အခန်း - ၉၆

5.3K 638 25
                                    

Unicode

အခန်း(၉၆) ပန်းသီးစိတ်

"ရှင် နိုးလာပြီလား?" ကုကျင်က သူ့ကိုကြည့်ပြီးပြုံးပြ သည်။

ဆရာဝန်ပြောတာကတော့ မုမျင်ချန်ရဲ့ခန္ဓာကိုယ်က ထူးကဲတဲ့အခြေအနေမျိုး ရှိပြီး အဲဒါကြောင့် သူ့ဒဏ်ရာက သေဖို့အဝေးကြီးတဲ့။ အဖျားမဝင်သရွေ့ ဘာပြဿနာမှ မရှိနိုင်ပါတဲ့။ သွေးနည်းနည်း ဆုံးရှုံးသွားတဲ့အတွက် ကြောင့် ထိုလူ ပြန်လည်သက်သာလာဖို့ အချိန်နည်းနည်း တော့ လိုတယ်ပြောတယ်။

မုမျင်ချန်သည် ၁၀ရက်အကြာမှ ဆေးရုံက ဆင်းနိုင် မယ်။ သူ အိမ်မှာ စိုးရိမ်စရာမရှိ ပြန်လည်ထူထောင်ဖို့ လုပ်လို့ရပြီဆိုတဲ့အချိန်မှပေါ့..။

ကုကျင်သည် အခြားပန်းသီးစိတ်တွေနှင့်အတူတူ အခွံခွာထားသောပန်းသီးကို အသီးပန်းကန်တစ်ခုတည်း ထည့်လိုက်သည်။ လေနှင့် ထိတွေ့ထားသည့်အတွက် ကြောင့် အသီးရဲ့အပြင်ပိုင်းက အရောင်ပြောင်းနေခဲ့ပြီ။

ပန်းသီးစိတ်အရွယ်အစားအမျိုးမျိုးကို ပန်းကန်ပေါ် မှာ သပ်ရပ်စွာထည့်ထားတာကြောင့် ရှင်းမပြတတ်သော ကြည်နူးမှုတစ်ခုကို ဖန်တီးပေးလို့နေသည်။

"အင်း" မုမျင်ချန်သည် ကြမ်းရှရှအသံနှင့် ပြန်ဖြေ သည်။

"ရေနည်းနည်းဆာတယ်" သူ့နှုတ်ခမ်းတွေကကွဲအက် နေသလို မျက်နှာက အလွန်ဖြူဖျော့နေခဲ့၏။

"ခဏလေး" ကုကျင်သည် သူမကို ထလို့ရအောင် ကူ ပေးပြီး ရေတစ်ခွက်ငှဲ့ပေးသည်။

သို့သော် မုမျင်ချန်သည် ခွက်ကိုယူဖို့ လက်ကို မမြှောက်နိုင်ရှာ။ သူသည် ရေခွက်ကို ကြည့်ရုံသာ ကြည့် နေပြီး ကုကျင်ထံ မော့ကြည့်လိုက်သည်။

"ရှင့်ဒဏ်ရာအကြောင်း ကျွန်မ မေ့တော့မလို့"

ကုကျင်သည် သူ့ကို ပြန်ကြည့်နေရင်း သဘောမတူ သည့်ဟန်ဖြစ်သည်။

"ရှင့်ကို ရေတိုက်ပေးရမှာလား?"

သူမ ပြောပြီးပြီးချင်းပဲ သူမရဲ့စကားလုံးတွေကို ပြန် ရုတ်သိမ်းလိုက်ချင်မိသည်။ သူ့ကို ရေတိုက်ပေးခြင်းက သူတို့ကြား အရမ်းကို ရင်းနှီးလွန်းတဲ့အပြုအမူတစ်ခု ဖြစ်စေလိမ့်မယ်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Opowieści tętniące życiem. Odkryj je teraz