အခန်း(၁၂)

8.3K 1.2K 73
                                    


(Unicode)

"ဇာတာတွက်ရှုခြင်း"

ယီကွမ်းမှာ ယုံကြည်မှုရှိလွန်းနေသော အမျိုးသမီးသုံးဦးကို ကြည့်ရှုကာ
အေးဆေးညင်သာစွာဖြင့်ပင်.....

"ဟုတ်လား? ဘယ်တော့သင်ယူရမှာလဲ?"

"ဟုတ်ပါတယ်။ ဝမ်ဖေး ဒီနေ့ကစပြီး သင်ယူရမှာပါ။ "

"ကျွန်တော့်ကို ဝမ်ဖေးတစ်ယောက်ပြုမူသင့်တာတွေ သင်မယ်ဆိုတော့ ဘာတွေများသင်မှာပါလိမ့်။ "

"သွားလာပြောဆိုပုံတွေနဲ့ လီတိုင်းပြည်ရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ခင်ပွန်းသည်ကို ပြုစုရမယ့် နည်းလမ်းတွေကို သင်ယူရပါမယ်။ "

လင်းမောမော့က ယုံကြည်ချက်ရှိစွာ
ပြောဆိုလိုက်သော်ငြား
ယီကွမ်း၏မျက်ဝန်းများက
ရယ်မြူးရိပ်သန်းလျက်ပင်...။
သူက သူ၏အနောက်၌နေ၍
လင်းမောမော့တို့အား ရန်ပြုရန်ကြံစည်နေသော
လန့်ကိုတားဆီးလိုက်ပြီး
သူ၏အပြုံးတို့က ပိုမိုနက်နဲလာရသည်။

ဖုချိုသည်ကား သွေးကြီးနေဟန်ရှိသော
လင်းမောမော့တို့တစ်ခုအား ဘေးမှနေ
အသံတိတ်ကျိန်ဆဲနေခဲ့၏။
ထိုမိန်းမများက
သူတို့၏ ဝမ်ဖေးအပေါ် လေးစားမှုအနည်းငယ်ပင်
ရှိမနေချေ။

ယီကွမ်းက
သူမတို့၏ရိုင်းပြမှုအား
ဂရုမထား..
အေးအေးလူလူပင်
လင်းမောမော့တို့ထံကြည့်ရှုရင်း ဖြည်းညင်းစွာဆိုလာ၏။

"ဧကရီမယ်မယ်က မေ့နေတယ်ထင်ပါရဲ့။ "

"....."

ယီကွမ်း၏အကြည့်က လူတစ်ကိုယ်လုံးကို
ထိုးဖောက်တော့မည့်နှယ် စူးရှစွာနှင့်
လင်းမောမော့ကို ကြည့်ရှုနေခဲ့၏။

"ဒီမင်းသားက ယောကျာ်းတစ်ယောက်ဆိုတာကိုလေ"

"......"

"ယောကျာ်းတစ်ယောက်ပေမယ့်
သင်ဟာ ဝမ်ဖေးတစ်ပါးပါ။ ဝမ်ဖေးတစ်ယောက်ပြုမူသင့်တာကို...."

"ဟက်! ဝမ်ဖေးတစ်ယောက်ပြုမူသင့်တာ? ဒီမင်းသားရဲ့ခမည်းတော်က
ရန်ချင်းဝမ်ကို မဖြစ်မနေပြုစုရမယ်လို့ မမှာကြားထားပါဘူး။
ဧကရီကို ကျေးဇူးတင်ပေမယ့် ဒါဟာ ဒီမင်းသားကို စော်ကားနှိမ့်ချနေသလိုပါပဲ။
မထင်ထားခဲ့ဘူး။ တာ့လီတိုင်းပြည်က ဒီမင်းသားကို
အမျိုးသမီးတစ်ယောက်လို သဘောထားပြီး
ဒီလိုစော်ကားနှိမ့်ချလိမ့်မယ်လို့!"

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now