အခန်း (၇)

8.4K 1.2K 38
                                    


(Unicode)



A/N

This is my own creation and own characters and novel name.

NOT translation

ညီမလား၊အမလားမသိ
တစ်ယောက်မေးထားလို့ ​ပြန်ဖြေပေးတာပါ။
Comment boxက reply ပြန်မရလို့^~^*


















"ကတိစာလွှာ"

ယီတိုင်းပြည်မြို့တော်တံခါးဝ ၊ သုံးနှစ်ကြာပြီးနောက်...

နှစ်လရာသီများသည်
အပြောင်းအလဲမြန်လှ၏။
ချက်ချင်းအလျင် နွေဦးမှသည်  ဆောင်း
ဆောင်းမှသည်နွေသို့ ရာသီအလီလီ
ပြောင်းလဲလာခဲ့ပြီး သုံးနှစ်ဟူသော အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားပေပြီ။ အချိန်ကာလတို့၏စီးဆင်းမှုနှင့်အတူ လူသားတို့သည်လည်း ပြောင်းလဲလျက်သာရှ်ိ၏။

အထူးသဖြင့် ကြွေလွင့်လာသော
ဇီးပန်းပွင့်များကို  လက်ဖြင့်အသာဖမ်းယူကာတိတ်ဆိတ်နေခဲ့သော လူငယ်တစ်ဦး၏ ပြောင်းလဲလာမှု....။

သူ၏မျက်နှာအား အဖြူရောင်ပဝါခမောက်ဖြင့် ကာရံထားပြီး ပိတ်သားအောက်မှ သူ၏အမူအရာကို မြင်နိုင်စွမ်းမရှိချေ။

သူ၏သွယ်လျသောခန္ဓာက အမျိုးသမီးများနှင့်မှားကောင်းမှားနိုင်သော်ငြား သေသပ်တိကျသော ပခုံးလိုင်းများနှင့် ရှည်လျားသောအရပ်က အမျိုးသမီးတစ်ဦးထပ်
ပိုမိုတောင့်တင်းမှန်း အတပ်ပြောနိုင်ပေ၏။
ထိုလူငယ်လေး၏လက်တွင်း၌မူ ဓါးရှည်တစ်လက်ကိုကိုင်စွဲထားပြီး သူ၏ကျောထက်၌ကား လေးမြှားတစ်စုံကို သယ်ပိုးထား၏။ လေလွင့်သွားသောပဝါစ၏ အောက်၌မူ လှပသော
ဇာမဏီမျက်ဝန်းစူးစူးတစ်စုံက
တည်ရှိလျက်....။
ထိုမျက်ဝန်းတစ်စုံ၏ ဘယ်ဘက်အခြေ၌မူ နီရဲသောမှည့်ငယ်က ထင်ဟပ်လျက်ပင်...။
ထိုလှပခန့်ညားသော လူငယ်လေးက
ဇီးပန်းပွင့်များနှင့် အတွေးများနေသည့်အခိုက် သူ၏အနီးသို့
အစိမ်းရောင်ဝတ်ရုံရှင်က
တ​ဖြည်းဖြည်း
ချည်းကပ်ကာ ရုတ်ချည်း တိုက်ခိုက်လာပေ၏။

ထိုအခါ အဖြူရောင်ဝတ်ရုံရှင်လူငယ်ကဘတရစပ်အဆက်မပြတ်သော တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း တစ်ဖက်လူ၏လျင်မြန်သော သိုင်းကွက်များကို လက်ချည်းသာ အသုံးပြု၍
ပြန်လည်ပိတ်ဆို့တိုက်ခိုက်၏။
သိုင်းကွက်အကွက်နှစ်ဆယ်မြောက်၌ အစိမ်းရောင်ဝတ်ရုံရှင်က သူ၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး အပြုံးတစ်ပွင့်နှင့် ခေါင်းတဆတ်ဆတ်ငြိမ့်၏။
အဖြူရောင်လူငယ်ကမူ ထိုအစိမ်းရောင်ဝတ်ရုံရှင်ကို လက်နှစ်ဖက်ယှက်၍ ဂါရဝပြုလာသည်။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now