အခန်း - ၇၁

8.3K 914 26
                                    

Unicode

အခန်း(၇၁)အနှေးနဲ့အမြန်

ရှေ့ထဲမှာတော့ ဒရိုက်ဘာလျို့က ကားကိုသာ ဂရု စိုက်မောင်းနှင်နေသည်။ သူ့ရဲ့အမူအရာကမူ ဘာကိုမှ မကြားလိုက်ရသည်မလား။

"ကျွန်မကတော့ ရှင့်ကို မစ္စတာမုလို့ ခေါ်တာက ပိုကောင်းတယ်လို့ထင်တယ်... အဲတာက တလေးတစား နဲ့ ပျူငှာဟန်ပေါက်တယ်လေ"

သူမက သူ့ရဲ့ကောင်းကျိုးစီးပွားအတွက် စဉ်းစားပေး နေသလိုမျိုး ဖော်ရွေစွာပင် ပြုံးပြလိုက်သေး၏။

ပျူငှာတယ်?

သူက အရမ်းများ အိုနေလို့လား?

မုမျင်ချန်က သူ့မှာ ပါးစပ်နဲ့အပြည့် ယင်ကောင်တွေ ကို မျိုချလိုက်ရသကဲ့သို့ သူမရဲ့မျက်နှာကို ကြည့်နေခဲ့၏။ သူ့ရဲ့အမူအရာက ပိုမည်းလာကာ

"မင်း ခေါ်ချင်သလိုသာခေါ်တော့"

သူမရဲ့ခေါင်းထဲ ရှုပ်ထွေးသွားခဲ့ရပြီ။ ကုကျင်သည် လွှတ်ပေးခြင်း ခံလိုက်ရသည့်လက်ကို တစ်ချက်ကြည့်ပြီး ပူပန်မိသွားသည်။

သူတို့ သူမရဲ့နေရာကို ရောက်လာခဲ့ပြီး ကုကျင်က သူရဲ့အပေါ်ထပ်ကုပ်ကို ယူပေးဖို့ ကားထဲက ဆင်းသည်။

မုမျင်ချန်လည်း ဆင်းလာခဲ့ကာ ကုကျင်နောက်ကနေ သာ လိုက်လာ၏။ နဂိုက ကျယ်ပြန့်လှသည့်လှေကားက ခုတော့ဖြင့် ကျဉ်းနေသလိုပင်။

"မစ္စတာမု, ဘာများ အလိုရှိလို့လဲရှင်"

ကုကျင်က ပြန်လှည့်လာရင်း သူမရဲ့မျက်နှာပေါ်မှာ အပြုံးကြီးကြီးတစ်ခုကို တည်ထားရင်း မေး၏။

ရှောက်ချောင်ရဲ့ပြန်လည်မွေးဖွားလာမှုက လုံးဝ ကုကျင် မမျှော်မှန်းထားသည့်အရာပင်။ သူမက ထို စာကြောင်းအား ရှောက်ချောင်ကို ခွာထုတ်ပစ်လိုက်နိုင်ဖို့ ပေါ့ပေါ့ပါးပါးနဲ့ အေးဆေးတည်ငြိမ်စွာ ‌ပြောလိုက်နိုင်ခဲ့ သော်ငြား မူလကိုယ်ဆီမှကျန်ရစ်ခဲ့သော ခံစားချက်များ ကြောင့်ပဲလား..အခြားကြောင့်လား .... သူမကတော့ အတော်လေးကို အဆင်မပြေဖြစ်နေဆဲပါပဲ။

သူမ ခံနိုင်ရည်ရဲ့အလွန် အရမ်းကို ပင်ပန်းလွန်းနေခဲ့ ပြီ။ ခုချိန် သူမမှာ မုမျင်ချန်နဲ့ပြောဆိုဆက်ဆံဖို့ အင်အား တစ်စက်ကလေးပင် မရှိချေ။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now