အခန်း - ၁၁၅

4.4K 396 24
                                    

Unicode

အခန်း(၁၁၅)ပန်းပင်လယ်-၂

ညနေစောင်းပြီဖြစ်သောကြောင့် အတန်းအများစု ပြီးဆုံးသွားပြီဖြစ်၍ ကျောင်းသားများသည် ကိုယ့်ဖာသာ ကိုယ် လေ့ကျင့်ရန်အတွက် အဆောင်သို့ ပြန်လာနေချိန် ဖြစ်သည်။ သူတို့အတွက် အသစ်အဆန်းတစ်ခုခုကို ကြုံ ကြိုက်ရန် ခဲယဥ်းသည့်အတွက်ကြောင့် လူအုပ်ကြီးသည် အဆောင်ပတ်လည်၌ လျင်မြန်စွာ စုရုံးလာခဲ့ကြ၏။

ရုတ်တရက် မရေမတွက်နိုင်သော ရောင်စုံပူဖောင်း များသည် စာတိုတစ်စောင်စီကို သယ်ဆောင်ထားရင် လေထဲ လွင့်မျောလာ၏။

ကောင်းကင်ထက်၌ စာတိုလေးများ ချိတ်ဆွဲလျက်ရှိ သော ရောင်စုံဘောလုံးများသည် ခမ်းနားကြီးကျယ်သော မြင်ကွင်းတစ်ခုအား ပုံဖော်လျက်ရှိ၏

များလှစွာသော ကျောင်းသားတွေက ဖုန်းတွေထုတ် ရင်း ဓာတ်ပုံတစ်ဖျတ်ဖျတ်ရိုက်ကြလျက် စိတ်လှုပ်ရှားစွာ ကောင်းချီးပေးခဲ့ကြ၏။

''ဝိုးးးး အရမ်းချိုတာပဲ... ဒါမျိုးက အချစ်ဝတ္ထုတွေထဲ က ဇာတ်လိုက်မင်းသမီးတွေ ကြုံနေကြလိုမျိုးနဲ့ တူတူပဲ''

''နင်မှန်တယ်.... ငါလည်း ကံကောင်းတဲ့မိန်းကလေး က ဘယ်သူလဲဆိုတာကို သိချင်နေပြီဟာ''

''ဟိုလူ သူ့မိန်းကလေးကို ဘယ်လိုပိုးပန်းသလဲဆိုတာ ကြည့်ကြည့်စမ်းပါ''

ကျောင်းသူတစ်ဦးက သူ့ကို အဆောင်သို့လိုက်ပို့သည့် သူမ၏ကောင်လေးအား ဒေါသတကြီး ဆူပူနေ၏။

''ရှင် ကျွန်မကို လိုက်ပိုးပန်းတုန်းက ရှင် ကျွန်မကို ပေးသမျှအရာရာတိုင်းက ချိုချဥ်တစ်ချောင်းတည်းပဲ''

လူငယ်က သက်ပြင်းချလိုက်ရင်း ပြန်ပြော၏။

''အဲ့ဒါတွေက တော်တော်လေး ကြာခဲ့ပြီပဲလေ.... အခု မှ ဝမ်းနည်းစရာအကြောင်းမှ မရှိတော့တာကွာ''

သူက သူ့ကောင်မလေးကို ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ် ဖြစ် အနိုင်ယူနိုင်တယ်လေ။

ကောင်မလေးက သူ့အား မကျေနပ်သည့်မျက်နှာ ဘေးနှင့်ကြည့်ပြီး သူ့ရင်ဘတ်ကို ရိုက်၏။ သူမလည်း သူမ အား မင်းသမီးလေးတစ်ပါးလို ဆက်ဆံတာကိုလိုချင်သည့် သာမန်မိန်းကလေးတွေလိုပဲ မဟုတ်လား။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now