အခန်း( ၆)

8.7K 1.2K 12
                                    


(Unicode)




"ကြမ္မာအသစ်ကိုဖန်တီးခြင်း"

ယီကွမ်း၏စကားကြောင့်
တစ်စက္ကန့်မျှမင်သက်အံသြနေဟန်ရှိသည့်သူက ရုတ်ချည်းအေးစက်သည့်အသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားရကာ
သူ၏နဂိုမူလ ဒေါသကြီးဟန် အသွင်အပြင်သည်လည်း
အန္တရာယ်များသည့် အသွင်သို့ ကူးပြောင်းလာရသည်။ ထိုသူက တစ်ချက်မျှလှောင်ရယ်ဟန်ပြုပြီး ယီကွမ်းထိုင်နေရာသို့ ချည်းကပ်လာ၏။
ထိုသူ၏မျက်ဝန်းညိုညိုများကမူ နက်မှောင်၍ အန္တရာယ်ရိပ်သန်းလာသော်ငြား ယီကွမ်းက အနည်းငယ်ပင်မမှု...။
သောက်လက်စ လက်ဖက်ရည်ကြမ်းခွက်ကို သောက်ပြီး သေရည်အိုးကိုမူ ထိုသူ့ရှေ့မှောက်သို့
တိုးပေးလိုက်ပေ၏။

"မင်း အဲ့နာမည်ကိုဘယ်လိုလုပ်သိနေတာလဲ?"

"ဘာနာမည်?"

"ငါ့ရဲ့ အရင်နာမည်...
မင်းကဘယ်ကသူလဲ? ရှင်းမန်ဂိုဏ်းကလား? ဒါမှမဟုတ် ချိုးလန် ?မဟုတ်နိုင်ဘူး။ အဆိပ်ဂိုဏ်း မော့ယွိကလား?"

"ညီအကို... ကျွန်တော်က ကျန်းဟူနယ်ကလူမဟုတ်ပါဘူး။ စိတ်ချလက်ချနေလို့ရပါတယ်။ ကျွန်တော်ကသာမာန် ကုန်သူဋ္ဌေးတစ်ယောက်ပါပဲ။ ဒါဆို ညီအကိုရဲ့နာမည်က
ယဲ့လီချန်းချိုးပေါ့"

သူရဲကောင်း
ယဲ့လီချန်းချိုးသည်ကား ပြန်မဖြေ....။
ယီကွမ်းကမ်းလှမ်းသည့် သေရည်အိုးကို ယူသောက်ရင်း
သူ၏စူးရှရှအကြည့်များက ယီကွမ်းထံ၌ မြဲမြံလျက်ပင်....။
ယီကွမ်းသည်လည်း သူ့နည်းတူ တန်ပြန်အကဲခတ်လျက်ကြည့်ရှုနေမိသည်။ ယဲ့လီချန်းချိုး....။
အနှီသူရဲကောင်းက ယီကွမ်းထင်မှတ်ပုံဖော်ထားသည့် အသွင်အပြင်နှင့် အနည်းငယ်လေးကိုမျှဆင်တူမနေပါချေ။
ယဲ့လီချန်းချိုးအား ခက်ထန်ကြမ်းတမ်းလှသည့် ထွားကြိုင်းကြိုင်း သူရဲကောင်းဟု ပုံဖော်ထားခဲ့မိသော်ငြား
လပေါင်းချီမှ ရှာတွေ့ခဲ့ရသည့်
သူ့မျက်စိရှေ့မှ
သူရဲကောင်းစင်စစ်သည် ဒေါသကြီးဟန်ရှိသည်မှလွဲ၍
သူ၏အသွင်အပြင်က ပညာရှိတစ်ဦးနှယ်
ချောမောခန့်ညားသည့် အသွင်သဏ္ဍာန်ရှိ၏။
နှစ်ဦးနှစ်ဖက် အပြန်အလှန်အကဲခတ်နေမှုအဆုံးသတ်ကာမှ ယဲ့လီချန်းချိုးဘက်မှ အလျင် စကားဆိုလာ၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now