အခန်း - ၁၀

12.3K 1.4K 86
                                    

Unicode

အခန်း(၁၀) ပထမဆုံးအကြိမ် အငြင်းပွားမှု

"နင်တို့!....''

ကုကျင်က ဝိုင်းစက်နေတဲ့မျက်ဝန်းတွေနဲ့ အခန်းထဲ ကြည့်လိုက်တဲ့အခါ တံခါးလက်ကိုင်ကို ကိုင်ထားဆဲ သူမရဲ့လက်တွေက အေးခဲသွားခဲ့သည်။

ကုကျင်က မယုံကြည်နိုင်မှုကြောင့် ခေါင်းခါလိုက်ပြီး သူမရဲ့မျက်ဝန်းတွေက စိတ်ထိခိုက်မှုကြောင့် နီရဲနေခဲ့၏။ နောက်ထပ် ဆက်ပြီးမကြည့်နိုင်တော့ဘဲ အလျင်စလို ထွက်သွားဖို့ မကြိုးစားခင် တံခါးကို ပိတ်လိုက်သည်။

တံခါးပိတ်လိုက်တဲ့အသံက အခန်းထဲရှိ စုံတွဲကို ထိတ်လန့်သွားစေပြီး သူတို့ဖက်ထားရာကနေ ခွာလိုက်ကြ သည်။

ချုန်ရှင်းက သူမသူငယ်ချင်းကို ဖမ်းဖို့ အခန်းထဲက ကပျာကယာမထွက်ခင် သူမကိုဖက်ထားတဲ့ ယောက်ျား ကို ဘေးကို တွန်းပစ်သည်။ သူမက ကုကျင်ရဲ့ ရှေ့မှာ ပိတ်ရပ်လိုက်ပြီး ရှင်းပြသည်။

''ရှောင်ကျင်....ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့... ငါတို့ နှစ်ယောက်ကြားမှာ ဘာမှမရှိပါဘူး''

ကုကျင်ရဲ့အေးစက်နေတဲ့အကြည့်ကို ရင်မဆိုင်နိုင်စွာ ပဲ စကားကို ဗလုံးဗထွေးပြောနေစဥ်အတွင်း သူမ(ကုကျင်) ရဲ့ လက်ကိုပဲ ဆွဲထားလိုက်နိုင်သည်။

ကုကျင် အသက်ကို ခပ်ပြင်းပြင်း ရှူ၏။

သူမ ဒီလိုအခြေအနေအောက်မှာ သက်တောင့်သက် သာ မခံစားရပေဘူး။ ထပ်ပြောရရင် ချုန်ရှင်းက သူမရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တယ်လေ။ သူမရဲ့ လက်ကောက်ဝတ်က နာကျင်မှုကြောင့် တုန်ရီလာ သည်ထိပေါ့။

ဒီအချိန်အနည်းငယ်အတွင်းမှာပဲ လူတစ်ချို့က drama ကြည့်ဖို့ရန် လျှောက်လမ်းတစ်လျှောက် စုရုံးစုရုံး လုပ်လာကြသည်။ ကုကျင်က သူများတွေအတွက် ဖျော်ဖြေပေးစရာ မြင်ကွင်းတစ်ခုပြုလုပ်ဖို့ရန် ဆန္ဒရှိသူ တစ်ယောက်မဟုတ်ပေဘူး။ ကုကျင်က သူမရဲ့ဝမ်းကွဲကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး အေးတိအေးစက်အသံဖြင့် ပြောလိုက်သည်။

"လွှတ်ပေး....''

ဝမ်းကွဲနှစ်ယောက်ကြားမှာဆိုရင် ချုန်ရှင်းက သူမ (ကုကျင်)ထက် အနည်းငယ် အသက်ကြီးတာတောင်မှ ကုကျင်ကို အမြဲလိုလို 'အမကြီး'တစ်ယောက်လို သဘော ထားခဲ့တယ်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now