အခန်း - ၁၄၇

3.4K 293 3
                                    

Unicode

အခန်း(၁၄၇) နောက်ဆုံးပိုင်း- ကုကျင်နှင့်မုမျင်ချန်-၁

ကုကျင်သည် မုမျင်ချန်၏ လက်ထပ်ခွင့်တောင်းမှုကို အသက် ၂၄ နှစ်မှာ လက်ခံခဲ့သည်။

သူမ၏ မူလအစီအစဉ်အရဆိုလျှင် အသက် ၂၆ လောက်မှာ လက်ထပ်ပြီး ၂၈လောက်မှာ ကလေးယူမည်။

သို့သော် ကိုယ်ဝန်ဆီးစစ်တံကို စစ်ကြည့်လိုက်သော အခါ အတန်း ၂ခုက သူမအား ထိတ်လန့်ခြောက်ခြား သွားစေခဲ့၏။ ပါးစပ်ကို ကာထားပြီး ခိုးရယ်နေသည့် မုမျင်ချန်အား မျက်စောင်းထိုးလိုက်သည်။ တကယ်ပဲ ဒင်းကို အော်ထုတ်ပစ်လိုက်ချင်သည်။

သူ့အား ထုဖို့လက်သီးမလိုက်သည်နှင့် မုမျင်ချန်သည် သူမ၏လက်ကို ဆွဲထားပြီး ကလေး မထိခိုက်စေဖို့ ဂရုစိုက် ရန် ပြောလာသတဲ့။

ကလေးဆိုသည့်အသုံးအနှုန်းကို သူ့ဆီမှ ထပ်ကြားရ သောအခါ ကုကျင်၏ဒေါသတွေ ထပ်၍ မြင့်တက်လာပြန် သည်။

မုမျင်ချန်ဟာ အမြန် သူမရှေ့လက်မောင်းထိုးပေး၏။ သူမဒေါသဖြေဖို့ အသုံးချသည့်နေရာ။

ကိုက်ရုံတင်မက ရိုက်ပါရိုက်ပစ်ခဲ့သည်။ သို့သော် သူမ ဗိုက်ထဲရှိ သက်ရှိဘဝလေးအတွက်တော့ တစ်ခုခု လုပ်ရပေ မည်။

လက်မထပ်ခင် ကိုယ်ဝန်ဆောင်ခြင်းက သူမအတွက် လုံးဝမထင်မှတ်ထားသည့်အရာ။ တော်သေးသည်က သူမနှင့်မုမျင်ချန်တို့ဟာ လွန်ခဲ့သည့်လေးနှစ်က စေ့စပ် ထားခဲ့လို့။ ထို့အတွက်ကြောင့် နောက်ဆုံးအဆင့်ကို ဖြည့်စွက်ဖို့ရန်သာ လိုတော့သည်။

သူတို့ လက်ထပ်ကြသောအခါ ကုကျင် ဗိုက်လေးလ ရှိပြီ။

ခြောက်လအကြာ မုမျင်ချန်အသေးစားလေး မွေးဖွား လာခဲ့၏။

*** *** ***

ဒီအချိန်မှာ ကုကျင် အသက် ၂၈ ရှိခဲ့ပြီ။

ဒီအရွယ်မှာ အမျိုးသမီး ဘယ်လောက်များများဟာ သူတို့ရဲ့ငယ်ရွယ်မှုကို စွန့်လွှတ်၍ မိသားစုနှင့်ကလေးတွေ ကို စောင့်ရှောက်ရန် တစ်နေကုန် အလုပ်လုပ်နေရခြင်းမှ အရေးအကြောင်းတွေ ဖြစ်ပေါ်နေမလဲဆိုတာ ဘယ်သူ သိမလဲ။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now