အခန်း - ၁၂၄

3.8K 364 4
                                    

Unicode

အခန်း(၁၂၄)အရည်အချင်းမပြည့်မှီသော

တိတ်တဆိတ် သူ နှာခေါင်းရှုံ့လိုက်မိသည်။

ကုကျင်သည် ရက်စက်ကြမ်းကြုတ်တဲ့ မိန်းမတစ် ယောက်ဆိုတာကို သူမဖာသာ သက်သေပြသွားခဲ့၏။ ကျောက်စိမ်းလက်ကောက်ကို ပြန်ရပြီးပြီးချင်းပဲ လိင်ကိစ္စ နောက်ကို လိုက်ရုံသာမက အိပ်ယာခေါင်းရင်းမှာ သူမ၏ အသစ်စက်စက် Black cardကိုပင် ထားသွားခဲ့၏။

ဘာသဘောဖြစ်မတုန်း?

အတူတူအိပ်ခဲ့တာအတွက် သူ့ကို ဘောက်ဆူးအနေနဲ့ ပေးခဲ့တာလား? ဒါမှမဟုတ် သူမ၏ပညာရည်ဂုဏ် သိက္ခာကို စွန်းထင်းညှိုးနွမ်းစေမှုနှင့် သောက်ကျိုးနည်း ပိုက်ဆံအတွက် သူ့အား သဘောမကျကြောင်း ပေါက် လွတ်ပဲစား သက်သေပြခြင်းလား?

ထိုအယူအဆများကို မုမျင်ချန် တွေးလိုက်မိသည်နှင့် ချက်ချင်း ငြင်းပယ်လိုက်သည်။

ကုကျင်သည် အရက်သောက်နိုင်သည့်သူမျိုး မဟုတ်။ ညအိပ်ယာမဝင်ခင် သောက်တတ်သည့် အလေ့အထမျိုး အလေ့အကျင့်မရှိချေ။ သို့ပေမယ့် ထိုနေ့ညတုန်းကတော့ သူမကိုယ်သူမ မူးယစ်ထွေနေစေရုံသာမက (သူမ၏အခန်း ထက်ပင်) မုမျင်ချန်၏အခန်းအိပ်ရာထဲသို့ ပြေးဝင်လာခဲ့ ၏။

သူဟာ လျှို့ကျာဟွေ့မဟုတ်ဘူးဆိုတာ မုမျင်ချန် ဝန်ခံပါသည်။ သူ၏အနှစ်သက်ရဆုံးသောအမျိုးသမီး လေးက နှစ်လိုဖွယ်ကောင်းသော မြင်ကွင်းတစ်ခုနှင့် သူ့အိပ်ယာပေါ်မှာ တည်ရှိနေမှုအပေါ် မည်သည့်အဖြေမျိုး မှမရှိချေ။ သို့သော် ပြန်လည်သုံးသပ်မိလေသောအခါ အကယ်၍ သူသာ တုံ့ဆိုင်းနေခဲ့ပါက ကုကျင်က သူ့ကို ငြင်းပယ်လိုက်လိမ့်မည်။

မှိုင်းပျပျ ညလယ်မှာ ကုကျင်၏နှုတ်ခမ်းရဲရဲတို့ကို မြှောက်လိုက်သည့် အခါမှာတော့ မုမျင်ချန်၏အစွန်း ရောက် သည်းခံထိန်းချုပ်နိုင်စွမ်းတို့ တံခါးအပြင်ဘက်သို့ လွှင့်ပျံသွားကာ မှိုင်းပျပျညလယ်တွင် ဝိုင်နှင့်ချွေးတို့ ရောယှက်သွားခဲ့ကြသည်။

'ခံစားချက်တွေမရှိခင် လမ်းခွဲရအောင်' ဆိုသော မှတ်စုစာရွက်အကြောင်းကို ပြန်သတိရသွားသောအခါ မုမျင်ချန်၏မျက်နှာကြီး ရှုံ့မဲ့သွားတော့သည်။ သူ၏ဝမ်း တွင်းအသိတို့ကတော့ ကုကျင် သူ့ကို စိတ်မဝင်စားဘူး ဆိုတာကို ငြင်းဆန်လို့နေလေသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Onde histórias criam vida. Descubra agora