အခန်း - ၁၄၆

3.3K 310 1
                                    

Unicode

အခန်း(၁၄၆)ကျဆုံးခြင်း

မိသားစုက ရှာတွေ့ခဲ့သည့် အချိန်မှာတော့ ကိစ္စက အသေဖြစ်သွားခဲ့ပြီ။ ပြင်လို့လွှဲလို့မရတော့။

အစကတော့ ရွှီပိုင်ရှန်းသည် သူ့ဖာသာ စိတ်ထဲတွေး နေခဲ့၏။ စစ်တက္ကသိုလ်လို စည်းကမ်းတင်းကျပ်သည့် နေရာမျိုးမှာ ဒီကောင် ဘယ်လောက်ကြာကြာခံနိုင်မှာလဲ? အထူးသဖြင့် ဘဝမှာ ဒုက္ခဆိုတာ တစ်ခါမှမခံစားခဲ့ရဖူး သော လူချမ်းသာမိသားစုရဲ့ သခင်လေးတစ်ယောက်က ပေါ့။

မထင်မှတ်ထားစွာ တစ်နှစ်လုံး မုမျင်ချန်ဆီမှာ အခက် အခဲ၊ ဒုက္ခအကြောင်း မကျေမနပ်ပြောလာသည့်ဖုန်း ကောလ်မျိုး တစ်ကောလ်တောင် မရခဲ့။

စစ်တက္ကသိုလ်၏ နောက်တစ်နှစ် ရောက်တော့ မုမျင်ချန်ဟာ အထူးတပ်ဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရကြောင်း သတင်းရရှိခဲ့သည်။

မုမျင်ချန်သည် စစ်တက္ကသိုလ်ထဲ ဝင်သွားသည်မှစ၍ သူ့ပုံရိပ်အစစ်အမှန်ကို တစ်ခါမှမထုတ်ဖော်ခဲ့။ ကောင်းမွန် သည့်အကျိုးရလဒ်အားလုံးက သူ့ဖာသာ လုပ်ဆောင်ထား သည့်အရာများဖြစ်သည်။

စစ်တပ်မှ အထက်အကြီးအကဲတွေ သူ့ကို သတိပြုမိ လာသည်အထိ ပို၍ပို၍ ဆုများ အနိုင်ရရှိလာခဲ့သည်။ မကြာခင် သူဟာ ရွှီပိုင်ရှန်း၏မြေးဖြစ်ကြောင်း သိသွားခဲ့ ကြတော့သည်။

ထိုလောကထဲမှာ ရွှီပိုင်ရှန်းဟာ သူ့(မုမျင်ချန်)အား သူ၏အမွေဆက်ခံသူအဖြစ် လေ့ကျင့်ပေးထားကြောင်း ကောလဟာလများ ထွက်လာခဲ့ပြီး နောင်ကျရင် စစ်တပ် ထဲရှိ ရွှီမိသားစု၏လွှမ်းမိုးမှုက သေချာပေါက် ထိုကောင် လေးထံ လက်လွှဲရောက်ရှိသွားမည်ဟု ပြောလာကြသည်။

ထိုကောလဟာလတို့ ရွှီပိုင်ရှန်းနားဆီ ရောက်လာ သောအခါ သူ မကျေနပ်ခဲ့ပေ။ သူ့မြေး မုမျင်ချန်ကို တကယ်ပဲ သဘောကျလှပါသော်လည်း ဘယ်လောက်ပဲ သဘောကျပါစေ မုဖြစ်နေ၏။ ရွှီမဟုတ်ခဲ့။ သူ ဒီကလေးကို ဘယ်လောက်ပဲ သဘောကျပါစေ သူ့ကို ရွှီမိသားစု၏ ဩဇာလွှမ်းမိုးမှုကို အမွေဆက်ခံစေလို့မဖြစ်။

ရွှီပိုင်ရှန်းသည် အစကတော့ ဒီသတင်းကို လက်စ ဖျောက်ဖို့လုပ်ချင်ခဲ့ပေမယ့် ရွှီချုန်ဟွေ့တို့ ညီအစ်ကို တတွေဟာ ဒီသတင်းကို ဘယ်နေရာကမှန်းမသိ ကြား လာခဲ့ကြသည်။ ရုတ်တရက် ရွှီညီအစ်ကိုတွေဟာ ခါတိုင်း ထက် အဆပေါင်းများစွာ ကြိုးစားလာခဲ့ကြသည်။ မျိုးရိုး မတူသည့်ဝမ်းကွဲညီနှင့် သူတို့ကို အခြားသူတွေက ယှဉ်ကြ မှာ ကြောက်နေကြသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now