အခန်း - ၁၅၁

3.4K 289 4
                                    

Unicode

အခန်း(၁၅၁)နောက်ဆုံးပိုင်း- ချုန်ရှင်း(၂)

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ရှောက်ချောင်သည် ရှောက်မိသားစု၏ အကြီးအကဲအသစ်ကြောင့် လတ်တ လော Z နိုင်ငံမှ မောင်းထုတ်ခံထားရသည်။ နောက်ထပ်၍ ကုကျင်က မုမျင်ချန်နှင့် လက်ထပ်သွားခဲ့သည်။ အဲလိုသာ ဆိုရင် သူမရဲ့ညီမဝမ်းကွဲအပေါ် ဘယ်သူကများ မလိုမုန်း တီးသောအတွေးများ ရှိနေရမှာတုန်း?

သို့သော် သွေးအိုင်ကြီးကို ပြန်တွေးမိတိုင်း အပြစ်ရှိ စိတ်တို့ လှိုင်းတပိုးထန်ပြီး နောင်တတရားတို့က သူမကို နောက်ထပ် ဘာမှမတွေးမိနိုင်အောင် အဆက်အသွယ် ဖြတ်တောက်ပစ်သည်။

ထိုနေ့ရက်တွေ အတောအတွင်းမှာ ကျင်မိသားစု သည် မုမိသားစု၏ဖိနှိပ်မှုကို ခုခံနိုင်ဖို့ရာ လီမိသားစုမှ တစ်စုံတစ်ယောက်ကို လက်ထပ်ခဲ့ပေမယ့် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

နိုင်ငံတစ်ဝှမ်းရှိ ကျင်မိသားစုပိုင် စက်မှုလုပ်ငန်းများ သိသာသောနှုန်းဖြင့် လျော့ကျကုန်ပြီး လူချမ်းသာပထမ တန်းစားအဆင့်မှ အလျင်အမြန် ကျဆင်းခဲ့သည်။ လီ မိသားစုကလည်း အတော်လေး ဆုံးရှုံးမှုများခဲ့တာကြောင့် မကျေနပ်ခဲ့ကြ။

နောက်ဆုံးမှာ လီမိသားစု၏ နောက်ကွယ်မှာသာ နေသောအကြီးအကဲဟာ မျက်ကွယ်ကနေ ထွက်လာရပြီး ကြေညာစောင်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ကျင်မိသားစု နှင့်လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း။ ထို့ နောက် ကျေရာကျေကြောင်း လုပ်ဆောင်ဖို့ရာ သူကိုယ် တိုင် မုမိသားစုဆီ သွားရောက်တွေ့ဆုံခဲ့သည်။ သို့သော် လည်း သူတို့၏မိသားစုအပေါ် ပျက်ဆီးဆုံးရှုံးမှုက ကြီးမား နေခဲ့ပြီဖြစ်သည်။ ထို့အပြင် စီးပွားရေးကို အမွေဆက်ခံဖို့ ယုံကြည်စိတ်ချရလောက်သည့် ဆက်ခံသူလည်း မရှိ။ နောက်မှာ သူတို့ရဲ့အခြေအနေကတော့ မသေချာချေ။

ကျင်မိသားစုသည်လည်း ပုန်းကွယ်ရာမရှိလေတော့။ နောက်ပြီး မုမျင်ချန်ဟာ သူတို့ကို ဘာ့ကြောင့်မလွှတ်ပေး သလဲဆိုတဲ့အပေါ် သံလွန်စတစ်စပင် မရှိလာ။

ထိုအခြေအနေမှာ ဘေးကနေ စောင့်ကြည့်နေခဲ့သော ကျင်အကြီးအကဲက နောက်ဆုံးတော့ အသိဝင်သွားခဲ့၏။ ကျင်မိသားစုကိုကာကွယ်ဖို့ရန်အလို့ငှာ ကျင်ဟောက်နှင့် ပတ်သတ်၍ ဘာကြောင့်များ ဒေါသဖြစ်နေရသလဲဆိုတာ မုမျင်ချန်ထံ ထပ်ခါတလဲလဲ မေးနေခဲ့သည်။ အကြောင်းပြ ချက်ကိုသာ ပြောပေးစေလိုကြောင်း။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now