အခန်း - ၇၀

9.2K 1K 37
                                    

Unicode

အခန်း(၇၀) ခွင့်မလွှတ်နိုင်သော

ကုကျင်ရဲ့စကားလုံးတွေကဆို ပခုံးချင်းတိုက်သွား သည့်အချိန်လေးမှသာ ပြောလိုက်ခဲ့ခြင်း။

သူမနှုတ်ခမ်းထောင့်မှအပြုံးကမူ ရေထဲမှ လှိုင်းတွန့် လေးလို ယိမ်းထိုးလှုပ်ရှားကာ အသည်းညှာကို တိတ်တ ဆိတ် ယူသွားတော့မည်အလား။

ရှောက်ချောင်အဖို့ကတော့ ကုကျင်ရဲ့ အပေါ်ယံပြော ဆိုမှုက ပုတ်နဲ့ထုခံလိုက်ရတာထက်ပင် နာကျင်စေခဲ့ သည်။

သူမစကားကို ပြောပြီးသည်နှင့် ကုကျင်က နောက်ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ ထွက်သွားခဲ့ ၏။ သူမရဲ့အရှိန်ကို တိုးမြှင့်လိုက်သည်မှာ သူမရဲ့ရှေ့မှာ ကြိုရောက်နေပြီးခဲ့သော မုမျင်ချန်ကို မှီသွားသည်အထိ ပင်။

သူမက ရှောက်ချောင်ရဲ့တုံ့ပြန်ချက်ကို တစ်စက်လေး မှ စိတ်မဝင်စားသည်အလား။

ဒီတစ်ကြိမ်မှာတော့ မုမျင်ချန်ပင် သူမကို ချော့စရာ မလိုပါဘဲ ကုကျင်က အစဉီးမှုယူပြီး သူ့လက်မောင်းကို ချိတ်လိုက်သည်။

သူတို့နှစ်ဉီးက တစ်ဉီးကိုတစ်ဉီးအမြတ်တနိုးကြည့်ပြီး ဟိုတယ်ထဲမှ လက်ချင်းတွဲကာ ထွက်သွားတော့၏။

အခြားသူတွေ သူတို့အတွဲအား မနာလိုဝန်တိုဖြစ်သွား စေခဲ့၏။

ဟိုတယ်မှထွက်လာပြီးနောက် ကားတစ်စီးထဲ ဝင် ထိုင်ခဲ့ကြ၏။

ကုကျင်ရဲ့မျက်နှာပေါ်က အပြုံးနုနုလေးကို ထိန်းထား ရပြီး သူမရဲ့အသားအရေမှာလည်း ဖျော့တော့လို့ပင်။ ကား ထဲမှာ တိတ်ဆိတ်မှု ကြီးစိုးနေ၏။

နီယွန်အလင်းရောင်တောက်တောက်တွေက အရိပ် ထဲသို့ ကွယ်ပျောက်မသွားခင်အထိ သူတို့ကားပေါ် တဖျက်ဖျက်လက်လို့နေခဲ့တယ်။ ထိုနည်းတူစွာ ကုကျင် မျက်ဝန်းထဲက အလင်းမှာလည်း မှိန်သွားခဲ့သည်။

တစ်ချို့လူတွေက သူတို့ အမှားတစ်ခုကို လုပ်ပြီးခဲ့တဲ့ နောက်မှာတောင် သူတို့မှာ ထိုဟာကိုပြင်ဆင်ဖို့ အခွင့် အရေးတွေ အများအပြားရှိလို့နေဆဲပဲလို့ ယုံကြည်ကြ၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now