I'm so Sorry For that(Complet...
By Period-K
24.2K 2.6K 1.2K
မင်း ကတယ်ကို ယုတ်မာလွန်းတယ် မင်း ကတယ္ကို ယုတ္မာလြန္းတယ္ More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chpter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chaper 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52(warning )
Chapter 53
Chapter 54(Final)
Chapter 28
378 45 22
By Period-K
နောက်နေ့မနက် ရောက်တော့ အကုန်ပြင်ဆင်ပြီးတဲ့ အခါ ကျွန်တော်ပြနေကျ ဆေးရုံသို့ရောက်လာသည်။တုန်ကင်နံပါတ်က ဒီရက်ဆို ကြိုရထားတာကြောင့် ချက်ချင်းတန်းဝင်ရသည်။ဟိုရောက်တာ နဲ့ ဆရာဝန်က စစ်ဆေးပေးသည်၊စိတ်ပိုင်းဆိုင်ရာ ဖြစ်တာကြောင့် စက်ကိရိယာတွေ ထက် ဆွေးနွေးတိုင်ပင်မှု အပိုင်းက ပိုများသည်လေ။
"Perth မင်းအပြင်မှာပဲစောင့်နေလိုက်"
"ဘာဖြစ်လို့လဲ ငါအတူနားထောင်မယ်"
"မရဘူး "
"ဘာလို့ မရတာလဲ"
အခြေအနေကတင်းမာ စပြုလာတာကြောင့် ထပ်ပြီးညင်းနေတာတွေ ဖြစ်ပြီး ရန်ပွဲဆက်တော့မည်။ဆေးရုံမှာရှိနေတာကြောင့် စိတ်လျော့လိုက်သည်။
"အကို Dear ရပါပြီ"
"အိပ်မပျော်တဲ့ အခြေအနေပြန်ဖြစ်တာ ကလွန်ခဲ့တဲ့ တစ်လကနော် ဒီ လ ရော အိပ်မရတာ ရှိလား"
"ဟုတ် ကျွန်တော် တစ်ယောက်တည်းဆို အိပ်မရတာတွေရှိပါတယ် "
"ဆေးသောက်ဖြစ်လား အကိုပြောတာ အိပ်ဆေးကိုပြောတာ"
"မသောက်ပါဘူး "
"အင်း ဒါဆို အတိတ်တွေ ကရော ပြန်ပြန်ပြီးခေါင်းထဲဝင်လာတတ်သေးလား "
"မဝင်လာပါဘူး ကျွန်တော် နာမည်ကို အမြဲမေ့ထားတာကြောင့်ပါ သူ့နာမည်ကြားရင်တော့ နည်းနည်း"
"ဟုတ်ပြီ ဆေးပုံမှန်သောက်ပါ ဒီတစ်လအတွင်း အိပ်မပျော်ရင် အိပ်ပျော်စေမဲ့ အရာတစ်ခု ကြိုးစားလုပ်ကြည့် အိပ်တဲ့ အခါ မီးတွေ မှိတ်မထားပါနဲ့ မင်းကကြောက်စိတ်တွေ အမှောင်ထဲမှာ စိုးစိုးဝါးဝါးပြန်ပေါ်လာလိမ့်မယ် "
"ဟုတ် အကို "
"အရင်လက အရမ်းအခြေအနေပြန်ဆိုးသွားတာ အခုပြန်သက်သာလာလာတကယ်ကောင်းတယ် ငါကတော့ အိပ်ရေးအပျက်မခံစေချင်ဘူး "
Saint ခေါင်းလေးငြိမ့်ပြလိုက်သည်။ပြီးတော့
ဆေးတွေ ယူပြီး Perth နဲ့ အတူ ကားပေါ်တတ်ကြသည်။ပြီးတော့ သူမောင်းရာနေရာ လိုက်သွားရုံပဲလေ။
Perth အခြားသူတွေနဲ့ အပြင်မှာ အိပ်နေတယ်ဆိုတဲ့ သတင်းတွေကိုအမြဲကြားနေရသည်။Social media ပေါ်မှာ SN ရဲ့အမွေဆက်ခံသူအကြောင်းအမြဲပါလာပြီး ဘယ်သူနဲ့ Date နေတယ်ဆိုတဲ့ သတင်းကအစ Hot တစ်ခုလိုဖြစ်နေတော့သည်။အခုရပ်ပိုင်းအတွင်းမဟုတ်ဘူး အရင်လကရော အခုလ ရော သူကျွန်တော့်ကို မထိတွေ့ခဲ့ဘူး ။တဖြည်းဖြည်းနဲ့ ကျွန်တော်က သူ့ဘဝထဲကနေပျောက်ကွယ်တော့မဲ့ အရိပ်ကလေးလိုပဲ
*Ring........
"Hello......အတွင်းရေးမှူး Leo"
"အိမ်တော်ကို လာဖို့ မဒမ်ခေါ်နေပါတယ်"
"ဒီနေ့နားရက်ကို ဘာအရေးကြီးကိစ္စရှိလို့လဲ "
"မစ္စတာ အိမ်တော်ကိုရောက်နေလို့ပါ"
ဖေဖေ......တစ်သက်လုံး တစ်ခါလေးမှ ပြန်မလာဖူးတဲ့လူကြီး။ကိုကိုနဲ့ ကျွန်တော့်ကို ခွဲသွားခဲ့တဲ့လူကြီး ဒါပေမဲ့သူဟာကျွန်တော့်အဖေဖြစ်နေဆဲ
အိမ်တော်ကို တန်းပြီးမောင်းသွားခဲ့ပေမဲ့ ဘေးက Saint ပါလာသည်ကို သူမေ့သွားမိသည်။အိမ်တော်ကိုရောက်လာတော့ ကားပါကင်ထိုးကာ စက်သက်လိုက်သည်။
"ဒီထဲမှာ ပဲနေခဲ့ ငါပြန်လာခဲ့မယ် "
"အင်း"
ကားတံခါး ကနည်းပိတ်လိုက်သံနဲ့အတူ အရာအားလုံးကတိတ်ဆိတ်သွားတော့သည်။
တစ်နာရီနှစ်နာရီ သုံးနာရီကျော်လာတဲ့ အထိသူပြန်ရောက်မလာခဲ့ဘူး။ထိုင်းနိုင်ငံရဲ့ ရာသီ ဥတုအခြေအနေကို သူမသိလို့များလား။တစ်ကိုယ်လုံးချွေးတွေချွဲနစ်လာပြီး ခေါင်းကိုက်လာသည်ကို ခံစားနေရသည်။အပေါ်အင်္ကျီကို ချွတ်ပစ်လိုက်ပြီး လေရအောင် ခါးယမ်းပြီးနေနေရသည်။မူးနောက်လာတဲ့ခေါင်းက မျက်စိတွေ ဝေဝါးသည်အထိ ။မနက်စာ ပဲ စားလာသည်မို့ ဗိုက်ကဆာလာပြီး အဆာလွန်သည့်အခြေအနေထိ ရောက်နေပြီ။လက်တွေကတုန်တုန်ယင်ယင်နှင့်ပင်
ပူလောင်မှု မွန်းကြပ်မှု ဆာလောင်မွတ်သိပ်မှု ရေငတ်မှုဒဏ်  ထက် ပိုပြီးခံစားလာရသည်။နာရီပေါင်းများစွာကြာလာတော့ တံခါးပွင့်လာသည်။ကျွန်တော်သိသည်။ကျွန်တော့်ရဲ့မျက်နှာ တစ်ခုလုံးနီရဲပြီး မျက်လုံးတွေကအားယူပြီးဖွင့်နေရသည့်အခြေအနေ။အခုမှ လေကိုအပြည့်အဝ ရှူသွင်းလိုက်ရတာကြောင့်လည့်ပါသည်။အင်္ကျီကို ပြန်ပြင်ဝတ်ပြီးအခြားတစ်ဖက်သို့ ခေါင်းလှည့်ထားမိသည်။ကားစထွက်လာတော့ ခေါင်းတွေ သေအောင်ထိုးကိုက်လာတော့သည်။
"ငါမှန်ဖွင့်လို့ရမလား"
မှန်တံခါးကျလာတော့ တိုးဝင်လာတဲ့ လေတွေကိုသေသေချာချာရှုရှိုက်ပြီး ထွက်နေတဲ့ချွေးတွေလည်း အနည်းငယ်ခြောက်သွေ့သွားတော့သည်။နှုတ်ခမ်းကြောတွေနဲ့ လက်ြ တစ်ဆက်ဆက်တုန်ယင်လာသည်ကြောင့် တံခါးဘောင်ကို လက်ဖြင့် ကိုင်ကာ ထိန်းထားရသည်။
အိမ်သို့ပြန်ရောက်တဲ့အခါ ဆာလောင်မှု ဒဏ်ကို ကျွန်တော်ဆက်မခံနိုင်တော့ဘူး အခုက ညနေ ၆ နာရီရှိနေခဲ့ပြီလေ
"Plia  ထမင်းပွဲပြင်ပေးပါ "
"သခင်လေး ဗိုက်ဆာနေပြီလား မြန်မြန်ပြင်ပေးမယ်နော် "
ထိုင်လိုက်ပြီး အရင်ဆုံးလာချပေးသည့် ထမင်းအဖြူသည်ကို နှစ်လုပ်သုံးလုပ်စားလိုက်ပြီး ရေခွက်အပြည့်ကိုမော့ချလိုက်သည်။
"သခင်လေး ဖြေးဖြေး နေလည်စာ မစားရသေးဘူးလား အစာလွန်နေတာဖြစ်မယ် "
"အဲ့ဆို သခင်လေးအတွက် ကြီးကြီးကြက်သားဆန်ပြုတ်လေးပြုတ်လိုက်မယ် "
"ရတယ် ရတယ်  ကျွန်တော် အဆင်ပြေပါတယ် "
အပေါက်ဝမှာ ရပ်ပြီး ကြည့်နေတဲ့သူဌေးကိုတွေ့တော့ ကြီးကြီးကပဲ လူကြီးပြီပြီ စကားဝင်ပြောရတော့သည်။
"သူဌေး အတွက် ပါ ထမင်းပွဲပြင်ထားပါတယ် "
"မစားတော့ဘူး "
Perth အပေါ်ကိုတတ်သွားတော့ စာနေတဲ့ ထမင်းလုပ်ကို ပြန်ချမိသည်။/ငါ့ကို ဦးချပြီးမှငါအရင်စားပြီးမှ မင်း စားရမယ် အဲ့ဒါကိုနားလည်လား ငါကမင်းလက်ထပ်ထားတဲ့ မင်းယောက်ျား မလို့ပဲ/ ထိုစကားတွေ ကိုသူခဏမေ့မိသွားတယ်။Perth စိတ်ဆိုးသွားတာပဲထင်သည်။
"သခင်လေး ဝပြီလား နည်းနည်းပဲစားရသေးတယ်လေ"
"Perth ကိုသွားခေါ်မလို့ ကြီးကြီး"
"Plia တို့ကိုခေါ်ခိုင်းလိုက်ပါ သခင်လေး နေ့လည်ကတည်းကမစားရသေးတာကို"
"ရပါတယ် ကလေးတွေ အအော် ခံနေရမှာစိုးလို့ ကျွန်တော်သွားခေါ်လိုက်မယ်"
ကျွန်တော် သက်ပြင်းတစ်ချက်ချပြီး လှေကားပေါ်ခြေလှမ်းစ လှမ်းလိုက်သည်။အခန်းတံခါးကို ခေါက်ပြီး ဝင်လိုက်တော့ ခုံပေါ်မှာ ထိုင်နေတဲ့သူကို
"Perth ငါတောင်းပန်ပါတယ် ထမင်းလားပါ"
"...."
"ငါမင်းကို မစောင့်ဘဲ စားလိုက်မိတယ် ဒါက မင်းကို ငါဒေါသထွက်စေမိရင် ငါထပ်တောင်းပန်ပါတယ်"
"မင်းပါးစပ် ဘယ်လိုမှ ပိတ်မှာလဲ"
"~~~"
"သွား.......- ငါဆင်ခဲ့မယ် "
ကျွန်တော် ထပ်ပြီးသူ့ကို ဘာမှမပြောဘဲ အောက်ကို ဆင်းလာခဲ့သည်။သူလာတဲ့အထိထိုင်စောင့်နေပြီး ထိုင်တော့မှ သူ့ပန်းကန်ထဲ ဟင်းခပ်ထည့်ပေးလိုက်သည်။လက်တွေက တုန်နေဆဲပင်
ထမင်းစားပြီးတော့ ကြီးကြီးက ဆေးတစ်မျိုးလာပေးပြီး
"သောက်လိုက်ပါသခင်လေး အစာလွန်ပြီး အခုမှ စားတော့ အစာအိမ်နာနေလိမ့်မယ်"
"ကျေးဇူးပါကြီးကြီး ကျွန်တော် ရေသွားချိုးလိုက်ပါအုံးမယ် "
"သခင်လေး နာရီဝက်လောက်နေမှ ရေချိုးပါလား အခုမှ ထမင်းစားပြီး တာကို"
Saint ကြီးကြီးကို ကြည့်ပြီး မျင်ရည်တွေ ဝဲတတ်လာသည်။ကြီးကြီးကအရင်ကဆို အိမ်အလုပ်တွေ လုပ်ပြီးရင်အနားယူတတ်ပေမဲ့ ကျွန်တော် နေမကောင်းဖြစ်တဲ့ရက်ကစပြီး စိုးရိမ်တကြီး ဂရုစိုက်ပေးလာသည်။ကျွန်တော် ဟိုးအငယ်လေးကတည်းက မိဘမဲ့တစ်ယောက်ဖြစ်တာကြောင့် မိဘလိုမေတ္တာမျိုးကို မခံစားခဲ့ရဘူး။အခုကြီးကြီးကြောင့် ကျွန်တော် ချက်ချင်း ထိုမေတ္တာတရားကိုခံစားမိလာသည်။
"ဟုတ်ကြီးကြီး"
Perth ကတော့ အပေါ်ကို တတ်သွားသည်။ကျွန်တော် တစ်နေကုန် ချွေးတွေနဲ့ နေခဲ့ရတော့ယားယံနေပင်မဲ့ နာရီဝက်ပြည့်အောင် အိမ်အောက် ထပ်မှာ TV ကြည့်ရင်းစောင့်နေမိသည်။
"အပေါ်တတ်ခဲ့တော့"
ရေချိုးဝတ်စုံကြီးနဲ့ဆင်းလာကာ လာခေါ်သူကြောင့် တတ်သွားရသည်။Plia တို့ရဲ့ စိုးရိမ်အကြည့်တွေကို မမြင်ချင်ယောင်ဆောင်ရင်းသာ
ကျွန်တော်တို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာမသာယာခဲ့ပါဘူးလေ သူအိမ်မှာ မရှိတဲ့ရက်ဆိုမျှောနေခဲ့ရသည်။ရှိနေတဲ့ရက်ဆိုပြသနာတစ်ခုခု ဖြစ်မှာကြောက်နေရစမြဲ။
ရေဝင်ချိုးပြီး ညအိပ်ဝတ်စုံလဲကာ လှဲလျောင်ူလိုက်သည်။ပြန်ထွက်လာကတည်း ကမရှိသည့် သူကြောင့် လည်းပါမည်ထင်သည်။
အခန်းထဲ ပြန်ဝင်သူအားကြည့်လိုက်ပြီး တဆက်တည်း Perth ရဲ့အောက်ပိုင်းကို ကြည့်လိုက်မိသည်။Saint စိတ်ထဲ တွေဝေနေပေမဲ့
တကယ်တမ်း လက်ထပ်ထားပြီးကြတာပဲ ။အမြဲသူဒေါသတကြီး လုပ်ရင်း ကျွန်တော် ငြင်းဆန် ရင်းနဲ့ သူ့ကို စိတ်အနှောက်အယှက်မဖြစ်စေချင်တော့ဘူး။
"ဒီည ယူမှာလား"
"ဘာလဲ"
ညအိပ်ဝတ်စုံလဲ နေရင်း ကျွန်တော့်ကို မျက်မှောက်ကြီးကုတ်ကာ ကြည့်လာသည်။ကျွန်တော် ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး အပေါ်အင်္ကျီကို ချွတ်ကာ တစ်ဆက်တည်း ဘောင်းဘီ ကိုပါဆွဲချွတ်လိုက်သည်။သူအိပ်နေရင်း အောက်ကို ဆင်းလာတာ ဒါကြောင့်ပဲ ထင်တာပဲ။သူလိုချင်လို့ပေါ့ ဒါပဲ ရှိတာ။
"မင်းဘာလုပ်နေတာလဲ"
"အဆင်သင့်ပြင်ပေးနေတာလေ "
"မလိုဘူး ငါမင်းကို မလိုအပ်တော့ဘူး"
"ဘာလို့လဲ မင်းလက်ထပ်ထားတဲ့ ငါ့ကို ထားပြီးတခြားသူ တွေ နဲ့ အိပ်နေတာ ဘာလို့လဲဟင် "
"...."
"ငါပေးနိုင်ပါတယ် မင်းယူပါ အခြားသူတွေ နဲ့ ထပ်ပြီး အတူမရှိနေပါနဲ့တော့ ငါကြောက်ရွံ့နေပေမဲ့ ငါတစ်ယောက်တည်းအိပ်နေရတဲ့ အချိန် မင်းတခြား တစ်ယောက်နဲ့ မိန်းမောနေပါလားဆိုတဲ့ အသိစိတ်က ငါ့ကိုခြောက်လှန့်နေလို့ပါ "
"ငါ့ကို အပိုစကားတွေပြောမနေနဲ့ နားငြီးတယ် "
"ငါ့ကို မင်းဘေးက ဖယ်မထုတ်သေးကြောင့်ကျေးဇူးတင်ပါတယ် "
ဘယ်လောက် ရက်စက်သူဖြစ်နေပါစေ၊ Perth ဟာ ကျွန်တော် သိပ်ချစ်ရတဲ့ယောက်ျားတစ်ယောက်ပါပဲ။
အဝတ်အစားတွေ ပြင်ဆင်ဝတ်ကာ စောင်လေးကို ရင်ညွှန့်ထိဆွဲ တင်ပြီး တစ်ဖက်သို့ကျောခိုင်းကာ အိပ်ဖို့အားယူရသည်။ပြည့်လျှံနေတဲ့ အရည်ကြည်တစ်ချို့ကတော့ ပိတ်ကျသွားတဲ့ မျက်ခွံလေးကြောင့် နေရာဖယ်ပေးကာ စီးဆင်းသွားကြတော့သည်။
-----------------------------------------------------------
"Yewoon နဲ့ လက်ထပ်ဖို့အတွက် အရှုပ်ဇယားတွေ မေမေရှင်းလိုက်မယ် "
"အဲ့တာက အဆင်မှ မပြေနိုင်တာ Yewoon ကို ကျွန်တော်သိတာမဟုတ်ဘူး ပြီးတော့ Saint က"
"သူကသားအကို ကိုသတ်ထားတာ သားမေ့နေတာလား သားသူ့ကိုစောင့်ရှောက်နေတာ မေမေမသိဘူးထင်နေလား ကွာရှင်းလိုက် သား"
"ဘာအတွက်လဲ သားလုံးဝ လက်မခံနိုင်ဘူး"
"ညှိနှိုင်းလို့ မရရင်လည်း Pet ဆီ အပြစ်ကြွေးဆပ်ဖို့ သူ့ကို ပို့လိုက်ရုံပဲလေ"
ထိုင်ခုံလက်ရမ်းကို ဆုပ်ကိုင်ပြီး ခေါင်းငုံ့ထားလိုက်သည်။အံကိုကြိတ်ခဲလိုက်ပြီး
" ကျွန်တော်ကြည့်စီစဥ်လိုက်ပါ့မယ် မေမေ ပြန်ပါတော့ "
"အခုပဲ မေမေလိုက်ခဲ့မယ် "
နေ့လည် တစ်နာရီဝန်းကျင်မှာ ကားလေးတစ်ဆင်းက အိမ်ငယ်လေးဆီသို့ဦးတည်နေပြန်သည်။
.......
Saint. ....
မနက်အိပ်ယာနိုးတော့ ၈ နာရီပဲရှိသေးသည်၊Perth ရှိမနေတော့ မူးနောက်နောက် ဖြစ်နေသည့် ခေါင်းကြောင့် ထပြီးစိတ်ကြည်အောင်ရေမိုးချိုးပြီး မနက်စာစားဖို့ဆင်းသွားလိုက်သည်။ပြင်းရှရှ ကော်ဖီအနံ့ကြောင့် ဘေစင်မှာထိုးအန်ပြီး အားပျက်သလို လဲကျမိသည်။
"သခင်လေး ဘာဖြစ်လို့လဲဟင်"
"ဘာမှ မဖြစ်ဘူး ကော်ဖီ ကအနံ့ဆူးနေလို့ "
"သခင်လေးသောက်နေကျပါပဲ Foi သွန်လိုက်မယ်နော် "
Foi ကော်ဖီတွေ သွန်လိုက်ပြီး ကြီးကြီး ကိုခေါ်လိုက်သည်။သခင်လေးနှုတ်ခမ်းတွေကဖြူနေပြီး မျက်ဝတ်သားတွေ ရဲနေတာကြောင့် ဖျားနေသည်ဟုထင်ရသည်။ဆရာဝန်ကိုဖုန်းလှမ်းဆက်ပြီး လာကြည့်ခိုင်းရပေအုံးမယ်။
"ရပါတယ် ကြီးကြီး ကျွန်တော် ရင်ပြည့်တာ ဖြစ်မယ် "
"မဟုတ်ပါ သခင်လေးရယ် အခန်းထဲပြန်နားနေပါ နော် ဗိုက်ဆာပြီလား"
"ဘာမှ တော့ စားချင်စိတ်မရှိဘူး ဘာဖြစ်နေတာလဲ မသိဘူး"
ကြီးကြီးဆီက သက်ပြင်းချသံနဲ့ အတူ သူ့ကို Plia တိုက အခန်းထဲ ဝင်ဖို့ ကူတွဲပေးကြသည်။
ဆရာဝန်ရောက်လာတော့ သေချာစမ်းသပ်ပြီး ဗိုက်ကို လက်နဲ့ စမ်းလိုက် နှလုံးခုန်နှုန်ူစမ်ူလိုက် နှင့်
နောက်ဆုံး အဖျားတိုင်းသလို  အတံလေးတစ်ခုပေးလာသည်။
"ကိုယ်ဝန်က နှစ်ပတ်လောက်ရှိနေပြီ ပိုပြီး သေသေချာချာ စစ်ချင်ရင် ဆီးသွားရင် ထပ်စစ်ကြည့် အမျိုးသားဖြစ်နေတော့ အခုကတည်းက ဆေးရုံပြပြီး ကြိုပြင်ဆင်သင့်ပြီ"
"ကိုယ်ဝင်သခင်လေးက ယောက်ျားလေးလေ"
"ကျွန်တော်ပြီးကျမှ ရှင်းပြပါ့မယ် ကြီးကြီး"
ဆရာဝန်ပြန်သွားတော့ အဖေနှစ်ယောက်ကအစ အကြောင်းစုံပြောပြလိုက်တော့ ကြီးကြီးတို့ရော ကလေးတွေကပါသဘောပေါက်သွားကြသည်။ကိုယ်ဝန်ရှိနေတာယပျော်စရာလာဘ်တစ်ပါးပေမဲ့ ~~~~~
@Period-K
Seeyou 😞
Zawgyi
"မရဘူး "
"ဘာလို့ မရတာလဲ"
"အကို Dear ရပါပြီ"
"မသောက်ပါဘူး "
"ဟုတ် အကို "
*Ring........
"အင်း"
"မစားတော့ဘူး "
"...."
"~~~"
"သွား.......- ငါဆင်ခဲ့မယ် "
"ဟုတ်ကြီးကြီး"
"အပေါ်တတ်ခဲ့တော့"
"ဒီည ယူမှာလား"
"ဘာလဲ"
"မင်းဘာလုပ်နေတာလဲ"
"...."
-----------------------------------------------------------
.......
Saint. ....
@Period-K
Seeyou 😞
Continue Reading
You'll Also Like
63.2K 2.7K 45
(Z+U) '' မြတ်နိုးရပါသော ဆိုတဲ့စာကြောင်းလေးက ဘာကိုဆိုလိုချင်ခဲ့တာလဲ ကျွန်တော်သိချင်မိတယ် ပီးတော့ စာအုပ်ထဲက သောဆိုတဲ့ကောင်လေး အကြောင်းရောပဲ ကျွန်တော်မ...
27.3K 1.6K 31
17.7K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
300K 51.4K 64
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)