အခန်း - ၁၄၂

3.2K 314 1
                                    

Unicode

အခန်း(၁၄၂)ယောင်းမ

မုမျင်ချန်က ပြောလိုက်သည်။

"အဘိုးအခြေအနေလည်း တည်ငြိမ်သွားပြီဆိုတော့ အဖေနဲ့အမေ သွားနားလိုက်ကြပါ.. ဒီမှာလည်း အဘိုးကို ဂရုစိုက်ပေးဖို့လူတွေ ရှိနေတာပဲ"

VIP ဧည့်ခန်းထဲမှ မုမျင်ချန်၏မိဘတွေ ထွက်သွား သည်နှင့် ကုကျင်သက်ပြင်းဖွဖွချမိသည်။

မုမျင်ချန်၏မိဘများနှင့် ပထမဆုံးအကြိမ်တွေ့ဆုံတာ ကို စိတ်မလှုပ်ရှားပါဘူးဆိုလျှင် အလိမ်အညာပဲ ဖြစ်ပေ လိမ့်မည်။ သေချာတဲ့အကြောင်းပြချက် တစ်ခုကတော့ လွန်ခဲ့တဲ့နှစ်ရက်ခန့်က ကုလင်နှင့် ရွှီချောင်ဟွေ့တို့၏ မကောင်းသတင်းကြောင့်ပဲဖြစ်သည်။

ကုလင်က သူမနှင့်သွေးသားမတော်စပ်ခဲ့လျှင်တောင် မှ အမည်အရတော့ သူမ၏ဝမ်းကွဲ ဖြစ်နေဆဲပဲလေ။ ရွှီချောင်ဟွေ့ကိုယ်တိုင်ကလည်း နိုင်ငံရေးသမား။ သူ၏ နိုင်ငံရေးလမ်းကြောင်းမှာ သူ့ကို အကူအညီပေးနိုင်သော အရည်အချင်းနှင့် မိသားစုနောက်ခံမျိုးရှိသည့် အမျိုးသမီး နှင့်သာ လက်ထပ်ရပေမည်။ ဆိုလိုတာက သူ့ဇနီးသည် နာမည်အားဖြင့်သာ လက်တွဲဖော်ဖြစ်ရလိမ့်မည်မဟုတ်။ သူနှင့်တူညီသော အဆင့်အတန်းမျိုးရှိသော မိသားစုမှလာ သောလက်တွဲဖော်မျိုး ဖြစ်ရပေမည်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ကုလင်လိုလူမျိုးက ထိုနေရာကို ရဖို့ဆိုတာမဖြစ် နိုင်ပေ။ သူ့မှာ မိသားစုနောက်ခံမရှိသလို တက္ကသိုလ် လည်း မတက်ခဲ့ရချေ။

ထို့ကြောင့် သူမ ရွှီချောင်ဟွေ့နဲ့နေတဲ့အခါ ကုလင် သည် ဘယ်လိုနေရာမျိုးမှာလဲဆိုတာ လူတိုင်း တွေးကြည့် လို့ရသည်။

စုတ်ချက်တစ်ချက်တည်းနှင့် 'ကု'ဆိုသော အက္ခရာကို ရေးသားဖို့မဖြစ်နိုင်။ နာမည်အရပဲဆိုလျှင်တောင် သူမ၏ ဝမ်းကွဲက မုမျင်ချန်၏ဝမ်းကွဲ ရွှီချောင်ဟွေ့နှင့် ချစ်သူတွေ ဖြစ်ခဲ့ကြသည်ဆိုတာက အတော်လေး ရှက်စရာကောင်း နေခဲ့ပြီ။

သူတို့ရဲ့ဆက်ဆံရေးက မကောင်းဘူးဆိုတာ လူတိုင်း သိခဲ့ရင်တောင် မသင့်တော်သောမှတ်ချက်များကို တားလို့ ရမည်မဟုတ်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now