အခန်း - ၁၃၁

3.5K 356 10
                                    

Unicode

အခန်း(၁၃၁)ကြွားလုံးထုတ်ခြင်း

ဘာစကားမှ ပြန်မပြောလိုက်ဘဲနှင့် ကြက်သီးမွှေး ညှင်းထလာမှုကိုသာ ကုကျင်တစ်ယောက် သူမဖာသာ ပွတ်သပ်နေရင်းတွေးနေသည်။ ဒီကုလင်! သူမရဲ့အားနည်း ၍ သနားချင့်စဖွယ် ကြာပန်းဖြူပုံရိပ်ကို ကလက်တက် တက်ညုတုတု, မြူးမြူးကြွားကြွားပုံရိပ်အဖြစ် ပြောင်းလဲ ပစ်ဖို့ စွန့်ပစ်ခဲ့လေသလား?

"အဲတော့ နင်က ဘာအလုပ်တွေများ လုပ်နေတာ တုန်း?"

ကုကျင်သည် အေးစက်စက်အမူအရာနှင့် ကုလင်၏ ပုံပန်းသွင်ပြင်တစ်ခုလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုရင်း မေးလိုက်သည်။

"ဒီဝတ်စုံက ဒေါ်လာ ရာထောင်နဲ့ချီမှာပဲ .. မင်းဆီမှာ ရှိမနေသင့်ဘူး"

"ငါဘာဝတ်ဝတ် နင့်အရေးဟုတ်မနေဘူး"

ကုလင်သည် ဟွန့်ခနဲ နှာခေါင်းမှုတ်ကာ မျက်လုံးကို အပေါ်လှိမ့်ဟန်လုပ်သည်။

"ဘာပဲဖြစ်ဖြစ် ဥပဒေ ချိုးဖောက်နေတာလည်း မဟုတ်ဘူး .. တစ်ယောက်ယောက်ကို မတရားလုပ်ထား တာလည်း မဟုတ်ဘူး.. ဖြစ်နိုင်တာက ဒီငါ့ရဲ့အလုပ်က ကုမိသားစုရဲ့အကျိုးအမြတ်ကိုတောင် ပံ့ပိုးပေးနိုင်ဉီးမှာ"

"မိသားစုနာမည်ကို ဂုဏ်တက်စေဖို့ ငါတို့ကုမိသားစု က နင့်ကိုလိုမနေဘူး.. ကုမိသားစုရဲ့ဂုဏ်သရေကို ညှိုးနွမ်း စေမယ့်အရာမျိုး မလုပ်တာပဲပိုကောင်းလိမ့်မယ်" လို့ ကုကျင်က သတိပေးစကားဆိုရင်း အန္တာရာယ်ရှိဟန် မျက်ဝန်းများကို မှေးကျဉ်းကြည့်နေ၏။

"မဟုတ်လို့ကတော့ မင်းနဲ့ ငါတို့ရဲ့ဆက်နွယ်မှုကို ဖြတ်တောက်ဖို့ရာ ဆယ်နှစ်တာခင်တွယ်မှုအား ဥပေက္ခာ ပြုလိုက်သည့်အတွက် ကုမိသားစုကို အပြစ်တင်ဖို့ ဘာ အကြောင်းပြချက်မှ ရလိမ့်မယ်မထင်နဲ့"

"ကုကျင်, ငါ့ရဲ့မျိုးရိုးနာမည်ကလည်း ကုဆိုတာကို မေ့မနေနဲ့ဉီး"

ကုလင်၏နီရဲရဲနှုတ်ခမ်းတို့က ပျင်းရိစွာ ကော့တက် သွားခဲ့သည်။

"ည အချိန်အတော်နောက်ကျနေပြီ"

ကုကျင်သည် ကုလင်အား ခဏလောက် စိုက်ကြည့် နေပြီးနောက် စကားဆို၏။ မတ်တပ်ရပ်ကာ သူမရဲ့ လက်တော့ပ်ကို ယူလိုက်ပြီး ကုထောင်ဘက်သို့ လှည့်၍ ပြောသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now