဲ့ကြသည်။ညစာစားပြီး မိသားစုလေး သီချင်းလေးဆိုလိုက် လေညင်းခံလိုက်နဲ့ ထိုင်ကြပြီး တန်းအိပ်ခဲ့ကြသည်။နောက်နေ့မနက်ရောက်တော့ ပုဂံမြို့ကြီးကို နှုတ်ဆက်ခဲ့ရသည်။
နောက်နှစ်တွေလည်း ထက်လာအုံးမယ် ပုဂံရေလို့သာ စိတ်ထဲမှာ ရေရွှတ်ခဲ့လိုက်သည်။
"အင်းလေး ဘက်ကို ဆက်သွားမှာမလား boss"
"ဟုတ်တယ် Artro အင်းလေးမှာ နှစ်ရက်လောက်နေမှာ "
"အင်းလေးမှာ ဘာတွေရှိတာလဲ ဒယ်ဒီ"
"ဖေဖေတို့က အင်းလေးကိုရောက်ရင် တစ်ညနားမယ် နောက်နေ့မနက်မှာ ဖောင်တော်ဦး ဘုရားကိုသွားဖူးမယ် နောက်တစ်ရက် ရေပေါ်စျေးကို လိုက်ပို့မယ် ပြီးကျ မှ ပြန်ကြမှ"
"ပုဂံကလို ပူဖောင်းကြီးစီးရအုံးမှာလား "
"ဟင့်အင်း အင်းလေးမှာကအရမ်းထူးဆန်းတယ် အိမ်တွေ စျေးတွေက ရေပေါ်မှာယဆောက်ထားကြတာ ဒယ်ဒီတို့က လှေစီးပြီး လှည့်ပတ်ကြမှာ တည်းမဲ့နေရာကလည်း ရေပေါ်မှာပဲ ညကျရင် ကောင်းကင်ကြီးရယ် ရေပြင်ကြီးရယ် အင်းလေးသားတွေရဲ့ သီချင်းတွေက သိပ်လိုက်ဖက်တာ "
"ပျော်စရာကြီးပေါ့ ဖေဖေရော ကြိုက်လား"
"အင်း"
အချိန်ရလာတော့ ဟော်တယ်တစ်ခုမှာ နားသည်။နောက် နေ့မနက်ရောက်တော့ လှေ တစ်စီးလုံးအပျက်ငှားလိုက်သည်။လူတွေ များနေရင် သမီးလေးရော Saint အနေကြပ်မှာစိုးသည်။
"ဒယ်ဒီ သူတို့က ခြေထောက်နဲ့ လှော်တာလား"
"ဟုတ်တယ် သမီး မိုက်တယ် မလား"
"ဟုတ်"
ဖောင်တော်ဦးဘုရားသို့ရောက်တဲ့ အခါ လူက အနည်းငယ်ရှင်းနေတာကြောင့် သက်ပြင်းချနိုင်သည်။စောစောရောက်လာတာ ကောင်းသွားတာပေါ့ သမီးလေးကို ချီပြီး ဘုရားဖူးကာ လှည့်ပတ်ပြီး ဟော်တယ် ပြန်လာခဲ့သည်။ရေ၊လေ၊နေဒဏ်နဲ့ ကျွန်တော့်အသည်းငယ်တွေ ဖျားမှာ ကြောက်သည်ယထို့ကြောင့် မနက်ခင်းပိုင်း ဖူးပြီးတာနဲ့ဟော်တယ်မှာ ပြန်နားပြီး ဟောတယ်ထဲမှာပဲ အင်းလေးရဲ့အလှကို ကြည့်သည်။သမီးလေးလည်း နေ့လည်စာစားပြီးသည်နှင့် အိပ်နေသည်။saint က ဝရံတာလေးမှာ မတ်တပ်ရပ်နေပြီး ငေးကြည့်နေတာကြောင့် အနောက်ကနေခါးလေးကိုဖက်ကာ
"ပင်ပန်းနေပြီလား"
"မပင်ပန်းပါဘူး အစစအရာရာ မောင်ကပဲ ဦးဆောင်နေတာ "
"ခရီးထွက်တဲ့အခါ မင်းတို့ပင်ပန်းမှာစိုးတယ်လေ ပြန်တော့ နေပူတဲ့အခြမ်းမှာ မင်းကထိုင်နေတာ အင်္ကျီ လက်မအုံး"
"ရပါတယ် "
"ပြလို့"
အင်္ကျီအောက်က လက်ဖြူဖြူကလေးကနီရဲနေလေသည်။ကျွန်တော် ကြည့်ရင်း စိတ်ပူမိသည်။
"မောင့်ကြောင့်...."
"မဟုတ်ပါဘူး နေလောင်တာ ပဲကို "
"ဆေးလိမ်းရအောင်"
"မောင် ..."
မောင်က လုံးဝ ရွှင်ရွှင်ပြပြဖြစ်မနေတော့ နေလောင်တာလေးကို သူအစိုးရိမ်လွန်နေပြန်ပြီ
"နေလောင်တာလေးပဲတဲ့လား နေလောင်တာက အသာတွေ ဘယ်လောက်စပ်လဲ ဘာလို့ ဘာမှမဖြစ်ချင်ယောင်ဆောင်နေတာလဲ မောင်အသုံးမကျလို့ဖြစ်ရတာ"
"မဟုတ်ပါဘူး နေလောင်တာက မောင့်ကြောင့်မဟုတ်ဘူးလေ"
"မောင်ပိုဂရုစိုက်သင့်တာ သမီးလေးနဲ့ မင်းအပေါ် မောင်တာဝန်မကျေမှာကြောက်တယ်"
"မောင်ရယ်~~~~"
မောင်ရယ် ငါတို့အပေါ်ဒီလောက်တောင်ချစ်ရသလား
ဆေးလိမ်းပေးပြီး ကုတင်ပေါ် တတ်ခိုင်းကာ နားရင်း အိပ်ပါတဲ့လေ ညကျတော့ အားလုံး ဝရံတာမှာထိုင်ရင်း သဘာဝ ရဲ့အ လှတရားကို ရှုစားရင်း
"မောင် သမီးကို Plia ဆီသွားပို့လိုက်"
"ဟင် မောင်တို့နဲ့ ပဲသိပ်လိုက်မယ် လေ အဆင်ပြေပါတယ် "
"ငါသွားပို့လိုက်မယ်"
Saint သမီးကို ချီပြီး Plia အခန်းကိုသွားပေးလိုက်သည်။သူဘာတွေကြံစည်နေလဲ သူပဲသိသည်မို့ ပြုံးနေမိတယ်။ရှက်ဖို့ကောင်းပေမဲ့ ဟန်းနီးမွန်းဆိုတဲ့ နာမည်အောက်ယဒီကိစ္စရှိသင့်တယ်မလား ။ မောင်က အပြည့်အဝနားလည်ပေမဲ့ သူအမြဲရှောင်နေလို့ ရမှာမှ မဟုတ်တာ။
"ကိုကိုလို့ခေါ်"
"မင်းသဘောရှိရင် မောင်ကခေါ်ရမှာပေါ့"
"ခေါ်လေ အဲ့ဒါဆို"
"ကိုကိုဗျ"
ကုတင် စွန်းမှာ ထိုင်နေသည့် မောင့်ပေါ်ကို ခွတတ်လိုက်တော့ သူ့ထက်လူက ခေါင်းတစ်လုံးမြင့်သွားသည်လေ။မောင့် နဖူးလေးကို ညင်သာစွာနမ်းလိုက်သည်။ပြီးတော့ နှာခေါင်း ၊ပါးနှစ်ဖက်၊မေးစေ့ ရယ် နောက်ဆုံး နှုတ်ခမ်းတွေနူးနူးညံ့နမ်းရှိုက် လိုက်သည်။
"မောင့်ကို ငါအရမ်းချစ် တာပဲ "
"မောင်လည်းချစ်တယ် မင်းထက်မပိုဘူးဆိုရင်တောင် မလျော့ဘူး မောင့်ကို ချစ်ပေးလို့ ကျေးဇူးတင်ပါတယ် မင်းစိတ်ပျက်အောင်...."
စကားမဆုံးသေးဘူးနှုတ်ခမ်းပေါ်ရောက်လာတဲ့ နှုတ်ခမ်းသားနုနုလေးတွေ စုပ်ယူခံလိုက်ရပြီး မျက်လုံးတွေနဲ့စိုက်ကြည့်ရင်း
"အတိတ်ကအတိတ်ပဲ ပစ္စုပ္ပန် မှာ ချစ်သွားကြပြီး အနာဂတ်မှာ ပိုတိုးပြီးချစ်ကြမယ် ဒါဆို အတိတ်တွေက ပစ္စုပ္ပန်နဲ့ အနာဂတ်တိုင်းမှာ လှပနေတော့ အရူးငပေါ အတန်းခေါင်းဆောင်ရဲ့"
"မောင် ကိုကို့ ကိုချစ်လိုက်တာ"
လည်တိုင်တွေကို နစ်ဝင်မတတ်နမ်းပြီး ပါးကိုလည်း ခပ်ဖွဖွသာနမ်းသည်။ မောင်ကလုံးဝ စည်းကိုကျော်မလာသေး
"ငါတို့ ရှေ့ဆက်သွားကြမယ်"
မောင့်ရဲ့ အင်္ကျီကြယ်သီးကို ဖြုတ်တော့ မောင်က လက်ကို ဆုပ်ကိုင်ပြီး လက်ဖမိုးကိုအနမ်းတစ်ပွင့်ပေးလာသည်။
"ခရီးသွာနေရတာ ကိုကို ပင်ပန်းလိမ့်မယ် ကိုယ့်စိတ်ကို ဖိအားမပေးနဲ့ မောင်က ကိုကို့ကို ကြည့်နေရင်း ချစ်ပေးနေလို့ရတယ်
တဏှာရာဂ တွေ ဖြစ်လာရင်တောင် ကိုကို့ ကိုနာကျင်စေမှု တွေ မခံစားစေချင်ဘူး "
"မောင်....."
"ကိုကို လိုအပ်ရင် မောင်ရှိတယ်"
သူ့ရဲ့ နှုတ်ခမ်းကို လက်ညိုးထိုးကာညွှန်ပြလာသည်။ဒီကာ လတစ်လျှောက်လုံး မောင်က ငါ့ကို သူ့ပါးစပ်နဲ့ဖြေလျှော့ပေးသည်။သူ့အတွက်နဲ့ငါ့အသားကို ထိတောင်မထိဘူး
"မောင် အဲ့လိုမဟုတ်ဘူး ငါနာကျင်တာကို လက်ခံနိုင်တယ် ငါမောင်နဲ့တူတူ တဏှာတောထဲမှာ နစ်ချင်တယ် "
Saint ရဲ့စကားတွေကြောင့် Perth မျက်ရည်ဝဲတတ်သွားမိသည်။သူSaint ဆီက ယုံကြည်မှုကို ပြန်ရခဲ့ပြီ တဲ့လေ
@Period-K
ကျော်သွားမလား နောက်တစ်ပိုင်းဖောင်းဒိုင်းမလား ??
Seeyou
Zawgyi
"စေတီက သပ္ပာယ် လိုက်တာ"
"မောင်........"
"ဗျာ....!"
"ကျေးဇူး"
...............
"Saint မတ်တပ်ရပ်ကြည့်"
"လှလိုက်တာ "
"မင်းလောက်မလှပါဘူး"
"ဖေဖေတို့က အင်းလေးကိုရောက်ရင် တစ်ညနားမယ် နောက်နေ့မနက်မှာ ဖောင်တော်ဦး ဘုရားကိုသွားဖူးမယ် နောက်တစ်ရက် ရေပေါ်ဈေးကို လိုက်ပို့မယ် ပြီးကျ မှ ပြန်ကြမှ"
"ဟင့်အင်း အင်းလေးမှာကအရမ်းထူးဆန်းတယ် အိမ်တွေ ဈေးတွေက ရေပေါ်မှာယဆောက်ထားကြတာ ဒယ်ဒီတို့က လှေစီးပြီး လှည့်ပတ်ကြမှာ တည်းမဲ့နေရာကလည်း ရေပေါ်မှာပဲ ညကျရင် ကောင်းကင်ကြီးရယ် ရေပြင်ကြီးရယ် အင်းလေးသားတွေရဲ့ သီချင်းတွေက သိပ်လိုက်ဖက်တာ "
"အင်း"
"ဟုတ်"
"ပင်ပန်းနေပြီလား"
"ရပါတယ် "
"ပြလို့"
"မောင့်ကြောင့်...."
"ဆေးလိမ်းရအောင်"
"မောင် ..."
"မောင်ရယ်~~~~"
"ငါသွားပို့လိုက်မယ်"
"ကိုကိုလို့ခေါ်"
"ခေါ်လေ အဲ့ဒါဆို"
"ကိုကိုဗျ"
"မောင်....."
@Period-K
Seeyou