အခန်း - ၁၄၃

3.3K 316 1
                                    

Unicode

အခန်း(၁၄၃)အမှန်တရား

ဘယ်လိုပဲဖြစ်ပါစေ တစ်ဖက်ကစေတနာကို ပြသလာ မှတော့ သူ၏ကြင်နာမှုကို ကုကျင်လက်ခံပေးပါ၏။

သူနာပြုသည် ရွှီသခင်ကြီးအား ကုတင်ပေါ်မှ ထူပေး ပြီး တိတ်တဆိတ်ပြန်ထွက်သွားသည်။ အခန်းထဲမှာ သူတို့ ၄ ဉီးသာ ကျန်ရှိတော့၏။

ရွှီကျောင်ယွင်သည် ကုကျင်၏လက်ထဲက ပန်းကို ယူ၍ စားပွဲပေါ် တင်ထားပေးသည်။ ပန်းများသည် စားပွဲ ပေါ်ရှိ အသီးများနှင့် တွဲဖက်လိုက်သောအခါ တက်ကြွ သက်ဝင်မှုတစ်မျိုးကို ပေးစွမ်းနေ၏။

"အဘိုး"

"ရွှီဘိုးဘိုး မင်္ဂလာပါရှင့်"

ထိုအသံများကို ကြားသောအခါ ရွှီပိုင်ရှန်းသည် ဖြေးဖြေးချင်း မျက်ဝန်းများဖွင့်လာခဲ့ပြီး ကုတင်ခေါင်းရင်း နားမှာ ရပ်နေသောလူနှစ်ဉီးကို ကြည့်လာသည်။

သူ၏မျက်ဝန်းများက မုမျင်ချန်အပေါ်မှာ ခဏရပ်တန့် သွားခဲ့ပြီးနောက် ကုကျင်အပေါ် ရောက်လာခဲ့သည်။ စူးရှ ၍ မှုန်မှိုင်းသောမျက်ဝန်းများက အနည်းငယ် မှေးကျဉ်း ထား၏။

ဤအဘိုးအိုကြီးသည် စစ်မြေပြင်မှာ ကျည်ဆန်မိုးကို အမှန်ပင် ကြုံတွေ့ခံစားခဲ့ရဖူးသူဖြစ်သည်။ အိုမင်းနေပြီ ဖြစ်သော အသက်အရွယ်မှလွဲလျှင် သူ့ခန္ဓာထဲရှိအရှိန်အဝါ က အားကောင်းဆဲဖြစ်ပြီး အကြည့်တို့က ဖိအားတို့နှင့် ပြည့်နေသည်။

ကုကျင်သည် သူ့ဆီမှဖိအားကို တောင့်ခံနိုင်ပြီး တိတ် တဆိတ်ရပ်နေကာ သူကြည့်ချင်သလောက် ကြည့်ခွင့်ပေး ထားသည်။ အစကတည်းက ရှိနေသော အပြုံးနုနုလေး အား ထိန်းထား၏။

"မစ်ကုက အသက် ၂၀ ပဲရှိသေးပြီး ငါတို့မျင်ချန်ထက် ၇နှစ် ငယ်တယ်လို့ကြားတယ်"

ရွှီပိုင်ရှန်းသည် ရုတ်တရက် ဖော်ရွေသောအပြုံးကို မထုတ်ပြလာခဲ့ခင် အနည်းငယ် တွေးဆနေသည်။

"အတော်လေး လိုက်ဖက်ညီတယ်.. ငယ်တုန်းက တော့ ငါဂရုမစိုက်ခဲ့ဘူး.. အသက်ကြီးလာတော့ ဆေးရုံ ပြေးနေရပြီး မြေးချွေးမလေးရဲ့လက်ဖက်ရည်ကို သောက် ဖို့ အခွင့်အရေးတောင် ရပါ့မလားမသိဘူး"

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Onde histórias criam vida. Descubra agora