I'm so Sorry For that(Complet...

Por Period-K

24.7K 2.6K 1.2K

မင်း ကတယ်ကို ယုတ်မာလွန်းတယ် မင်း ကတယ္ကို ယုတ္မာလြန္းတယ္ Más

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chpter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chaper 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52(warning )
Chapter 53
Chapter 54(Final)

Chapter 45

427 48 10
Por Period-K

ဒီနေ့ မနက်အစောကြီး အိမ်ကိုရောက်လာတဲ့ ဧည့်သည်ကြောင့် Saint မှာ အိပ်ယာထဲခေါ်သိပ်ရတဲ့ ဖြစ်ခြင်း၊

မနက် ငါးနာရီထိုးကြီး ဖုန်းဆက်ကာ သူအိမ်ရှေ့ရောက်နေပြီ ဖြစ်ကြောင်းဖုန်းဆက်နှိုးတဲ့ Perth

Saint လည်း အိပ်ချင်သေးတာကြောင့် ခြံတံခါးသွားဖွင့်ပေးပြီး သူ့အခန်းထဲခေါ်လာပြီးသည်နှင့်

"ပါးစပ်ပိတ်ထား လာအိပ်"

"မအိပ်ချင်တော့ဘူးလေ မင်းကို တွေ့ချင်လို့စောစော လာတာကို ငါရုံးသွားရအုံးမှာ"

"၈ နာရီမှလေ ကွာ မအိပ်ချင်လဲ ငါ့ကိုဖက်ထားလိုက်"

Saint အအိပ်မက်သည်ကို Perth သိပါသည်။သူအစောကြီး ထလာရတာလည်း အလုပ်သွားရမှာ မို့လို့ မသွားမဖြစ်တာကြောင့် တစ်နေကုန် saint နဲ့တွေ့ရမည်မဟုတ်။အဲ့ကြောင့် အစောကြီးထလာပြီး လာတွေ့တာဖြစ်သည်။ဒီအိပ်ပုတ်က အိပ်ယာထဲခေါ်ပြီး သူ့ကိုဖက်ထားပါပြောသည်။

ချက်ချင်းပြန်အိပ်ပျော်သွားသည့် Saint ကြောင့် သူရင်ခွင်ထဲ ထည့်ပြီး မျက်နှာလေးကို ငေးကြည့်နေသည်။နှာခေါင်း လေးကစင်းပြီး နှုတ်ခမ်းလေးတွေကဖောင်းလျှက် ပါးမို့မို့လေးကဖိထားရတာကြောင့် နှုတ်ခမ်း လေးက ဆူထော်သယောင်

နဖူးလေးကို နမ်းလိုက် ဆံပင်အိအိ လေတွေ ကိုနမ်းလိုက်နှင့် အချစ်တွေ ပိုလွန်းရပါသည်။

"အင်း~~~"

အိပ်နေရင်း ညည်းသံလေးကြောင့်ပြုံးရပြန်သည်။တဖြည်းဖြည်း နေထွက်လာတော့ ပြတင်းပေါက်ကို ဖြတ်ကာ နေရောင်ခြည်တို့ကဖြတ်လာသည်။၆ နာရီခွဲဝန်းကျင်ဖြစ်နေပြီ ထို့ကြောင့် အိပ်ပုတ်လေးအား နိုးရပြန်သည်။

"Saint.......ထတော့လေ ရုံးသွားရမယ်မလား"

"ခဏလေး ငါမင်းကို ထခေါ်ရတာ အိပ်ရေးပျက်သွားတယ်လေ"

"ဟား ငါ့အပြစ်ပေါ့ ဒါပေမဲ့ ထတော့ရုံနောက်ကျလိမ့်မယ် "

"တော်ပြီကွာ ငါအိပ်အုံးမှာ "

Saint ကြောင့် သူအုပ်မိုးပြီး ပါးနှစ်ဖက်ကိုညစ်ကာ လှုပ်ရမ်းတော့ ဆူပုတ်ပုတ်လေးဖြင့် မျက်လုံးလေးဖွင့်လာသည်။ဖိညစ်ခံထားရတာကြောင့် ဆူထော်နေတာ က ချစ်ဖို့ကောင်းပြန်သည်။

"Perth~~~ ငါအိပ်အုံးမှာ"

မျက်လုံးလေတွေ ကအိပ်ချင်သေးတာကြောင့် အရည်ကြည်လေးတွေပြည့်လို့ ကျွန်တော်က သူ့ကို အုပ်မိုးထားရင်း အကြည့်ချင်းဆုံသည်၊ အကြည့်တွေက တစ်စက္ကန့်ထက်ပိုကြာလာတဲ့အခါ ရီဝေလာကြသည်။တစ်ဖြည်းဖြည်း နှုတ်ခမ်းတို့က မယိုးမယွဖြစ်လာကြသည်။တံတွေး တွေ ရုတ်တရက် မြိုချမိပြန်သည်။တိုးကပ်လာတဲ့ အကွာအဝေး တစ်ခု ထပ်တူကျသွားတဲ့ နှုတ်ခမ်းတို့က ရမ္မက်တွေများစွာဖြင့်

"~~~~"

စုပ်ယူနေသောနှုတ်ခမ်းတို့နဲ့ နှစ်ယောက်သားအပြန်အလှန်နမ်းရှိုက်ရင်း လျှာ အချင်းချင်းလိမ်ယှက်လျှက်၊ပါးစောင်သို့ သွားရေတို့ စီးကျသွားသည့်တိုင် အနမ်းတို့မရပ်တန့်သေး Perth ရဲ့ လက်က Saint ခါးအောက်သို့ လက်သွင်းကာ Saint ကိုယ်လေးကို သူ့ပေါ်သို့လိမ့်ကာတင်ပေးလိုက်သည်။

Saint အပေါ်မှာ ကားယားလေးထိုင်ကာ ထပ်မံပြီး နမ်းလာပြန်သည်။saint ရဲ့ ဦးဆောင်အနမ်းတို့ ကြောင့် Perth ရင်ထဲမှာ ကြည်နူးမှုတို့ပြည့်သိပ်လျှက် ရှိနေသည်။နောက် သူ့ရင်ဘက်ပေါ်ခေါင်းလေးတင်ပြီး အမောဖြေနေတဲ့ Saint

အင်္ကျီအောက်ထဲ လက်လျှိုကာ ကျောပြင်ကို ပွတ်သပ်ရင်း အောက်ဘက်သို့ ဆက်ဆင်းကာ ဘောင်းဘီထဲ သွင်းရင်း တင်းပါးလေးတွေဆုပ်နယ်လိုက်တော့ ချက်ချင်း အောက်သို့ပြေးဆင်းသွားလေရဲ့

"Saint....."

"ငါ....ငါရေးချိုတော့မယ်"

ကျွန်တော် စိတ်စောသွာသည်။ကြည်နူးစရာအချိန်လေးပေမဲ့ Saint ကဒါတွေကို လိုလားတဲ့သူမဟုတ်တာ ကျွန်တော်သိတယ် ကျွန်တော်ကိုယ်တိုင်ထိန်းမှ ဖြစ်မည်လေ။

.......

ရေချိုးခန်းထဲရောက်တော့ အဝတ်အစာတွေ အလျှင်အမြန်ချွတ်ကာ အောက်က မူမမှန်သည့် အရာသို့ငုံ့ကြည့်လိုက်သည်။Perth ပျောက်ကွယ်သွားကတည်း သူတစ်ခါမှ မထိတို့ဖူး ရှင်းရှင်းပြောရရင် ကလေးမွေးပြီးလို့ ပန်းများသေသွားပြီလားတောင် ထင်ထားခဲ့တာ နမ်းနေရုံနဲ့ မာလာရတယ်လို့ ပြီးတော့ Perth ကသူ့ကိုထပ်ထားခဲ့ရင်ဆိုတဲ့ အတွေးဝင်လာသည်။

ကိုရီးယားမှာ တုန်းက Perth နဲ့ လုပ်ဖြစ်ခဲ့ကြတယ်။Perth ကသူ့ကိုကောင်းပေးပြီး ကိစ္စတွေပြီးသွားတဲ့ အချိန် ပျောက်ကွယ်သွားခဲ့တယ်။အခုကရော ဒါကြောင့်ပဲ ထပ်ရောက်လာတာလား ဒါဆိုရင် သမီးလေးပါနာကျင်ရလိမ့်မယ်လေ

တွေးရင်ပင် နှလုံးသားတစ်ခုလုံးပေါက်ကွဲထွက်မလိုပဲ။အတွေးတွေ နယ်ကျွံလာရင် သေလောက်အောင် တစ်ယောက်တည်းခံစားရမြဲ။သူဘာကို မှ မတွေးချင် မစဥ်းစားချင် ဒါပေမဲ့ ရောက်လာခဲ့ရင်လည်း သူပဲသေမလိုခံစားရတာလေ။

"ဟင့်.....အင်း...*sob* "

"Saint......!"

Perth ငိုသံကြောင့် Saint နာမည်ကို တပ်ခေါ်ကာ ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။နရံထောင့်မှာ ဒူးလေးထောင်ကာ ထိုင်ငိုနေတဲ့ Saint ကိုတွေ့လိုက်ရတော့ တကယ်ကို အံ့သြတုန်လှုပ်သည်ထက်ပိုတဲ့ ခံစားချက်ကို ခံစားရသည်။

"ဘာဖြစ်လို့လဲ Saint ငါကိုကြောက်သွားတာလား ငါမင်းလက်မခံရင် ဘာမှ မလုပ်ဘူး ငါကတိပေးပါတယ် မငိုနဲ့ နော်"

"ငါ့ကို ထားမသွားဘူး မဟုတ်လား....ငါ့ဆီတကယ်ပြန်လာတာ မဟုတ်လား.....ဟင် ဒီကိစ္စတွေ ဒီကြောင့် ပြန်တာမဟုတ်ဘူး "

"ငါ မင်းနဲ့ သမီးလေးဆီကိုပြန်လာတာ ငါအကြောင်းအရင်းကြောင့်မှ မဟုတ်ဘူး မငိုနဲ့ "

Saint ကိုယ်လေး Perth ရင်ခွင်ထဲပြိုဆင်းလာသည်။တအိအိငိုနေတဲ့ Saint ကြောင့်အသနားပိုရသည်။Saint မှာ ဒဏ်ရာတွေအပြည့် ကြောက်ရွံ့မှုတွေ အပြည့်ရှိနေတာ သူသိသည်။အဲ့ကြောင့် သူပိုပြီး ဂရုစိုက်ရမယ်

"ရေချိုးတော့ ဖျားနေမယ်"

ရေချိုးခန်းထဲက ထွက်လာပြီး Saint အတွက် အဝတ်အစားတွေ သူကိုယ်တိုင်ထုတ်ပေးထားလိုက်သည်။ရေချိုးပြီး ထွက်လာတော့ ခေါင်းက ရေဆက်လက်ဖြင့် 

"ခေါင်းဘာလို့လျှော်တာလဲ အအေးပတ်တော့မယ်"

"...."

"ဘာရပ်နေတာလဲ ထိုင် မောင် ခေါင်းသုတ်ပေးမယ်"

Perth ဆီက မောင်ဆိုသည့် အသုံးအနှုန်းကြောင့် မျက်လုံးတောင်ပြူးကျယ်သွားရသည်။ဘယ်လို ဘယ်လို

ကျွန်တော့်ကို ခုံမှာ ထိုင်ခိုင်းပြီး သူက အနောက်ကနေခေါင်းကို သုတ်ပေးနေသည်။သူ့စကားကြောင့် ရင်ထဲမှာ အမျိုးအမည်မသိ ခံစားချက်တစ်ခု

"ဘာရယ် ......မောင် ဟုတ်လား"

"အင်းလေ မောင်က မင်းလေးထက်တစ်နှစ်ငယ်တယ်မဟုတ်လား"

"ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ "

"မောင် လို့အခေါ်ခံချင်လို့"

"မင်းရူးမနေနဲ့ "

သူ့လက်ထဲက တဘက်ကို ဆွဲယူပြီး ကိုယ်ဘာသာ ရေသုတ်ပြီး ထလိုက်တော့ ကုတင်ပေါ်မှာ အဆင့်သင့်ထုတ်ပြီးသားဝတ်စုံ အတွင်းခံကအစ

နှုတ်ခမ်းတွေကဘတွန့်ကျိုးကာ နေသည်။ပြုံးချင်တာထက် သူ့ကိုပြုံးမပြချင်၊

"ငါ့ကို ဖားနေတာပဲ"

"မဖားပါဘူး မွ အဝတ်အစားလဲထားနော် မောင်သမီးလေးကိုသွားနှိုးလိုက်မယ်"

ပါးကို နမ်းပြီး ထွက်သွားတဲ့ သူကို ကြည့်ပြီး ရင်ထဲမှာ ပီတိအပြည့်

Perth တစ်ယောက် ကျို့ကျို့ အခန်းတံခါးကို ခေါက်ပြီး ဝင်တော့ ကျို့ကျို့က ဝတ်စုံအပြည့်ဖြင့် ခေါင်း ဖြီးနေသည်။

"ကျို့ကျို့ ဒယ်ဒီ ခေါင်းစည်းပေး ရမလား"

"ဟုတ် ဒယ်ဒီမမ က  စာမေးပွဲဖြေနေလို့ ကျို့ကျို့ မစည်းခိုင်းတာ ဒါပေမဲ့ ကျို့ကျို့လည်း မစည်းတတ်ဘူး ဖြစ်နေတယ်"

"ဒယ်ဒီ သမီးလေးက လိမ္မာလိုက်တာ နောက်ဆို ဒယ်ဒီကအမြဲ ခေါင်းစည်းပေးမယ်"

"ဟုတ်"

ခေါင်းစည်းပြီးတော့ ကျွန်တော် ကျို့ကျို့လွယ်အိတ်လေးကို သယ်ပေးဖို့လုပ်တော့ သူကလွယ်ကို ပြန်ယူသည်။

"ကျို့ကျို့ ဘာသာ လွယ်မယ် ဒယ်ဒီ ကျို့ကျို့ ဒီလောက်ထိမလုပ်ပေးလည်းရပါတယ်"

ကျို့ကျို့က ပြုံးပြုံးလေးသာပြောသည်။ဒါပေမဲ့ Perth က သမီးရဲ့ ရင့်ကြပ်မှုကို သဘောမကျ လေးနှစ်အရွယ် ကလေးတစ်ယောက်အတွက်ဖိအားတွေ မျာခဲ့ရတာ သူ့အပြစ်။ဒါပေမဲ့ အပြစ်တွေကိုချေပဖို့ကအချိန်တန်နေပြီ။သမီးကို ခုံပေါ်တင်ပေးပြီး ဒူးထောက်ချကာ သမီးကို အရင်ဆုံးအနမ်းခပ်ဖွဖွပေးလိုက်သည်

"အချိန်ရသေးတော့ ဒယ်ဒီစကားခဏပြောချင်တယ်"

"ဟုတ်"

"ကျို့ကျို့ လေးအပေါ်မှာ ဒယ်ဒီက အများကြီး ပျက်ကွက် ခဲ့တယ် အခုချ်န်အထိတိုင်အောင်ပေါ့ ဒယ်ဒီက ကျို့ကျို့လေးအပေါ် ဘာပဲဖြစ်ဖြစ် အပြစ်လုပ်ခဲ့တယ်လို့ ယူဆထားတဲ့အတွက် ဒယ်ဒီက အပြစ်တွေ ခံယူရမယ် ပြီးတော့ ဒယ်ဒီ့ စိတ်ထဲ နှလုံးသားထဲက ကျို့ကျို့လေးက အရင်အချိန်တွေအစား အများကြီး နွေးထွေးပေးရမယ် အများကြီး ဂရုစိုက်ရမယ်

သမီးကို အတိုးချပြီး ပွေ့ဖက်ရမယ် နမိးရှိုက်ရမယ် ဒယ်ဒီ ကိုအခွင့်အရေးပေးမယ်မလား"

"...."

"သမီး  က အများကြီး ရင့်ကြပ်ပြီး အများကြီး လိမ္မာတယ် ဒါပေမဲ့ ဒယ်ဒီတို့အပေါ်သမီး ငယ်က ရင့်ကြပ်ဖို့ရာ မှ မလိုအပ်သေးတာ "

သမီး ကမျက်ဝန်းနက်လေးတွေ နဲ့စိုက်ကြည့်လာရှာသည်။

"ကျို့ကျို့အတွက် မပင်ပန်းစေချင်လို့ပါ"

"ကျို့ကျို့ အတွက် လုပ်ပေးရရင် မပင်ပန်းဘူး ဒယ်ဒီတို့အတွက် ကျို့ကျို့လေးက ဘုရားသခင်ရဲ့ လက်ဆောင်လေးတစ်ခုပဲ ဒယ်ဒီတို့ရဲ့ ကောင်းချီးဆုလာဘ်လေးအတွက် လုပ်ပေးရတာ ဒယ်ဒီတို့ကို ပိုပြီးပျော်ရွှင်စေတယ် "

"...."

"ကျို့ ထနပ် လေးကသန်မာတယ် ကလေး မဟုတ်တော့ဘူး ဆိုရင်တောင် ဒယ်ဒီတို့အတွက် ကျို့ ထနပ်လေးက ကလေးငယ်လေးပဲ ကျို့ကျို့လေးကို ဒယ်ဒီတို့အများကြီး ပံ့ပိုးရအုံး ပျိုးထောင်ရအုံးမယ် ဒယ်ဒီတို့ကို အခွင့်အရေးပေးမှာလား

လေးနှစ် အရွယ် သမီးလေးက အခြားကလေးတွေလို အများကြီးရယ်လို့လည်း ရတယ် ကစားလို့လည်း ရတယ် ကျို့ကျို့လေး မလုပ်နိုင်တာရှိရင် အကူအညီတောင်းခွင့်ရှိတယ် အားငယ်နေတဲ့ အချိန် ကျို့လေး ကြောက်နေတဲ့အချိန်တွေ မှာဆို ဒယ်ဒီကို ဒီလိုလေူဖက်ထားလို့ရတယ် ဒယ်ဒီမအားဘူး အလုပ်တွေ ရှုပ်နေတဲ့ အချိန်ဆိုရင် တောင် ဒယ်ဒီကို ကျို့လေးက ဖက်ထားပေးဖို့ပြောနိုင်တယ်"

"အဲ့လိုဆို ကျို့ကျို့ကို စိတ်ကုန်သွားမှာလား"

"ဒယ်ဒီရဲ့ သမီးကို ဒယ်ဒီဘယ်တော့မှ စိတ်ကုန်မှာ မဟုတ်ဘူး"

"ဒယ်ဒီက တကယ်ပဲ ပြန်လာပြီလားဟင်"

"ဒယ်ဒီတကယ်ပြန်လာပြီ ဒယ်ဒီ ကကျို့ကျို့လေးနဲ့ ဖေဖေ့ ကို ထပ်ပြီး နာကျင်အောင်မလုပ်တော့ဘူး ကတိပေးတယ်နော်"

"ဒါဆို ဒယ်ဒီရယ် ဖေဖေ ရယ်အတူတူ ကျောင်းကိုလိုက်ပို့ပေးလို့ရမလား ကျို့ကျို့လေ သူများတွေလို ဒယ်ဒီတို့ရဲ့ လက်ကိုတွဲပြီး ကျောင်းကိုသွားချင်လို့ "

"ရတာပေါ့ ကျို့ကျို့လေးကို  လိုက်ပို့မှာပေါ့ မနက်စာ အတူစားမယ် နေ့လည်စာလည်း အတူစားမယ် အမြဲ အတူတူ ရှိနေကြမယ် "

"ကျေးဇူးတင်ပါတယ် ဒယ်ဒီ "

ကျို့ကျို့လေး ကျွန်တော့်ကို ဖက်ထားသည်နှင့် ပွေ့ချီပြီးအောက်ထက်ကို ဆင်းလာခဲ့သည်ခုံပေါ်သေချာနေရာချပေးပြီး မနက်စာ အတွက် သမီးကို ဂရုတစိုက်ခွံ့ကျွေးတော့

"ကျို့ကျို့က သူ့ဒယ်ဒီခွံ့ကျွေးတော့စားတယ်ပေါ့"

"ဟီး...."

ကျို့ကျို့ဆီက အပြုံးနဲ့အတူ ရယ်သံလေးပါထွက်လာတော့အားလုံးလည်း ပြုံးလို့ရယ်လို့ပင်

@Period-K

Seeyou 😞

Zawgyi

ဒီေန႕ မနက္အေစာႀကီး အိမ္ကိုေရာက္လာတဲ့ ဧည့္သည္ေၾကာင့္ Saint မွာ အိပ္ယာထဲေခၚသိပ္ရတဲ့ ျဖစ္ျခင္း၊

မနက္ ငါးနာရီထိုးႀကီး ဖုန္းဆက္ကာ သူအိမ္ေရွ႕ေရာက္ေနၿပီ ျဖစ္ေၾကာင္းဖုန္းဆက္ႏွိုးတဲ့ Perth

Saint လည္း အိပ္ခ်င္ေသးတာေၾကာင့္ ၿခံတံခါးသြားဖြင့္ေပးၿပီး သူ႕အခန္းထဲေခၚလာၿပီးသည္ႏွင့္

"ပါးစပ္ပိတ္ထား လာအိပ္"

"မအိပ္ခ်င္ေတာ့ဘူးေလ မင္းကို ေတြ႕ခ်င္လို႔ေစာေစာ လာတာကို ငါ႐ုံးသြားရအုံးမွာ"

"၈ နာရီမွေလ ကြာ မအိပ္ခ်င္လဲ ငါ့ကိုဖက္ထားလိုက္"

Saint အအိပ္မက္သည္ကို Perth သိပါသည္။သူအေစာႀကီး ထလာရတာလည္း အလုပ္သြားရမွာ မို႔လို႔ မသြားမျဖစ္တာေၾကာင့္ တစ္ေနကုန္ saint နဲ႕ေတြ႕ရမည္မဟုတ္။အဲ့ေၾကာင့္ အေစာႀကီးထလာၿပီး လာေတြ႕တာျဖစ္သည္။ဒီအိပ္ပုတ္က အိပ္ယာထဲေခၚၿပီး သူ႕ကိုဖက္ထားပါေျပာသည္။

ခ်က္ခ်င္းျပန္အိပ္ေပ်ာ္သြားသည့္ Saint ေၾကာင့္ သူရင္ခြင္ထဲ ထည့္ၿပီး မ်က္ႏွာေလးကို ေငးၾကည့္ေနသည္။ႏွာေခါင္း ေလးကစင္းၿပီး ႏႈတ္ခမ္းေလးေတြကေဖာင္းလွ်က္ ပါးမို႔မို႔ေလးကဖိထားရတာေၾကာင့္ ႏႈတ္ခမ္း ေလးက ဆူေထာ္သေယာင္

နဖူးေလးကို နမ္းလိုက္ ဆံပင္အိအိ ေလေတြ ကိုနမ္းလိုက္ႏွင့္ အခ်စ္ေတြ ပိုလြန္းရပါသည္။

"အင္း~~~"

အိပ္ေနရင္း ညည္းသံေလးေၾကာင့္ၿပဳံးရျပန္သည္။တျဖည္းျဖည္း ေနထြက္လာေတာ့ ျပတင္းေပါက္ကို ျဖတ္ကာ ေနေရာင္ျခည္တို႔ကျဖတ္လာသည္။၆ နာရီခြဲဝန္းက်င္ျဖစ္ေနၿပီ ထို႔ေၾကာင့္ အိပ္ပုတ္ေလးအား နိုးရျပန္သည္။

"Saint.......ထေတာ့ေလ ႐ုံးသြားရမယ္မလား"

"ခဏေလး ငါမင္းကို ထေခၚရတာ အိပ္ေရးပ်က္သြားတယ္ေလ"

"ဟား ငါ့အျပစ္ေပါ့ ဒါေပမဲ့ ထေတာ့႐ုံေနာက္က်လိမ့္မယ္ "

"ေတာ္ၿပီကြာ ငါအိပ္အုံးမွာ "

Saint ေၾကာင့္ သူအုပ္မိုးၿပီး ပါးႏွစ္ဖက္ကိုညစ္ကာ လႈပ္ရမ္းေတာ့ ဆူပုတ္ပုတ္ေလးျဖင့္ မ်က္လုံးေလးဖြင့္လာသည္။ဖိညစ္ခံထားရတာေၾကာင့္ ဆူေထာ္ေနတာ က ခ်စ္ဖို႔ေကာင္းျပန္သည္။

"Perth~~~ ငါအိပ္အုံးမွာ"

မ်က္လုံးေလေတြ ကအိပ္ခ်င္ေသးတာေၾကာင့္ အရည္ၾကည္ေလးေတြျပည့္လို႔ ကြၽန္ေတာ္က သူ႕ကို အုပ္မိုးထားရင္း အၾကည့္ခ်င္းဆုံသည္၊ အၾကည့္ေတြက တစ္စကၠန့္ထက္ပိုၾကာလာတဲ့အခါ ရီေဝလာၾကသည္။တစ္ျဖည္းျဖည္း ႏႈတ္ခမ္းတို႔က မယိုးမယြျဖစ္လာၾကသည္။တံေတြး ေတြ ႐ုတ္တရက္ ၿမိဳခ်မိျပန္သည္။တိုးကပ္လာတဲ့ အကြာအေဝး တစ္ခု ထပ္တူက်သြားတဲ့ ႏႈတ္ခမ္းတို႔က ရမၼက္ေတြမ်ားစြာျဖင့္

"~~~~"

စုပ္ယူေနေသာႏႈတ္ခမ္းတို႔နဲ႕ ႏွစ္ေယာက္သားအျပန္အလွန္နမ္းရွိုက္ရင္း လွ်ာ အခ်င္းခ်င္းလိမ္ယွက္လွ်က္၊ပါးေစာင္သို႔ သြားေရတို႔ စီးက်သြားသည့္တိုင္ အနမ္းတို႔မရပ္တန့္ေသး Perth ရဲ႕ လက္က Saint ခါးေအာက္သို႔ လက္သြင္းကာ Saint ကိုယ္ေလးကို သူ႕ေပၚသို႔လိမ့္ကာတင္ေပးလိုက္သည္။

Saint အေပၚမွာ ကားယားေလးထိုင္ကာ ထပ္မံၿပီး နမ္းလာျပန္သည္။saint ရဲ႕ ဦးေဆာင္အနမ္းတို႔ ေၾကာင့္ Perth ရင္ထဲမွာ ၾကည္ႏူးမႈတို႔ျပည့္သိပ္လွ်က္ ရွိေနသည္။ေနာက္ သူ႕ရင္ဘက္ေပၚေခါင္းေလးတင္ၿပီး အေမာေျဖေနတဲ့ Saint

အကၤ်ီေအာက္ထဲ လက္လွ်ိုကာ ေက်ာျပင္ကို ပြတ္သပ္ရင္း ေအာက္ဘက္သို႔ ဆက္ဆင္းကာ ေဘာင္းဘီထဲ သြင္းရင္း တင္းပါးေလးေတြဆုပ္နယ္လိုက္ေတာ့ ခ်က္ခ်င္း ေအာက္သို႔ေျပးဆင္းသြားေလရဲ႕

"Saint....."

"ငါ....ငါေရးခ်ိဳေတာ့မယ္"

ကြၽန္ေတာ္ စိတ္ေစာသြာသည္။ၾကည္ႏူးစရာအခ်ိန္ေလးေပမဲ့ Saint ကဒါေတြကို လိုလားတဲ့သူမဟုတ္တာ ကြၽန္ေတာ္သိတယ္ ကြၽန္ေတာ္ကိုယ္တိုင္ထိန္းမွ ျဖစ္မည္ေလ။

.......

ေရခ်ိဳးခန္းထဲေရာက္ေတာ့ အဝတ္အစာေတြ အလွ်င္အျမန္ခြၽတ္ကာ ေအာက္က မူမမွန္သည့္ အရာသို႔ငုံ႕ၾကည့္လိုက္သည္။Perth ေပ်ာက္ကြယ္သြားကတည္း သူတစ္ခါမွ မထိတို႔ဖူး ရွင္းရွင္းေျပာရရင္ ကေလးေမြးၿပီးလို႔ ပန္းမ်ားေသသြားၿပီလားေတာင္ ထင္ထားခဲ့တာ နမ္းေန႐ုံနဲ႕ မာလာရတယ္လို႔ ၿပီးေတာ့ Perth ကသူ႕ကိုထပ္ထားခဲ့ရင္ဆိုတဲ့ အေတြးဝင္လာသည္။

ကိုရီးယားမွာ တုန္းက Perth နဲ႕ လုပ္ျဖစ္ခဲ့ၾကတယ္။Perth ကသူ႕ကိုေကာင္းေပးၿပီး ကိစၥေတြၿပီးသြားတဲ့ အခ်ိန္ ေပ်ာက္ကြယ္သြားခဲ့တယ္။အခုကေရာ ဒါေၾကာင့္ပဲ ထပ္ေရာက္လာတာလား ဒါဆိုရင္ သမီးေလးပါနာက်င္ရလိမ့္မယ္ေလ

ေတြးရင္ပင္ ႏွလုံးသားတစ္ခုလုံးေပါက္ကြဲထြက္မလိုပဲ။အေတြးေတြ နယ္ကြၽံလာရင္ ေသေလာက္ေအာင္ တစ္ေယာက္တည္းခံစားရၿမဲ။သူဘာကို မွ မေတြးခ်င္ မစဥ္းစားခ်င္ ဒါေပမဲ့ ေရာက္လာခဲ့ရင္လည္း သူပဲေသမလိုခံစားရတာေလ။

"ဟင့္.....အင္း...*sob* "

"Saint......!"

Perth ငိုသံေၾကာင့္ Saint နာမည္ကို တပ္ေခၚကာ ေရခ်ိဳးခန္းတံခါးကိုဆြဲဖြင့္လိုက္သည္။နရံေထာင့္မွာ ဒူးေလးေထာင္ကာ ထိုင္ငိုေနတဲ့ Saint ကိုေတြ႕လိုက္ရေတာ့ တကယ္ကို အံ့ၾသတုန္လႈပ္သည္ထက္ပိုတဲ့ ခံစားခ်က္ကို ခံစားရသည္။

"ဘာျဖစ္လို႔လဲ Saint ငါကိုေၾကာက္သြားတာလား ငါမင္းလက္မခံရင္ ဘာမွ မလုပ္ဘူး ငါကတိေပးပါတယ္ မငိုနဲ႕ ေနာ္"

"ငါ့ကို ထားမသြားဘူး မဟုတ္လား....ငါ့ဆီတကယ္ျပန္လာတာ မဟုတ္လား.....ဟင္ ဒီကိစၥေတြ ဒီေၾကာင့္ ျပန္တာမဟုတ္ဘူး "

"ငါ မင္းနဲ႕ သမီးေလးဆီကိုျပန္လာတာ ငါအေၾကာင္းအရင္းေၾကာင့္မွ မဟုတ္ဘူး မငိုနဲ႕ "

Saint ကိုယ္ေလး Perth ရင္ခြင္ထဲၿပိဳဆင္းလာသည္။တအိအိငိုေနတဲ့ Saint ေၾကာင့္အသနားပိုရသည္။Saint မွာ ဒဏ္ရာေတြအျပည့္ ေၾကာက္႐ြံ႕မႈေတြ အျပည့္ရွိေနတာ သူသိသည္။အဲ့ေၾကာင့္ သူပိုၿပီး ဂ႐ုစိုက္ရမယ္

"ေရခ်ိဳးေတာ့ ဖ်ားေနမယ္"

ေရခ်ိဳးခန္းထဲက ထြက္လာၿပီး Saint အတြက္ အဝတ္အစားေတြ သူကိုယ္တိုင္ထုတ္ေပးထားလိုက္သည္။ေရခ်ိဳးၿပီး ထြက္လာေတာ့ ေခါင္းက ေရဆက္လက္ျဖင့္ 

"ေခါင္းဘာလို႔ေလွ်ာ္တာလဲ အေအးပတ္ေတာ့မယ္"

"...."

"ဘာရပ္ေနတာလဲ ထိုင္ ေမာင္ ေခါင္းသုတ္ေပးမယ္"

Perth ဆီက ေမာင္ဆိုသည့္ အသုံးအႏႈန္းေၾကာင့္ မ်က္လုံးေတာင္ျပဴးက်ယ္သြားရသည္။ဘယ္လို ဘယ္လို

ကြၽန္ေတာ့္ကို ခုံမွာ ထိုင္ခိုင္းၿပီး သူက အေနာက္ကေနေခါင္းကို သုတ္ေပးေနသည္။သူ႕စကားေၾကာင့္ ရင္ထဲမွာ အမ်ိဳးအမည္မသိ ခံစားခ်က္တစ္ခု

"ဘာရယ္ ......ေမာင္ ဟုတ္လား"

"အင္းေလ ေမာင္က မင္းေလးထက္တစ္ႏွစ္ငယ္တယ္မဟုတ္လား"

"႐ုတ္တရက္ႀကီး ဘာထျဖစ္တာလဲ "

"ေမာင္ လို႔အေခၚခံခ်င္လို႔"

"မင္း႐ူးမေနနဲ႕ "

သူ႕လက္ထဲက တဘက္ကို ဆြဲယူၿပီး ကိုယ္ဘာသာ ေရသုတ္ၿပီး ထလိုက္ေတာ့ ကုတင္ေပၚမွာ အဆင့္သင့္ထုတ္ၿပီးသားဝတ္စုံ အတြင္းခံကအစ

ႏႈတ္ခမ္းေတြကဘတြန့္က်ိဳးကာ ေနသည္။ၿပဳံးခ်င္တာထက္ သူ႕ကိုၿပဳံးမျပခ်င္၊

"ငါ့ကို ဖားေနတာပဲ"

"မဖားပါဘူး မြ အဝတ္အစားလဲထားေနာ္ ေမာင္သမီးေလးကိုသြားႏွိုးလိုက္မယ္"

ပါးကို နမ္းၿပီး ထြက္သြားတဲ့ သူကို ၾကည့္ၿပီး ရင္ထဲမွာ ပီတိအျပည့္

Perth တစ္ေယာက္ က်ိဳ႕က်ိဳ႕ အခန္းတံခါးကို ေခါက္ၿပီး ဝင္ေတာ့ က်ိဳ႕က်ိဳ႕က ဝတ္စုံအျပည့္ျဖင့္ ေခါင္း ၿဖီးေနသည္။

"က်ိဳ႕က်ိဳ႕ ဒယ္ဒီ ေခါင္းစည္းေပး ရမလား"

"ဟုတ္ ဒယ္ဒီမမ က  စာေမးပြဲေျဖေနလို႔ က်ိဳ႕က်ိဳ႕ မစည္းခိုင္းတာ ဒါေပမဲ့ က်ိဳ႕က်ိဳ႕လည္း မစည္းတတ္ဘူး ျဖစ္ေနတယ္"

"ဒယ္ဒီ သမီးေလးက လိမၼာလိုက္တာ ေနာက္ဆို ဒယ္ဒီကအၿမဲ ေခါင္းစည္းေပးမယ္"

"ဟုတ္"

ေခါင္းစည္းၿပီးေတာ့ ကြၽန္ေတာ္ က်ိဳ႕က်ိဳ႕လြယ္အိတ္ေလးကို သယ္ေပးဖို႔လုပ္ေတာ့ သူကလြယ္ကို ျပန္ယူသည္။

"က်ိဳ႕က်ိဳ႕ ဘာသာ လြယ္မယ္ ဒယ္ဒီ က်ိဳ႕က်ိဳ႕ ဒီေလာက္ထိမလုပ္ေပးလည္းရပါတယ္"

က်ိဳ႕က်ိဳ႕က ၿပဳံးၿပဳံးေလးသာေျပာသည္။ဒါေပမဲ့ Perth က သမီးရဲ႕ ရင့္ၾကပ္မႈကို သေဘာမက် ေလးႏွစ္အ႐ြယ္ ကေလးတစ္ေယာက္အတြက္ဖိအားေတြ မ်ာခဲ့ရတာ သူ႕အျပစ္။ဒါေပမဲ့ အျပစ္ေတြကိုေခ်ပဖို႔ကအခ်ိန္တန္ေနၿပီ။သမီးကို ခုံေပၚတင္ေပးၿပီး ဒူးေထာက္ခ်ကာ သမီးကို အရင္ဆုံးအနမ္းခပ္ဖြဖြေပးလိုက္သည္

"အခ်ိန္ရေသးေတာ့ ဒယ္ဒီစကားခဏေျပာခ်င္တယ္"

"ဟုတ္"

"က်ိဳ႕က်ိဳ႕ ေလးအေပၚမွာ ဒယ္ဒီက အမ်ားႀကီး ပ်က္ကြက္ ခဲ့တယ္ အခုခ်္န္အထိတိုင္ေအာင္ေပါ့ ဒယ္ဒီက က်ိဳ႕က်ိဳ႕ေလးအေပၚ ဘာပဲျဖစ္ျဖစ္ အျပစ္လုပ္ခဲ့တယ္လို႔ ယူဆထားတဲ့အတြက္ ဒယ္ဒီက အျပစ္ေတြ ခံယူရမယ္ ၿပီးေတာ့ ဒယ္ဒီ့ စိတ္ထဲ ႏွလုံးသားထဲက က်ိဳ႕က်ိဳ႕ေလးက အရင္အခ်ိန္ေတြအစား အမ်ားႀကီး ေႏြးေထြးေပးရမယ္ အမ်ားႀကီး ဂ႐ုစိုက္ရမယ္

သမီးကို အတိုးခ်ၿပီး ေပြ႕ဖက္ရမယ္ နမိးရွိုက္ရမယ္ ဒယ္ဒီ ကိုအခြင့္အေရးေပးမယ္မလား"

"...."

"သမီး  က အမ်ားႀကီး ရင့္ၾကပ္ၿပီး အမ်ားႀကီး လိမၼာတယ္ ဒါေပမဲ့ ဒယ္ဒီတို႔အေပၚသမီး ငယ္က ရင့္ၾကပ္ဖို႔ရာ မွ မလိုအပ္ေသးတာ "

သမီး ကမ်က္ဝန္းနက္ေလးေတြ နဲ႕စိုက္ၾကည့္လာရွာသည္။

"က်ိဳ႕က်ိဳ႕အတြက္ မပင္ပန္းေစခ်င္လို႔ပါ"

"က်ိဳ႕က်ိဳ႕ အတြက္ လုပ္ေပးရရင္ မပင္ပန္းဘူး ဒယ္ဒီတို႔အတြက္ က်ိဳ႕က်ိဳ႕ေလးက ဘုရားသခင္ရဲ႕ လက္ေဆာင္ေလးတစ္ခုပဲ ဒယ္ဒီတို႔ရဲ႕ ေကာင္းခ်ီးဆုလာဘ္ေလးအတြက္ လုပ္ေပးရတာ ဒယ္ဒီတို႔ကို ပိုၿပီးေပ်ာ္႐ႊင္ေစတယ္ "

"...."

"က်ိဳ႕ ထနပ္ ေလးကသန္မာတယ္ ကေလး မဟုတ္ေတာ့ဘူး ဆိုရင္ေတာင္ ဒယ္ဒီတို႔အတြက္ က်ိဳ႕ ထနပ္ေလးက ကေလးငယ္ေလးပဲ က်ိဳ႕က်ိဳ႕ေလးကို ဒယ္ဒီတို႔အမ်ားႀကီး ပံ့ပိုးရအုံး ပ်ိဳးေထာင္ရအုံးမယ္ ဒယ္ဒီတို႔ကို အခြင့္အေရးေပးမွာလား

ေလးႏွစ္ အ႐ြယ္ သမီးေလးက အျခားကေလးေတြလို အမ်ားႀကီးရယ္လို႔လည္း ရတယ္ ကစားလို႔လည္း ရတယ္ က်ိဳ႕က်ိဳ႕ေလး မလုပ္နိုင္တာရွိရင္ အကူအညီေတာင္းခြင့္ရွိတယ္ အားငယ္ေနတဲ့ အခ်ိန္ က်ိဳ႕ေလး ေၾကာက္ေနတဲ့အခ်ိန္ေတြ မွာဆို ဒယ္ဒီကို ဒီလိုေလူဖက္ထားလို႔ရတယ္ ဒယ္ဒီမအားဘူး အလုပ္ေတြ ရႈပ္ေနတဲ့ အခ်ိန္ဆိုရင္ ေတာင္ ဒယ္ဒီကို က်ိဳ႕ေလးက ဖက္ထားေပးဖို႔ေျပာနိုင္တယ္"

"အဲ့လိုဆို က်ိဳ႕က်ိဳ႕ကို စိတ္ကုန္သြားမွာလား"

"ဒယ္ဒီရဲ႕ သမီးကို ဒယ္ဒီဘယ္ေတာ့မွ စိတ္ကုန္မွာ မဟုတ္ဘူး"

"ဒယ္ဒီက တကယ္ပဲ ျပန္လာၿပီလားဟင္"

"ဒယ္ဒီတကယ္ျပန္လာၿပီ ဒယ္ဒီ ကက်ိဳ႕က်ိဳ႕ေလးနဲ႕ ေဖေဖ့ ကို ထပ္ၿပီး နာက်င္ေအာင္မလုပ္ေတာ့ဘူး ကတိေပးတယ္ေနာ္"

"ဒါဆို ဒယ္ဒီရယ္ ေဖေဖ ရယ္အတူတူ ေက်ာင္းကိုလိုက္ပို႔ေပးလို႔ရမလား က်ိဳ႕က်ိဳ႕ေလ သူမ်ားေတြလို ဒယ္ဒီတို႔ရဲ႕ လက္ကိုတြဲၿပီး ေက်ာင္းကိုသြားခ်င္လို႔ "

"ရတာေပါ့ က်ိဳ႕က်ိဳ႕ေလးကို  လိုက္ပို႔မွာေပါ့ မနက္စာ အတူစားမယ္ ေန႕လည္စာလည္း အတူစားမယ္ အၿမဲ အတူတူ ရွိေနၾကမယ္ "

"ေက်းဇူးတင္ပါတယ္ ဒယ္ဒီ "

က်ိဳ႕က်ိဳ႕ေလး ကြၽန္ေတာ့္ကို ဖက္ထားသည္ႏွင့္ ေပြ႕ခ်ီၿပီးေအာက္ထက္ကို ဆင္းလာခဲ့သည္ခုံေပၚေသခ်ာေနရာခ်ေပးၿပီး မနက္စာ အတြက္ သမီးကို ဂ႐ုတစိုက္ခြံ႕ေကြၽးေတာ့

"က်ိဳ႕က်ိဳ႕က သူ႕ဒယ္ဒီခြံ႕ေကြၽးေတာ့စားတယ္ေပါ့"

"ဟီး...."

က်ိဳ႕က်ိဳ႕ဆီက အၿပဳံးနဲ႕အတူ ရယ္သံေလးပါထြက္လာေတာ့အားလုံးလည္း ၿပဳံးလို႔ရယ္လို႔ပင္

@Period-K

Seeyou 😞





Seguir leyendo

También te gustarán

9.9K 558 15
SonPin story credits to the writer Katyzayn
694K 50.8K 103
ခင်ဗျားတော့ကျုပ်လက်ကပြေးမလွတ်တော့ပါဘူး။ကျုပ်ရင်ခွင်ထဲကိုလာဖို့သာပြင်ပေတော့... မလာဘူးလား...မလာရင်ကျုပ်ကမရရအောင်ဆွဲခေါ်မှာလေခင်ဗျားရဲ့... ဇမ္ဗူထက်ရှား ...
1.7M 105K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
80.1K 11.1K 47
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...