အခန်း - ၁၀၈

4.7K 449 5
                                    

Unicode

အခန်း(၁၀၈)ကျင်ရော့၏မနာလိုမှု

ဤလူ၏ အဆက်အသွယ်အင်အားများမှ တစ်ဆင့် လုပ်ကြံသတ်ဖြတ်သူစာရင်းရှိ ထိပ်ဆုံးပုဂ္ဂိုလ်သည် 'K'​ ဖြစ်ကြောင်း သိလိုက်ရသည်။ 'K' ၏ အရည်အချင်းဖြစ်တဲ့ သူ့ရဲ့တာဝန်တွေကို လုပ်ဆောင်ရာတွင် သေသပ်ကျွမ်း ကျင်လှကြောင်းနှင့် သူ ဘယ်ဆီဘယ်ဝယ် ရောက်နေ သလဲဆိုတာကလဲ လျှို့ဝှက်သိုသိပ်လှကြောင်းတွေကို သူမ၏သူငယ်ချင်းမှတစ်ဆင့် ကြားသိခဲ့ရသည်။ အတိုချုံး ပြောရလျှင် တာဝန်ပြီးဆုံးသွားသောအခါ မည်သူကမျှ သူ ပါဝင်ပတ်သက်နေကြောင်းကို ရှာတွေ့လိမ့်မည်မဟုတ် ပေ။

သူမ၏ အကိုကြီးအား မပျော်ရွှင်အောင်လုပ်သည့် မည်သူမဆို သတ်ကိုသတ်ပစ်မည်။ မုမျင်ချန်၊ ကုကျင်၊ ချုန်ရှင်း - သူတို့ထဲက မည်သူကမျှ လွှတ်မြောက်နိုင်မည် မဟုတ်ပေ။

ပြီးတော့ ချုန်ရှင်း- ထိုလှည့်ဖြားတတ်သော မြေခွေးမ သည် သူမအစ်ကိုအား နှလုံးသားတစ်ဝက်တစ်ပျက် ဖြင့် သွေးဆောင်ဖြားယောင်းရဲခဲ့သည်။ သူမကို တိုက်ရိုက် သတ်ဖြတ်ဖို့ကတော့ ဖြုန်းတီးလွန်းတာပဲ။ ဓားတစ်လက် ယူပြီး သူမကို ဖြည်းဖြည်းချင်း နှိပ်စက်ညှင်းပန်းရင်း သူမခန္ဓာကိုယ်ရှိ အသွေးအသားတွေကို တစ်လွှာပြီးတစ် လွှာ ဖြတ်တောက်ပစ်ခြင်းက ပို၍ကောင်းသည်။ ပြီးတော့ ချုန်ရှင်းက ယောက်ျားတွေရဲ့ဝန်းရံခံရ​ခြင်းကို နှစ်ခြိုက် သည်မဟုတ်လော? သူမက သူမ၏ဆန္ဒကို ဖြည်းဆည်း ပေးမည်။

ကျန်ရှိသောနှစ်ယောက်အတွက်တော့ မုမျင်ချန်သည် အလွန်သတိရှိပြီး သူ၏နေ့စဥ်နေထိုင်ရာများကို ကောင်း မွန်စွာ ကွယ်ဝှက်ထားခဲ့သည်။ သူ အသုံးပြုသောကားများ ကိုတောင်မှ ပြုပြင်မွမ်းမံထားသဖြင့် ဘယ်လိုလမ်းပြမှုမျိုး ကိုမဆို လုပ်ဆောင်ရန်ခက်ခဲလှသည်။ ကုကျင်၏နေရာ ကိုလည်း မုမျင်ချန်၏ကာကွယ်မှုအောက်တွင် ကောင်းစွာ စီမံထားသဖြင့် ၎င်းတို့နှင့် စတင်ရန်ပင် ခက်ခဲလှသည်။

ကျင်ရော့သည် ဤဖိအားတွေအောက်တွင် မလိုလား သလို ခံစားခဲ့ရသည်။ သူမသည် 'K'ကို ပုန်းအောင်းနေဖို့ ရန် ညွှန်ကြားခဲ့ပြီးတော့ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်း နေခဲ့ပါသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Wo Geschichten leben. Entdecke jetzt