အခန်း - ၁၄၈

3.2K 310 2
                                    

Unicode

အခန်း (၁၄၈)နောက်ဆုံးပိုင်း-ကုကျင်နှင့်မုမျင်ချန်-၂

ဒရာမာ၏နောက်ဆုံးပိုင်းမှာ ဧကရာဇ်အဖြစ် သရုပ် ဆောင်ရသော အမျိုးသားဇာတ်လိုက်က အထူးချုပ်လုပ် ထားသောနဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူဟာ ထီးနန်းကို ဆက်ခံ၍ ကျောက်စိမ်းလှေကားပေါ် ခြေတစ် လှမ်းချင်းတစ်လှမ်းချင်း တက်သွားနေကာ ဝမ်းနည်းသည် လည်းမဟုတ်၊ ပျော်ရွှင်နေသည်လည်းမဟုတ်သော အမူ အရာနှင့်ဖြစ်သည်။

ကျောက်စိမ်းလှေကား၏ နောက်ဆုံးအဆင့်သို့ရောက် ရှိသောအခါ ခေါင်းကိုလှည့်၍ ပြန်ကြည့်လာသည်။ သူ့ နောက်မှာ လှေကားထစ်ပေါင်း ရာနှင့်ချီရှိသည်။ မျက်ဝန်း များက ဝမ်းနည်းရိပ်သန်းနေပုံပေါ်သည်။ အပေါ်ကနေဆို လျှင် ကျယ်ပြောသောတောင်တန်းကြီး၊ အရိုးဖြူများ အပေါ်မှာ စီးဆင်းနေသောမြစ်ဝှမ်းနှင့်အတူ အနှေးနှင့် အမြန် မြေမြှုပ်ခံရတော့မည့် အမျိုးသမီးတစ်ယောက်ကို။

"Cut-"

ဒါရိုက်တာက အော်သည်။ မကြာခင် လေးနက်နေ သောလေထုက ပြိုပျက်သွားပြီး ဒရာမာရိုက်ကူးရေးအဖွဲ့ လည်း ရယ်မောဖို့ ဟိုဟိုဒီဒီပြောကြဖို့ ခံစားချက်ဝင်လာပြီး လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွဖြစ်လာသည်။

"မစ်ကု"

အသက် ၂၀ ကျော် လူငယ်လေးတစ်ဉီးက ခေါ်လိုက် ၏။ သူက သူမအား ရေတစ်ဘူးကမ်းပေးပြီး ရှက်ဝဲဝဲ အပြုံးလေးနှင့်ပြောသည်။

"ဒီလောက်အကြာကြီး မတ်တပ်ရပ်နေရတာ ရေ မဆာဘူးလားဗျ?"

ဒီလူငယ်လေးက ရုတ်တရက် စကားလာပြောသော အခါ ကုကျင်အငိုက်မိသွားခဲ့သည်။ မျက်နှာကို သေချာ ကြည့်ပြီးတဲ့နောက်မှ သူဟာ ဒရာမာထဲမှာ တတိယ ဇာတ်လိုက်နေရာက ပါဝင်သူမှန်း မှတ်မိသွားသည်။

သူက အနုပညာလောကထဲ အသစ်ဝင်လာသူမဟုတ် လား?

လူငယ်လေးသည် သိမ်မွေ့ပြီး ချောမောခန့်ညား၏။ တကယ်ပဲ သမိုင်းနောက်ခံဒရာမာနှင့် သင့်တော်လှသည်။ ဒီအကြီးစားထုတ်လုပ်ရေးမှာ တတိယဇာတ်လိုက်အနေ နှင့် ဒါရိုက်တာက သူ့ကိုရွေးချယ်ခဲ့တာ မဆန်းတော့ပါဘူး။ ဖြစ်နိုင်တာကတော့ ဒီလောကနှင့် စိမ်းသက်နေသည့် အတွက်ကြောင့် အလှအပနှင့်ငွေကြေးတို့မှ အမြင်မကန်း သေးလို့ပဲဖြစ်ရမည်။ မျက်ဝန်းများက သန့်စင်နေပြီး သူမ ကို စကားလာပြောတဲ့အခါ ရှက်သွေးဖြာနေ၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now