အခန်း - ၈၉

6K 679 12
                                    

Unicode

အခန်း(၈၉)ပြည်ပခရီးစဉ်

လမ်းသွားလမ်းလာပြုံကျတတ်သော အလုပ်သွား၊ အလုပ်ဆင်းချိန် မရောက်သေးတာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေ သိပ်မရှိချေ။ ကုကျင် ကားပေါ် ရောက်ပြီး နောက် သူတို့သည် လေယာဉ်ကွင်းဆီသို့ တန်းမောင်း လာခဲ့သည်။

လေဆပ်ရဲ့ VIP အထပ်မှာ လက်ထောက်ဖန်းသည် အချိန်ကို ကြည့်ဖို့ ဖုန်းကိုထုတ်လိုက်၏။

"ကု" သူသည် ထိုစုံတွဲကို အဝင်ဝမှာ မြင်လိုက်သည် နှင့် သူတို့ဆီ အပြေးလေးသွားသည်။ အပြုံးကြီးကြီး တစ်ခုနှင့် သူ ပြောလိုက်သည်က

"လေယာဉ်မထွက်ခွာခင် အချိန်တွေ အများကြီး ကျန် သေးပါတယ်ဗျ.. ဘော့စ်တို့အတွက် ခဏတဖြုတ် အနား ယူဖို့ နေရာတစ်နေရာ ရှာပေးရမလား?"

"အင်း" မုမျင်ချန်က ပြန်ပြောသည်။ သူဟာ ကုကျင် ရဲ့လက်ကိုဆွဲပြီး ခဏလောက် မျက်ဝန်းတွေကို ပိတ်လို့ ရနိုင်တဲ့နေရာတစ်ခုမှာ ထိုင်ချလိုက်သည်။

လက်ထောက်ဖန်းအပြင် ထိုဖြစ်စဉ်မှာ တက်ရောက် လာခဲ့ကြတဲ့မုကုမ္ပဏီမှဝန်ထမ်းတွေအများကြီးရှိနေသည်။ သူတို့အားလုံးသည် အသက်(၄၀)အောက်သာ ရှိသေးကြ ကာ ရုံးတက်အဝတ်အစားနှင့်ရှူးဖိနပ်တို့ကို ဝတ်ဆင်ထား ကြ၏။ သူတို့၏တည်ငြိမ်အေးဆေးသော အပြုအမူနှင့် အတူ သူတို့၏အဝတ်အစားက သူတို့ကို လေးစားလိုက်နာ အပ်သော ဆရာကြီးများအသွင် ပုံရိပ်ကို ပေးစွမ်းနေ၏။

ကုကျင်ဟာ သူတို့ရဲ့ဘော့စ်ကို ဂရုမစိုက်သည့်ပုံကို မြင်တော့ သူတို့တွေ ကသိကအောက် ဖြစ်ကုန်ကြတော့ သည်။

ဝန်ထမ်းထဲမှတစ်ဉီးက ကုကျင်ကို ဆူပူငေါက်ငမ်းပြီး ထွက်သွားခိုင်းတော့မလို့ပင်။ သို့သော် မုမျင်ချန်က သူ့ကို သတိပေးသည့်အကြည့်တစ်ချက် ပစ်သွင်းလိုက်တော့ ငြိမ် ကျသွားတော့၏။

ကံကောင်းစွာနဲ့ လေယာဉ်ထွက်ခွာတော့မည်ဖြစ် ကြောင်း အင်တာကွန်းမှ ကြေညာလာခဲ့သည်။

ကုကျင်သည် မုမျင်ချန်နဲ့အတူတူ မတ်တပ်ထရပ်ပြီး သက်ပြင်းချမိ၏။ အထက်တန်းစား မိန်းမပျိုတစ်ဉီးလို ပြုစုခံရမှုနှင့် သီးသန့်လေယာဉ်စီးခွင့်ရမှုအပေါ် သူမ ပျော် နေလိမ့်မယ်လို့ ထင်ခဲ့ဖူးသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Donde viven las historias. Descúbrelo ahora