I'm so Sorry For that(Complet...
Autorstwa Period-K
24.2K 2.6K 1.2K
မင်း ကတယ်ကို ယုတ်မာလွန်းတယ် မင်း ကတယ္ကို ယုတ္မာလြန္းတယ္ Więcej
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chpter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chaper 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52(warning )
Chapter 53
Chapter 54(Final)
Chapter 30
390 52 29
Autorstwa Period-K
အချစ်ဆိုတဲ့အရာက
နူးညံ့တယ် သိမ်မွေ့တယ် တဲ့
ကျွန်တော့် အလှည့်ကျမှ
ကြမ်းတမ်းလိုက် အေးစက်လိုက်နဲ့
ခံစားနေရတယ်
အချစ်ဆိုတဲ့အရာက
ချိုမြိန်တယ် တဲ့
ကျွန်တော့်အလှည့်ကျမှ
ခါးသွားလိုက်ဖန်သွားလိုက်
ခံစားနေရတယ်။
ဘာလို့လဲ ကျွန်တော်ဖြစ်နေလို့လား
-----------------------------------------------------------
"လက်ထပ်ထားတာ နှစ်လပဲ ရှိသေးတော့  ဥက္ကဌ တို့အချစ်ဇာတ်လမ်းက နည်းနည်းတော့လျို့ဝှက်မယ် ထင်တယ် ဖြေ ပေးနိုင်မလား"
"ဟား...ဟား...ရတာပေါ့ ကျွန်တော် ဖေဖေ့ဆီသွားရင်း dinner ပွဲမှာ Yewoon နဲ့ဆုံတာပဲ မြင်မြင် ချင်းအချစ်ဆိုတာ မင်းယုံကြည်တယ်မလား အဲ့မှာ ကျွန်တော်တို့ နှစ်ဦးသဘောတူ အတူနေဖြစ်ခဲ့ကြတာ "
"အဲ့ဒါကြောင့် အမြန်လက်ထပ်ဖြစ်ခဲ့ကြတာလား"
"ဒါပေါ့ Yewoon က ကိုရီယားမှာနေပေမဲ့ သူက ထိုင်း-ကိုရီးယားကပြားလေ ကျွန်တော်နဲ့ တူတူပဲ ပြီးတော့သူက ကျွန်တော့် Type ဖြစ်တာကြောင့်လည်းပါတယ် "
Interview တစ်ခုလုံးမှာ ကျွန်တော် ပြုံးပြုံးလေးဖြေကြားပြီး dinner ပွဲကို ကောင်းကောင်းမွန်မွန်နဲ့ အဆုံးသတ်လိုက်နိုင်သည်။Live တင်ဆက်မှု အပြင် မနက်ဖြန် ထွက်လာမဲ့ သတင်းစာ မျက်နှာဖုံးတွေ မှာ ကျွန်တော် ထိပ်ဆုံးက ပါလာမည်မှာ မလွဲ ပေ။
"Yewoon အဆင်ပြေရဲ့လား "
"ပြေတယ် Perth ဆေးသောက်ထားလိုက်တယ်"
"ဒါဆိုရေချိုးလိုက်အုံးမယ် ဘာစာချင်တာ ရှိလဲ Foi ကိုသွားပြင်ခိုင်းလိုက်မယ် "
"Yewoon တော့ ကော်ဖီခါးခါးလေးတစ်ခွက် သောက်ချင်တယ် "
"ဟုတ်ပြီ"
Perth အောက်ထပ်ကို ဆင်းသွားပြီး Foi ကို ကော်ဖီတစ်ခွက်နဲ့ မုန့်အနည်းငယ် ကြိုပြင်ဆင်ခိုင်းလိုက်သည်။ပြီးတော့ သူအပေါ်သို့ပြန်တတ် ကာရေမိုးချိုးပြီး နေသိပ်မကောင်းသည့် Yewoon တွဲကာ ထမင်းစားခန်းသို့ ခေါ်လာခဲ့သည်။
"Yewoon ခံတွင်းတွေ့လား"
"အင်း Yewoon သောက်ချင်နေတဲ့ အရသာပဲ"
"Foi  ဒါဆိုသွားနားတော့"
Foi သူဌေးနဲ့ သူဌေးကတော်ကို ကြည့်ပြီး မဆီမဆိုင် သခင်လေးကိုတမ်းတမိသည်။သခင်လေးက ကော်ဖီနံ့ကိုတောင် မခံနိုင်ခဲ့ဘူး။သခင်လေး အခုဆို ကိုယ်ဝန်နှစ်လ လောက်ရှိနေပြီ သခင်လေးကိုတော့ အခုလို ပြုစုပေးမဲ့သူရှိမယ် မထင်ဘူး။Plia ပါသွားပေမဲ့ သခင်လေး လိုအပ်နေမဲ့သူဟာ သူဌေး ပဲလေ
အခန်းထဲပြန်ဝင်လာပြီး ကြီးမေဘေးနားလှဲလိုက်ရင်း သခင်လေး အားလွမ်းနေမိသည်။ကွေသယိုသုတ် ထဲကို ကြီးကြီးမသိအောင် ငရုတ်သီးမှုန့်တွေ ခိုးထည့်ပြီးစားခဲ့သည့်သခင်လေး
ထမင်းစားဝိုင်းမှာ ဆို သူဌေးကို ဦးချပြီးမှ တရိုတသေစားတတ်တဲ့ သခင်လေး သူဌေးကတော် အစား သခင်လေးသာ ရှိနေရင်ပိုပျော်ဖို့ကောင်းနေမှာ
"*sob*"
-----------------------------------------------------------
မနက်မိုးလင်း လို့မျက်လုံးနှစ်လုံးဖွင့်တာနဲ့ ရုံးသွားဖို့ပြင်ဆင်ပြီးနဲ့ Yewoon ကို ကူဖို့ Foi ကိုသွားခေါ်ပေးရသည်။သန့်စင်ပြီးစီးတဲ့ အချိန် Yewoon နဲ့အတူ မနက်စာစားပြီး မှ ကုမ္ပဏီသို့သွားရသည်။တစ်နေ့တာဟာ အမြဲ ပုံမှန်အတိုင်းလည်ပတ်ရင်း ကုန်ဆုံးနေမြဲ
Yewoon ကကျန်းမာရေးမကောင်းတာတော့ မဟုတ် ကိုယ်ဝန်လက္ခာ က မနေ့ကမှ ပြတော့သူမအီမသာဖြစ်နေမှာ စိုးရိမ်နေခဲ့ရသည်။
"Hello Yewoon ဆေးသောက်ပြီးပြီလား"
"သောက်ပြီးပြီ Perth အလုပ်အဆင်ပြေရဲ့လား"
"ပြေပါတယ် Yewoon ကိုယ်ဝန်ဆောင်ရတော့မယ်ဆိုတော့ကျွန်တော် ဝတ်စုံတွေ အပြန်ဝယ်လာခဲ့မယ် နော် နေကောင်းအောင်နေပါ"
ဖုန်းကောလ် ended ဖြစ်သွားတော့ အလုပ်ကို တစ်နေကုန်ခေါင်းစိုက်လို့အပြီး  သုံးနာရီလောက်မှာ အသစ်တိုးချဲ့ထားတဲ့ Plus  mall ကိုသွားပြီး ဆိုင်ခန်း တွေ စစ်ဆေးရေးလုပ်သည်။ကိုယ်ဝန်ဆောင် အတွက် အင်္ကျီတွေ ကို မရွေးတတ်တာကြောင့် ဝန်ထမ်းတွေကိုသာရွေးခိုင်းလိုက်ရသည်။
လျှောက်လာရင်း Candy ဆိုင်လေးကိုရောက်တော့ ဝန်ထမ်းတွေကနှုတ်ဆက်ကြသည်။ပန်းရောင်ဗူးလေးကို လက်လှမ်းလိုက်တော့ အံ့အားသင့်သွားသလိုနဲ့
SN ဥက္ကဌ က စျေးနည်းတဲ့ Candy, ဝယ်မယ် ဘယ်သူကထင်မှာလဲလေ
"ဒါ ငါးဗူးလောက်ပေး"
"ဟုတ်ကဲ့"
.....
အနောက်က ပါလာသည့် အတွင်းရေးမှူး Leo က ထိုအကြောင်းအရာကို Social media ပေါ်သို့ တင်ပြန်သည်။မေမေက အတွင်းရေးမှူး Leo ကိုသာ အနားမှာ ထားစေပြီး ကုမ္ပဏီအတွက် social အားလည်းကောင်းအောင်  ထိုသို့စီစဥ်ခဲ့ခြင်း။ကျွန်တော်က engineer မေဂျာ နောက်ဆုံးနှစ်တတ်ရတော့မည့် စီနီယာ
မေမေကတော့ သူ့ entertainment အတွက် ကျွန်တော့်ကို အနုပညာလောကထဲသို့ ဖြည်းဖြည်းချင်းဆွဲခေါ်ဖို့ စီစဥ်ထားသည်လေ။အခု Yewoon ရဲ့ အရှိန်အဝါကြောင့် ကိုရီးယား ဖက်စပ် လုပ်ငန်းတွေကလည်း တော်တော်လေး အဆင်ပြေနေသည်။
Couple တွေ အတွက် မေမေက Yewoon နဲ့အတူ ကျွန်တော့်ကို ဆွဲခေါ်ပြီး social မှာ ကျွန်တော်ဟာ ခင်ပွန်းကောင်းတစ်ယောက်အဖြစ်ကြော်ကြားစေကာ လူတိုင်း အားကျဖွယ် တစ်ယောက်ပေါ့
တစ်ခါတစ်လေ စဥ်းစားမိတာရှိသည်။
ကျွန်တော်က ခင်ပွန်းသည်ကောင်းတစ်ယောက်ဆိုတဲ့ အချက်က မှန်ရဲ့လား လို့လေ
.......
"SN က ဥက္ကဌ က အရမ်း Romantic ဆန်တာပဲ "
"အား!! ငါသူ့လို လူမျိုးကို ဘယ်မှာရှာရမလဲ"
"Perth က Yewoon ကို တော်တော် ဂရုစိုက်တာပဲ"
"ဘုရားရေ သူက မိန်းမရော ကလေးရော ရှိတာ သေချာရဲ့လား ငါတကယ်ကြွေနေပြီ "
စသော စသော ခေါင်းစဥ်တွေ ပုံတွေ ကောမန့်တွေ နဲ့ Perth ရဲ့ ဖန်တွေက အုံကြွနေတော့သည်။ဘက်ပေါင်းစုံက အာရုံစူးဆိုက်မှုကို ခံနေရသည့် Perth အတွက်တော့ကျင့်သားတစ်ခုဖြစ်နေပြီ။Perth ရဲ့ unilife က အတိတ်တွေ Saint ဆိုတဲ့ ဖြစ်တည်မှုတွေ အကုန်ကို သူ့ အမေက ဖုံးကွယ်ပြီး လျို့ဝှက်ထားခဲ့နိုင်ခဲ့သည်။YP company  က SN ကြောင့် လဲပြိုသွားပြီး မနည်းပြန်ထူထောင်လာရတဲ့ အနေအထားတစ်ခု မှာရှိနေခဲ့သည်။ရှုပ်ထွေးလှတဲ့ စီးပွားရေးလောကကြီး ထဲမှာ Perth ဟာ အပေါ်ယံ နှမ်းဖြူးထားသည့် ဖော့ဖက်တစ်ခုလိုပဲ
"Perth ဒီတစ်ပတ်ကိုရီယား ကို သွားရမယ် "
"ရုတ်တရက်ကြီး ပါလား Yewoon"
"ဟုတ်တယ် Perth Interview ရှိလို့ Yewoon Agency ကဖိတ်ထားတာ couple လိုက်လေ အံဆွဲထဲမှာ မေးခွန်းတွေ နဲ့ အမေပေးထားတဲ့ အဖြေ စာရွက်တွေရှိတယ်။ဖတ်ထားလိုက်အုံး"
"အင်း ကျွန်တော် ဖတ်ထားလိုက်မယ် Yewoon နားတော့"
......
Mean...
"ကိုယ်တို့ တခြားတစ်နေရာကို ပြောင်းပြီးနေသင့်တယ်လို့ထင်လား"
"ဘာဖြစ်လို့လဲ ကို"
"Saint ကြောင့်လေ သူအခုထက်ထိ နာကျင်နေရတုန်းပဲ သူ့ဗိုက်ထဲက ကလေးလေး ကိုယ်တို့တူလေး ထိခိုက်မှာလည်းကြောက်တယ် အဲ့တော့နောရာအပြောင်းအလဲဖြစ်အောင် Perth နဲ့ ဝေးသထက်ဝေးသွားအောင်ပြောင်းနေကြမလား"
"ကို စိုးရိမ်တာ ကျွန်တော် သဘောပေါက်ပါတယ် ဒါပေမဲ့ Saint ကို ဒေါက်တာ Dear, နဲ့ ကုနေရတုန်းလေ နောက် သူက ဒီနေရာလေးကို သဘောကျပါတယ် ကျွန်တော် အလုပ်တွေ ဒီတစ်ပတ်ပြီးရင်သူ့အနားမှာနေမှာပါ
စိတ်မပူနဲ့တော့"
Mean စိုးရိမ်တာ က ကလေးလေးကို ရော Saint ကိုရောပဲ Saint စိတ်လွတ်သွားတဲ့ အချိန်တွေ သူတွေ့ဖူးတာကြောင့် ကုနေကျ ဒေါက်တာဆီ သူ့မှာ ပြေးသွားမိတဲ့ အထိပဲ
အချိန်ခဏလေးအတွင်း သူကိုယ်တိုင်တောင် ဘယ်လို သံယောဇဥ်တွယ်မိလဲ မသိဘူး
ဒါကို Perth ကစွန့်ပစ်နိုင်ခဲ့တယ်
ဘာပဲ ဖြစ်ဖြစ် သူကတော့ Plan လက်ကို တွဲပြီး ကလေးနဲ့ Saint ကို စောက်ရှောက်ပေးနေမှာပဲ
"ကို ကျွန်တော် Saint ကို ဆေးသွားတိုက်လိုက်မယ် စိုးရိမ်မနေပါနဲ့ ကို့ တူလေးကျန်းကျန်းမာမာ ထွက်လာလိမ့်မယ် "
ကိုယ်ဝန်နှစ်လသာရှိသေးသည်  mean ကတော့ တူရူးရူးနေဆဲ တစ်ခါတစ်လေ မွေးမလာသေးတဲ့ ဟာလေးကို Saint ဘေးနားထိုင်ပြီး သီချင်းတွေ ဆိုပြလို့ ဆိုပြနဲ့
Plan အစက စိုးရိမ်မှုတွေက အခုတစ်စိုးတစိမှ မရှိတော့ သူကတောင် ကိုယ့် ထက်သည်းသည်း ပိုလှုပ်ပြနေသေး တာလေ
"Saint. ......"
"Plan လာလေ"
"ဆေးသောက်ရအောင် လာတာပါ "
"ဆေး.....ငါဒီနေ့မသောက်လို့ရလား"
ဆေးသောက်ဖို့ မငြင်းတော့တဲ့ရက်တွေကြောင့် သူ့မှာ ဝမ်းသာနေရတာ အခုထက်ပြီးငြင်းလိုက်တာကြောင့် ခေါင်းတစ်ခုလုံး အုံခဲလာသည်။
"မနက်က Plia ဆေးတိုက်လား"
"သူတိုက်ပါတယ် .....ငါကခေါင်းအုံးအောက်မှာ ဖွက်ထားလိုက်တာ"
"Saint အဲ့လိုတွေ မလုပ်ရဘူး လေ ဆေးကို အချိန်မှန်သောက်မှ ဖြစ်မှာ "
"ငါသောက်ချင်ပါတယ် ဒါပေမဲ့"
"..."
"Perth လေ ဆေးမသောက်နဲ့တဲ့ ဟီး....နော် Perth.... Plan ကိုပြောပြလိုက်လေ မင်းမသောက်ခိုင်းတာလို့ "
"Saint. ......စ မနေနဲ့ အခုဆေးသောက်လိုက်"
"ဟီး.....ဆေးမသောက်ချင်ဘူး ခါးတယ် .....ပြီးတော့ Perth စိတ်ဆိုးလိမ့်မယ် ငါတို့အိပ်တော့မလို့ မင်းပြန်တော့"
မနက်က တစ်ခါဆေးလွတ်တာလောက်နဲ့ ဒီလိုဖြစ်မှာ မဟုတ်ဘူးမလား ခေါင်းအုံးကိုလှန်လိုက်တော့ မရေမတွက်နိုင်တဲ့ဆေးလုံးတွေ
ကိုတွေ့လိုက်ရသည်။
"Mean......Phi Mean. ......Phi Mean "
အခန်းတံခါးဖွင့်ပြီး Phi Mean ကိုခေါ်တော့ အောက်ထပ်က Plia ကပါပြေးတတ်လာသည်။ သူတို့သုံးယောက်လုံး Saint ကိုကြည့်ပြီးဘာလုပ်ရမှန်းမသိခဲ့ဘူး
"အင့်..... ငါ Yewoon  ဖြစ်ချင်တယ်......ဖြစ်လို့ရလားဟင် .......Perth ကငါ့ကိုကျ မချစ်ဘူး "
"....."
"Yewoon ဆိုတာ ငါ့နာမည်လား ငါလည်းကလေးလေး ရှိတယ် သကြားလုံးလေးရေ ဖေဖေ့ အသံကြားရလား သကြားလုံးလေး ထူးလေကွာ.....ထူလေကွာ မင်းကမဆိုးနဲ့ ထူးလို့"
လက်နဲ့ တဘုန်းဘုန်း ထုနေတာကြောင့် Mean လက်တွေကို ချုပ်လိုက်ရသည်။အကုန်လုံး အသံတိတ်ပြီး ငေးကြည့်နေမိကြသည်။သတိလွတ်သွား တာလား ခံစားချက်မဲ့
သွားသလိုလားမပြောတတ် Plia ပြေးပြီး doctor dear ကိုဖုန်းဆက်ပြီးအမြန်လှမ်းခေါ်လိုက်သည်။
ချုပ်ထားခံရတဲ့ Saint ကရုန်းကန်နေခဲ့ပေမဲ့ Mean အားကို မယှဥ်နိုင်ဘူးလေ။
"Saint Phi ပြောတာ နားထောင် ဆေးသောက်လိုက် Plan တိုက်လိုက်"
"Saint ဆေးသောက်လိုက်နော် "
"ဟင့် ငါလည်း Perth ဝယ်ပေးတဲ့ အင်္ကျီတွေလိုချင်တယ် .... မသောက်ဘူး သကြားလုံးပဲစားချင်တာ ဆေးကခါးတယ် မသောက်ချင်ဘူး"
အရမ်း ရုန်းနေပေမဲ့လည်း လွတ်မသွားတာကြောင့် Plan ပါးစပ်ထဲကို ဆေးတွေ ခွံ့ထည့်ပေးလိုက်သည်။
"သကြားလုံး ကျွေးမယ် ရေနဲ့ အရင်မြိုချလိုက် လိမ္မာတယ်လေ အကို့ညီလေးကလိမ္မာပါတယ် သောက်လိုက်နော် ကျို့ကျို့လေးက အိပ်နေတယ်လေ အဲ့ကြောင့် မထူးတာ မရိုက်ရဘူးနော် သူနာသွားလိမ့်မယ် "
"ဟုတ်လား နာသွားတာလား ဥုံဖွ.....ဥုံဖွ"
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ Plan ကို ကြည့်ကာ သူ့ဗိုက်လေးကို ပွတ်ပေးတော့ ဥုံဖွဆိုပြီးပြောရှာသည်။
"Plia Phi dear ရောက်ပြီထင်တယ် သွားကြိုလိုက် "
"ဟုတ် အစ်ကို"
"Plan "
"Saint ပြောလေ "
"ဟီး ..... ငါကိုရီးယားကို ခဏပြန်ချင်တယ် "
Mean ရင်ခွင်ထဲမှာ ငြိမ်နေပြီး ပြုံးရယ်ပြကာ သူသွားချင်တဲ့နေရာကိုပူဆာ လာတော့
"အင်း မနက်ဖြန်လိုက်ပို့မယ် ကိုနော် အင့်....Saint ကိုမနက်ဖြန်လိုက်ပို့ပေးမှာမလား"
"ဒါပေါ့ Saint ရယ် ကျို့ကျို့လေးရယ် Plia လေးကိုလည်းခေါ်သွားမှာ "
"တော့ပူကီစားမယ်နော် Plan လုစားရင် Phi ကသူ့ကိုရိုက်ပေးမှာလား"
"ဒါပေါ့ ရိုက်ပေးမယ် "
"ဟီး"
Phi Dear ရောက်လာတော့ plan အနားကိုသွားပြီး အကြောင်းစုံရှင်းပြလိုက်သည်။ဆေးငြိမ်ဆေးထိုးပေးပြီး အိပ်ဆေးပါထိုးပေးရသည်။ဆေးတစ်လုံးချိတ်ပေးထားခဲ့သေးသည်။
"သူ့ကိုတစ်ယောက်တည်းထားလို့မဖြစ်ဘူး ဒီအခြေအနေကအရမ်းဆိုးနေပြီ သေချာဂရုစိုက်ရမယ် သူ့ကို Perth ရဲ့သတင်းတွေ နားထောင်တာတို့ ဖတ်တာတို့ မလုပ်စေနဲ့ပေါ့
ဒါကသူ့ကိုရူးသွားစေနိုင်တဲ့ အထိ အန္တရာယ်ရှိတယ် "
"သူ့အတွက်ဆေး တစ်လစာလောက်ပေးခဲ့ပါ ပြည်ပ ခရီးလိုက်ပို့ချင်လို့"
"ဟုတ်ပြီ အကိုပေးခဲ့မယ် ပြည်ပကိုခရီးထွက်တာကောင်းတယ် အေးဆေးပြီး ငြိမ်တဲ့နေရာလေးကိုသွား ပေါ့"
"ဟုတ် အကို"
အိပ်နေတဲ့ Saint ဘေးနားမှာ Plan ဝင်လှဲလိုက်သည်။Plia ကို အခန်းပြန်ခိုင်းလိုက်ပြီး
Phi Mean ကလည်း မနက်ဖြန်အတွက်
လေယာဥ်လက်မှတ်စီစဥ်နေ၍ မအား။အိမ်ကအလုပ်သမားတစ်ချို့ကို အဝတ်အစားတွေ လိုအပ်တာတွေ ညတွင်းချင်းပြင်ခိုင်းလျှက်
"အင့်.....ကလေးက မင်းရဲ့ကလေး
ဟင့်အင်း မသတ်နိုင်ဘူး
Perth ငါ့ကိုမထားခဲ့ပါနဲ့ ငါမင်းကို ချစ်တယ် အရမ်းချစ်တာမလို့ "
မျက်ရည်တွေ စီးကျပြီး ပြန်လည်တိတ်ဆိတ်သွားပြန်သည်။
"ကို တစ်နေ့ က တစ်ခုခု ဖြစ်သေးလား "
"ကိုယ်မပြောတာ မင်း စိုးရိမ်နေမှာစိုးလို့ သူသတင်းကြည့်ပြီး အဲ့လိုဖြစ်သွားတာ ထင်တယ် ကိုယ်လည်း သူနားနေမယ်ထင်ပြီး လွှတ်ထားမိတာ နောက်နေ့တွေကျ မင်းလည်းမအား ကိုယ်လည်းအလုပ်ရှုပ်နေမိတာ "
"*sob* ကျွန်တော် အပစ်ရှိသလို ခံစားရတယ် "
" မင်းကို Saint ပြောခဲ့တယ်လေ သူ့အတွက် မင်းထောင်ထဲမှာ နေခဲ့ယူတယ် အသက်သေမလိုတောင် ကြုံခဲ့ရတယ် အပြစ်လို့သတ်မှတ်ချင်ရင်တောင်ကြေနေပြီပဲ အဲ့တာတွေ မတွေးနဲ့တော့ ကိုယ်တို့ တူလေးနဲ့ Saint ကို အဆင်ပြေအောင် ကူညီဖို့ရှေ့ဆက်ကြမယ်နော်"
Plan အိပ်နေတဲ့ ကောင်းလေးရဲ့ ပါးလေးကိုခပ်ဖွဖွ နမ်းပြီး ပွေ့ဖက်ထားခဲ့သည်။
အရာအားလုံးကို မင်းကျော်ဖြတ်နိုင်ရမယ် Saint ကျို့ကျို့လေးနဲ့ မင်းဘဝကို အသစ်ဖန်တီးရမယ် လုံးဝ အလျှော့မပေးပါနဲ့
@Period-K
Seeyou
Vote မရဘူး အားမရှိတော့ဘူး လူက🥺😞
အခ်စ္ဆိုတဲ့အရာက
ခံစားနေရတယ်
အချစ်ဆိုတဲ့အရာက
ချိုမြိန်တယ် တဲ့
ခံစားနေရတယ်။
-----------------------------------------------------------
"Yewoon အဆင်ပြေရဲ့လား "
"ဟုတ်ပြီ"
"Foi  ဒါဆိုသွားနားတော့"
"*sob*"
-----------------------------------------------------------
SN ဥက္ကဌ က ဈေးနည်းတဲ့ Candy, ဝယ်မယ် ဘယ်သူကထင်မှာလဲလေ
"ဒါ ငါးဗူးလောက်ပေး"
"ဟုတ်ကဲ့"
.....
.......
......
Mean...
"ဘာဖြစ်လို့လဲ ကို"
စိတ်မပူနဲ့တော့"
"Saint. ......"
"Plan လာလေ"
"..."
ကိုတွေ့လိုက်ရသည်။
"Mean......Phi Mean. ......Phi Mean "
"....."
"ဟုတ်လား နာသွားတာလား ဉုံဖွ.....ဉုံဖွ"
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ Plan ကို ကြည့်ကာ သူ့ဗိုက်လေးကို ပွတ်ပေးတော့ ဉုံဖွဆိုပြီးပြောရှာသည်။
"ဟုတ် အစ်ကို"
"Plan "
"Saint ပြောလေ "
"ဒါပေါ့ ရိုက်ပေးမယ် "
"ဟီး"
"ဟုတ် အကို"
@Period-K
Seeyou
Czytaj Dalej
To Też Polubisz
115K 6.5K 10
ရိပ်နဲ့ဘဲကြီးရဲ့ marriage life ,family lifeကို extraအ​နေနဲ့မဟုတ်ဘဲ သီးသန့်ခွဲ​ရေးထားတာပါ အပိုင်းအများကြီးရှိမှာမဟုတ်ပါဘူး စာဖတ်သူအသစ်ဆိုရင်​တော့ Hote...
17.6K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
37.5K 1.2K 44
မုန်းရန်ခက်❤မြင့်မိုရ်ရိပ်