စာရေးသူ၏ကျေးဇူးတင်လွှာ

4.1K 261 51
                                    



Lost Loveကိုအစကနေအဆုံးထိဖတ်ရှူပေးခဲ့ကြတဲ့သူတွေကိုကျေးဇူးတင်ပါတယ်။စာရေးသူက ကိစ္စတွေအများကြီးကြားမှာအချိန်ကြာမြင့်အောင်ရေးလိုက်ရတဲ့ဒီဇာတ်လမ်း​လေးကိုစိတ်ရှည်လက်ရှည်စောင့်ပြီးဖတ်ရှုပေးသူတွေတစ်ယောက်ချင်းစီကိုဒီနေရာကပဲကျေးဇူးတင်ပါရစေနော်။

Lost Loveကိုစပြီးရေးဖြစ်ခဲ့တာကတော့ Rebirthဖြစ်ပြီးကလဲ့စားချေတာမျိုးရိုးရိုးရှင်းရှင်းလေးပဲရေးဖြစ်မလို့ပါ။ ဒါပေမယ့်အမုန်းတရားတွေကြားမှာနစ်မွန်းရင်းကလဲ့စားချေမယ့်သူတစ်ယောက်က နောက်ထပ်ချစ်သူရှာတွေ့သွားတာမျိုးမဖြစ်သင့်ဘူးလို့တွေးမိလို့ ယီကွမ်းတစ်ယောက်တည်းဖြတ်သန်းပြီးလက်စားချေတဲ့ဇာတ်လမ်းအတိုင်းလေးပဲသွားဖို့စဥ်းစားမိခဲ့တယ်။ အဲ့ဒီမှာသဘောမကျတဲ့သူတွေတော်တော်များများလည်းရှိခဲ့ပါတယ်။ ဝတ္ထုပါဆိုမှစိတ်ကူးယဥ်ဆန်ဆန်နဲ့ချစ်သူအသစ်ရပြီးပျော်ရွှင်မှုတွေအများကြီးနဲ့ပျော်စေချင်တာပေါ့နော်။ အဲ့ဒါကိုနားလည်ပါတယ်။ဒါပေမယ့် စာရေးသူကိုကခေါင်းမာမာနဲ့ပဲ Realistic ဖြစ်တဲ့ပုံစံမျိုးပဲသွားခဲ့တာပါ။

လီဝူရှင်းနဲ့ပတ်သတ်ပြီးလည်း စာရေးသူအမြင်အရဆိုရင် လီဝူရှင်းကမုန်းစရာကောင်းတဲ့သူလည်းမဟုတ်သလို အရမ်းကောင်းလွန်းတဲ့Gongလည်းမဟုတ်ပါဘူး။ ဒါပေမယ့်လူတိုင်းမှာကမပြည့်စုံမှုဆိုတာရှိတာပဲမို့ လီဝူရှင်းကမုန်းစရာကာရိုက်တာလုံးဝမဟုတ်တာတော့အမှန်ပါပဲ။

ယီကွမ်းကိုယ်တိုင်ကလည်းပြီးပြည့်စုံလွန်းတဲ့ကာရိုက်တာမဟုတ်ခဲ့ပါဘူး။သူ့နှလုံးသားကအထင်လွဲမှုတွေအမုန်းတရားတွေနဲ့ရှုပ်ထွေးနေခဲ့ပြီး သူ့ရဲ့ဝမ်းနည်းမှု၊နာကျင်မှုတွေနဲ့ပြည့်နှက်နေတဲ့ ဘဝခရီးလမ်းကလည်း ဘေးလူရဲ့ပယောဂအပြင်
သူကိုယ်တိုင်ဖန်တီးခဲ့မိတဲ့အရာပါပဲ။

စာရေးသူကတော့နန်းတွင်းအာဏာလုခြင်းရဲ့လက်တွေ့ဆန်တဲ့အကျဥ်းတန်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ပျက်စီးခြင်းတွေကိုသေချာရေးပြချင်ပေမယ့် လိုအပ်ချက်တွေကြောင့်သိပ်ပြီးမချပြနိုင်ခဲ့ဘူးလို့မြင်မိပါတယ်။

You've reached the end of published parts.

⏰ Last updated: Jan 08, 2023 ⏰

Add this story to your Library to get notified about new parts!

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now