အခန်း - ၁၂၇

3.6K 334 2
                                    

Unicode

အခန်း(၁၂၇) အကြင်နာမဲ့သောကျင်

ကျင်ဟောက်သည် လီမိသားစုနှင့် လက်ထပ်ကာ ဒီအကျပ်အတည်းကို ကျော်လွှားချင်သည်။ သူတို့တွေ၏ အမြတ်တနိုး ထားရပါသော သမီးကညာလေးကိုလည်း ဂရုစိုက်ကြင်နာပေးမည်မှာ မလွဲဧကန်ပေါ့။ ထိုစဉ်တွင် လီယွီကတော့ သူ့(ကျင်ဟောက်)၏ချစ်သူဟောင်း ချုန် ရှင်းကို ဒုက္ခပေးဖို့ရာ အခွင့်အရေးတိုင်းကို ရှာဖွေနေခဲ့ သည်။

ကျင်ဟောက်က သူ့ဇနီးလောင်း လုပ်နေသည့်အရာ များကို တစ်ခုမှမသိပါဘူးဟု ပြောလာသောအခါ သူ၏ စကားများကို ချုန်ရှင်းကသာ မိုက်မဲစွာဖြင့် ယုံနေပေမယ့် မုမျင်ချန်ကတော့ အမှန်တရားဟာ လုံးလုံးကွဲပြားနေ ခဲ့သည်ကို သိပေသည်။ လီယွီအား မျက်နှာချိုသွေး ဖို့ရာ ရွေးချယ်ခဲ့ပါသော ကျင်ဟောက်သည် ချုန်ရှင်း၏ အသနားခံချက်တွေကိုတော့ လျစ်လျူရှုထားခဲ့လေသည်။ ထိုအမျိုးသား၏ ကြမ်းကြုတ်ပြီး အကြင်နာမဲ့သော အပြုအမူများက သွေးဆာနေသော စီးပွားရေးလောကထဲ မှာတော့ အကြောင်းခိုင်လုံသည်ဟု ပြောရမည်။

ကံမကောင်းစွာဖြင့် ကျင်ဟောက်၏အမြင်တို့က တုံးပဲ့လွန်းလှ၏။ ပထမတော့ ချုန်ရှင်းလို တုံးအသော အမျိုးသမီးနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်သည်။ နောက်ကျတော့ လုယွီလို ဉီးနှောက်မပါတဲ့မိန်းမနဲ့ စေ့စပ် သည်။

မိန်းမတစ်ယောက်အပေါ်မှာ မှီခိုချင်တာတဲ့လား? အို! သူဟာ လီမိသားစု၏ လုပ်ဆောင်နိုင်စွမ်းကို ပိုတွက်ထား တာပဲ။

တာဝန်ယူမှု, တာဝန်ခံမှုအသိမရှိသော ယောက်ျား တစ်ယောက်လိုပင်။ ချုန်ပါးပါးကို စိတ်ဆိုးအောင် လုပ်ထားစဉ် တစ်ဖက်လှည့်ဖြင့် ချုန်မိသားစုလုပ်ငန်းကို အန္တရာယ်ကျရောက်စေခဲ့သည်။ ထိုအကြောင်းကို တွေးမိ ကာ ချုန်ရှင်းအတွက် မုမျင်ချန် စိတ်မကောင်းဖြစ်မိ၏။

တစ်ချိန်တည်းမှာ အတော်လေး ပျော်ရွှင်သွားခဲ့သည်။ ကုကျင်နှင့် ချုန်ရှင်းတို့ဟာ နှစ်ပေါင်းများစွာ ရင်းနှီးနေခဲ့ ကြသည်မှာ သူ့မိန်းကလေးက နောက်ဆုံးမှာ အကြောင်း ပြချက်တစ်ချို့ကြောင့် လက်တွေ့လောကထဲသို့ ထွက် လာနိုင်ခဲ့ချိန် အထိပေါ့။ ဉီးနှောက်မပျက်ဘဲနှင့်တော့ ချုန်ရှင်းဆီမှ ထွက်ပြေးဖို့ မလွယ်ကူလှပေ။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Wo Geschichten leben. Entdecke jetzt