အခန်း - ၄၁

9.7K 1.1K 6
                                    

Unicode

အခန်း(၄၁)အစိမ်းရောင်နှင်းဆီပန်းများ

ကြယ်တွေနဲ့တန်ဆာဆင်ထားတဲ့ ညကောင်းကင်ယံ ရဲ့အောက်မှာ မြို့တော်ရဲ့ညခင်းဘဝလေးဟာ စတင်ပါ တော့သည်။

"ပျော်စရာကောင်းအောင် တစ်နေရာရာကို သွားချင် လား?''

ကားရှေ့ရပ်ကာ သူ့ရဲ့နာရီကို ကြည့်ရင်း မုမျင်ချန်က မေးသည်။

ယွိချင်အဆောက်အဦးကနေ ထွ​က်လာပြီးနောက် မုမျင်ချန်သည် သူ့ရဲ့မျက်မှန်ကို ရုတ်တရက်ကြီး ကောက် တပ်လိုက်တော့ အပြစ်ကင်းစင်ပြီး လူတွေနဲ့ရင်းနှီးပုံရတဲ့ အထက်တန်းလွှာပုံစံ ပေါ်လာလေသည်။

မုမျင်ချန်ကတော့ သူ့ဖာသာတွေးနေ၏....ကုကျင်က ဘယ်လောက်ပဲ ရင့်ကျက်နေပါစေ ကိစ္စမရှိပေ။ သူမက အသက်နှစ်ဆယ်ပဲရှိသေးတဲ့ မိန်းကလေးတစ်ယောက်ပဲ လေ...။ ​ရှော့ပင်လ်အတူတူထွက်ခြင်းကသူတို့ဆက်ဆံရေး ကို တိုးတက်လာစေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ် လိမ့်မည်။

မုမျင်ချန်ရဲ့မျက်နှာကို အနီးကပ် မြင်နေရတာက တကယ်ကို မျက်စိအတွက် နှစ်လိုဖွယ်ပါပဲ။ စောစောလေး ကတင်ပဲ ကုကျင်သည် သူမရဲ့အစာအိမ်ကို အနည်းငယ် ထိခိုက်စေမယ့် ချဥ်ချဥ်စပ်စပ် အစားအစာအချို့ရဲ့ ဆွဲဆောင်မှုကို မခုခံနိုင်ခဲ့ဘဲ စားခဲ့မိသည်။ ဒါပေမယ့် အခု တော့ သူမရဲ့ခံစားချက်တွေက ပိုပြီးကောင်းမွန်လာခဲ့ပါပြီ လေ။

ပုံမှန်ဆိုရင်တော့ ကုကျင်က သူ့ရဲ့ဖိတ်ခေါ်မှုကို ငြင်း လိုက်မှာပင်။

ဒါပေမယ့် သူမက ကျင်မိသားစုရဲ့ဂုဏ်ပြုပွဲကို တက် ပါ့မယ်လို့ ချုန်ရှင်းကို ကတိပေးထားမိတယ်လေ။ ပြီးတော့ ပွဲအတွက် ဝတ်စုံတစ်စုံကိုလည်း ဝယ်ရဉီးမည်လေ။

မူလကိုယ်ရဲ့အဝတ်ဗီရိုထဲမှ အဝတ်တွေဟာဆိုရင် ခေတ်နောက်ကျနေတဲ့ဒီဇိုင်းတွေ ဖြစ်ပေတယ်။ ဒါက ဘာကြောင့် ကုကျင်က ပွဲတက်ဝတ်စုံအတွက် ကုန်တိုက် မှာ စျေးသွားဝယ်ချင်ရတာလဲဆိုတဲ့ အကြောင်းအရင်းပါပဲ။ အဲ့ဒီမှာ အကောင်းဆုံးဝတ်စုံတွေတော့ ရှိမှာမဟုတ်ပါဘူး ။ ဒါပေမယ့် သူမကိုယ်သူမတော့ အရှက်မရစေချင်ပါဘူး လေ။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now