အခန်း - ၁

20.5K 1.7K 15
                                    

Unicode

အခန်း(၁) ဝိညာဉ်ကူးပြောင်းခြင်း-၁

မေလကုန်ခါနီးအချိန် မြို့တော်မှာ ချွေးဖြိုင်ဖြိုင်ကျလောက်အောင်ကို ပူပြင်းနေ၏။

ကုကျင်သည် အဖြူရောင်ဂါဝန်နဲ့ဒေါက်မြင့်ဖိနပ်ကို စီးထားခဲ့သည်။ လက်ထဲမှာလည်း Shopping bagsတွေကို သယ်ထားရင်းပေါ့။

သူမ Taxiပေါ်ကဆင်းပြီးနောက်
သူမရဲ့တိုက်ခန်းဆီကို လမ်းလျှောက်သွားလိုက်၏။ ထိုစဥ်မှာတော့ သူမရဲ့လှုပ်လီလှုပ်လဲ့ ခန္တာကိုယ်လေးနောက် Taxiမောင်းသူ၏ တဏှာအကြည့်တွေက စူးစိုက်နေခဲ့သည်။

သူမက သော့ပေါက်ထဲကို ကဒ်သော့လေးထည့်လိုက်ပြီးတဲ့နောက် တံခါးကအလိုလိုပွင့်လာပြီး လေအေးအေးတွေ ထွက်လာသည်။ သူမရဲ့တိုက်ခန်းက Imperial Normal University နားမှာရှိသည့် စျေးနှုန်းမြင့်
နှစ် ယောက်နေတိုက်ခန်းပဲဖြစ်သည်။
အဆင့်မြင့်လုံခြုံရေး၊ ကောင်းမွန်တဲ့facilities တွေနဲ့အတူ သင့်လျော်တဲ့စျေးနှုန်း အနေအထားမှာ ရှိသည်။ မိန်းကလေးနှစ်ယောက်နေတဲ့ တိုက်ခန်းဖြစ်သည့်အလျောက် အခန်းတိုင်းရဲ့အပြင်အဆင်အငွေ့အသက်တွေက
မိန်းမဆန်ဆန်ဖြစ်နေပါသည်။

"ရှောင်ကျင်!"

ကုကျင်တစ်ယောက် သူမအခန်းကိုပြန်ရောက်လို့ Shopping bagsတွေကို ချပြီးကာရှိသေး အခန်းအပြင် ကနေ အမျိုးသမီးတစ်ဦးရဲ့ ပြတ်တောင်းတောင်းအသံ တစ်သံကို ကြားလိုက်ရပါတော့သည်။

ချက်ချင်းဆိုသလို ချုန်ရှင်းဟာ တံခါးကို တွန်းဖွင့် ကာ ပန်းရောင်ခြေညှပ်ဖိနပ်ကို စီးထားရင်း ဝင်လာလေ သည်။

ကုကျင်မှာ အကျင့်တစ်ခုရှိ၏။သူမက သူမအခန်းကို အခြားသူတွေ ခွင့်မတောင်းပဲဝင်လာတာမျိုးကို လုံးဝ သဘောမကျတာပါပဲ။

ဒါပေမယ့် အမျိုးသမီးဇာတ်လိုက်အမြင်မှာတော့ သူမ နဲ့ကုကျင်ဟာ အတွင်းခံဝတ်စုံကိုတောင် တူတူမျှဝတ်ဖို့ လောက်ထိ ရင်နှီးကြသည်။ ဒါကြောင့် တဖက်သူရဲ့ အခန်း ထဲကို ဝင်ချင်သလိုဝင်။ ထွက်ချင်သလိုထွက်ခြင်းက ပုံမှန် ပဲလို့တွေးသည်။

"ရှောင်ကျင်, နင်ဒီနေ့ဘယ်သွားခဲ့တာလဲ ဘာဖြစ်လို့ ငါ့ကို မခေါ်တာလဲ"လို့ ဆူဆူပုတ်ပုတ်ပြောလာ၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now