အခန်း - ၂၈

10.3K 1.2K 32
                                    

Unicode

အခန်း(၂၈)ပြန်ပေးဆပ်ရမယ့်အကြွေး

အဲ့ညက သူမတို့မိသားစုအိမ်သို့ ပြန်ရောက်တော့ ကုကျင်သည် သူမရဲ့အမေလီမျင်ရှာကို သူမရဲ့ကျောက် စိမ်းလက်ကောက်ပျောက်သွားတဲ့အကြောင်း ဝန်ခံခဲ့၏။

လီမျင်ရှာ က အခြေအနေကို နားလည်ပေးပြီး သူမကို အပြစ်မတင်ခဲ့ဘူး။ အဲ့အစား သူမက ကုကျင်ကို ထိုကိစ္စ အား ဖြစ်ပြီးပြီးချင်း မိသားစုကို မပြောဖို့ဆုံးမခဲ့သည်။

သူမ(လီမျင်ရှာ)ရဲ့အမေက ချန်ထားပေးခဲ့သည့်ဘိုးစဥ် ဘောင်ဆက်အမွေပစ္စည်း ပျောက်ဆုံးသွားပေမယ့်လို့သူမ သမီးရဲ့လုံခြုံမှုကသာ ပိုအရေးကြီးနေခဲ့၏။

မိခင်တွေအတွက်ကတော့ သူမရဲ့ကလေး ကောင်း ကောင်းမွန်မွန်နေထိုင်နေရမှု သေချာခြင်းက အဲ့မိခင်ရဲ့ စိတ်ကို ​ငြိမ်းအေးစေတာပါပဲ။

ဒါပေမယ့် လက်ရှိကုကျင်အတွက်ကတော့ လီမျင်ရှာ ရဲ့နှစ်သိမ့်စကားတွေက သူမကိုပိုပြီးအပြစ်ရှိသလို ခံစားရ စေခဲ့သည်။ သူမက သူတို့သမီးအစစ်ရဲ့ခန္ဓာကိုယ်ကို ယူ ထားလျက်နဲ့ပင် လီမိသားစုရဲ့ဘိုးဘွားအမွေကို ပျောက် ဆုံးစေခဲ့မိခြင်းက သူမကို ကြီးကြီးမားမားနောင်တရစေ ခဲ့သည်။

ဒီအပြစ်တွေကို သယ်ဆောင်ထားရင်းနဲ့ပင် လက်ရှိ
ကုကျင်က အိမ်ကို ပြန်ခဲ့တယ်။

သူမမှာ ဒီရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို လက်ခံထား ရှိတဲ့အတွက် မူလကိုယ်ကို ပြန်တောင်မပေးဆပ်နိုင်သေး ခင် သူမက ဘိုးဘွားအမွေကိုပျောက်ဆုံးစေခဲ့ပြီး မဟာ အပြစ်သားကြီး ဖြစ်လာခဲ့သည်။ ကုကျင်က သူမကိုယ်သူမ စိတ်ဆိုးဒေါ်သထွက်ခဲ့ပေမယ့်လို့ သူမစိတ်ကိုတော့ လွတ် ထွက်မသွားစေခဲ့ပေ။

ကုကျင်က အပြုံးတုတစ်ခုနဲ့ မေးလိုက်၏။

"မစ္စတာမုရဲ့လက်ကောက်ကို ​မြင်ဖူးနေသလိုပဲ.. ဘယ်ကနေ ဝယ်ခဲ့တာလဲရှင့်"

မုမျင်ချန်က သူမကို တစ်ချက်လှမ်းကြည့်သည်။ သူ့ရဲ့ တစ်ကိုယ်လုံးကတော့ အထီးကျန်ခြင်းဆိုတဲ့ ခံစားမှုကို ဖော်ညွှန်းနေ၏။ သူက ကုကျင်ရဲ့မေးခွန်းကို မဖြေခဲ့ဘဲ လေးလေးတွဲ့တွဲ့ခေါ်သည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now