အခန်း - ၆၂

9K 1K 38
                                    

Unicode

အခန်း(၆၂)သူမတို့ရဲ့ခင်မင်မှုကိုအဆုံးသတ်ခြင်း

သူမဝမ်းကွဲရဲ့ မျှော်လင့်စောင့်စားနေတဲ့ အကြည့်ကို မြင်လိုက်တော့ ကုကျင် ပြုံးသည်။

မူလပိုင်ရှင်၏ မှတ်ဉာဏ်နဲ့မတူစွာဘဲ ဝတ္ထုထဲမှာ ရှင်းပြထားခဲ့တာက.... ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ သူတို့ရဲ့အချစ်ရေးကို တည်ဆောက်ခဲ့ကြပြီးတဲ့နောက်ပိုင်း သူတို့ဟာ ရှောက်ချောင်နဲ့ကုကျင် နှစ်ယောက်လုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ကြသည်။ သူငယ်ချင်းအဖွဲ့လိုက်ကြီးဟာ ရံဖန်ရံခါ အချိန်အတူတူ ဖြုန်းတတ်ကြပြီး အချင်းချင်းရဲ့ကုမ္ပဏီတွေကိုလည်း အကျိုးတူပူးပေါင်းခဲ့ကြ၏။

ချုန်ရှင်းနဲ့ကျင်ဟောက်ဟာ ချစ်သူတွေဖြစ်တာ ကြောင့် သူတို့တွေဟာ စုံတွဲတစ်တွဲကဲ့သို့ တစ်စိတ်တည်း တစ်ဝမ်းတည်းဖြစ်ခဲ့ကြ၏။

ကျန်ခဲ့တဲ့ တစ်ကိုယ်ရေသမား Faလေး နှစ်ယောက် ကိုတော့ နောက်မှာ ချန်ထားခဲ့ကြတတ်တယ်လေ။

ပင်ကိုယ်ဗီဇအရ တည်ငြိမ်ပြီး တစ်သီးတစ်သန့်သာ နေတတ်တဲ့ မူလကုကျင်ဟာတော့ သူမရဲ့အချိန်တွေ အများစုကို ခန့်ငြားပြီးနှစ်လိုဖွယ်ကောင်းတဲ့ ရှောက်ချောင် နဲ့ပဲ ကုန်ဆုံးခဲ့ရသည်။ ဒါက သူ့ဘေးနားမှာဆိုရင် သူမ အတွက် မျက်နှာပူပြီးရှက်ရွံ့သလို ခံစားရတာဟာ ပုံမှန်ပဲ မဟုတ်ဘူးလား?...။

သူမရဲ့တုံ့ပြန်ပုံကို ချုန်ရှင်းက သတိထားလိုက်မိတော့ သူမက အဓိပ္ပါယ်ကောက်လိုက်တယ်လေ.... သူမရဲ့crush အရှေ့က မိန်းကလေးတစ်ယောက်ရဲ့ ရှက်ရွံ့နေမှုဆိုပြီး လေ...။ အဲ့နောက်တော့ သဘောကောင်းစွာနဲ့ပဲ ချုန်ရှင်း ဟာ သူမရဲ့ဝမ်းကွဲကို ကူညီဖို့ ဆုံးဖြတ်လိုက်တော့သတဲ့။

မူလကိုယ်ဟာ ထိုယောက်ျားဟာ သူမရဲ့ဝမ်းကွဲကို ချစ်ကျွမ်းဝင်နေတယ်ဆိုတာကို မသိခဲ့ပေ။ ကုကျင်ဟာ သူတို့သူငယ်ချင်းတွေရဲ့ တွေ့ဆုံပွဲတွေကို သွားတဲ့အခါ တိုင်း သူမကို ရှောက်ချောင် ဘယ်လိုမျိုးဂရုစိုက်ပေးတယ် ဆိုတာကို တွေးလိုက်မိတဲ့အခါမှာတော့ သူမ သူ့ကို လူကောင်းတစ်ယောက်အဖြစ် ထင်မှတ်လိုက်ပြီးတော့ ချုန်ရှင်းရဲ့အကြုံပြုချက်ကို လိုလိုလားလား သဘောတူ လိုက်ပါတော့၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now