အခန်း-(၃၄)

3.3K 426 21
                                    

(Unicode)

"တစ်ယောက်သောသူ၏ပြန်လာခြင်း"

"ယီကွေ့ရန်က မနက်ခင်းနှုတ်ဆက်မှုကိုတောင်နောက်ကျတာပဲနော်။ ယီတိုင်းပြည်ကလာတဲ့သူဆိုပြီး ယဥ်ကျေးမှုမရှိတာလားပဲ။ "

"ချန်းဖျင်* မင်းစကားပြောတာကို ဂရုစိုက်သင့်တယ်။ ဘာပဲပြောပြောသူကတစ်ချိန်က မင်းခစားခဲ့ရတဲ့သူမဟုတ်လား "

"ရှန်းဖေးကဘာလို့ကျွန်မရဲ့စကားကိုဘာလို့များအထူးတလည်ဂရုစိုက်ပေးနေတာပါလိမ့်?"

"တော်လောက်ပြီ။ ယီကွေ့ရန်နောက်ကျတာကအကြောင်းရှိလို့ဖြစ်မှာပဲ ထိုင်ပါ။ ယီကွေ့ရန်"

ယီကွမ်းမှာ အနောက်ဆောင်မှအမျိုးသမီးများသာရှိသောလေထု၌စိတ်ကျဥ်းကြပ်လာရသော်လည်း ဧကရီ၏စကား၌ ခပ်လှမ်းလှမ်းမှခုံလေး၌သာ တိတ်တိတ်လေးထိုင်ချမိရသည်။
ပေ့တိမင်းကြီးနန်းတက်ချိန်မှစ၍ သူသည် ဝမ်ဖေးရာထူးမှဖြုတ်ချခံရကာ မောင်းမဆောင်၌ ပြက်ရယ်ပြုစရာဘွဲ့တစ်ခုမှလွဲ၍ မည်သည့်အကျိုးမှမရရှိခဲ့ပါချေ။ ပြည်တွင်းစစ်ဖြစ်နေသောသူ၏အမိမြေသည်လည်းသူ့ကိုကာကွယ်ပေးနိုင်သည့််အရည်အချင်းမရှိခဲ့ပေ။ သူ၏ယီမင်းသား၊ရန်ဝမ်ဖေးဟူသည့်ဂုဏ်ပုဒ်များမှာတချိန်ကအိပ်မက်များပမာ....။

သူ၏မျက်စိရှေ့မှအမျိုးသမီးများကပင် သူ့ထပ်အဆင့်နိမ့်သူမပါဝင်....။ မိအာနှင့်ပိအာမရှိတော့သည့်နောက်
ယီကွမ်းကိုတစ်ချိန်ကခစားခဲ့ဖူးသည့် လျန်ယွင်ကပင် သူ့ထပ်အဆင့်မြင့်သည့်ကြင်ယာတော်ဖြစ်နေခဲ့ပေပြီ။ သူမမည်သည့်နည်းများသုံးလိုက်သနည်းဆိုသည်အားမသိသော်လည်း ထိုအမျိုးသမီးမှာ ကြင်ယာတော်ဖြစ်လာချိန်မှစ၍
စုလီကဲ့သို့ပင် တွေ့လေတိုင်း သူ့အပေါ်အနိုင်ကျင့်နှိပ်စက်လျက်ရှိသည်။ အနှီအမျိုးသမီးများတွေးကြသည်က တစ်ခုတည်းသာလျင်....။ အနှီစိတ်ပျက်စရာ​ယောကျာ်းသားကအဘယ်ကြောင့် အမျိုးသမီးများသာအုပ်စိုးသောအနောက်ဆောင်၌ရောက်ရှိနေရပါသနည်းဟူ၍ပင်....။ သူမတို့မျက်နှာ၌လည်း ယီကွမ်းအား ရွံရှာနေသည့်ဟန်ကအပြည့်ပင်.....။ ဧကရီမှလွဲ၍ပင်.....။ ဧကရီက သူ့အားသနားဂရုဏာသက်သည့်အသွင်ဖြင့်ကြည့်လေ့ရှိပြီး ယီကွမ်းမှာထိုအကြည့်ကိုအမုန်းဆုံးပါပေ။ မောင်းမဆောင်မှအမျိုးသမီးများ၏ရွံရှာစရာအကြည့်ထပ် ရန်ဝမ်ဖူမှစဲ့ဖေးဖြစ်ခဲ့ဖူးသော၊ရန်ချင်းဝမ်၏အချစ်ဆုံးသူဖြစ်သော ဧကရီ၏သနားဂရုဏာသက်သည့်အကြည့်က သူ့ကိုဓားဖြင့်ထိုးနှက်နေသည့်အလားပင်.....။ ယီကွမ်းမှာ မျက်ရည်တို့ပြိုဆင်းမလာအောင် ခေါင်းကိုအောက်ငုံ့ထားကာအံကြိတ်နေခဲ့မိပြီး ဤမနက်ခင်းနှုတ်ဆက်မှုအမြန်ပြီးဆုံးပါစေဟုဆုတောင်းမိသည်။ သူက
လျန်ရှင်းနန်းဆောင်သို့လာလျင်
လီဝူရှင်းနှင့်များတွေ့ဆုံရလေမလားဟူသည့်မျှော်လင့်ချက်ဖြင့်လာရောက်မိခြင်းဖြစ်သော်လည်း လီဝူရှင်းကိုအရိပ်ပင်မမြင်ရပါချေ။ ယီကွမ်းမှာပျက်သုဥ်းသွားသည့်မျှော်လင့်ချက်အမျှင်အတန်းလေးနှင့်အတူ မျက်ရည်တစ်စက်ပြိုဆင်းလာရပေ၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now