အခန်း-(၄၈)

2.3K 272 3
                                    

(Unicode)

"အာဏာ၏အကျည်းတန်မာယာ"

ယီကွမ်း၏ကျန်းမာရေးသည် တစ်ရက်နှင့်တစ်ရက်အနည်းငယ်စီပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ၏ကျန်းမာရေးကောင်းမွန်အောင်ပြုလုပ်နေသည့်အခိုက် လီဝူရှင်းကသူ့ကိုကျန်းမာရေးဟူ၍အကြောင်းပြကာအကျယ်ချုပ်သဘောထားရှိပြီး သူ့ကိုကျန်းမာရေးမကောင်းမချင်းဝမ်ဖူ၏ပြင်ပသို့ ခြေချခွင့်မပေးချေ။
ယီကွမ်းသည်ကား သူ၏အစီအစဥ်များကအပြင်ထွက်ရန်မလိုအပ်သည်မို့ လီဝူရှင်း၏ချုပ်ချယ်မှုကိုလျစ်လျူရှုလျက် အစီအစဥ်ကိုဆက်လက်လုပ်ဆောင်ရန်သာစဥ်းစားနေပေ၏။

ဧကရီလျန်နှင့်သူ့အကြားမှညှိနှိုင်းရန်ကိစ္စကပျက်ပြားသွားသည်မှာအသေအချာပေမို့ သူကနောက်ထပ်အစီအစဥ်တစ်ခုကိုချဆွဲထားရန်လိုလာခဲ့သည်။ ယခုအချိန်ကလီလျန့်ကိုအဆုံးသတ်ရန်အချိန်ကျပြီဟုတွေးမိပြီး လီကျန်းမန်သည်ကားအယောင်ဆောင်ရှန်းလင်းယဲ့ဖြစ်သည်မို့ လီတိုင်းပြည်၏အရေးကိစ္စကိုခဏတာမျှပါဝင်ပတ်သတ်ခြင်းမရှိလောက်ချေ။
ယီကွမ်းသည်တွေးတောနေရင်းမှသူ၏လက်ချောင်းသွယ်သွယ်များမှာစားပွဲထက်သို့စည်းချက်ညီညီတီးခေါက်နေခဲ့သည်။သူ၏အသွင်သဏ္ဍာန်မှာဖြူဖျော့နေဆဲဖြစ်သော်လည်းယခင်ကထက်ပိုမိုအဆင်ပြေသည့်အသွင်ရှိနေခဲ့၏။

ယီကွမ်းသည်ထီးနန်းဟူ၍တွေးမိသည့်အခါ လီဝူရှင်း၏လမ်း၌အတားအဆီးမရှိတော့မှန်းသတိထားမိပြီးနှုတ်ခမ်းထက်ကအပြုံးရေးရေးကထင်ဟပ်လာခဲ့သည်။ ထိုသို့ဆိုလျင် လီဝူရှင်းကို
ထီးနန်းဆက်ခံသူအဖြစ်လက်ခံလာရန်သာလုပ်ယူဖို့လိုအပ်တော့သည်မို့ဟိုးယခင်ကတည်းကသူစီစဥ်ထားသည့်အစီအစဥ်ကိုအကောင်အထည်ဖော်ရန်စဥ်းစားမိသည်။ သို့နှင့် သူသည် ကျောင်းယွီကိုသူ့အဆောင်သို့လာရောက်ရန်ခေါ်ဆောင်ထားပေ၏။
ကျောင်းယွီမှာ သူ့ကိုဝမ်ဖေးကအဘယ်ကြောင့်ခေါ်ဆောင်ခိုင်းရသနည်းနားမလည်ဖြစ်နေသော်လည်း လင်းဟွေ့အဆောင်သို့အရောက်
လင်းဟွေ့အဆောင်၏အပန်းဖြေဆောင်၌ အေးဆေးသက်သာစွာထိုင်နေခဲ့သော ဝမ်ဖေးကိုမြင်ရသည့်အခါ သူမမျက်နှာထက်၌ကျယ်ပြန့်သောအပြုံးတစ်ခုဖြစ်တည်လာရပြီး ဝမ်ဖေးရှိရာသို့လျင်မြန်စွာလျှောက်လှမ်းသွားမိပေ၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now