အရုပ်တွေနဲ့ ဆော့ရမဲ့အချိန် ဖြစ်တာကြောင့် အခန်းအတွင်း ကလေးတွေ က ဆူညံနေသည်။ရယ်သံလေးတွေနဲ့ ပြည့်နေတာကြောင့် ဆူညံသည်ဟုလည်း မသုံးနိုင်ပြန်ဘူး။
နေရာတကျ ထိုင်ကာ တီချယ်လိုက်ဝေပေးသည့် အရုပ်တို့ လက်နှစ်ဖက်နဲ့ တရိုတသေယူကြသည်။
"ကျို့ ထနပ် လေးအတွက်"
"ကျေးဇူးတင်ပါတယ် တီချယ်"
လက်အုပ်ကလေး ချီကာ ကျေးဇူးတင်စကားပြောသည့် ကလေးငယ်က အတော်လေး ချစ်ဖို့ကောင်းလွန်းနေသည်။အရုပ်တွေ ကိုယ်စီရသွားတော့ အစုလိုက်အဖွဲ့လိုက်အတူတူ ရယ်မောကာဆော့နေကြလေသည်။
"အီး....ဟင့်....."
"လီဆူ ဘာလို့ ငိုနေတာလဲ"
"ငါ့အရုပ်ကို သူလုသွားတယ် သူ့အရုပ်ကြီး မကြိုက်ပါဘူးဆိုနေတာကို "
..........
"Hello Kyot Tanap ရဲ့ အုပ်ထိန်းသူလား ရှင့်"
"ဗျာ ဟုတ်ပါတယ် ကျွန်တော်က ကျို့ကျို့လေးရဲ့ အဖေပါ "
"Kyot Tanap လေးက ကလေးတစ်ယောက်ကို ရိုက်လိုက်လို့ပါ။ သူငယ်ချင်းတွေ စုပြီး ကလေးကို အနိုင်ကျင့်ခိုင်းပြီး ဦးဆောင်နေလို့ပါ ကျောင်းကို အမြန်ဆုံး လာခဲ့ပေးပါနော်"
သတင်းကြားကြားချင်း မူကြိုကျောင်းသို့ အမြန်နှုန်းနဲ့ပြေးရသည်။ကျို့ကျို့လေးက အုပ်စုဖွဲ့ပြီး အနိုင်ကျင့်နေတယ်တဲ့လား။
ကျောင်းကိုရောက်တော့ သူကျောင်းခန်းကို လာခဲ့သည်။လီယန် ဆိုသည့် အမျိုးသမီးကပါရောက်နေတာကြောင့် သူလည်း တိုင်တန်းခံရလို့ထင်သည်။နောက်ထပ် ကလေးတစ်ယောက် ကိုချီထားတဲ့ အမျိုးသမီးက တော့ ကျွန်တော့်ကို အစိမ်းလိုက်ချို့ဖဲ့ကာ စားတော့မည့်အကြည့်ဖြင့်
"ကျို့ကျို့ ဘယ်လိုဖြစ်ရတာလဲ"
ခုံပေါ်မှာ ထိုင်နေသည့် ကျို့ကျို့ ပုခုံးလေးကို ကိုင်ကာ ကျို့ကျို့လေး ရှေ့ ဒူးထောက်ချလိုက်သည်။သမီးက ဘာမှမဟုတ်ဘဲ တော့ သူများပို နာကျင်အောင် လုပ်မှာမဟုတ်ဘူးလေ
"ကျို့ကျို့က သူ့ကို ဆုံးမတာပါ သူက လီဆူရဲ့ အရုပ်ကို လုပြီး သူ့မလှတဲ့အရုပ်ကြီး ပေးခဲ့တယ်လေ
အဲ့ဒါက သူအကျင့် စာရိတ္တ မကောင်းဘူး ပျက်ပြားနေတာ အတိအကျပဲ သူ့မိဘတွေကလည်း ဆုံးမထားပုံမပေါ်ဘူး ဖေဖေ အဲ့တာကြောင် ကျို့ကျို့က
အနိုင်ကျင့်တယ်ဆိုတာက မကောင်းဘူး ဆိုတာသိအောင်ဆုံးမတာပါ
သူငယ်ချင်းတွေကလည်း အဲ့လိုမလိမ္မာတဲ့ကလေးကို ဆုံးမချင်မယ်ထင်ပြီး ကျို့ကျို့ကရိုက်ခိုင်းလိုက်တာပါ"
ကျို့ကျို့ရဲ့စကားအရှည်ကြီးကြောင့် ကျွန်တော့် ကျောကြီး ပေါက်ထွက်မတတ်အကြည့်ခံနေရပြီဆိုတာသိနေသည်။ဘယ်လိုတောင် စကားတတ်တဲ့ကလေးလဲ။ဒါပေမဲ့ တစ်ဖက်သားရှေ့ ထင်ထင်ပေါ်ပေါ် ကြီးပြောစရာမှ မလိုဘဲ ဒါပေမဲ့လည်း ကျို့ကျို့လေး လုံးဝမမှားဘူး
"ကယ် ဆရာမ ကြားတဲ့အတိုင်းပါပဲ ဒါပေမဲ့လည်း ကျွန်တော့်ဘက်က ဟိုဘက်ကကလေးကို ဆေးကုသစရိတ်လျှော်ပေးပါ့မယ်"
"ဆေးကုသစရိတ်ဟုတ်လား ကလေးအဖေ .... ကျွန်မက ကျွန်မသားကို သွန်သင်ဆုံးမထားတာ ဟိုဖက်ကမ်းတောင်လွန်တယ်
ကလေးဖြစ်ပြီး စကားကြီးစကားကျယ် တွေ ပြောနေတာ နင့်အမေက သာ နင့်ကို မဆုံးမထားတာ အခုချက်ချင့် ငါ့သားကို လာတောင်းပန် "
တသ်ဖက်မိဘ၏ စကားကြောင့် ကျွန်တော် လက်သီးကိုကျစ်နေအောင် ဆုပ်လိုက်မိသည်။ဘာကိစ္စ အမေဆိုသည့်စကားကပါလာရတာလဲ ။ကျွန်တော် ထိုအမျိုးသမီးကို ပြန်ပြောဖို့အတွက် ပါးစပ်ပြင်ရုံလေးမှာ
"ကျို့ကျို့မှာ မေမေ မရှိဘူး"
"သမီး"
"ကျို့ကျို့ ဖေဖေနဲ့ ဦးဦးတွေ မမတွေက သင်ပေးတယ် အင့်.....မေမေ မရှိတာ ဘာဖြစ်လို့လဲဟင် ကျို့ကျို့အပြစ်လား ကျို့ကျို့....*sob* မှာ မေမေမရှိတာ အပြစ်လား ဒေါ်ဒေါ် ဟင့်...ကျို့ကျို့မတောင်းပန်ဘူး သူကလီဆူကို အနိုင်ကျင့်လို့ ဆုံးမတာ အဲ့အတွက် ကျို့ကျို့က မှန်တယ် ဟုတ်တယ်မ လား ဖေဖေ "
ကျွန်တော့်ကို ဖက်ကာ သမီးကငိုသည်။လေးနှစ်လုံးလုံး ဒီကလေး ကျွန်တော့်ကွယ်ရာမှာ ငိုခဲ့ဖူးသလာ အပြင်သွားတဲ့အခါ မိသားစုတွေတွေ့ရင် ငေးကြည့်နေခဲ့ပေမဲ့ ကျွန်တော်ကြည့်နေတဲ့အခါ ပြုံးရယ်ပြတဲ့ကလေး ရင့်ကြပ်ပြီး လူကြီးသိပ်ဖြစ်နေတဲ့ကလေးက ငိုခဲ့ဖူးပါသလား
တံခါးနားက အရိပ်တစ်ခုကို ကြည့်လိုက်မိတော့ သူ......ကျွန်တော် သိပ်မုန်းလွန်းတယ် ကျွန်တော့်မှာတော့ သမီးလေးကို တစ်ယောက်တည်းပြုစုခဲ့ရတာ မိသားစုမစုံမလင်နဲ့ သမီးလေးကိုစောက်ရှောက်ခဲ့ရတာ လောကကြီးက သိပ်ကို ရက်စက်လွန်းတယ်
"ဖေဖေ ကျို့ကျို့ပြန်ချင်တယ်"
"ဒီမှာ ဆရာမ ဆရာမတို့ကရော ကလေးတစ်ယောက်ငိုနေတာတောင်မသိဘဲ ကျွန်တော့်သမီးက လိုက်ပြီး ကာကွယ်ပေးရတဲ့ အထိ အစောက်အရှောက်ညံ့ဖျင်းရလား ဒါတောင် ကလေးကိုတောင်းပန်စေချင်နေတယ် အခု ဆရာမ ကျေနပ်ပြီလား....!"
သမီးကို ချီပြီး အပေါက်ဝမှာ ရပ်နေတဲ့ သူကို တစ်ချက်မကြည့်ဘဲ လှည့်ပြန်လာခဲ့သည်။အိမ်ကိုတန်းတန်းမတ်မတ် မောင်းနေခဲ့စဥ် ကျို့ကျို့လေးကတော့ ပြတင်းပေါက်ကို ကြည့်ကာ ငြိမ်နေခဲ့သည်။ဒီကလေးက တကယ်လူကြီးလေးလိုပဲ အမြဲတမ်းဟန်ဆောင်နေတတ်တာ
"ဖေဖေ မငိုပါနဲ့ ကျို့ကျို့ တောင်းပန်ပါတယ်"
ကျွန်တော့်ဘက်ကို လှည့်ကြည့်မလာဘဲ ကျောခိုင်းထားဆဲ ငိုသံလေးဆွတ်နေခဲ့ပေမဲ့ လူကြီးတစ်ယောက်လိုပြုမူနေဆဲ
"ကျို့ကျို့ မေမေ လိုချင်လို့ပြောတာမဟုတ်ပါဘူး ကျို့ကျို့ လေ....ဖေဖေ့ကို စိတ်အနှောက်အယှက် မပေးချင်ပါဘူး"
ရှေ့ဆက်မောင်းဖို့အထိ ကျွန်တော် မလုပ်ေဆာင်နိုင်တော့တာကြောင့် ကားကိုယရပ်လိုက်ပြီး မျက်ရည်တွေ ပွတ်သပ်ကာ သုတ်လိုက်သည်။
"ကျို့ကျို့ ကိုဖေဖေက ဘယ်တုန်းက မှ အနှောက်အယှက် ဖြစ်တယ်လို့ မခံစားခဲ့ရပါဘူး"
"ကျို့ကျို့ကပဲတောင်းပန်ပါတယ် ဖေဖေ"
"ဖေဖေ့ဆီလာပါအုံး"
ခေါင်းခါပြသည်။ "ကျို့ကျို့ ကအားနည်းတဲ့သူမဟုတ်ဘူး ကျို့ကျို့က သန်မာတယ် ကျို့ကျို့ဘယ်တော့မှ မငိုဘူး"
"သကြားလုံးလေး ဖေ့ဖေ့ သကြားလုံးလေး အမြဲသန်မာနေစရာမလိုဘူး သမီးငိုလို့ရတယ် ငိုတာက အားနည်းတာ မဟုတ်ဘူး "
သမီးလေးကို လက်လှမ်းလိုက်ပေမဲ့ ရပ်တန့်လိုက်မိတယ်။အိမ်ကို ပြန်ရောက်ဖို့အနည်းငယ်ပဲလိုတာကြောင့်မောင်းလာပြီး ခြံထဲ ကားရပ်တော့ ကျို့ကျို့လေး ဆင်းသွားလေရဲ့
ကျွန်တော်ကားထားပြီး သူ့အနောက်ကို လိုက်သွားတော့ အခန်းတံခါးလော့ချသွားလေရဲ့
"ဖေ့ဖေ့ကို တံခါးဖွင့်ပေးပါအုံး"
"ကျို့ကျို့ စာလုပ်မလို့ ပါ ဖေဖေ အလုပ်ကို ပြန်သွားတော့"
"ဖေဖေ ဒီနေ့ အလုပ်တွေ ပြီးပြီ သမီးလေးနဲ့နေချင်လို့ပါ"
"ကျို့ကျို့က ကလေးမဟုတ်တော့ဘူး ကျို့ကျို့ကိုတစ်ယောက်တည်းပေးနေပေးပါ ခဏလေးပါပဲ"
"ဟုတ်ပြီ ဖေဖေ မမတို့ ဦးတို့ပြန်လာရင် တော့လာခဲ့မယ်နော်"
တိတ်ဆိတ်သွားတဲ့ အခန်းငယ်လေးရှေ့မှာ ထိုင်ချလိုက်သည်။အချိန်တွေဟာ မြန်ဆန်စွာ ကုန်ဆုံးသွားတဲ့အချိန် Phi Mean တို့ပြန်လာတော့ အကြောင်းစုံပြောပြပြီး တံခါးခေါက်လိုက်တော့ သူ့ကတိအတိုင်း တံခါးဖွင့်ပေးရှာသည်။အားလုံးကိုမြင်တော့ ငေးကြည့်နေပေမဲ့ ခဏအတွင်း အပြုံးလေးတစ်ပွင့်ပြုံးပြလာသည်။
ထိုအပြုံးဟာ သိပ်ကို နာကျင်စရာကောင်းလှပါ၏။
Plan ကကျို့ကျို့လေးကိုချီပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။သူတို့မိသားစုလေး ဝိုင်းထိုင်ပြီး Plia ကတော့ စားပွဲနဲ့ ဆိုဖာကြားကကြမ်းပြင်မှာ ဝင်ထိုင်ပြီး ကျို့ကျို့လေးရဲ့ လက်လေးကို ဆုပ်ကိုင်ထားသည်။
"ကျို့ကျို့ လေး ဒီနေ့ သူငယ်ချင်း ကိုကာကွယ်ပေးခဲ့တယ်ဆို ကျို့ကျို့လေးက သန်မာပြီးကြင်နာတတ်တာပဲ ပြီးတော့ ရဲရင့်တယ် ထက်မြတ်တယ်ပြတ်သားတယ် ဒါဘယ်သူ့တူမလေးလဲ"
"ဦးMean ရဲ့တူမလေးပါ"
"ကျို့ကျို့လေးကို ဦးMean ကပုံပြောပြချင်လို့ စာအုပ်လေးရှာထားတယ် ကြည့်"သူရဲကောင်းမလေး ဆူအယ်" တဲ့"
အငယ်လေးကတည်းက Phi Mean ကပုံပြင်ပြောပြရင် ဧည့်ခန်းမှာ လူတွေစုပြီးပြောပြလေ့ရှိသည်။ချီထားတဲ့ Plan ရယ် ကျွန်တော်နဲ့ Plia က သရုပ်ဆောင်ပြရသည်လေ။
"သရဲကောင်းမလေး ဆူအယ် တိုင်းပြည်ကြီးမှာ ဆင်းရဲပြီး နိမ့်ပါးတဲ့ ကောင်မလေး တစ်ယောက်ပါတဲ့ တစ်နေ့ တိုင်းပြည်ကြီး တစ်ဖက်က ရန်သူတွေကြောင့် ပျက်ပြားသွားတဲ့အခါ ဆူအယ်လေးက မိန်းကလေးပေမဲ့ ရန်သူတွေကိုတိုက်ထုတ်ပြီး တပ်သားတွေနဲ့အတူ တိုင်းပြည်ကြီးကို ကယ်တင်လိုက်သတဲ့
ဒါပေမဲ့ စစ်ဘေးမှာ သူ့ရဲ့ မိခင်အိုကြီးကိုတော့ ဆုံးရှုံးလိုက်ရတယ် တိုင်းပြည်ကြီးငြိမ်သက်သွားတဲ့အခါ မှာတော့ ဘုရင်ကြီးက ဆူအယ်လေးကို မိန်းကလေးစစ်သည်တော်အဖြစ် ခန့်အပ်လိုက်သတဲ့ သူရဲကောင်းမလေးဆူအယ်က ရဲရင့်တယ် ပြတ်သားတယ် နူးညံ့တဲ့နှလုံးသားလည်းရှိပြီး သန်မာတဲ့ကောင်မလေးပဲ ဒါပေမဲ့ သူ့အမေအိုကြီးမြှုပ်ထားတဲ့ မြေပုံလေးကိုရောက်တဲ့အခါ ဆူအယ်က ဒူးထောက်စတင်ငိုကြွေးတော့တယ်တဲ့"
"သန်မာတဲ့ဆူအယ်က ငိုတယ်ဆိုရင် အားနည်းတဲ့ ဆူအယ်ဖြစ်သွားမှာလား ဦး Mean"
"ဟင့်အင်း မဖြစ်ဘူး ကျို့ကျို့လေး သန်မာတဲ့ သူတွေကလည်း မျက်ရည်ကျလို့ရတယ် အခုကြည့်ပါလား ဆူအယ်က ငို နေပေမဲ့ လူတိုင်းက သူရဲကောင်းမလေး ဆူအယ်လို့ခေါ်ကြတယ်လေ"
"ကျို့ကျို့ ငိုရင် ရော ကျို့ကျို့က သန်မာတဲ့သူဖြစ်နေအုံးမှာလား"
"ဒါပေါ့ သမီးလေး ငိုချင်တဲ့ အချိန် ဖေဖေ့ရှေ့မှာငိုလိုက်လို့ရတယ် ဖေဖေက သမီးလေးကို ဒီလိုလေး ဖက်ထားပေးမှာ "
မျက်ရည်လေးတွေ ရစ်သိုင်းလာပြီး Saint ကိုပွေ့ဖက်လိုက်သည်။သူတို့ လေးယောက်လုံး ကျို့ကျို့ လေးကို ပွေ့ဖက်ပြီး မျက်ရည်လည်ခဲ့ကြသည်။
"ကျို့ကျို့လေ ဖေဖေ့ အတွက် သန်မာချင်တာ ဖေဖေ ငိုတိုင်း ကျို့ကျို့လည်း ငိုချင်တယ် ဖေဖေ ကဟိုးအဝေးကြီးကို ကြည့်ပြီးငိုနေရင် ကျို့ကျို့လည်း ငိုချင်တာ အင့်"
"ဖေဖေတောင်းပန်ပါတယ် ဖေဖေက ကျို့ကျို့လေးကို ကောင်းကောင်းမစောင့်ရှောက်နိုင်ခဲ့တာ ပဲ"
ကျို့ကျို့လေးကို ကျွန်တော့်ပေါင်ပေါ်တင်လိုက်ပြီး မျက်ရည်တွေ သုတ်ပေးလိုက်သည်။သမီးလေးကို ပြုံးပြပြီး တစ်ချက်နမ်းကြူကာ
"ဗိုက်ဆာပြီလား "
"ဟုတ်"
"ဦး Mean က ညစျေးလိုက်ပို့ရင်း လျှောက်ဆော့မယ်တဲ့ ကျို့ကျို့လေးဆော့ချင်လား"
"ကျို့ကျို့ စက္ကူခေါက်မလို့ ပြီးရင် စာရေးကြိုလေ့ကျင့်ထားမလို့လေ KG တတ်ရင်အဆင်သင့်ဖြစ်နေအောင်"
ကျို့ကျို့စကားကြောင့် Saint Mean တို့ကို မျက်လုံးလေးဝေ့ကာ ကြည့်လိုက်သည်။ဒီကလေး ဘာလို့ဒီလောက်တောင် ရင့်ကြပ်နေရတာလဲ မစဥ်းစားတတ်တော့ဘူး ။ အသက်လေးနှစ်အရွယ် ကလေးလေးကတကယ်ကို မထင်မှတ်ထားလောက်ေအာင် တည်ငြိမ်လွန်းလှပါသည်။
-----------------------------------------------------------
"လီဆူ သားအဆင်ပြေရဲ့လား"
"ပြေပါတယ် ဒယ်ဒီ "
"ဒီနေ့ဖြစ်သွားတဲ့ ကိစ္စအတွက် ကျို့ကျို့ ကိုကျေးဇူးတင်စကားပြောရမယ် နော် "
"ဟုတ်"
လီဆူ ခေါင်းလေးကို ပွတ်သပ်ကာ သူ့အမေဆီသို့လွှတ်လိုက်သည်။ညအိပ်ရာဝင်ချိန်ဖြစ်တာကြောင့် သူလည်း အခန်းထဲ ဝင်ကာ ကုတင်ပါ်သို့ လှဲချလိုက်သည်။
နေ့လည်က ငိုနေတဲ့ ကလေးရဲ့ မျက်ဝန်းလေတွေ အသံတွေကနားထဲ ကမထွက်
စူးစိုက် စွာကြည့်နေတဲ့ Saint ရဲ့အကြည့်တွေကိုလည်း မမေ့နိုင်ခဲ့ဘူး ။သူဘယ်လာက်တောင် မုန်းတီးပါကြောင်းကို ထုတ်မပြောတောင် ခံစားမိသည်။သမီးလေးငိုနေတာတောင် သမီးလေး အပြောခံနေရတဲ့ အချိန်တောင် နှသ်သိပ်မပေးနိုင်ခဲ့ဘူး။သမီးမှန်ပါတယ် သမီးကတော်တယ်ဆိုပြီး မချီးကျူးပေးနိုင်ခဲ့ဘူး
အရာအားလုံး အတွက် တောင်းပန်ပါတယ် ဆိုတာကလွဲပြီး သမီးလေးကို ဒယ်ဒီ ပြောစရာစကားမရှိဘူး ကလေးငယ်ေလးရယ်
@Period-K
လူက ပုလဲသိပ်"ခ"တာ ရေးနေရင်း မျက်ရည်တွေကျလာပြီး စာဆက်မရေးနိုင်ဘူး နောက်တစ်ဖြတ်ကို အပိုဒ်ခွဲရပြန်ပြီ 😭
Zawgyi
"ကျို့ ထနပ် လေးအတွက်"
"အီး....ဟင့်....."
"လီဆူ ဘာလို့ ငိုနေတာလဲ"
..........
"သမီး"
ရှေ့ဆက်မောင်းဖို့အထိ ကျွန်တော် မလုပ်ဆောင်နိုင်တော့တာကြောင့် ကားကိုယရပ်လိုက်ပြီး မျက်ရည်တွေ ပွတ်သပ်ကာ သုတ်လိုက်သည်။
"ဖေဖေ့ဆီလာပါအုံး"
"ဦးMean ရဲ့တူမလေးပါ"
"ဗိုက်ဆာပြီလား "
"ဟုတ်"
"ဦး Mean က ညဈေးလိုက်ပို့ရင်း လျှောက်ဆော့မယ်တဲ့ ကျို့ကျို့လေးဆော့ချင်လား"
-----------------------------------------------------------
"ပြေပါတယ် ဒယ်ဒီ "
"ဟုတ်"
အရာအားလုံး အတွက် တောင်းပန်ပါတယ် ဆိုတာကလွဲပြီး သမီးလေးကို ဒယ်ဒီ ပြောစရာစကားမရှိဘူး ကလေးငယ်လေးရယ်
@Period-K