အခန်း-(၄၅)

3.2K 372 15
                                    

(Unicode ))

ကျန်းဟူ၏အဆိပ်

'သိုင်းလောကဂိုဏ်းချုပ်ရွေးချယ်ဖို့ရာအတွက်ပြိုင်ပွဲ'

ထိုပြိုင်ပွဲ၌မူ တိုင်းပြည်အသီးသီး၊နယ်ပယ်အသီးသီးမှနာမည်ကျော်ကြားလှသောသိုင်းပညာရှင်များကိုတစုတစည်းထဲတွေ့မြင်နိုင်ပေ၏။
ချူတိုင်းပြည် ဟွေ့ချွဲဂိုဏ်းမှအမည်ကျော်ကြားသောကျားလက်သည်းသိုင်းသမား တုံးချီယဲ့၊ ထျန်းယွင်ဂိုဏ်းမှဂိုဏ်းချုပ် ယွင်လဲ့ ၊ နတ်မိမယ်အပျိုစင်ဂိုဏ်းမှဂိုဏ်းချုပ်ချီရှန်းယွင်၊ရန့်ဟော်ဂိုဏ်းမှဖေးလျဲ့၊မေ့ဟွားကျွန်းမှယုံမော့တို့အပြင် သိုင်းလောက၏ထင်ပေါ်အကျော်ကြားဆုံးရှင်းမန်ဂိုဏ်းမှဂိုဏ်းချုပ်လျန်ရှိူ့နှင့်
အခြားသောနာမည်ကြီးတစ်ကိုယ်တည်းသိုင်းသမားများပင်လာရောက်ကြသည်ကိုတွေ့မြင်နိုင်ပေသည်။ချိုးလန်ဂိုဏ်းကဦးစီးကျင်းပသည့်ပွဲပေမို့ ချိုးလန်မှလူများမှာဂုဏ်ယူဝံ့ကြွားသောအမူအရာများနှင့်ရှိနေကြပြီးချိုးလန်ဂိုဏ်း၏ဂိုဏ်းချုပ်ဟယ့်ရှန်ကမူ ပွဲသို့လာရောက်သည့်ဂိုဏ်းချုပ်များ၊သိုင်းပညာရှင်များကိုပျူငှာစွာနှင့်လိုက်လံနှုတ်ဆက်၍နေပေ၏။

"ရှန်းယွင်မေ့မေ့လာမယ်လို့မထင်ထားခဲ့ဘူး။"

"ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ပွဲကိုမလာလို့ရမလား ယွင်လဲ့ကော ကျွန်မကတော့ယှဥ်ပြိုင်ဖို့ထပ် ကျွန်မရဲ့တပည့်မလေး ယှဥ်ပြိုင်မှုကိုကြည့်ရှုပြီး ပညာရဖို့ပဲမျှော်လင့်တာပါ။ "

"ဒီနှစ်မှာချိုးလန်ရဲ့ပြင်ဆင်မှုကတော့အံ့မခန်းပဲ။ ဘယ်သူကများ ဒီလိုအထွဋ်အထိပ်နေရာကိုယူရဲမလဲတော့သိချင်မိပါရဲ့။"

ယွင်လဲ့၏စကား၌ ချီရှန်းယွင်မှာလက်များကိုဝှေ့ယမ်းကာ
အသာပြုံးလျက်ဆို၏။

"ကျွန်မကတော့စိတ်မဝင်စားမိဘူး။အဲ့လိုအထွဋ်အထိပ်ဆိုတာက ချောက်ကမ်းပါးအစွန်းမှာရပ်တည်နေရသလိုပဲအထီးကျန်ပြီးအန္တရာယ်များတယ်။ "

"ဟုတ်ပါရဲ့။"

ချီရှန်းယွင်နှင့်ယွင်လဲ့တို့၏စကားဝိုင်းမှာဤနေရာ၌တင်အဆုံးသတ်သွားခဲ့ပြီး အခြားသောသူများနှင့်သာဆက်လက်နှုတ်ဆက်စကားဆိုရန် အသီးသီးထွက်ခွာသွားတော့သည်။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now