အခန်း - ၇၂

8.3K 952 44
                                    

Unicode

အခန်း(၇၂) ပြောင်းရွေ့ပြီ

သူမရဲ့မိသားစုနှင့် ဆွေးနွေးပြီးနောက် ကုကျင်က သူမ တခြားသွားနေတော့မယ်ဆိုတာကို အသိပေးဖို့ ချုန်မိသားစုရဲ့လီမျင်ဟုန်ထံလည်း ဖုန်းဆက်ပြောခဲ့သည်။

လီမျင်ဟုန်ကတော့ ဖြစ်လေ့သဘောရှိတဲ့အတိုင်း ငြင်း၏။ သူမမှာက ချုန်ရှင်းဆိုတဲ့ သမီးလေးတစ်ယောက် သာ ရှိသည်လေ။ နှစ်ပေါင်းများစွာ တူမဖြစ်သူအပေါ် သူမရဲ့အချစ်ကလည်း သမီးဖြစ်သူထက် မလျော့ခဲ့ချေ။

ကုကျင်က ဒါကို မျှော်လင့်ထားပြီးသားပါ။

သူမက အကြောင်းပြချက်တစ်ချို့ပေးပြီး ကျောင်းစာ အပေါ် အာရုံစိုက်ဖို့ ကျောင်းမှာ နေလိုတဲ့အကြောင်း ပြော ပြသည်။

သင်ယူလေ့လာခြင်းဆိုတာက ဂုဏ်သရေရှိသော အရာတစ်ခုပင်။ လီမျင်ဟုန်က နည်းနည်းလေးတော့ အထွန့်တက်လိုက်ပြီး နောက်ထပ်တော့ သူမကို မဟန့် တားတော့ချေ။

သူမရဲ့တိုက်ခန်းထဲမှ ပစ္စည်းများများစားစားမရှိပေ။ ဒါ့ကြောင့် သယ်သွားစရာကလည်း သိပ်အများကြီးမရှိခဲ့ ချေ။

ကုကျင်က အဝတ်အစားနည်းနည်းနဲ့ မူလကိုယ် ရေး သွင်းမှတ်သားပြုစုထားသည့် စာအုပ်အနည်းငယ်ကိုသာ မြန်မြန်ဆန်ဆန် ထုပ်ပိုးပြီးစီးသွားတော့၏။

တက္ကစီတစ်စီးက ခရီးဆောင်အိတ်နှစ်လုံးအတွက် လုံလောက်၏။

တရုတ်အင်ပါရီရယ်တက္ကသိုလ်က အိပ်ဆောင်တွေက လူနှစ်ယောက်စာ, လေးယောက်စာ, ခြောက်ယောက်စာ အမျိုးမျိုးရှိသည်။ လူဉီးရေအလိုက် ဈေးနှုန်းကလည်း အမျိုးမျိုး ကျသင့်သည်။

မူလကိုယ်က ငွေကြေးမတတ်နိုင်တာမျိုး မဟုတ်ဘူး လေ။ သူမက နှစ်ယောက်စာအခန်းတစ်ခန်း ပိုင်ဆိုင်ပေ မယ့် အဲ့မှာ နေခဲသည်။

ကုကျင်သည် သူမရဲ့အိပ်ဆောင်မှာ မလိုအပ်လောက် မယ့် သူမအသုံးမလိုတော့သည့် ဖတ်စာအုပ်ကဲ့သို့သော အရာမျိုးတွေကို ချန်ထားခဲ့သည်။ တစ်ခါတစ်ရံ သူမရဲ့ တိုက်ခန်းကို ပြန်ဖို့ အလုပ်ရှုပ်လွန်းနေသည့်အခါမျိုးမှာ အနားယူဖို့ အိပ်ဆောင်မှာ နေလေ့ရှိ၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Место, где живут истории. Откройте их для себя