အခန်း-(၂၅)

5.4K 663 30
                                    

"သွေးအေးကလဲ့စား"

လီတိုင်းပြည်၏အမြင့်မြတ်ဆုံးသောနန်းဆောင်ဖြစ်သည့်တျန်းရှင်းနန်းဆောင်၌
ေလထုက တဖန်အေးစက်လျက်ရှိနေပြန်သည်။ လီဧကရာဇ်လီကျန့်မှာစိတ်ဖိစီးနေသည့်အသွင်ဖြင့်ရှိနေခဲ့ပြီး သူ၏မျက်နှာချင်းဆိုင်၌မူ
လီမင်းသားသုံးလီဝူရှင်းကတိတ်ဆိတ်စွာရှိနေခဲ့ပေ၏။ ယနေ့ညီလာခံ၌ ကြီးမားသောပြဿနာတစ်ခုကပေါ်ပေါက်လာ၍ ထိုပြဿနာကိုအ​ခြေအတင်ဆွေးနွေးကြသည့်နောက် ထိုပြဿနာအတွင်း၌ လူမျိုးခြားများသာမက အထက်တန်းလွှာများ၊ထို့အပြင် တော်ဝင်မိသားစုဝင်များပါ ပါဝင်ပတ်သတ်နေသည်ကို လီဧကရာဇ်မှာအနည်းငယ်ရိပ်စားမိလာရသည်။
ပြဿနာ၏အစသည်ကား
လီတိုင်းပြည်အတွင်း၌
အမျိုးအမည်မသိဆေးတမျိုးပေါ်ပေါက်လာပြီး ထိုဆေးမှာလူအများကို ထိန်းမရအောင်
ရူးသွပ်စေသည်ဟုအဆိုရှိလာပေ၏။
ထိုဆေးကိုသာမာန်ပြည်သူများစားသုံးခဲ့သည်ဆိုလျင်ပြဿနာက ဤမျှကြီးမည်မဟုတ်ပေ။
ယခုမူ အနုပညာဝန်ကြီးယွမ်၏သားနှင့် မြို့စားမင်းရွှမ်း၏သမီးတို့ပါ ထိုဆေးကိုမတော်တဆသောက်သုံးမိကာ
အရူးတပိုင်းဖြစ်သွား၍ ပြဿနာကပိုမိုကြီးထွားလာရခြင်းပင်........။
အနုပညာဝန်ကြီးနှင့်မြို့စားမင်းမှာ သူတို့၏သားသမီးများရူးသွပ်သလိုဖြစ်သွားရသောထိုအမှုအားဖြေရှင်းပေးရန် လီဧကရာဇ်ထံသို့အသနားခံလာပြီး တချို့သောအမတ်များက သူတို့နှစ်ဦးကိုထောက်ခံကြကာ အခြားအမတ်များကမူ အဓိပ္ပာယ်မရှိလှသောကိစ္စအား အကျယ်မချဲ့ရန်ပြောဆိုပြီး နှစ်ဦးနှစ်ဖက်ရန်ဖြစ်ပွားကြပေတော့သည်။

တိုင်းပြည်ကိုနှစ်များစွာအုပ်ချုပ်လာသောလီဧကရာဇ်မှာအရူးတစ်ယောက်မဟုတ်ပေ။ သူတို့နှစ်ဖက်ရန်ဖြစ်ပွားနေကြသည်ကိုနားထောင်ရင်း တစုံတစ်ခုကိုလေ့လာသိရှိသွားရသည်။ ဤအကြောင်းအရာ၌အခြားသောအမတ်များကပါ ပါဝင်ပတ်သတ်နေပြီး ထိုအကြောင်းကိုဖုံးကွယ်ချင်နေကြခြင်းသာလျင်....။ အမတ်များသာမဟုတ် သူ၏တော်ဝင်မိသားစုအတွင်းမှလူများပါ ပါဝင်နေနိုင်ဦးမည်။ ထိုအကြောင်းကိုစဥ်းစားမိလျင် သူခေါင်းပိုကိုက်လာရသည်မို့ သူအယုံကြည်ရဆုံးသားလီဝူရှင်းနှင့်တိုင်ပင်နေမိခြင်းပင်......။ အဘယ်ကြောင့်အိမ်ရှေ့စံနှင့်မတိုင်ပင်ရသနည်းဆိုလျင် အိမ်ရှေ့စံ၏မိခင်ဘက်မှဆွေမျိုးများကပါ ဤကိစ္စ၌ပါဝင်ပတ်သတ်ကောင်းပတ်သတ်နေနိုင်သည်မို့ အိမ်ရှေ့စံနှင့်ဆွေးနွေးခြင်းက ကောင်းမွန်သောအကြောင်းအရာတစ်ခုမဟုတ်ပေ။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now